ငါက ကောင်းတဲ့ကောင် မဟုတ်ဘူး
Vol. 74 Ch. 1110
မာ့စ်တပ်ထားသည့် လူသည် သူ့ရှေ့ရှိ မြင်ကွင်းကို မယုံကြည်နိုင်အောင် ဖြစ်ပျက်နေခဲ့သည်။ မျက်လုံးများလည်း ပြူးကျယ်သွားခဲ့ပြီး အချိန်အတော်ကြာသည်အထိ ဆွံ့အနေခဲ့တော့၏။
" မင်း... မင်းက အဖမ်းခံထားရပြီးသားလေ... မင်းကို ဘယ်သူက လက်ထိပ်ဖြေပေးလိုက်တာလဲ... "
" ဒီအခြေအနေထိ ရောက်နေပြီကို ဘာတွေဖြစ်နေမှန်း ခင်များ ခုထိ နးမလည်သေးဘူးပေါ့... "လင်းရီ ပြုံးလိုက်ပြီး " အစကနေ အဆုံးထိ ဒါက ရှိုးသပ်သပ်ပဲ... ကျုပ် တကယ်ကြီး အဖမ်းခံလိုက်ရတယ်လို့ ခင်များက ထင်နေတာလား... ကျုပ်ကကော တကယ်ကြီး အသာတကြည် အဖမ်းခံလိုက်မယ်လို့ ထင်နေတာလား...ခင်များ အဲ့သလောက်တောင် ပိန်းရလား..."
လင်းရီ၏ စကားလုံးများက မာ့စ်နှင့်လူကို အမြင်များ ပြာဝေသွားစေခဲ့သည်။ ထိုအခါမှပဲ သူ ထောင်ချောက်ထဲသို့ တိုး၀င်သွားခဲ့ပြီမှန်း သတိပြုမိလိုက်တော့သည်။
မဟုတ်သေး။ ၀မ်မိသားစု တစ်ခုလုံး၊ ဟန်မိသားစုနှင့် ကျောက်မိသားစုသည်လည်း သူ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့လေသည်။
" အခြေအနေတွေက ဒီအထိတောင် ဖြစ်လာနေပြီ ဆိုမှတော့ ဆက်ပြီး ဖုံးကွယ်နေစရာ မလိုတော့ဘူး.. ဟုတ်တယ်မလား.. ကျုပ် တစ်ချက်ကြည့်စမ်းမယ်... ကိုင်း လာထားစမ်း.. "
လင်းရီ မာ့စ်နှင့်လူ၏ ဖုံးကွယ်ထားသည့် ပစ္စည်းများအားလုံး ပြန်ချွတ်လိုက်တော့ အသက် သုံးဆယ် အရွယ်ရှိမည့် ပိန်ပိန်ပါးပါး သက်လတ်ပိုင်း အမျိုးသား တစ်ဦး၏ ရုပ်သွင်က ထွက်ပေါ်လာသည်။ သူ၏ အသားအရေက အနည်းငယ် မည်းညစ်နေပြီး မျက်လုံး ထောင့်စွန်းများတွင် အရေးအကြောင်းတို့လည်း ရှိနေခဲ့၏။ သူ့ကြည့်ရတာ သာမန်လူကောင်းတစ်ဦးတော့ ဖြစ်ဟန်မတူ။
" မင်း တကယ်ကြီး ဘာလုပ်ချင်နေတာလဲ... "
လင်းရီ ထို မေးခွန်းကို တိုက်ရိုက် ပြန်မဖြေ။ ထိုအစား ခြေထောက် အောက်ခြေရှိ အနက်ရောင် သေတ္တာကို ကောက်ယူပြီး ဖွင့်လိုက်၏။
အထဲတွင် ဖန်ပုလင်း အသေး သုံးခု ရှိနေပြီး ဖောက်ထွင်းမြင်နေရသည့် ဆယ်မီလီ အရည်ကြည်လေးများ ပါ၀င်နေသည်။
ဖန်ပုလင်း ဘေးတွင်တော့ ဆေးထိုးအပ်တစ်ချို့ အသင့်ရှိနေခဲ့၏။
လင်းရီ လက်ကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်၏။ သူ၏ အသွင်က အေးဆေးနေပြီး မည်သို့မျှ အလျင်မလိုသည့်ဟန်ပင်။
သူ ဆေးထိုးအပ်ကို ကောက်ကိုင်လိုက်ပြီး အနည်းငယ် ကစားကြည့်လိုက်သည်။ ထို့နောက် ဖန်ပုလင်း ကောက်ယူပြီး အထဲရှိ အရည်များအား စုပ်ထည့်လိုက်သည်။
" ကျုပ် အပိုစကားပြောရတာ မကြိုက်ဘူး.. ဒီတော့ မေးတာကိုပဲဖြေ... "
စွန်းမျိုးရိုး အမည်ရသည့် လူ၏ မျက်နှာသွင်ပြင်သည် သိသိသာသာကြီး ပြောင်းလဲသွားခဲ့တော့၏။ အထဲရှိ အရည်များက ဘာလဲဆိုတာကို သူကောင်းကောင်းကြီး နားလည်နေသည်။
ထိုအရည်များ သူ၏ ကိုယ်ထဲ ထိုးသွင်းခံလိုက်ရသည် နှင့်တစ်ပြိုင်နက် သေခြင်းတရားသည် မည်သို့မျှ ရှောင်လွှဲနိုင်တော့မည် မဟုတ်ချေ။ ထိုအခိုက်အတန့်တွင် ထျန်းရန် ဖုန်းထောင်၍ နောက်လာမည့် စကားဝိုင်းကို မှတ်တမ်းတင်ရန် ဟန်ပြင်လိုက်၏။ ယင်းသည်က အင်မတန် အသုံး၀င်သည့် သက်သေတစ်ခု ဖြစ်လာပေလိမ့်မည်။
" နာမည်..."
" စွန်း - စွန်းဖုန်းချိန်..."
" ဘယ်သူလွှတ်လိုက်တာလဲ... "
" ငါ - ငါ ပြောလို့မရဘူး... "
"အား..... "
လင်းရီ ထပြီး စွန်းဖုန်းချိန်၏ ဆံပင်ကို ဆွဲကာ ကားမှန် ပြတင်းပေါက်နှင့် ဖိထားလိုက်၏။ ထို့နောက် သွေးလွတ်ကြောထဲ ဆေးထိုးအပ် ထည့်သွင်းလိုက်တော့သည်။
" မဟုတ်ဘူး.. မလုပ်နဲ့... "
စွန်းဖုန်းချိန် ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင်သည်အထိ ထိတ်လန့်သွားခဲ့တော့၏။ " မလုပ်ပါနဲ့.. ငါ့ရဲ့ မိန်းမနဲ့ ကလေးက သူတို့ လက်ထဲမှာပါ... ဒီလျို့ဝှက်ချက် အဖော်ထုတ်ခံလိုက်ရရင် ငါ့ တစ်မိသားစုလုံး သေပြီပဲ... "
" ခင်များမှာ ရွေးချယ်စရာမရှိဘူး... ကျုပ်နဲ့ မပူးပေါင်းရင် ခင်များတစ်မိသားစုလုံးလည်း ခင်များလိုပဲ အဆုံးသတ်သွားစေရမယ်... "လင်းရီ ပြောလိုက်သည်။
" ခင်များကို ပံ့ပိုးပေးနေတဲ့လူက လူကောင်းမဟုတ်ဘူး.. ကျုပ်လည်း ဘာမှ မထူးဘူး.. ပြောကြေးဆို ကျုပ်က သူတို့ထက်ကို ဆိုးတယ်...ရိုးရိုးရှင်းရှင်း သေသွားတာထက်စာရင် ဒါ အသွင်းခံရတာက ပိုပြီး ကြောက်ဖို့ကောင်းတယ်.. ဟုတ်တယ်မလား...
" မလုပ်ပါနဲ့... လီကျန်း ငါ့ကို ဒီလွှတ်လိုက်တာပါ... "
စွန်းဖုန်းချိန် ဆက်လက် တုံ့ဆိုင်းနေခြင်း မရှိတော့ပဲ သူသိသမျှကို ထုတ်ဖော်ပြောဆိုတော့၏။
သူ့ တစ်ကိုယ်တည်း သေရမည်ကို မကြောက်ရွံသော်လည်းပဲ သူ့ဇနီးနှင့် ကလေးတို့ကိုပါ ဒုက္ခရောက်သွားစေမည်ကိုတော့ သူ ကြောက်ရွံ့ပါသည်။
လင်းရီ ပြောခဲ့သလိုမျိုးပဲ.. ဤကဲ့သို့ အရာမျိုး ထိုးသွင်းခံရသည်က ရိုးရိုးရှင်းရှင်း သေရသည်ထက် ပိုပြီး ကြောက်ဖို့ကောင်း၏။
" လီကျန်းက ဘယ်သူလဲ... "
" ဟန်ကျင်းလေ့ရဲ့ လက်ထောက်နဲ့ သူ့ရဲ့ လူယုံ.. သူက ဒီကိစ္စမှာ တာ၀န်ရှိတဲ့လူပဲ... သူပဲ ငါ့ကို ဒီလာခိုင်းပြီး သက်သေတွေ အကုန်လုံးကို ဖက်ဒရယ် တရားရုံးဆီ အပ်ခိုင်းလိုက်တာ... "
" ဟန်ကျင်းလေ့... ဟန်ကျင်းလေ့..."
လင်းရီ ရေရွတ်နေရင်း မသိသာသည့် အပြုံးတစ်ခုက သူ့မျက်နှာထက် ဖြစ်ပေါ်လာသည်။
" လီကျန်းက ခု ဘယ်မှာလဲ... "
" သူက ၀င်ဟမ် ဟိုတယ်.. အခန်း 1102 မှာ.. အမှုပြီးရင် ငါတို့ အဲ့မှာ တွေ့ကြမယ်လို့ ချိန်းထားတယ်... "
လင်းရီ ဆေးထိုးအပ်ကို ပြန်ဆွဲထုတ်လိုက်သည်။
" လကြောက်.. ဒါ ဒီတိုင်း မိုးရေတွေ... "
" မိုးရေတွေ... "
စွန်းဖုန်းချိန် အသက်ကို မောဟိုက်စွာ ရှူသွင်းနေခဲ့၏။ သေမင်း နှုတ်ခမ်း၀မှ လက်မလေးတင် လွတ်မြောက်လာသည်ဟူသော စကားအဓိပ္ပာယ်၏ အနှစ်သာရကို ယခု သူ လက်တွေ့ ခံစားလိုက်ရချေပြီ။
လင်းရီဆေးထိုးအပ်ကို သေတ္တာထဲထည့် ပြန်ပိတ်လိုက်ပြီး အပြုံးတစ်ပွင့်နှင့်အတူ ကားထဲမှ ထွက်လာခဲ့သည်။
" မစ္စတာလင်း... ကျုပ်တို့အခု ဘာဆက်လုပ်ပေးရမလဲ.. သူ့ကို ပြန်လွှတ်ပေးလိုက်ရတော့မလား.."ကားခေါင်းထဲရှိ ရဲမှ မေးမြန်းလာခဲ့၏။
" သူ့ကို တစ်နေရာရှာပြီး ချုပ်ထားလိုက်... ပြီးရင် ကျုပ် သူ့ကို ခေါ်သွားဖို့ ရှိတယ်.. ဒီအချိန်အတွင်း သူ့ကို ဘယ်သူနဲ့မှ မဆက်သွယ်မိအောင်တော့ သေချာပါစေနော်... "
လင်းရီ သူ့အိတ်ထဲမှ ဒေါ်လာတစ်ထပ် ဆွဲထုတ်လိုက်ပြီး ရဲအရာရှိ လက်ထဲ ထည့်ပေးလိုက်သည်။
" ဘာလုပ်ရမလဲ ခင်များသိပါတယ်... "
" ကျုပ် - ကျုပ်သိပါပြီ... "
လင်းရီ ခေါင်းညိမ့်ပြီး ထျန်းရန်ကို အကြည့်တစ်ချက် ပေးလိုက်၏။ နှစ်ယောက်သား ကားပါကင်သို့သွားပြီး ကားထဲ၀င်၍ ၀င်ဟမ် ဟိုတယ်သို့ ဦးတည်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် လီကျန်းသည် ကျယ်ပြန့်သည့် ရှုခင်းကြည့်မှန်ပြတင်းပေါက်ရှေ့တွင် မတ်တပ်ရပ်နေရင်း စွန်းဖုန်းချိန် သူ့အား ဆက်သွယ်လာမည်ကို စောင့်ဆိုင်းနေလေသည်။
လက်ထဲတွင်လည်း ဝီစကီ တစ်ခွက် ကိုင်ထားပြီး စိုးရိမ်ပူပန်မှုတို့ အလျင်းကင်းမဲ့နေခဲ့၏။
ယခု သက်သေများသည် ငြင်းမရနိုင်အောင် ပြီးပြည့်စုံနေပြီး လင်းရီသည်လည်း တန်ပြန် တိုက်စစ် ပြုနိုင်သည့် အခွင့်အရေး မရှိတော့ချေ။
မည်သို့ပင် ဆိုစေ ဤသည်က အမေရိကား ဖြစ်၏။ အကုန်လုံးက ကျိုးကြောင်း သင့်တင့်မှု မရှိကြသည့် လူများချည်းသာ။
စွန်းဖုန်းချိန် အတွက်ကတော့ သူ၏ ဇနီးနှင့် ကလေးများ အားလုံးက သူ့လက်ထဲတွင် ရှိနေသည်။ သတ္တိ တစ်ရာပေးလျှင်ပင် သူ့အား သစ္စာဖောက်ဝံ့မည် မဟုတ်ချေ။
သူ၏ အစီအစဉ်တွင် မည်သည့် ယိုပေါက်မျှမရှိ။ ပြီးပြည့်စုံမှု၏ သရုပ်သကန်ဟုတောင် ညွှန်းဆိုနိုင်သည်။
တီ...
လီကျန်း သူ၏ အောင်မြင်မှု အသီးအပွင့်များကို ဆွတ်ခူးရန်အတွက် စောင့်ဆိုင်းနေစဉ်မှာပဲ လျှပ်စစ် တံခါးပွင့်သံ တစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။
သူ စိတ်လှုပ်ရှားကြီးစွာဖြင့် တံခါးပေါက် ရှိရာထံသို့ ကိုယ်လှည့်လိုက်သည်။ စွန်းဖုန်းချိန် ပြန်ရောက်လာသည်ပဲ ဖြစ်ရမည်။
သို့သော်...
တံခါး ပွင့်သွားသည့် အချိန်၌ လီကျန်း နေရာတွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်ရှားနိုင် ဖြစ်သွားခဲ့တော့၏။ သူ့မျက်နှာပေါ်ရှိ ရှော့ခ်ရမှု လယ်ဗယ်က အလွန်မြင့်မားသည့် အဆင့်တစ်ခုသို့ တစ်မဟုတ်ခြင်း ရောက်ရှိသွားခဲ့သည်။
" ဘာလဲ... ကျုပ်ကို ဒီမှာ တွေ့လိုက်ရတော့ ၀မ်းသာလုံး စို့သွားတာလား... အဲ့လိုပဲ မှတ်လိုက်မယ်နော်... "
" မင်း... မင်း ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ... "
" ခင်များရှေ့မှာ ပေါ်မလာပဲ ဖက်ဒရယ် တရားရုံးမှာ ရှိနေရမည်လို့ ထင်နေတာလား... "
" ဒါ - ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... "
လီကျန်း ကိုးရိုးကားယား ပြုံးလိုက်ပြီး " မစ္စတာလင်းက ဟွာရှမှာ ထူးချွန်အောင်မြင်နေတဲ့ စီးပွားရေး သမားကောင်းတစ်ယောက်ကိုပဲ ဘယ်လိုလုပ်ပြီး ဖက်ဒရယ် တရားရုံးမှာ ရှိနေရမှာလဲ... ဟားဟား ငါလည်း ဒီကို အလုပ်ခရီး ထွက်လာခဲ့တာ မစ္စတာလင်းနဲ့ ဒီမှာဆုံရတာ ၀မ်းသာစရာပါပဲ... ဒီည ငါဧည့်ခံမယ်.. အပြင်ထွက်ပြီး အေးဆေးသောက်ကြတာပေါ့..."
လင်းရီ ဆိုဖာပေါ်သွားထိုင်ရင်း စီးကရက်ဘူးကို ထုတ်လိုက်ပြီး " ခင်များတို့ကောင်တွေက တကယ် စိတ်ရှုပ်စရာပဲ.. ကျုပ် ကိုယ်တိုင် ဒီရောက်ပြီးနေတာတောင် မသိသလို လုပ်နေတယ်ပေါ့.. အကုန်လုံးက ဖာဂေါင်းတွေချည်းကို ဘာလို့ အင်နိုးစန့်ယောင်ယောင် လုပ်နေတော့မှာ... "
ထျန်းရန် ".... "
သူဌေးရဲ့ စကားတွေက အမြဲတမ်း ဆန်းသစ်ပြီး ခန့်ညားနေတော့တာပဲ..
" ဥက္ကဌလင်း.. ငါ မင်းပြောချင်တာကို နားမပေါက်ဘူး ဖြစ်နေတယ်... "
" ကျုပ် ခင်များ အကြောင်း အကုန် သိပြီးပြီလို့.. ခင်များက ဟန်ကျင်းလေ့ရဲ့ လူယုံလက်ထောက်... ဒီတော့ ဘာမှ ဖုံးကွယ်နေစရာ မလိုတော့ဘူး.... ခင်များ သိသမျှ အကုန်ပြော.. ဒါဆို ခင်များအတွက်လည်း အကျိုးရှိမယ်..."
အနေအထားက ယခုလို အခြေအနေထိ ရောက်လာနေပြီးမှတော့ လီကျန်း ဆက်လက် သရုပ်ဆောင်ရန် စိတ်မပါတော့ချေ။
" အရင်ဆုံး မင်း ဘယ်လိုမျိုး လွတ်လာခဲ့လဲဆိုတာ ငါသိချင်တယ်... ငါတို့ ချထားတဲ့ ပိုက်ကွန်ကနေ လွတ်ထွက်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး... "
" ပုံမှန်ဆိုရင်တော့ ... မှန်ပါတယ်... ဒါပေမယ့် ခင်များတို့မှားသွားတာက ကျုပ်ကို သိပ် သာမန်ဆန်လွန်းတယ်လို့ တွေးမိလိုက်တာပဲ.. "လင်းရီ ခြေတင်ချိတ်လိုက်ပြီး " ကျုပ်ကို အမေရိကန်ကောင်တွေ ဘယ်လိုလူစားမျိုးလဲ မသိဘူး ထင်နေတာလား... ကျုပ်မှာ အားကိုးစရာ တစ်ခုခုမှ မရှိဘူးဆိုရင် ဒီလာပြီး အဲ့လို အလုပ်တွေ လာလုပ်နေမယ်လို့ ထင်လား... ခင်များတို့ ကျုပ်ကို သိပ် အထင်သေးလွန်းနေပြီ..."
" မဖြစ်နိုင်ဘူး.... မင်း ပေါက်တတ်ကရတွေ ပြောနေတာ သေချာတယ်..."
လီကျန်း ပြောလိုက်ပြီး " မင်းရဲ့ အပြုအမူတွေက အမေရိကားရဲ့ တရားဥပဒေကို စော်ကားနေတယ်ဆိုတာ အရှင်းကြီးပဲ... သူတို့ မင်းကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးလိုက်တာ မဖြစ်နိုင်ဘူး.. "
" ဟီးဟီး... "
လင်းရီ ထေ့ငေါ့ပြုံးလိုက်ပြီး " ကျုပ်မှာ Intel ရဲ့ ရှယ်ယာ ၁၂ ရာခိုင်နှုန်း ရှိထားပါတယ်လို့ ပြောရင် အဲ့ ယူအက်စ်ကောင်တွေ ဘယ်လို တုံ့ပြန်ကြမယ်လို့ ထင်လဲ... "
စာစဉ် (၇၄)ပြီး၏။