← Chapters

မင်းမှာ ငါနဲ့ စကား ပြောပိုင်ခွင့် မရှိဘူး

Vol. 74 Ch. 1101

မင်းမှာ ငါနဲ့ စကား ပြောပိုင်ခွင့် မရှိဘူး

Vol. 74 Ch. 1101

" မင်းတို့အားလုံး... စိတ်ကို အေးအေးထားကြစမ်း... "လျိုဟုန် ပြောလိုက်ပြီး " ကျုံးဝေ့တပ်ဖွဲ့ကို နိုင်ငံတော်က ပိုင်တယ်... ပြီးတော့ ရွှေနက် ကော်ပိုရေးရှင်းဆိုတာ ပုဂ္ဂလိက အဖွဲ့အစည်း.. တကယ်လို့ နှစ်ဖက် အတိုက်အခံတွေ ဖြစ်လာရင် အများပြည်သူ‌ရဲ့ အာရုံတွေကိုပါ ဆွဲဆောင်သွားလိမ့်မယ်... အဆုံးသတ်ကျရင် ငါတို့ပဲ ဆုံးရှုံးရမှာ... ဒါပေမယ့် လက်စားကတော့ ချေရမှာပဲ.. သူက ငါတို့ရဲ့ လူတွေကို သတ်ဖြတ်ပြီးတော့ ပစ္စည်းလည်း လုသွားခဲ့တယ်.. ငါတို့ ... ဒီကိစ္စကို ဘယ်လိုနည်းနဲ့မှ လွှတ်ပေးလိုက်လို့ မရဘူး... "

ချောင်ကျားတု လျိုဟုန်၏ ပခုံးကို ပုတ်ပေးလိုက်ပြီး " အရင်ဆုံး စိတ်အေးအေးထား... ငါတို့ အလောင်းခွဲစိတ်မှု ရလဒ်ကို စောင့်ရဦးမယ်လေ... "

ယခု အရာရာတိုင်းက ခန့်မှန်း သုံးသပ်ချက်များသာ ဖြစ်ပြီး လက်ဆုပ်လက်ကိုင်ပြစရာ သက်သေ တစ်ခုတစ်လေမျှ ရှိမနေခဲ့ချေ။

သူတို့ မှီခိုလို့ရသည့် တစ်ခုတည်းသောအရာက အလောင်းခွဲစိတ်မှု ရလဒ်သာလျှင်ဖြစ်၏။ မဟုတ်ပါက ဤကိစ္စနှင့် စပ်လျဉ်းပြီး ဘာမျှ ပြုလုပ်နိုင်မည် မဟုတ်တော့ချေ။

“ ဒါပေမယ့် ငါ နားမလည်နိုင်တာ တစ်ခု ရှိသေးတယ်… အတွင်း သူလျှိုတွေ အကုန်လုံးကို ဖယ်ရှားပြီးသွားတာတောင် သူတို့ ဘယ်ရောက်နေလဲဆိုတာကို ဘယ်သူက သတင်းပေါက်ကြားစေခဲ့တာလဲ..” လျိုဟုန် ပြောလိုက်ပြီး “ အသင်း ၁ ထဲမှာ သစ္စာဖောက် တစ်ယောက် ပေါ်လာတာများလား..”

မည်သူမျှ ဘာမျှ မပြောကြ။ သူတို့၏ အာရုံသည် လင်းရီအပေါ်တွင်သာ စူးစိုက်နေလျက်ရှိသည်။

သူသည်က ဝမ်ပင်းယွီ ကိစ္စနှင့် ပတ်သက်ပြီး အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့သူ ဖြစ်သောကြောင့် ယခု အချိန်တွင်လည်း လူတိုင်းက သူ၏ အတွေးများကို နားထောင်ကြည့်ချင်နေကြလေသည်။

“ အတွင်း သူလျှို ရှိနေတာက ဖြစ်နိုင်တယ်.. ဒါပေမယ့် အသင်းတစ်က မစ်ရှင်လုပ်နေတာ ဆိုတော့ စုံစမ်း စစ်ဆေးဖို့က ခက်တယ်..” လင်းရီ ထိုင်ခုံနောက်သို့ မှီလျက် သူ၏ အမြင်ကို ထုတ်ဖော်ပြောလိုက်သည်။

“ ဒါပေမယ့် သူလျှို ရှိတယ်ဆိုတဲ့ ဖြစ်နိုင်ချေ အပြင်ကို နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုလည်း ရှိသေးတယ်… သူတို့ ပထမ အုပ်စုဆီကနေ ဘက်စ် သတ္တုရိုင်းကို ရလာတကည်းက ပစ်မှတ်ထားခံခဲ့ရတာပဲ…”

“ မင်း ပြောချင်တာ သူတို့ ပထမအုပ်စုဆီကနေ ဘက်စ် သတ္တုရိုင်း လက်ခံပြီးကတည်းက ရွှေနက် ကော်ပိုရေးရှင်းရဲ့ အဖွဲ့သားတွေ တောက်လျှောက် နောက်ယောင်ခံနေခဲ့တယ်လို့ ပြောချင်တာလား…”

လင်းရီ ခေါင်းညိမ့်လိုက်၏။ “ ဘာလို့ဆိုတော့ ဂျင်မီရဲ့ အက်စီးဒင့် ဖြစ်ပြီးနောက်ပိုင်း ဂျက်ဖရီလည်း တစ်ခုခု ဖြစ်နေတာကို ကျိန်းသေပေါက် ခန့်မှန်းမိမှာပဲ… ဒါပေမယ့် ကျုပ်တို့နဲ့တော့ ဘယ်တူမှာ.. သူတို့က လှုပ်ရှားဖို့ သက်သေတွေ လိုမနေဘူး… ကျုံးဝေ့တပ်ဖွဲ့က လုပ်တယ်လို့ သံသယ ရှိတာနဲ့ တိုက်ရိုက် အရေးယူပစ်လိုက်တာပဲ.. ဒါကြောင့်မို့ ဒီကိစ္စကို သူတို့ အစီအစဉ်ဆွဲထားတာ တော်တော်လေးတောင် ကြာနေလောက်ပြီ…”

လင်းရီ မရှိသည့် ပါးသိုင်းမွေးများကို ပွတ်သပ်လိုက်ရင်း “ သူတို့ နှစ်ယောက်က အသက်ရှင်နေတုန်း လူမဆန်တဲ့ ညှဉ်းပန်း နှိပ်စက်မှုတွေ ခံထားရတာဆိုတော့ ကျုံးဝေ့တပ်ဖွဲ့ရဲ့ သတင်း အချက်အလက်တွေကို နှိုက်ချင်လို့ပဲ ဖြစ်ရမယ်… ဒါပေမယ့် တစ်ယောက်ကမှ ထုတ်မပြောကြတော့ ဒီလိုမျိုး အဆုံးသတ်သွားခဲ့ရတာပဲ… ဘာပဲပြောပြော သူတို့လိုချင်တာ သူတို့ရသွားခဲ့တာပဲလေ.. ဘက်စ် သတ္တုရိုင်းကို ပြန် သယ်သွားကြတာပါပဲ….”

တောက်..... တောက်..... တောက်..

လျိုဟုန် လက် တတောက်တောက် ပြုရင်း အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးသွားခဲ့သည်။

အဖွဲ့အစည်းထဲတွင် သူလျှို လက်သပ် မွေးထားသူ တစ်ယောက် ရှိနေကြောင်း ဖြစ်နိုင်ချေ များသော်လည်းပဲ လင်းရီ၏ စကားလုံးများက ယုတ္တိရှိနေသည်။

နှိုင်းယှဉ်ရမည်ဆိုပါက သူတို့ ဒုတိယ တစ်ခုကို ယုံကြည်ရန် ပိုပြီး စိတ်အားသန်ကြ၏။

အကယ်၍ နောက်ထပ် သူလျှိုတစ်ယောက်သာ ထပ်ပြီး ပေါ်ပေါက်လာခဲ့မည် ဆိုပါက ကျုံးဝေ့တပ်ဖွဲ့သည် ကြီးစွာ ထိခိုက်သွားရပေလိမ့်မည်။ နာမည် ဂုဏ်သတင်း၊ ဖွဲ့စည်းတည်ဆောက်ပုံ။ လူတိုင်းကို လိုက်လံ ရှာဖွေ စစ်ဆေးရတော့မည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

ထိုသို့ ဖြစ်လာပြီဆိုပါက လျိုဟုန်သည်လည်း သူ၏ လက်ရှိရာထူးနှင့် ထိုက်တန်တော့လိမ့်မည် မဟုတ်ချေ။

“ ကောင်းပြီ.. မင်းတို့ အရင်ပြန်နှင့် နားနေနှင့်ကြ… မနက်ဖြန် ငါ အသိပေးတာကို စောင့်နေ…” လျိုဟုန် လေသံနိမ့်၍ ပြောလိုက်သည်။

လူတိုင်း မတ်တပ်ရပ်ပြီး တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြ၏။

ဤကိစ္စက လယ်ပြင် ဆင်နင်းသကဲ့သို့ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းနေပြီး ကျန်သည်က လျိုဟုန် ဤကိစ္စကို မည်သို့ ကိုင်တွယ်မည်လဲ ဆိုတာပင်။

ယခု သူ့ကို အချိန် တစ်ချို့ ပေးရန် လိုအပ်၏။

ထွက်ခွာသွားပြီးနောက် သူတို့အားလုံး တည်းခိုခန်းများသို့ ပြန်မသွားကြချေ။ ထိုအစား ပန်နီဆူလာ ဟိုတယ်သို့သာ လိုက်လာခဲ့ကြ၏။ ကြယ်ငါးပွင့်ဟိုတယ်ကြီး၌ သက်တောင့်သက်သာ ဇိမ်ရှိရှိနှင့် အိပ်စက်နိုင်သည် မဟုတ်ပါလား။

သူတို့ ဟိုတယ်ကို ရောက်လာတော့ အချိန်မှာ လင်းကြက်တွန်သည့် အချိန်အခါမျိုး ဖြစ်၏။

သို့သော် လူတိုင်းက အိပ်လို့မပျော်နိုင်။ သူတို့ အားလုံး မကြာခင် ထွက်ပေါ်လာတော့မည့် အလောင်းခွဲစိတ်မှု ရလဒ်ကို စောင့်မျှော်နေခဲ့ကြ၏။

နေ့လည်ပိုင်းတွင် လူတိုင်း စုဝေးလိုက်ကြပြီး စားသောက်ရန် ထမင်းစားခန်းထဲသို့ ရောက်လာခဲ့ကြသည်။

သို့သော် ထမင်းဝိုင်းသည်လည်း ယခင်နှင့်မတူ။ အားလုံးက တိတ်ဆိတ်နေပြီး ကိုယ်စားစရာ ရှိသည်များကိုသာ စားသောက်နေခဲ့ကြသည်။

ညနေ ခြောက်နာရီထိုးခါးနီးလောက်ကျတော့ လျိုဟုန် လူတိုင်းကို ခေါ်ပြီး စစ်ဒေသ၌ စုစည်းစေလိုက်၏။

“ ဘော့စ်လျို… အခြေအနေ ဘာထူးလဲ…” ချိုးယွီလော့ မေးမြန်းလိုက်၏။

“ ငါတို့ လူခြောက်ယောက်ရဲ့ လက်ဗွေရာကို တွေ့တယ်… ဒါပေမယ့် ရွှေနက် ကော်ပိုရေးရှင်းက လူတွေပါဆိုတာတော့ အတည်မပြုနိုင်သေးဘူးး..”

“ အဲ့တာဆို နောက် ဘာဆက်လုပ်ကြမှာလဲ… ဒီတိုင်း တစ်သက်လုံး ထိုင်စောင့်နေလို့တော့ မရဘူးလေ… ဟုတ်တယ်မလား..” နင်ချဲ့ ပြောလိုက်သည်။

“ ရန်ကျင်းကို အရင်ပြန်ပြီး ငါတို့ရဲ့ ရဲဘော်ရဲဖက်တွေကို မမြှုပ်နှံခင် နှုတ်ဆက်ခြင်း အခမ်းအနား ပြင်ဆင်ကြတာပေါ့.. လက်ရှိ ဒီ ကိစ္စကို အရင်လုပ်ကြမယ်..”

“ နားလည်ပါပြီ..”

လူတိုင်း သူတို့၏ အထုပ်အပိုးများကို သိမ်းဆည်းလိုက်ကြပြီး ရန်ကျင်းသို့ပြန်ရန် ဟန်ပြင်လိုက်ကြလေသည်။

လင်းရီ သူ ဆောင်ရွက်ရမည့် စာရင်းများကို စိတ်ထဲ အမြန် တစ်ချက် တွက်ချက်ကြည့်လိုက်၏။ အိမ်တွင်လည်း လုပ်စရာက ဘာမျှ ရှိမနေချေ။

ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ကလည်း ကုမ္ပဏီကို တာဝန်ယူထားပေးသောကြောင့် စိတ်ပူနေရန်လည်း မလိုအပ်ပေ။

ဟွမ်ရှီးကျေးရွာတွင်တော့ ဖန်လုံအိမ်ထဲရှိ အသီးများကို နောက်ရက်အနည်းငယ်ကြာတွင် ဒုတိယ အကျော့ ခူးဆွတ်ရိတ်သိမ်း၍ ရချေပြီ။

ဤရက်ပိုင်းအတွင်း ထွေထူး လုပ်စရာ ကိစ္စများ ရှိမနေသောကြောင့် လင်းရီ ရန်ကျင်းသို့ စိတ်ချလက်ချနှင့် သွား၍ရ၏။

လင်းရီ ကျီချင်းရန်ထံ ဝီချက် မက်ဆေ့ ပို့လိုက်သည်။ သို့သော် သူ ရန်ကျင်းသို့ အလုပ်ခရီးထွက်မည်ဟုသာ ပြောပြထားပြီး သူမ စိတ်ပူပန်စေမည့် အခြားမည်သည့် အကြောင်းအရာကိုမှ ပြောမပြခဲ့ချေ။

ထိုညတွင် လင်းရီတို့ အုပ်စု ကိုယ်ပိုင် လေယာဉ်ဖြင့် ရန်ကျင်းသို့ ပြန်လာခဲ့ကြပြီး ရုပ်အလောင်း နှစ်ခုကိုပါ ပြန်သယ်လာခဲ့ကြ၏။

လျိုဟုန် မိသားစုဝင်များကို အသိပေးလိုက်သည်။ အလောင်းကို မြင်တွေ့ပြီးနောက်တွင်တော့ မိသားစု နှစ်ခုမှာ ထိန်းချုပ်မရနိုင်စွာ ပုံလျက် ငိုကြွေးကြတော့၏။ သို့ပေမယ့်လည်း လက်တွေ့ကို လျင်မြန်စွာဖြင့် လက်ခံလိုက်ကြလေသည်။

အကုန်လုံးက အသိုင်းအဝိုင်းကြီးများမှ ဖြစ်သောကြောင့် ၎င်းတို့၏ စိတ်ပိုင်း ဆိုင်ရာ သန်မာမှုတို့က သာမန်လူတို့နှင့် သွားတုလို့တော့ မရချေ။

နောက်တစ်နေ့ နံနက်ခင်းတွင် အောက်မေ့ဖွယ်ရာ အခမ်းအနား အသေးစားလေး တစ်ခု ကျင်းပပြီး နှုတ်ဆက်ခြင်း အခမ်းအနားကိုတော့ အသုဘအိမ်တွင်ပဲ စီစဉ်ကျင်းပခဲ့ကြ၏။ မီးသဂြိုဟ်ပြီးနောက် ပြာမှုန်များကို အာဇာနည်ဗိမာန်တွင် မြုပ်နှံခိုင်းလိုက်သည်။ ဤသည်က ကျုံးဝေ့တပ်ဖွဲ့ဝင်များသာလျှင် ရရှိနိုင်သည့် အထူး အခွင့်အရေး တစ်ရပ်ဖြစ်လေသည်။

သို့သော် သေလွန်ပြီးသူတို့အတွက် ရာထူး အဆင့်အတန်းသည် အသုံးဝင်၏လော။ မှန်သည်။ အသုံးမဝင်။ သို့ပေမယ့် ကျန်ရစ်သူ မိသားစုဝင်များကတော့ ထိုက်လျောက်သည့် အကျိုးခံစားခွင့်များ ရရှိကြ၏။

သူတို့ သုဿန်ကို ရောက်တော့ လင်းရီ အသင်း၏ နောက်တွင် မတ်တပ်ရပ်ရင်း လက်ထဲတွင် အဖြူရောင် ပန်းတစ်ပွင့်ကို ကိုင်ဆောင်ထားသည်။ ထို့နောက် အုတ်ဂူ ကဗ္ဗည်းကျောက်တိုင်ရှေ့ သွားချပေးရင်း နှုတ်ဆက်စကား ဆိုလေသည်။

သူ ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ရောက်ရှိသည်မှာ သက်တမ်း ဘယ်လောက်မျှ မရှိသေးသောကြောင့် သူ၏ ခံစားချက်တို့သည် ကျန်သူများလောက် ပြင်းထန်နေခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ဝမ်းနည်းသည်လို့တော့ မဆိုသာချေ။

သို့ပေမယ့် လူနှစ်ယောက်၏ အသက်သည် ယခုလိုမျိုး ယုတ္တိမတန် ပေးဆပ်လိုက်ရသည်ကိုတော့ သူ တော်တော်လေး ယူကျုံးမရ ဖြစ်မိ၏။

ထိုအတောအတွင်း အသင်းတစ်၏ အဖွဲ့သားများလည်း ရောက်လာခဲ့ကြသည်။ သို့သော် အကုန်လုံးတော့မဟုတ်။

လင်းရီ လူအုပ်ကြီး၏ နောက်တွင် ရပ်နေရင်း အသင်း တစ် အဖွဲ့ဝင် လေးဦးကို တစ်ချက် ရှိုးကြည့်လိုက်သည်။

ရှေ့ဆုံးတွင် မတ်တပ်ရပ်နေသည်က အသင်းတစ်၏ ခေါင်းဆောင် ဝမ်မြန်ပင်။

ဝမ်မြန်၏ ပုံပန်း သွင်ပြင်သဏ္ဌာန်က လင်းရီ စိတ်ကူးထားသည်နှင်တော့ နည်းနည်းလေး ခြားနားနေခဲ့၏။ ထိုသူက ဂျိုနှစ်ချောင်းနှင့်တော့ မဟုတ်။ ၁.၉ မီတာ နီးပါးလောက် အရပ်အမောင်း မြင့်မားပြီး တောင့်တင်းကြံ့ခိုင်ပုံရသည့် ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။ ဆံပင်ကို ခေါင်းတုံးပေါက်ကေ ညှပ်ထားပြီး သူ့လောက်လည်း ခန့်ညားချောမော ထည်ဝါနေခြင်း မရှိပါချေ။သို့သော် ၎င်းသည် မလှုပ်ခါနိုင်သည့် တောင်ကြီး တစ်တောင်ကဲ့သို့ မြဲမြံစွာ မတ်တပ်ရပ်နေလျက်ရှိပြီး သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးက ပေါက်ကွဲခါနီး မီးတောင်တစ်ခု၏ စွမ်းအားများဖြင့် ပြည့်နှက်နေသလိုပင်။

အတိတ်တွင်တော့ လင်းရီသည် ဝမ်မြန်ကို သူစိမ်းတစ်ယောက် အဖြစ်သာ သဘောထားပြီး ၎င်းအပေါ် မည်သည့် ခံစားချက်မျှလည်း မရှိချေ။ အလွန်ဆုံးရှိလှ သူတို့နှစ်ဦးသည် ရဲဘော်ရဲဘက်များ အဖြစ်သာ သတ်မှတ်နိုင်သည်။

သို့သော်လည်းပဲ လွန်ခဲ့သည့် ရက်ပိုင်းခန့်က ဝမ်မိသားစုသည် ရုတ်တရက် ရှေ့ထွက်လာပြီး ဟန်မိသားစုကို ကာကွယ်ပေးခဲ့၏။ ဤသည်က လင်းရီကို ၎င်းတို့နှင့် ပတ်သက်၍ အတော်လေး အမြင်မကြည် ဖြစ်သွားစေခဲ့ပြီး သတိလည်း ချပ်လျက်ရှိသွားစေခဲ့၏။

ရိုးရှင်းစွာ ကောက်ချက်ချရမည် ဆိုပါက သူတို့နှစ်ဦးသည် ဆန့်ကျင်ဘက်တွင် ရပ်တည်နေကြသည့် လူများ ဖြစ်နေချေပြီ။

မိနစ်အနည်းငယ် ကြာပြီးနောက် လူတိုင်း ပန်းများ တစ်ပွင့်ပြီး တစ်ပွင့် လာချ၍ နောက်သို့ ပြန်ဆုတ်သွားခဲ့ကြ၏။

ထိုအခိုက်အတန့်တွင် ဝမ်မြန် လင်းရီထံသို့ ရောက်လာခဲ့ပြီး “ မင်းက ဝင်ခွင့်စမ်းသပ်ပွဲတုန်းက ငါ့ရဲ့ စံချိန်ကို ချိုးဖြတ်လိုက်တယ်ဆိုတဲ့ လင်းရီပဲ ဖြစ်ရမယ်… ငါပြောတာ မှန်တယ်မလား…”

“ အင်း…” လင်းရီ ပေါ့ပေါ့ပါးပါး ခေါင်းညိမ့်လိုက်သည်။

“ မဆိုးဘူး..” ဝမ်မြန် ပြုံးလိုက်ပြီး “ ငါထင်တာ ငါ့စံချိန် ချိုးဖြတ်နိုင်ဖို့ဆို နောက် ရှစ်နှစ်ကနေ ဆယ်နှစ်လောက်အထိ ကြာမယ် ထင်နေတာ တစ်စုံတစ်ယောက် သုံးနှစ်အတွင်း လုပ်ပြသွားမယ်လို့တောင် မထင်ထားဘူး… ဆက်ပြီး ကြိုးစား.. ငါ မင်းကို မြင့်မြင့်မှန်းထားတယ်..”

ဘေး တစ်နေရာတွင် မတ်တပ်ရပ်နေကြသည့် ချိုးယွီလော့နှင့် နင်ချဲ့တို့၏ အမူအရာသည်လည်း အနည်းငယ် သဘာဝမကျ ဖြစ်သွားခဲ့ပြီး မနှစ်သက်သည့် အရိပ်အယောင်များ ပြသလာခဲ့ကြ၏။

ဤသည်က ကျုံးဝေ့တပ်ဖွဲ့ထဲရှိ သူ၏ ရာထူး အဆင့်အတန်းကို အသုံးပြုပြီး လင်းရီအပေါ် ဖိအားပေးနေသည် မဟုတ်ပါလား။

အကယ်၍ သာမန်လူ ဖြစ်မည်ဆိုပါက ဝမ်မြန်၏ စကားသည် ဖော်ရွေဟန် ရသော်ငြားလည်း တစ်ဖက်သူသည် လင်းရီ ဖြစ်နေခဲ့သည်။ စကားလုံးတို့ထဲ ဖုံးကွယ်ထားသည့် အဓိပ္ပာယ်ကို နားမလည်ဘူးဆိုပါက အဘယ်၌ လင်းရီ ပီသတော့မည်နည်း။

“ ကံကောင်းချင်တော့ ကျုံးဝေ့တပ်ဖွဲ့ရဲ့ စံချိန်စံညွှန်းတွေက မင်းထင်သလောက်လည်း ဆိုးရွားမနေဘူးလေ… ဝင်ခွင့် စမ်းသပ်ပွဲမှာ ပါဝင်နိုင်တဲ့ သူတွေဆို အကုန်လုံးက လူတော်တွေကြီးပဲ.. ဘယ်လိုပဲ ဖြစ်ဖြစ် မင်းကိုယ်၌က ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ယောက်.. ဒီတော့ အသင်းသားတွေပေါ် နိမ့်ချကြည့်နေတယ်ဆိုတာ မဖြစ်သင့်ဘူးမလား..”

“ ဟက်ဟက်…”

ဝမ်မြန် ဘာမျှ မပြောခဲ့ချေ။ သို့ပေမယ့် ဘေးတွင် လိုက်ပါလာသည့် ချင်ရန်လင်းကတော့ ရယ်မောလိုက်ပြီး “ မင်း ငါတို့လို မိသားစုကြီးက လူတွေကို ရိုက်နှက်ရဲတာ မဆန်းတော့ဘူး… မင်းက မင်းကိုယ်မင်း တော်တော်လေး ယုံကြည်ချက် ရှိနေတာပဲ….”

သူသည် ယခု ကျုံးဝေ့တပ်ဖွဲ့မှ ထွက်ခွာသွားခဲ့ပြီး ဆိုသော်ငြား တစ်ချိန်က အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည့် အပြင် ချိုးယွီလော့နှင့် ရင်းနှီးပတ်သက်မှုကိုပါ ထည့်တွက်လိုက်တော့ ချင်ရန်လင်း ဤနေရာ၌ ပေါ်လာခဲ့သည်မှာ ထူးဆန်းသည်တော့ မဟုတ်တော့ပေ။

“ အဲ့တော့ ဘာဖြစ်လဲ.. အဲ့တာ မင်းနဲ့ ဘာဆိုင်လို့.. ဘာလာပြီး ဟောင်ပွမ်ဟောင်ပွမ် လာလုပ်နေတာ…” လင်းရီ ပြောလိုက်ပြီး “ အရင်တုန်းက မင်းရဲ့ စမ်းသပ်မှု ရလဒ်ကကော ဘယ်လောက်မို့လို့… ငါက အခု လက်ထောက် အသင်းခေါင်းဆောင်ကွ… မင်းမှာ ငါနဲ့ စကားပြောဖို့ အခွင့်အရေး မရှိဘူး… ဟုတ်ပြီလား…”

All Chapters