← Chapters

ကျုံးဝေ့တပ်ဖွဲ့ရဲ့ အဖွဲ့သားတွေ အချည်းနှီး သေသွားတာမျိုး မဖြစ်ရဘူး

Vol. 74 Ch. 1100

ကျုံးဝေ့တပ်ဖွဲ့ရဲ့ အဖွဲ့သားတွေ အချည်းနှီး သေသွားတာမျိုး မဖြစ်ရဘူး

Vol. 74 Ch. 1100

“ နင် ပြောစရာရှိတာကိုပြော… ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်လာပြီးကတည်းက နင့်စိတ်ကို ပြင်ဆင်ထားရမှာ ထုံးစံပဲ…”

“ ဒီလူတွေက အရှင်လတ်လတ်ရှိတုန်း လူမဆန်အောင် ညှဉ်းပန်း နှိပ်စက်ခံခဲ့ရတယ်.. သူတို့ရဲ့ လက်သည်းခွံတွေ ဆွဲချွတ်ခံထားရပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း အရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့… သူတို့ရဲ့ ပခုံးတွေကိုလည်း အသက်ရှင်နေတုန်းမှာ သံမှို အရိုက်ခံထားရသေးတယ်… ဒီ အမျိုးသမီးဆို ပိုလို့တောင် ဆိုးသေး….” လင်းရီ ပြောလိုက်ပြီး “ အဲ့တာ အပြင်ကို သူတို့ရဲ့ ခြေထောက်နဲ့ လက်တွေက အရိုးတွေ အကုန် ကျိုးနေတယ်.. ဒါပေမယ့် အသက်ကို တကယ် နှုတ်ယူသွားခဲ့တာက သွေးလွတ်ကြောတွေ ဖြတ်တောက်ခံလိုက်ရပြီး သွေးထွက်လွန်သွားခဲ့လို့ပဲ.. နှစ်ယောက်လုံးက လွန်ခဲ့တဲ့ တစ်နာရီလောက်၊ ငါတို့ လှေပေါ် ရောက်ပြီးပြီးချင်းမှာပဲ သေသွားခဲ့တာ… “

“ ဟူး…”

ချိုးယွီလော့ သူမ မျက်ရည်များကို သုတ်လိုက်ပြီး နင်ချဲ့ကတော့ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ အလောင်းနှစ်ခုကိုကြည့်ရင်း သင်္ဘောပေါ်ရှိ လေထုက ကြေကွဲဝမ်းနည်းဖွယ်ရာတို့ဖြင့် ပြည့်နှက်နေသည်။

ထောက်ချိန် ယခင်က ပြောဖူးသကဲ့သို့၊ သူ၏ ရဲဘော်ရဲဘက်များ သေဆုံးသွားသည်ကို သူလက်ခံနိုင်သည်။ သို့သော် ယခုလိုမျိုး ခက်ခဲသည့် နည်းလမ်းဖြင့် အသက်စွန့်သွားခဲ့ရသည်ကိုတော့ သူ မည်သို့မျှ လက်သင့်မခံနိုင်ပေ။

သို့ပေမယ့် သူတွင် ရွေးချယ်စရာက မရှိ။ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်လာပြီးသည့်နောက် သူတို့ ဆုံးဖြတ်ချက် မပြုနိုင်သည့် အရာများစွာ ရှိနေလေသည်။

လင်းရီ အိပ်ရာထက်မှ အိပ်ရာခင်း တစ်ခု ဆွဲယူလာပြီး သူတို့ နှစ်ယောက်ကို အုပ်ထားပေးလိုက်သည်။

“ ကျိုးဟိုင် စစ်ဒေသက လူတွေကို ငါတို့ကို လာကြိုပေးဖို့ ပြောပြီးသွားပြီ…” လင်းရီ ပြောလိုက်ပြီး “ မင်းတို့နှစ်ယောက်… ဒီကိစ္စ အထက်ကို ပြန်တင်ပြပြီး သူတို့ ဘာဆက်လုပ်မလဲ ကြည့်လိုက်…”

“ အင်း…”

ချိုးယွီလော့ ခေါင်းညိမ့်ပြီး ဘေးတွင် သွားရပ်လိုက်၏။ သူမ လက်ရှိ အခြေအနေကို လျိုဟုန်ထံ သတင်းပို့လိုက်ပြီး ဆယ်မိနစ်ကြာပြီးတော့မှ ပြန်လာခဲ့လေသည်။

“ ဘော့စ်လျိုက ဘာပြောလဲ..” နင်ချဲ့ မေးမြန်းလိုက်သည်။

“ သူ အခု ကျိုးဟိုင်ကို လူတွေ ခေါ်လာပြီး လာနေပြီ… သူ ရောက်လာမှ ငါတို့ ဆက်ပြောကြမယ်တဲ့…”

နင်ချဲ့ သူ့အိတ်ထဲမှ စီးကရက် သေတ္တာကို ထုတ်လိုက်ပြီး ကိုယ်တိုင် မီးညှိလိုက်၏။

“ လူတိုင်းပဲ… ငါတို့ရဲ့ ကိုယ်စီ အမြင်တွေကို ဖလှယ်ကြရအောင်… ဒီကိစ္စမှာ သံသယ ဖြစ်စရာ အချက်တွေက အရမ်းများလွန်းနေတယ်..”

“ မင်းကို အရင် ဆက်သွယ်ခဲ့တဲ့လူက ဒီနှစ်ယောက်တော့ မဖြစ်နိုင်လောက်ဘူး..” လင်းရီ ပြောလိုက်ပြီး “ လူသတ်သမားက သူတို့ နာမည်နဲ့ ဆက်သွယ်လိုက်တာပဲ ဖြစ်ရမယ်… သူက ငါတို့ကို သင်္ဘောပေါ် မျှားခေါ်ချင်နေတာ.. ဒါမှ ငါတို့က သူတို့ကို လိုက်ရှာကြမှာ…”

“ ဒါပေမယ့် လူသတ်သမားက ဘယ်သူလဲ… သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ… ဒါကြီးက အရမ်း ရက်စက်လွန်းသွားပြီ…” ကျန်းချင် ပြောလိုက်၏။

ဤသည်က အရေးတကြီး ဖြေရှင်းရန်လိုနေသည့် ပြဿနာ တစ်ရပ် ဖြစ်လေသည်။

သို့သော်လည်း ဤသည်က အနက်ဝတ်နှင့်လူ၏ လက်ချက် မဟုတ်ကြောင်းကိုတော့ လင်းရီ အတည်ပြုနိုင်သည်။

သူ ထို အနက်ဝတ်လူနှင့် နှစ်ကြိမ် ထိတွေ့ဆက်ဆံဖူးပြီး တစ်ကြိမ်ချင်းစီတိုင်းလည်း နှစ်ဖက် အပြန်အလှန် လက်သီးချက်များ ဖလှယ်ခဲ့ဖူးသည်။ သူသည်က အသာစီး ရနေချိန်တွင် ရပ်တန့်ပြီး အလောတကြီးနှင့် လိုချင်တာကို ယူပြီး ထွက်ခွာသွားပေမည်။

အထူးသဖြင့် ဒုတိယ အကြိမ် အာယာနဲ မစ်ဆူ၏ ဘက်စ် သတ္တုရိုင်းကို ယူသည့် အခေါက်၌ ဖြစ်၏။

ရိုရှီဟီဂါရှီနို နှင့် အာယာနဲ မစ်ဆူ ၊ မည်သူ့ကိုမျှ သူ သတ်ဖြတ်ချင်းမျိုး မပြုလုပ်သွားခဲ့ချေ။

အာယာနဲ မစ်ဆူ မည်သူဖြစ်သည်ကိုလည်း သူ ဂရုမစိုက်ချေ။ သို့ပေမယ့် အပြစ်မရှိသည့် လူကိုတော့ အကြောင်းမဲ့ သတ်ဖြတ်ခြင်း မပြုခဲ့ပေ။

ထို့ကြောင့် အနက်ဝတ်နှင့်လူက မည်သည့်နည်းနှင့်မျှ လူသတ်သမား မဟုတ်နိုင်ချေ။

ဘက်စ်သတ္တုရိုင်း ထွက်ပေါ်လာခဲ့သော်လည်း အနက်ဝတ်နှင့်လူက ပေါ်မလာခဲ့သောကြောင့် လူသတ်သမားက အခြား တစ်စုံတစ်ယောက် ဖြစ်ကို ဖြစ်ရမည်။

“ ငါ့မှာ ရဲတင်းတဲ့ ခန့်မှန်းချက် တစ်ခုတော့ ရှိတယ်…” လင်းရီ ပြောလိုက်ပြီး “ လူသတ်သမားက ရွှေနက် ကော်ပိုရေးရှင်းက တစ်စုံတစ်ယောက် ဖြစ်နိုင်တယ်…”

“ ရွှေနက်လား…”

လင်းရီ၏ စကားလုံးက လူတိုင်းကို ဤလူများက အမှန်ပင် သံသယဖြစ်ဖို့များကြောင်း သတိရသွားစေသည်။

“ မင်းတို့ မသိသေးတာ တစ်ခု ရှိသေးတယ်…” လင်းရီ ပြောလိုက်ပြီး “ ဂျင်မီနဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေ အပြင် ငါ ရွှေနက် ကော်ပိုရေးရှင်းက လူ လေးယောက်ကို သတ်ခဲ့သေးတယ်… ဒါပေမယ့် သူတိုက ဂျင်မီလောက်တော့ စကေးမရှိပါဘူး.. နောက်ပြီး ငါတို့က ဗီဇ ဆေးရည်ကြည် ဆယ်ပုလင်းတောင် ယူသွားခဲ့တာလေ…. အဲတာက ရွှေနက် ကော်ပိုရေးရှင်းကို ရူးသွပ်သွားစေဖို့ လုံလောက်တယ်..”

လင်းရီ၏ သုံးသပ်ချက်က လက်ရှိ အခြေအနေနှင့် လုံးဝကို အံဝင်ခွင်ကျ ဖြစ်နေသည်။

သို့သော်လည်း သူတို့ စဉ်းစားချင့်ချိန်ရမည့် အချက် တစ်ချက်ကလည်း ရှိနေသေး၏။

“ ငါတို့က ဂျင်မီနဲ့ သူ့လူတွေ အပြင် ဗီဇဆေးရည်ကြည် ဆယ်ပုလင်း ယူသွားခဲ့တယ်… နင်ကလည်း သူတို့လူ လေးယောက်ကို သတ်ခဲ့သေးတယ်.. သူတို့မှာ လက်စားချေဖို့ လုံလောက်တဲ့ အကြောင်းပြချက် ရှိပြီးသားပဲ .. အဲ့လိုဆိုရင် ဘာလို့ ငါတို့အားလုံးကို သင်္ဘောပေါ် မျှားခေါ်ပြီး တစ်ခါတည်းနဲ့ လက်စမဖျောက်ပစ်လိုက်ရတာလဲ..” နင်ချဲ့ မေးမြန်းလိုက်၏။

“ ဒါက လွယ်ပါတယ်…” လင်းရီ ပြောလိုက်ပြီး “ ငါတို့ရဲ့ စစ်ဆင်ရေးက နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ဆိုပေမယ့် ဟွာရှရဲ့ ကမ်းရိုးတန်းနဲ့ တော်တော်လေးကို နီးကပ်တယ်… ငါတို့ကို ကာဗာပေးမယ့် သင်္ဘောကလည်း နီးနီးနားနားလေးမှာပဲ… တကယ်လို့ ရုန့်ရင်းဆန်ခတ်ဖြစ်ပြီး သင်္ဘောကလည်း ဟွာရှရဲ့ ရေပိုင်နက်ထဲ ရောက်လာမယ်ဆိုရင် ရွှေနက် ကော်ပိုရေးရှင်းက တစ်ယောက်မှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး.. ပြီးတော့ ဒီကိစ္စက အရမ်း ပေါက်ကွဲထွက်သွားရင် သူတို့ကိုယ်သူတို့ ကမ္ဘာကြီးကို ချပြလိုက်သလို ဖြစ်သွားတော့မှာ… ဒါက ဉာဏ်မရှိတဲ့ ရွေးချယ်မှုပဲ… ဒါကြောင့်မို့ ဒီလိုမျိုး တိတ်တိတ်လေးပဲ လက်စားချေဖို့ ရွေးချယ်လိုက်ကြတာ… ငါ့အမြင်ပေါ့… ဂျက်ဖရီက တော်တော်ကြီးကို ထက်မြက်တဲ့ လူတစ်ယောက်လို့တော့ ပြောရမယ်…”

“ ငါလည်း လင်းရီ ပြောတာ ယုတ္တိရှိတယ်လို့ ခံစားရတယ်…” ချိုးယွီလော့ ပြောလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့က အမျိုးသားအဆင့် အဖွဲ့အစည်းကြီး.. ငါတို့ ထမ်းဆောင်တဲ့ အရေးကြီးဆုံး မစ်ရှင်တွေကလည်း နိုင်ငံနဲ့ချီတဲ့ မစ်ရှင်တွေချည်းပဲ… ဒီလို မစ်ရှင်မျိုးနဲ့ ပတ်သက်လာလျှင် ဘယ်ဘက်ကပဲ ဆုံးရှုံးမှု ရှိရှိ ဒီလိုမျိုး နောက်ကွယ်ကနေဓားနဲ့ ရွယ်တဲ့ ကိစ္စမျိုးတော့ ရှိမှာ မဟုတ်ဘူး… ဒါပေမယ့် ရွှေနက် ကော်ပိုရေးရှင်းကတော့ မတူဘူး… ဒီလိုမျိုး ယုတ်ညံ့တဲ့ အပြုအမူမျိုးက သူတို့ကို နာဇီတွေနဲ့ ထူးမခြားနားအောင် ပြုလုပ်သွားစေတာပဲ…”

“ တကယ်ကြီး ဒီလို ဖြစ်မယ့်ပုံပဲ.. တခြား ဖြစ်နိုင်ချေလဲ မရှိတော့ဘူး..” နင်ချဲ့ သူမ ဆံပင်ကို နောက်သို့ သပ်လိုက်ရင်း “ လူတိုင်းပဲ လုပ်ထားကြ.. ငါတို့ လုပ်ဖို့ လိုနေတာတွေ အများကြီး ရှိသေးတယ်..”

ည၏ လေပြေက တိတ်ဆိတ်မှုနှင့် အေးစက်မှုကို သယ်ဆောင်လာခဲ့သည်။ လူတိုင်းက ငြိမ်သက်စွာ ထိုင်နေကြရင်း မည်သူကမျှလည်း စကားမပြောကြချေ။

သူတို့အားလုံး ဘုရားသခင်က သူတို့ကို နောက်ပြောင်ကျီစယ်နေသည်ဟုတောင် ခံစားနေရတော့၏။ သူတို့ စလာခဲ့စဉ် အချိန်တုန်းက ပေါ့ပေါ့ပါးပါးနှင့် လွယ်ကူသည့် ခရီးစဉ် တစ်ခု ဖြစ်ခဲ့သော်လည်း ပြန်လာသည့် အခါတွင်တော့ ပျောက်ကွယ်မသွားမည့် နာကျင်မှုတို့ ပွေ့ပိုက်ပြီး ပြန်လာခဲ့ရသည်။

လင်းရီပင် ယခင် မစ်ရှင် စခါနီးမှ ပြန်ပြီး နှုတ်ထွက်သွားကြသူများသည် ဥာဏ်ရှိသည့် ဆုံးဖြတ်ချက်ကို ချခဲ့သူများ ဖြစ်သည်ဟု ခံစားနေရ၏။

ဤသည်က ဘာကြောင့်လဲဆိုတော့ သူသည် အချိန်မရွေး သေဆုံးသွားနိုင်ပြီး ယခုလို ကြေကွဲဝမ်းနည်းဖွယ် အခြေအနေမျိုးနှင့်လည်း သေဆုံးသွားနိုင်သောကြောင့်ပင်။

နှစ်နာရီကြာပြီးနောက် သင်္ဘောသည် ဝမ်ကျန်းဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ကပ်လာသည်။

ပတ်ဝန်းကျင်ကိုတော့ ချိတ်ပိတ်ထားပြီး မိုဟုန်ရှန်းနှင့် ကောင်းချုံးတို့ လူများ ခေါ်လာခဲ့ကာ လင်းရီနှင့် အခြားသူများကို လာရောက် ကြိုဆိုပေးကြသည်။

အရေးကြီးဆုံး ကိစ္စကတော့ အလောင်းနှစ်ခုနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖို့ရန်ပင်။ သူတို့အဖို့တော့ မြေပြင်တွင် လဲလျောင်းနေသည့် လူနှစ်ယောက်သည် ရဲရင့်သည့် သူရဲကောင်းကြီးများပင် ဖြစ်တော့သည်။

“ အလေးပြု…”

မိုဟုန်ရှန်းမှ အော်ဟစ် အမိန့်ပေးလိုက်ပြီး အကုန်လုံးမှ တစ်ပြိုင်နက် အလေးပြုလိုက်ကြ၏။

“ လာပေးကြတဲ့အတွက် ကျေးဇူးပါပဲ…” ချိုးယွီလော့ ပြောလိုက်သည်။

“ ဒါ ကျုပ်တို့ လုပ်သင့်လုပ်ထိုက်တာပါပဲ..” မိုဟုန်ရှန်း ပြောလိုက်ပြီး “ စစ်တပ်ဆေးရုံကို အရင်သွားကြစို့… ခေါင်းဆောင်က မင်းတို့ကို အဲ့မှာ စောင့်နေတယ်…”

“ ကောင်းပြီ..”

အုပ်စုမှ စစ်ဆေးရုံသို့ မောင်းသွားပြီး အလောင်းနှစ်ခုကို ဆေးရုံထံ အပ်နှံလိုက်သည်။ ထို့နောက် အလောင်းခွဲစိတ်မှု ရလဒ်ကို စောင့်ဆိုင်းခဲ့ကြလေသည်။

မကြာမီ လျိုဟုန်နှင့် ချောင်ကျားတုတို့ ရောက်ရှိလာခဲ့ကြ၏။

သူတို့၏ လက်အောက် ငယ်သားနှစ်ယောက် ထိုမျှ ကြေကွဲဖို့ ကောင်းသည့် အခြေအနေမျိုးနှင့် အသက်ပေးဆပ်သွားခဲ့ရသည်ကို မြင်တော့ လျိုဟုန်နှင့် ချောင်ကျားတုတို့ မည်သို့မျှ လက်မခံနိုင်ခဲ့ကြချေ။ သူတို့ အချိန်အကြာကြီး တိတ်တဆိတ် ငိုကြွေးနေခဲ့ကြ၏။ သို့သော် အသံတစ်ချက် မထွက်ခဲ့ကြပေ။

ထို့ပြင် သူတို့ ရင်ဘက်ထဲရှိ အမုန်းတရားတို့သည်လည်း မိုးလုံးခြိမ်းသံများကဲ့သို့ ဟိန်းဟိန်းညံနေပြီး သေသူကိုပင် ပြန်ထသွားစေနိုင်ခဲ့သည်။

ကိစ္စများ စီစဉ်ပြီးနောက် လင်းရီနှင့် ကျန်သူများအားလုံး စစ်ဒေသသို့ ပြန်လာခဲ့ကြလေသည်။

“ မင်းတို့တွေ ဒီ မစ်ရှင်မှာ အကောင်းဆုံး ကြိုးစားခဲ့ကြတယ်…ခု ငါ့ကို အသေးစိတ် ပြောပြတော့…” လျိုဟုန် ပြောလိုက်၏။

စစ်ဆင်ရေးကို လင်းရီနှင့်‌ ထောင်ချိန်တို့မှ အဓိက ထမ်းဆောင်ခဲ့ကြသောကြောင့် သူတို့ ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် ပြန်ပြောပြလိုက်ကြပြီး သူတို့ သုံးသပ်ခဲ့ကြသည့် ဖြစ်နိုင်ချေများကိုပါ ထည့်ပြောလိုက်ကြသည်။

လျိုဟုန်နှင့် ချောင်ကျားတုတို့သည်လည်း ရွှေနက် ကော်ပိုရေးရှင်း၏ လက်ချက် ဖြစ်ဖို့ များသည်ဟု ခံစားနေကြရ၏။

“ မင်း သုံးသပ်ထားတာတွေက အဓိပ္ပာယ် ရှိတယ်… ဒါပေမယ့် သက်သေမရှိဘူး… ဒီတော့ ငါတို့ ရမ်းသန်းပြီး ကောက်ချက်ချလိုက်လို့ မဖြစ်ဘူး…”

“ ဒီကိစ္စအတွက် ရမ်းသန်း ကောက်ချက်ချတာတွေ ပြောနေဖို့ လိုသေးလို့လား… သူတို့က လူသတ်သမားလို့ ကျွန်မတို့ ဆုံးဖြတ်လိုက်တာနဲ့ သေချာပေါက် အရေးယူရမှာပဲ..” ချိုးယွီလော့ ပြောလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့ဝင်တွေ ဘယ်တော့မှ အချည်းနှီး သေဆုံးလို့ မရဘူး…”

All Chapters