← Chapters

ထင်မှတ်မထားသည့် အခြေအနေ

Vol. 74 Ch. 1098

ထင်မှတ်မထားသည့် အခြေအနေ

Vol. 74 Ch. 1098

" သပလိုပဲ.. နင်တို့တွေ ပိုပြီး လေးလေးနက်နက် ရှိလို့ မရဘူးလား.. ဒီမှာ လူသစ်လေးတွေ ရှိနေသေးတယ်လေ... "

" သူတို့ အသင်းထဲ ရှိနေတာဖြင့် တော်တော်တောင် ကြာနေပြီ.. ငါတို့နဲ့ မစ်ရှင်တစ်ချို့တောင် အတူလုပ်ဖူးတာကို ဘယ်လိုလုပ်ပြီး လူသစ်လို့ ပြောလို့ရတော့မှာလဲ.. "နင်ချဲ့ ပြောလိုက်ပြီး " ငါတို့တွေ ပင်လယ်ဘက် ရောက်ဖို့ဆိုတာ အရမ်း ခဲယဉ်းတာနော်.. စိတ်တင်းထား မနေစမ်းပါနဲ့ နင်ကလည်း... လွတ်လွတ်လပ်လပ် ပျော်ကြရအောင်လေနော်... "

" ဒါပေမယ့် ငါတို့ ဒီမှာ အ၀တ်လဲလို့မှ မရတာ... "

" နင် ပြောနေတဲ့ပုံစံကို ကြည့်စမ်း.... နင်က နှလုံးသား အေးတိအေးစက်နိုင်တဲ့သူပဲ.. ပျော်ပါးဖို့ကိုတောင်မှ သိပ်ရှက်နေတယ်ပေါ့ ဟုတ်လား...ငါ့ဆီကနေ ကြည်ပြီး သင်ယူလိုက်စမ်းပါ... "

" နင် - နင်က လုံးလုံးကို အရှက်တရား မရှိတဲ့သူပဲ... "

" ဘာတွေ လာပြီးပြောနေတာ... ငါက ရေငုပ်တဲ့ ပစ္စည်းတွေ မြင်မိလို့ ပျော်ကြရအောင်လို့ ပြောတာကို နင့်လိုမျိုး ညစ်တီးညစ်ပတ်တွေ စဉ်းစားနေတယ်များ ထင်နေလား... "

ခေတ္တကြာပြီးနောက် မိန်းကလေး သုံးယောက်မှာ အခန်းကိုယ်စီသို့ သွား၍ တစ်ယောက်ပြီးတစ်ယောက် ဘီကီနီများ လဲ၀တ်လိုက်ကြသည်။ ထို့နောက် ပင်လယ်ပြင်ထက် သီချင်းသံသဲ့သဲ့ ပျံ့လွင့်လာလေသည်။

လူတိုင်းက ချမ်းသာသည့် မိသားစုများမှ ပေါက်ဖွားလာကြပြီး မိန်းကလေး သုံးယောက်သည်လည်း လှပသည့် ကိုယ်လုံးကိုယ်ပေါက်များ ပိုင်ဆိုင်ထားကြ၏။ သို့ပေမယ့် သူမတို့ လင်းရီ၏ ၀မ်းဗိုက် ကြွက်သားတုံးကြီးများကို မြင်တော့ တစ်ချိန်တည်း နီးပါး အာမေဋိတ်သံ ပြုမိလိုက်ကြသည်။

" နင့် ၀မ်းဗိုက် ကြွက်သားတွေ ရအောင် ဘယ်လိုများ လေ့ကျင့်ထားပါလိမ့်... ကြည့်လို့ သိပ်လှတာပဲ... "နင်ချဲ့ ပြောလိုက်၏။

" အဲ့တာတင် မကသေးဘူး... V ပုံစံ မျဉ်းကြောင်းတွေနဲ့ အထစ်အထစ်ကြီးတွေက ကြည့်လိုက်တာနဲ့ လုံး၀ ပြိုင်ဘက်ကင်းပဲ.."ကျန်းချင် မျက်လုံး အရောင် ဘလင်းဘလင်း ဖြစ်လျက် ပြောလိုက်သည်။

ချိုးယွီလော့ပင် မနေနိုင်ဘဲ သုံးလေးကြိမ်ခန့် ပြန်ကြည့်မိတော့သည်။

မတတ်နိုင်ပေ။ လင်းရီ၏ ခန္ဓာကိုယ် တည်ဆောက်ပုံက အကောင်မထွားသော်လည်း ကြွက်သားများက ဆီလိမ်းရန်ပင်မလို။ ထင်းလို့နေသည်။

" ကြည့်လို့တော့ ရတယ်.. ထိလို့တော့ မရဘူးနော်... "

" ဒီအသက်အရွယ်နဲ့တောင် နင့်အစ်မကြီးက အပျိုလေးတစ်ယောက်လို ပျော်ရွှင်ချင်မိတုန်းပဲ... ဒီလို သာယာတဲ့နေ့လေးနဲ့ သာယာတဲ့ ပင်လယ်ပြင်ကြီးမှာ နင် ငါ့ဆန္ဒတွေကို ဖြည့်ဆည်း မပေးချင်ဘူးလားလို့... "

လင်းရီ သူ့နာရီကို တစ်ချက်ကြည့်ရင်း " ရေပိုင်နက်ထဲကို တစ်နာရီလောက်ဆို ရောက်တော့မှာ... အချိန်မလောက်ဘူး... "

နင်ချဲ့နှင့် ကျန်းချင်တို့ အချင်းချင်း ကြည့်လိုက်ကြပြန်သည်။

သူ့ရဲ့ သက်လုံက တစ်ခုခုတော့ တစ်ခုခုပဲ..

" အသင်းခေါင်းဆောင်ချိုး.. နင်ကော အတွေ့အကြုံ မရချင်ဘူးလား... ငါတော့ နင့် ချစ်ချစ်တောင် ယှဉ်နိုင်မယ်လို့ မထင်ဘူးနော်... "

ချိုးယွီလော့ ဘာမျှ ပြန်မပြောဘဲ မျက်လုံးသာ လှိမ့်ပြလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမပြောသည်က အမှန်ပင် ဖြစ်သောကြောင့် ဖြစ်၏။

" ဒါဆို အတည်ဖြစ်ပြီ.. နင့်မှာ အချိန်ရှိရင် အပျိုလေးလိုမျိုး ပျော်လို့ရအောင် လုပ်ပေးရမယ်နော်... "

" အပျိုလေး ပြန်ဖြစ်သွားရုံတင် မကဘူး.. ချန်ဂီလို ပျော်ရွှင်သွားစေရမယ်... "လင်းရီ ပြောလိုက်သည်။

" ချန်ဂီလိုမျိုး ပျော်ရမယ်ဆိုတာက ဘာကြီးလဲ... "

" မင်းကို ခံစားလို့ကောင်းအောင် လုပ်ပေးမယ်လို့ ပြောတာ... "

" ဟားဟားဟား... "

နင်ချဲ့ မနေနိုင်တော့ပဲ ကျယ်လောင်စွာ ရယ်မောပစ်မိလိုက်တော့သည်။ သူမ၏ ရင်ဘက်ကြီးက လှေကို ဘောင်ဘင်ခတ်နေသည့် ပင်လယ်ရေကဲ့သို့ အမှန်ပင် မျက်စိ ပဒါသ ဖြစ်ဖွယ်ရာကြီးပင်။

လှေပေါ်တွင် ခေတ္တ အချိန်ဖြုန်းပြီးနောက် ချိုးယွီလော့နှင့် နင်ချဲ့တို့ ရေငုပ်သည့် ကိရိယာများ ၀တ်ဆင်၍ ရေထဲ ဆင်းလိုက်ကြ၏။

ညဘက် ရေထဲဆင်းသည်က အန္တရာယ်များလွန်းသောကြောင့် ထောက်ချိန် သင်္ဘောကို ရည်ရွယ်ချက် ရှိရှိ ရပ်တန့်လိုက်ပြီး သူမတို့ ဆော့ကစားလို့၀ ၊ သင်္ဘောပေါ် ပြန်တက်လာသည့် အခါမှသာ ပြန်လည် အရှိန်တင်လိုက်၏။

မနက် တစ်နာရီထိုးတော့ လှေသည် ပင်လယ်ပြင်ထဲ သတ်မှတ်ထားသည့် နေရာသို့ ရောက်နှင့်နေချေပြီ။

အပျော်စီး သင်္ဘောပေါ်ရှိ ဘာညာကွီကွ လှုပ်ရှားမှုများအားလုံး ရပ်တန့်လိုက်ကြပြီး သင်္ဘော၏ အင်ဂျင်ကိုလည်း စက်ပိတ်ထားကာ မီးအလင်းများလည်း ပျောက်ကွယ်သွားခဲ့တော့သည်။

နက်ရှိုင်းသည့် ပင်လယ်ပြင်ကြီး အထက်၌ ၎င်းက ဦးတည်ရာမဲ့ မြောလွင့်နေသည့် တစ္ဆေ သင်္ဘောကြီးအလားပင်။

" ဘယ်လိုလဲ.. ပစ်မှတ် ပေါ်လာပြီလား... "

ချိုးယွီလော့ သူမ ကိုယ်ကို တပတ် တစ်ထည်ဖြင့် ပတ်ထားရင်း ထောက်ချိန်ကို မေးလိုက်သည်။

" ငါ မေးပြီးသွားပြီ... သူတို့ ပြောလာတာ မိနစ် နှစ်ဆယ်အတွင်း ရောက်မယ်တဲ့.. အချိန်ကျလာရင် ငါတို့ မော်တော်လှေနဲ့ တိတ်တိတ်လေး ချဉ်းကပ်သွားလိုက်မယ်... "

ယခု တစ်ခေါက် မစ်ရှင်သည်က အင်မတန် ရိုးရှင်းလှသည်။ ကျုံးဝေ့တပ်ဖွဲ့ အသင်း တစ်မှ လူများကို သွားကြိုပြီး ဘက်စ် သတ္တုရိုင်းကို လက်ဆင့်ကမ်း သယ်ဆောင်လာဖို့ရာပင်။

အနည်းငယ် စိုးရိမ်ရမည်က လက်ဆင့်ကမ်းသည့် အခြေအနေ တစ်ခုတည်းကိုသာ စိုးရိမ်စရာ ရှိသည်။

အသင်းတစ်၏ အဖွဲ့၀င် နှစ်ဦးက ကုန်တင် သင်္ဘောအပေါ် တိတ်တဆိတ် လိုက်ပါလာပြီး ဘက်စ် သတ္တုရိုင်းကို သယ်ဆောင်လာသည်။

ဤသည်က ဘာကြောင့်လဲဆိုတော့ သင်္ဘော၏ နောက်ဆုံး ဆိုက်ကပ်ရာက ဂျပန်နိုင်ငံ ဖြစ်သောကြောင့် ဖြစ်ပြီး ဟွာရှ၏ ရေပိုင်နက် တစ်ချို့ကို ဖြတ်သန်းသွားရလိမ့်မည်။

ထို့ကြောင့် ဆုံတွေ့မည့် အခါ၌ သူတို့က မော်တော်လှေဖြင့် ကုန်တင်သင်္ဘော၏ ဘေးခြမ်းသို့ တိတ်တဆိတ် စိမ့်၀င်ပြီး အသင်းတစ် အဖွဲ့သားများ မော်တော်လှေပေါ် တက်လာမည်အား စောင့်ဆိုင်းနေရုံပင်။ ထို့နောက် သူတို့ သင်္ဘောထံ အောင်မြင်စွာဖြင့် ပြန်လာကြမည် ဖြစ်၏။

" နင်တို့ ယူသွားမယ့် ပစ္စည်းတွေ စစ်ဆေးကြည့်လိုက်... အားလုံး အဆင်ပြေတာ သေချာရင် စောင့်နေလိုက်တော့.. "

" ကောင်းပြီ.. "

ပစ္စည်း ကိရိယာများကို စစ်ဆေးပြီးနောက် လင်းရီနှင့် ထောက်ချိန်တို့ မော်တော်လှေကို အောက်သို့ ချလိုက်ကြသည်။ ထို့နောက် ကျန်းချင်အပါအ၀င် ကျန်နှစ်ယောက်နှင့်အတူ လှေပေါ်သို့ တက်လိုက်ပြီး အချိန်မရွေး ထွက်ခွာရန် အဆင်သင့် ဖြစ်နေခဲ့ကြ၏။

ထိုခဏ၌ သူတို့ အဝေးမှ လာနေသည့် အလင်းရောင် တစ်ခုကို မြင်လိုက်ရပြီး ဥဩဆွဲသံ ကြီးတစ်ခုက ကပ်လျက် လိုက်ပါလာသည်။

များမကြာမီ မီတာ ၃၀၀ ရှည်လျားသည့် ကုန်တင် သင်္ဘောကြီးမှ သူတို့ရှေ့ သံမဏိ သားရိုင်းကောင်ကြီးကဲ့သို့ ဖြတ်သန်းသွားခဲ့၏။ အနီးကပ် ကြည့်လိုက်သည်တွင် ကောင်းကင်နှင့် မြေပြင်ကို ၎င်း၏ အောက်တွင် ဖိနှိပ်ထားသည့်ဟန် ရသည်။

ထိုအခိုက်အတန့်တွင်တော့ လူတိုင်းက ခံစားချက်တစ်ခုတည်းကို ထပ်တူညီစွာ ခံစားမိလိုက်ကြ၏။

လူသားများက သိပ်ကို သေးနုပ်လွန်းပေသည်။

" လုပ်ထားကြ.. ပစ်မှတ်ပေါ်လာပြီ... "ထောက်ချိန် လေသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်၏။

" အားလုံး အသင့်ပဲ.. အချိန်မရွေး လှုပ်ရှားလို့ရတယ်... "

ထောက်ချိန် နင်ချဲ့နှင့် ချိုးယွီလော့တို့ဘက် လှည့်၍ အချက်ပြလိုက်သည်။

ထို့နောက် သူ မော်တော်လှေကို ကုန်တင်သင်္ဘော၊ ဆယ်လ်ဗက်စတာထံ ဦးတည်လိုက်တော့သည်။

နာရီ၀က်ခန့် ကြာပြီးနောက် လင်းရီတို့၏ မော်တော်လှေကလေးမှာ ကုန်တင် သင်္ဘောကြီးကို လိုက်မီသွားခဲ့၏။

ထောက်ချိန် လက်နှိပ်ဓာတ်မီးတစ်ခု ကိုင်လျက် အလင်း အချက်ပြမှု တစ်ဒါဇင်ခန့် ပြုလုပ်လိုက်သည်။ ထို့နောက် မော်တော်လှေကို တိတ်ဆိတ်စွာ မောင်းနှင်ရင်း နောက်မှကပ်လျက်လိုက်ပါလာလေသည်။

သို့သော် အချိန် ဆယ်မိနစ် ကုန်လွန်သွားခဲ့သည့်တိုင် ဆယ်လ်ဗက်စတာထံမှ တုံ့ပြန်မှု တစ်စုံတစ်ရာ ထွက်ပေါ်မလာခဲ့ချေ။

ထို့ကြောင့် ထောက်ချိန် ဂရုတစိုက်နှင့် နောက်ထပ် အလင်းချက်ပြမှုများကို ထပ်မံပြုလုပ်လိုက်သည်။ သို့သော်လည်းပဲ နောက်ထပ် အချိန် ဆယ်မိနစ် ကုန်ဆုံးသွားသည့်တိုင် ပြန်လည် တုံ့ပြန်လာခြင်း မရှိခဲ့ချေ။

" မဟုတ်သေးဘူးနော်... ကျွန်မတို့ယူထားတဲ့ နေရာကများ မဟုတ်လို့လား... သူတို့က အချက်ပြနေတာကို မမြင်ရဘူးတဲ့လား... "ကျန်းချင် ပြောလိုက်သည်။

" မဖြစ်နိုင်ဖို့ များတယ်.. အဲ့မှာ ရှိနေတဲ့ လူတွေက ဒီလို အမှားမျိုး လုပ်မှာ မဟုတ်ဘူး... "

အခြေအနေ မဟန်သည်ကို မြင်တော့ ထောက်ချိန် ဝေါ်ကီတော်ကီကို ကောက်ယူလိုက်ပြီး " အသင်းခေါင်းဆောင် .. အသင်းတစ်နဲ့ ဆက်သွယ်ပြီး မေးကြည့်စမ်းပါ.. သူတို့ ဘယ်ရောက်နေလဲလို့.. ငါတို့က သူတို့ကို ကြိုဖို့ ပြင်ပြီးနေပြီ... သူတို့မှာ ဖြုန်းဖို့ အချိန်မရှိဘူး... "

" ကောင်းပြီ... "

နင်ချဲ့ တုံ့ပြန်လိုက်၏။ ထို့နောက် နေရာတစ်ခုလုံး ထပ်မံ တိတ်ဆိတ်သွားခဲ့တော့သည်။

မိနစ် အနည်းငယ် ကြာပြီးနောက် ထောက်ချိန်လက်ထဲရှိ ဝေါ်ကီတော်ကီမှ အစ်အစ်အဲ့အဲ့ အသံဗလံများ မြည်လာပြီး " အသင်း ၁ က ပြဿနာ တစ်ချို့ ကြုံနေပြီး ငါတို့ကို လှေပေါ် လာကူပေးဖို့ တောင်းဆိုလာတယ်... "

" လာကူပေးရမယ် .. ဟုတ်လား.. "

ထောက်ချိန် ကြက်သေသေသွားခဲ့ပြီး " ဆယ်လ်ဗက်စတာက ကုန်တင်သင်္ဘောသပ်သပ်ပဲလေ.. ပါလာတဲ့ လူတွေက သာမန်လူတွေချည်းပဲကို သူတို့ ပြဿနာတွေ့နေတယ်ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်း မရှိဘူးနော်... "

" ငါလည်း စဉ်းစားနေတာ.. "နင်ချဲ့ ပြောလိုက်ပြီး " အစီအစဉ် ပြောင်းမယ်... နင်နဲ့ လင်းရီက လှေပေါ် တက်သွားပြီး ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်လိုက်... ကျန်းချင်နဲ့ ကျန်တဲ့ နှစ်ယောက်ကို အောက်ကနေ လူကြိုဖို့ စောင့်နေခိုင်းထား... တကယ်လို့ တစ်ခုခု မူမမှန်ဘူးဆိုရင် နှစ်ယောက်လုံး မြန်မြန် ပြန်ဆုတ်ခဲ့ကြ.. "

နင်ချဲ့ ထောက်ချိန်နှင့် လင်းရီ၏ အရည်အချင်းကို ကောင်းစွာ နားလည်ထားသည်။ အကယ်၍ တစ်ခုခု ဖြစ်လာပြီဆိုပါက သူတို့အဖို့ ထွက်ပြေးရန်က ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

အကယ်၍ ကျန်းချင်နှင့် လူသစ် နှစ်ယောက်ကို ခေါ်သွားမည် ဆိုပါက ၀န်ထုပ်၀န်ပိုးတာ ဖြစ်လာပေမည်။

" နားလည်ပြီ.. "

ထောက်ချိန် ဝေါ်ကီတော်ကီကို ကျန်းချင်ထံ ကမ်းပေးလိုက်ပြီး " မင်းတို့ သုံးယောက် ဒီမှာ စောင့်နေခဲ့ကြ.. လင်းရီနဲ့ ငါ လှေပေါ်တက်ပြီး တစ်ချက် စစ်ကြည့်လိုက်ဦးမယ်... "

" ဟုတ် အစ်ကိုချိန်... "

ထောက်ချိန် လင်းရီကို ကြည့်လိုက်ပြီး " တက်ပြီး ဘာတွေဖြစ်နေလဲ သွားကြည့်လိုက်ကြစို့... အရင်ဆုံး ပစ္စည်းတွေ အကုန်သယ်ခဲ့ကွာ... "

ထောက်ချိန် လျှပ်စစ်သံလိုက် နံရံတက်သည့် ကိရိယာ တစ်စုံကို သူ့ အိတ်ထဲမှ ထုတ်ယူလိုက်သည်။

၎င်းက လက်အိတ်နှင့် ရှူးဖိနပ် ကာဗာများ၏ ဟဲဗီး ဗားရှင်းနှင့် ဆင်တူသည်။

အထဲတွင် လျှပ်စစ် အရင်းအမြစ် တစ်ခုနှင့် ကွိုင်များ ပါရှိပြီး ပါဝါ ခလုတ် ဖွင့်လိုက်သည်နှင့် ပြင်းထန်သည့် သံလိုက်ဓာတ်ကို ကိရိယာ၏ အပြင်ဘက်သို့ ထုတ်လွှတ်ပေးပြီး လူကို သံမဏိ မျက်နှာပြင်ပေါ်တွင် တွယ်ကပ်နေစေလိမ့်မည်။ ခလုတ်ပိတ်လိုက်သည်နှင့် သံလိုက်ဓာတ်များ ပြန်လည် ပျောက်ကွယ်သွားလိမ့်မည်။ ဤသို့ဖြင့် အပိတ်အဖွင့် ကစားပြီး လှေပေါ်သို့ တက်ရောက်နိုင်လေသည်။

လင်းရီ တုံ့ဆိုင်းမနေခဲ့ချေ။ သူ ပစ္စည်းကိရိယာများကို ချက်ချင်း တပ်ဆင်လိုက်ပြီး ထောက်ချိန်နှင့်အတူ လှေပေါ်သို့ တက်လိုက်၏။

သံလိုက်အားသုံး နံရံတက်ကိရိယာကို လင်းရီ ယခုမှ ပထမဆုံး အကြိမ် အသုံးပြုဖူးခြင်း ဖြစ်သဖြင့် သိပ်တော့ နေသားမကျသေးချေ။ သို့ပေမယ့် သင်ယူလေ့လာနှုန်း မြန်ဆန်သည့် သူ၏ စွမ်းရည်ကြောင့် သိပ်မကြာခင်တွင်ပဲ ပစ္စည်း၏ အထာကို ကောင်းစွာ နားလည် ကျွမ်းကျင်သွားခဲ့သည်။

ပြင်းထန်သည့် ပင်လယ်လေတို့က သူတို့ကို လာရောက်တိုက်ခိုက်နေပြီး ဆံပင်များပင် ထောင်မတ်နေတော့၏။ သို့သော် လက်ရှိ သူတို့၏ အဆင့်နှင့် ဤမျှလောက်ကို လုံး၀ မမှု။ သူတို့၏ အပေါ်သို့ တက်ရောက်သည့် အမြန်နှုန်း အနည်းငယ် ကျဆင်းသွားရုံမျှသာ ရှိသည်။

" အရင်ကကော ဒါမျိုး ဖြစ်ဖူးလား.. "လင်းရီ တက်နေရင်းဖြင့် မေးမြန်းလိုက်၏။

" ဖြစ်ခဲတယ်... တစ်ခါပဲ ဖြစ်ဖူးသေးတယ်..."ထောက်ချိန် ပြောလိုက်ပြီး " သူတို့ နောက်ယောင်ခံခဲ့ရတာပဲ ဖြစ်ရမယ်... ဒါပေမယ့် အခြေအနေက အချိန်တစ်ခုထိအောင် ထုတ်ဖော်လို့ မရဘူး ဖြစ်နေတာ နေမှာ.. ဒါကြောင့်မို့ ငါတို့ သင်္ဘောရောက်ရင် အထူး ဂရုစိုက်ရမယ်... ရုန့်ရင်းဆန်ခတ် တစ်ချို့ ဖြစ်ရင် ဖြစ်နိုင်တယ်... "

လင်းရီ ခေါင်းညိမ့်လိုက်ပြီး အလုပ်စရန် ဟန်ပြင်တော့သည်။

ထိုအခိုက်အတန့်တွင်ပဲ ရုတ်တရက် အတွေးတစ်ခုက လင်းရီ၏ ဦးနှောက်ထဲ ၀င်ရောက်လာသည်။

သူ၏ သီအိုရီအရ ဘက်စ် သတ္တုရိုင်း ပေါ်လာသည်နှင့် အနက်၀တ်နှင့်လူသည်လည်း ရောက်ချလာလေ့ရှိသည်။

ယခု တစ်ကြိမ်တွင်လည်း အခြေအနေသည်က ထပ်တူညီစွာပင်။ အသင်း တစ် အဖွဲ့၀င်များက ဘက်စ် သတ္တုရိုင်း တစ်ချို့ကို သယ်ဆောင်လာပြီး ပြဿနာ တစ်ချို့ကိုလည်း ရင်ဆိုင်နေရသည်။

ထိုသို့ဆိုလျှင် အနက်၀တ်နှင့်လူသည် ပြန်ပေါ်လာလေသည်လော။

All Chapters