← Chapters

အရေးမသာသည့် အနေအထား

Vol. 74 Ch. 1104

အရေးမသာသည့် အနေအထား

Vol. 74 Ch. 1104

“ နေဦး…” ရှန်းရှုရီ လင်းရီကို နောက်မှ လှမ်းဟန့်လိုက်ပြီး “ ငါနင်နဲ့ လိုက်သွားဖို့ လူတစ်ချို့ စီစဥ်ပေးမယ်… နင့်ဘာနင် တဇွတ်ထိုးတွေ လျှောက်မလုပ်နဲ့…”

ရှန်းရှုရီ အခြား မည်သည်ကိုမျှ မရေးမစိုက်သော်လည်းပဲ လင်းရီ၏ လုံခြုံရေးနှင့် ပတ်သက်၍ကတော့ စိတ်ချလက်ချ ထားနိုင်မှ တော်ကာကျမည်။

သူမ မည်သည့်ရှုထောင့်မှ ကြည့်ရှုစေကာမူ ဤသည်က ကြိုတင်ပြီး လုပ်ကို လုပ်ထားသင့်သည့် ကိစ္စရပ် တစ်ခု ဖြစ်လေသည်။

နောက်ထပ် နာရီဝက်ခန့်ကြာအောင် ရှန်းရှုရီ လူများကို ဆက်တိုက် ဖုန်းခေါ်ဆိုနေခဲ့သည်။ သူမ မည်သူတွေနဲ့ ဖုန်းပြောနေမှန်း လင်းရီ မသိ။ သို့သော် ဩဇာကြီးမားသည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်မည်မှာတော့ ကျိန်းသေသည်။ မဟုတ်ပါက သူမ၏ လျန်မိသားစု အကြီးဆုံး ချွေးမဟူသော အဆင့်အတန်းနှင့် စကားပြောလိမ့်မည် မဟုတ်ချေ။

တစ်နာရီခန့် အချိန်ကုန်ဆုံးသွားပြီးနောက် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ၊ ရှန်းရှုရီ၏ ရုံးခန်းထဲ ဝင်ရောက်လာသည်။

နှစ်ယောက်လုံးက အသက်လေးဆယ် အရွယ်ဟု ထင်ရသူများ ဖြစ်ကြ၏။ စာတတ် ပေတတ် အရှိန်အဝါများကိုလည်း ထုတ်လွှတ်နေကြသေးသည်။

“ လင်းရီ… အန်တီ နင့်ကို မိတ်ဆက်ပေးမယ်..” ရှန်းရှုရီ ပြောလိုက်ပြီး “ ဒါက စီးပွားရေး လုပ်ငန်းတွေမှာ အဓိက တာဝန်ရှိတဲ့သူ ၊ ဝမ်ဟန်ရှန်း… နင်သူ့ကို ဒါရိုက်တာဝမ်ဆိုပြီး ခေါ်လို့ရတယ်… ကျန်တဲ့ တစ်ယောက်က ကျောက်ရှ၊ ဒါရိုက်တာကျောက်ပဲ…”

“ ဒါရိုက်တာဝမ်… ဒါရိုက်တာကျောက်..” လင်းရီ လက်များ လှုပ်ရမ်း၍ နှုတ်ဆက်လိုက်သည်။

“ ယဉ်ကျေးနေစရာ မလိုပါဘူး.. ငါတို့ အားလုံးက တစ်လှေတည်း စီးနေကြတဲ့သူတွေပဲလေ… တစ်ခုခု ဖြစ်နေပြီ ဆိုမှတော့ ငါတို့ ဘေးကနေ ထိုင်ပြီး စောင့်ကြည့်နေလို့ ဘယ်ရမှာလဲ..” ဝမ်ဟန်ရှန်း ပြောလိုက်ပြီး “ တကယ်လို့ ငါတို့ ဒီကိစ္စကို လေးလေးနက်နက်နဲ့ မကိုင်တွယ်ဘူးဆိုရင် ရလဒ်ကို ဘယ်လိုမှ လက်ခံမနိုင်ဘူး..”

“ ဒါဆိုလည်း အခုချက်ချင်း သွားပြီး အမြန်ဆုံး ကိုင်တွယ်ကြတော့..”

“ ကောင်းပါပြီ..”

မထွက်ခွာမီ ရှန်းရှုရီ ၎င်းတို့ နှစ်ယောက်ကို ဘေးတစ်နေရာသို့ ဆွဲခေါ်သွားပြီး ညွှန်ကြားချက် တစ်ချို့ပေး၍ အောက်ထပ်ထိ ရောက်အောင် ကိုယ်တိုင် လိုက်ပို့လိုက်သည်။

ကားကို လေဆိပ်သို့ မောင်းသွားပြီးနောက် သုံးယောက်သား စီးပွားရေး လမ်းကြောင်းမှ တစ်ဆင့် လေယာဉ် စီးလိုက်ကြလေသည်။

လေယာဉ်ပေါ်ရောက်ပြီးနောက် လင်းရီ ကျီချင်းရန်ထံ ဖုန်းခေါ်၍ သူမကို ဖြစ်ပျက်ခဲ့သည်များအား အကျဉ်းချုံ့ ရှင်းပြလိုက်၏။

သူ ဤကိစ္စကို ချက်ချင်း အရေးယူ လှုပ်ရှားလိမ့်မည်ဟု ကျီချင်းရန် ကြိုတင် မျှော်လင့်ထားသည့်ဟန်ပင်။ လင်းရီကို ဂရုစိုက်ရန် အထပ်ထပ် မှာကြားပြီးတော့မှ သူမ ဖုန်းချသွားခဲ့၏။

“ လင်းရီ … ဒီကို ခဏလောက် လာပါဦး…”

လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ဝမ်ဟန်ရှန်း သူ့ကို လက်ယပ်ခေါ်လာသည်။

“ ဘာဖြစ်လို့လဲ…”

“ ငါတို့ ဒီတစ်ခေါက် မင်းနဲ့အတူ လိုက်ပါလာတယ်ဆိုပေမယ့် အခြေအနေက နည်းနည်းလေးတော့ ထူးခြားတယ်… ဒီပြဿနာကို ဖြေရှင်းဖို့ မင်းရဲ့ ကိုယ်ပိုင် အဆက်အသွယ်တွေကို အသုံးမချတာ အကောင်းဆုံးပဲ.. အခြေအနေက ငါတို့ ထင်နေသလောက်ကြီးလည်း ပြင်းထန်မနေဘူး… ဒီတော့ ဒါရိုက်တာထျန်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှု လွန်ကဲမနေနဲ့… ဟုတ်ပြီလား..”

“ ကျုပ် နားလည်တယ်.. ကျုပ် ဒါရိုက်တာဝမ်နဲ့ ဒါရိုက်တာကျောက်ရဲ့ စကားတွေကိုပဲ နားထောင်မှာပါ…”

“ မင်းအဲ့လို စဉ်းစားထားတယ်ဆိုရင် ကောင်းတယ်… အဓိကက စိတ်လိုက်မာန်ပါ မလုပ်မိလိုက်ဖို့ပဲ… ငါတို့ တရားနည်းလမ်းကျကျ ညှိနှိုင်းဆွေးနွေးမှု ပြုရမယ်… ပြီးရင် အခြေအနေကို ငါတို့ အကောင်းဆုံး ကိုင်တွယ်ကြမယ်..”

“ ကောင်းပြီ… ဒါရိုက်တာတို့ နှစ်ယောက်ကို ဒုက္ခပေးမိတာ စိတ်မကောင်းပါဘူး…”

လင်းရီသည်က စီးပွားရေး သမား တစ်ယောက်သာ ဖြစ်သော်လည်းပဲ ဝမ်ဟန်ရှန်းနှင့် ကျောက်ရှတို့က သူ့အပေါ် တော်တော်လေး ယဉ်ကျေးနေခဲ့ကြသည်။

တစ်ဦးတစ်ယောက်၏ အထောက်အထားပေါ် အခြေခံပြီး ကြည့်မည်ဆိုပါက လင်းရီ၏ အဆင့်အတန်းမှာ သူတို့ထက် နိမ့်ကျလေသည်။ သို့ပေမယ့် လျန်မိသားစု၏ ပံ့ပိုးပေးမှုက နောက်ကွယ်တွင် ရှိနေချိန်တွင်တော့ အခြေအနေက အတော်လေး ထူးခြားသွားပြီ ဖြစ်၏။

ဆယ်နာရီကျော် ကြာပြီးနောက် လေယာဉ်သည် ဆန်ဖရန်စစ္စကို၊ ခါလီယာသို့ ဆင်းသက်လာခဲ့၏။

ဤသည်က စီးပွားရေး ဆွေးနွေးမှု ဖြစ်သောကြောင့် နယ်ခံ တာဝန်ရှိသူများက သူတို့၏ အလာကို ကြိုတင် စောင့်ဆိုင်းနေခဲ့ကြသည်။

ဝမ်ဟန်ရှန် လင်းရီ မည်သူမည်ဝါ ဖြစ်ကြောင်း မိတ်ဆက်ပေးလိုက်၏။

လင်းရီ၏ အထောက်အထာကို သိရှိသွားပြီးသည့်နောက် ဤကိစ္စကို တာဝန်ယူထားသူ ဂျိုဆမ်မှ အရင်‌ဦးဆုံး လက်ဆန့်တန်း နှုတ်ဆက်လာခဲ့၏။ သူ၏ အမူအရာက မိတ်ဟောင်းဆွေဟောင်းများနှင့် တွေ့ဆုံနေရသကဲ့သို့ ရှိပြီး မည်သည့် ကောက်ကျစ်စဉ်းလဲမှုကိုမှလည်း ဖော်မပြထားချေ။

သို‌ပေမယ့်လည်း သူ့နောက်ရှိ ပါလာသည့် လူများကတော့ တစ်ယောက်ကို တစ်ယောက် တီးတိုးပြောဆိုနေကြရင်း လင်းရီကို သုံးလေးကြိမ်ခန့် အကဲခတ်နေခဲ့ကြသည်။ ဤလူသည်က မကြာမီ ဆွေးနွေးမည့် အခန်းကဏ္ဍ၌ အရေးပါသည့်လူ ဖြစ်လာမည် ဆိုသောကြောင့် လေးလေးနက်နက် ပြောဆိုဆက်ဆံဖို့ လိုအပ်၏။

လေဆိပ်မှ ထွက်ခွာလာပြီးနောက် အုပ်စုသည် ဆန်ဖရန်စစ္စကို မြို့တော်ခန်းမသို့ ဦးတည်လိုက်ကြသည်။

“ မစ္စတာဝမ်.. မစ်ကျောက်.. ပြီးတော့ မစ္စတာလင်း.. ခင်များတို့ စန်ဖရန်စစ္စကို ရောက်လာခဲ့တာ ကျုပ် သိပ်ဝမ်းသာတာပဲ… ကျုပ်တို့ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆုံးသတ်နိုင်ဖို့ရာ မျှော်လင့်မိပါတယ်…” ဂျိုဆမ် ယဉ်ကျေးစွာ ပြောလာခဲ့သည်။

“ ကျုပ်တို့ကလည်း ဒီလိုရည်ရွယ်ချက်မျိုးနဲ့ ရောက်လာခဲ့ကြတာပါပဲ.. ဒီဖြစ်ရပ် အသေးအမွှားလေးက ကျုပ်တို့ချင်း ရင်းနှီးပတ်သက်မှုကို သက်ရောက်မှာ မလိုချင်ပါဘူး…”

“ မှန်တာပေါ့… ဒါပေမယ့် လွန်ခဲ့တဲ့ သုံးလလောက်တုန်းက မစ်ထျန်းရန် ထိန်းချုပ်ထားတဲ့ Coron Semiconductor ကုမ္ပဏီက Semiconductor အစိတ်အပိုင်းတွေကို အများအပြားဝယ်ယူပြီး ဟွာရှကို ပြန်တင်ပို့နေခဲ့တယ်… ဒါက ကျုပ်တို့ပြည်နယ်ရဲ့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွှတ်မှု မရှိတော့ ကျုပ်တို့ သူမကို ထိန်းသိမ်းထားလိုက်တယ်… ကျုပ်တို့ရဲ့ လုပ်ဆောင်ပုံတွေက ကျိုးကြောင်းသင့်တင့်ပြီး တရားနည်းလမ်းကျပါတယ်…”

“ ဒါပေမယ့် ကျုပ် သိရသလောက်တော့ Coron Semiconductor ကို Intel ရဲ့ ဥက္ကဌ အန်ဒီဂရို့ဖ် တည်ထောင်ထားတာပါ… ဒါ မစ် ထျန်းရန်နဲ့ ဘာမှ မသက်ဆိုင်သလိုပဲ…”

ဂျိုဆမ် ပခုံးတွန့်လိုက်ပြီး ပလွှားဝင့်ကြွားနေသည့် အမူအရာဖြင့် “ မဟုတ်တာ မဟုတ်တာ.. အန်ဒီဂရို့ဖ်က ဒီတိုင်း သူ့ရဲ့ လှည့်စားခြင်းကို ခံလိုက်ရသူ သပ်သပ်ပဲ… အဲ့တာကြောင့် ဒီလိုတွေ လုပ်လိုက်မိတာ… ပြီးတော့ ကျုပ်တို့ သက်သေတွေ အခိုင်အမာ ရထားပြီးပြီ… မင်းတို့ ယုံကြည်မှကို ရမှာ…”

လင်းရီ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး မျက်နှာ အမူအရာ ကင်းမဲ့နေလျက် ရှိသည်။

ဂျိုဆမ်၏ စကားလုံး ၊ ပြောသည့် လေသံက သူ၏ ထောင်လွှားမောက်မာမှုကို ထင်ထင်ရှားရှား ဖော်ပြနေသည်။ သူ၏ မျက်နှာထက်၌ ‘မောက်မာမှု’ ဟူသည့် စကားလုံးမျိုး မရေးထားရုံတမယ်ပင်။

လင်းရီ ဤစောက်ချိုးကို လုံးလုံး ကြည့်လို့မရချေ။ ဖြစ်နိုင်မည်ဆိုပါက ဖြတ်ရိုက်ပစ်ချင်နေသည်။

သို့သော် သူ၏ စိတ်သပ်သပ်ပင်။ ထိုအစား သူ အခြားသူများကို လိုက်လံ အကဲခတ်ကြည့်နေလိုက်၏။ ကျန်ပါဝင်သူများ၏ အမူအရာမှာ သက်တောင့်သက်တာ ဖြစ်နေပြီး အလေးအနက် ပြုမူနေခြင်းမျိုးလည်း မရှိကြချေ။ တစ်ချို့ဆို အာတသမ်းသမ်း ၊ နာရီ တကြည့်ကြည့်နှင့် ဘယ်အချိန်ပြီးလို့ အိမ်မှာ မိန်းမနဲ့ ပြန်သွားနှပ်ရမလဲဆိုတာကို စဉ်းစားနေကြသည့် ရုပ်များပင်။ တချို့ကျပြန်တော့လည်း ရုပ်ရှင်ရုံ ရောက်နေသည့်နှယ် လက်ဝါးကွယ်၍ တီးတိုးပြောဆိုနေကြ၏။ ပေါက်ပေါက်ဆုပ်လေးများသာ ရှိလိုက်ပါက အမှန်ပင် ထင်ယောင်ထင်မှား ဖြစ်သွားနိုင်သည်။

ဝမ်ဟန်ရှန်းနှင့် ကျောက်ရှတို့သည် လူတော်လူထက်များ ဖြစ်ကြ၏။

သူတို့၏ လက်ရှိအခြေအနေက အလေးမသာသည့် အနေအထားဘက်သို့ ကျရောက်နေကြောင်းကို ကောင်းစွာ သိရှိကြသည်။ ဤကိစ္စက တော်တော်ကြီးကို ပေါက်ကွဲထွက်သွားပြီး အပြင်ဘက်ရှိ မီဒီယာများသည်လည်း ယခု ဖြစ်ရပ်ကို သိရှိသွားခဲ့ကာ ကမ္ဘာ့ မီဒီယာ ဇာတ်ခုံ၌ သတင်းမီးမွှေးရန် ကလောင် တပြင်ပြင် ဖြစ်နေကြလေသည်။ သို့သော် ရွှေးချယ်စရာကမရှိ။ သူတို့ အကောင်းဆုံး ရလဒ် ထွက်ပေါ်လာစေရန်သာ စွမ်းအားရှိသမျှ ကြိုးစားသွားကြရမည်။

“ ဒါဆို ဒီကိစ္စ ဒီမှာတင် ရပ်တန့်ရလေအောင် ကျုပ်တို့ဘက်က ဘာတွေများ လိုက်လျောပေးဖို့ လိုမလဲ…”

All Chapters