← Chapters

တောင်ထွတ်ရွေးချယ်မှု အခမ်းအနား(၈)

Vol. 20 Ch. 275.a

တောင်ထွတ်ရွေးချယ်မှု အခမ်းအနား(၈)

Vol. 20 Ch. 275.a

“သွား …”

လုဖန်းက နက်မှောင်သော အမူအရာနှင့် အော်ဟစ်လိုက်သည်။ ကြီးမားသော လင်းယုန်စိမ်း ပုံရိပ်ကြီးမှာလည်း လင်းယုန်စိမ်းဓားကို ဝါးမျိုလျက် အစိမ်းရောင် အလင်းတန်း အသွင်ဖြင့် ဇူယွမ်ထံသို့ တိုးဝင်လာခဲ့သည်။

ရက်စက်သော တိုက်ခိုက်မှုတစ်ရပ် ဖြစ်သည်။

ဖျက်ဆီးနိုင်စွမ်းရှိသော ဓားချီများသည် လင်းယုန်စိမ်း၏ ခန္ဓာကိုယ်မှ အဆုံးမဲ့စွာ ထွက်ပေါ်နေပြီး မြေပြင်ကို ပိုင်းဖြတ်တော့မည့် ဟန်ဖြင့် ဆင်းသက်လာခဲ့သည်။

လုဖန်း၏ လင်းယုန်စိမ်းဓားတွင် တည်ရှိနေသည့် လင်းယုန်စိမ်း နတ်ဘုရား၏ ဝိညာဉ်နိုးထလာခြင်းက များစွာသော တပည့်များ၏ အမူအရာများကို ပြောင်းလဲစေခဲ့သည်။

လင်းယုန်စိမ်းကြီးက အောက်သို့ ထိုးစိုက်ချလာ ခဲ့သော်လည်း ဇူယွမ်က အေးစက်စက်သာ နှာခေါင်းရှုံ့ လိုက်ပေသည်။ ယခုအချိန်တွင် ကောင်းကင်ဘုံ ယွမ်စုတ်တံက အဆင့်တက်သွား ခဲ့သဖြင့် တစ်ဝက်တစ်ပျက် ကောင်းကင် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် လုဖန်းတွင် အားသာချက် မရှိတော့ပေ။

“ဒါကို အသုံးချပြီးတော့ ငါ့ရဲ့ ကောင်းကင်ဘုံ ယွမ်စုတ်တံကို စမ်းသပ်ရမယ် …”

ဇူယွမ်၏ မျက်ဝန်းတွင် လင်းလက်သွားခဲ့ပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ပဲ သူ၏ လက်နှစ်ဖက်ဖြင့် ကောင်းကင်ဘုံ ယွမ်စုတ်တံကို ဆုတ်ကိုင်ကာ သူ၏ ခန္ဓာကိုယ်မှ မူလချီများအား ကောင်းကင်ဘုံ ယွမ်စုတ်တံဆီသို့ ပို့လွှတ်လိုက်သည်။

ဝရုန်း …

ရွှေရောင် အလင်းတန်းများက စုတ်တံဆီမှ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်တွင် အလွန်ကြီးမားသော ရှေးဟောင်း နဂါးဝေလငါး ပုံရိပ်တစ်ခု ပေါ်လာခဲ့ပေသည်။ ထိုရှေးဟောင်းနဂါး ဝေလငါးကြီးသည် ကောင်းကင်တွင် ကူးခပ်နေခဲ့ပြီး မဆုံးနိုင်သော စွမ်းအားများကို ထုတ်လွင့်လျက်ရှိသည်။

ဇူယွမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး ကောင်းကင်ဘုံ ယွမ်စုတ်တံကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။

နဂါးဝေလငါးကြီးသည် အော်မြည် လိုက်ပြီးနောက် ကောင်းကင်ဘုံ ယွမ်စုတ်တံနှင့် ပေါင်းစည်းသွားခဲ့ပြီး အဆုံးတွင် ကောင်းကင်မှ ဆင်းသက်လာသော လင်းယုန်စိမ်းကြီးနှင့် ရင်ဆိုင်လိုက်သည်။

ဘုန်း …

ထိုအခိုက်တွင် အလွန်အမင်း ကြမ်းတမ်းသော မူလချီအားလှိုင်းက အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

လူတိုင်းသည် ရင်ဆိုင်မှုဖြစ်ပွားသည့် အလယ်သို့သာ ကော်နှင့် ကပ်ထားသည့်အလား ကြည့်နေကြပြီး လင်းယုန်စိမ်းကြီးက အဆုံးမဲ့သော ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားများဖြင့် နဂါးဝေလငါးကြီးပေါ်သို့ ကျဆင်းနေသည်ကို မြင်လိုက်ရသည်။ လင်းယုန်စိမ်းကြီး၏ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများက ကျဆင်းနေခဲ့သော်လည်း နဂါးဝေလငါးကြီးအား တိုက်ရိုက် ထိုးနှက်နိုင်စွမ်းမရှိပေ။

ခလမ်း …

ကျယ်လောင်သော မြည်သံကြီးကား ထွက်ပေါ်လာခဲ့သည်။

လင်းယုန်စိမ်းကြီးမှာ ကျယ်လောင်စွာ အော်ဟစ် မြည်တမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ နဂါးဝေလငါးကြီး၏ ရိုက်ချက်ကြောင့် လွင့်စဉ်သွားခဲ့သည်။ အစိမ်းရောင် ဓားအလင်းတန်း အားနည်းလာသည်နှင့် အမျှ လင်းယုန်စိမ်းဓားမှာလည်း အနောက်သို့ ဆုတ်သွားခဲ့ပြီး ဓားသွားပေါ်တွင် အက်ရာများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အား …

လုဖန်းလည်း ထိခိုက်သွားပြီး နာကျင်စွာဖြင့် ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်ရသည်။

ပင့်သက်ရှိုက်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ သည်နှစ်ယောက်၏ တိုက်ပွဲတွင် ဦးစွာ ဒဏ်ရာရမည့်သူမှာ လုဖန်းဖြစ်မည်ဟု မည်သူမှ မျှော်လင့်မထားကြပေ …

ဂူဟွမ်ဂျီမျာလည်း သူ၏ ပခုံးပေါ်တွင် ထမ်းထားရသည့် လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခု လွှတ်ချလိုက်ရသည့် အလား သက်ပြင်းချလိုက်သည်။ ထို့နောက် အေးစက်စက်ပြုံးကာ ယန်ရှိုးထံသို့ လှမ်းကြည့်လိုက်ပြီး “ကြည့်ရတာတော့ ချန်ပီယံဖြစ်လာမဲ့သူက လေထဲမှာရှိနေတုန်းပဲ”

ယန်ရှိုးက မျက်မှောင်ကြုတ်လိုက်ပြီး “ဇူယွမ်က တကယ်ကို အစွမ်းအစရှိသားပဲ”

သူက ခဏမျှ ရပ်တန့်နေခဲ့ပြီးနောက် ဆက်ပြောခဲ့သည် “ဒါပေမဲ့ … အခု သူက လုဖန်းကို လုံးဝကို ဒေါသထွက်သွားအောင် လုပ်လိုက်ပြီ။ ဟွမ်ဂျီ လုဖန်းကလည်း လွယ်လွယ်နဲ့ ရှုံးမဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာ မင်းသိသင့်တယ်”

ဝေါင်း …

သူ့စကားဆုံးသည်နှင့် ရုန့်ရင်းသော ဟိန်းသံတစ်ခုက ရွှေရောင် ကျောက်တုံး စင်မြင့်ပေါ်မှ ထွက်ပေါ်လာခဲ့သည်။

လုဖန်း၏ ခန္ဓာကိုယ်မှ ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းသော မူလချီများက အထိန်းအကွပ်မဲ့စွာ ထွက်ပေါ်လာခဲ့သည်။

မူလက ခန့်ညားချောမောသော မျက်နှာမှာ မှောင်မိုက်ကာ မုန်တိုင်း ထန်နေပေသည်။ ဇူယွမ်၏ တန်ပြန်တိုက်ခိုက်မှုက သူ့အား အလွန် အရှက်ရစေပေသည်။

“ဇူယွမ် …”

ချောက်ချားဖွယ်ရာ အေးစက်စက် အသံဖြင့် အော်လိုက်ပြီးနောက် ရုတ်တရက် သူ၏ လျှာထိပ်ဖျားကို ကိုက်ဖောက်လိုက်ပြီး သွေးအဆီအနှစ်များကို လင်းယုန်စိမ်း ဓားပေါ်သို့ ထွေးထုတ်လိုက်သည်။ သွေးရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် သူ၏ အရှေ့တွင် ရှိနေသော ဓားမှာ မိုးတစ်ခုအဖြစ် ရွာသွန်းသွားပြီး ကောင်းကင်ဘုံ ယွမ်စုတ်တံနှင့် တိုက်ခိုက်နေရာမှ ပျေက်ကွယ်သွားခဲ့သည်။

တစ်ချက်တည်းမှာပဲ လုဖန်း၏ မျက်လုံးအစုံတွင် သွေးနီရောင် တောက်ပလာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ရွေ့လျားသွားကာ ဇူယွမ်၏ အထက်ကောင်းကင်၌ ပေါ်လာခဲ့သည်။

သူက လက်ဟန်သင်္ကေတများကို ဆက်တိုက် ထုတ်ဖော် လိုက်ပြီးနောက် အစိမ်းရင့်ရောင်ချီများက သူ၏ အနောက်ဘက်ဆီသို့ စီးဆင်းသွားခဲ့သည်။

“ကြယ်ပွင့်ကျမ်းစာ၊ သုံးခုသော ကြယ်တံခွန်”

ရုန့်ရင်းသော မူလချီများ စုဝေးလာခဲ့ပြီး သူ၏ အထက်တွင် ပေသုံးရာခန့် ကျယ်ဝန်းသည့် ကြယ်တံခွန်သုံးခု ဖြစ်ပေါ်လာခဲ့သည်။ ထိုကြယ်တံခွန်များသည် စတင်ပြီးတိုက်ခိုက်ရန် ဇူယွမ်ဆီသို့ ဦးတည်ကာ ကျဆင်းလာခဲ့သည်။

“ဒါက အပြင်ဘက်တောင်မှာ အကြမ်းဆုံးကျင့်စဉ် တစ်ခုဖြစ်တဲ့ အဆင့်မြင့် ကောင်းကင်ဘုံငယ် အဆင့် ကျင့်စဉ် ကြယ်ပွင့်ကျမ်းစာပဲ။ ဒါဆို ဒီကျင့်စဉ်ကို လုဖန်းက လျှို့ဝှက်သော ကျမ်းစာဆောင်ကနေ ရွေးချယ်ခဲ့တာပေါ့” ထိတ်လန့်စွာ အော်ဟစ်သံများကို ကြားလိုက်ရသည်။

များစွာသော တပည့်များက အကူအညီမဲ့စွာပင် သက်ပြင်းချကာ ခေါင်းခါ ယမ်းလိုက်ကြသည်။ သူတို့နှစ်ယောက်အကြား တိုက်ပွဲက သည်အဆင့်ထိ ရောက်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့မိကြပေ။

အချို့သော အတွင်းတောင် တပည့်များ၏ တိုက်ပွဲများပင် ထိုအခြေအနေအထိ မရောက်ဖူးပေ။

သို့သော်လည်း ယခုချိန်တွင် ဇူယွမ်က ဒေါသထွက်နေသော လုဖန်းကို ရပ်တန့်နိုင်ပါမည်လော …

မရေမတွက်နိုင်သော လူများ၏ အကြည့်အောက်တွင် ဇူယွမ်က ကောင်းကင်မှ ကျဆင်းလာခဲ့သည့် ကြယ်တံခွန်းသုံးခုကို စိုက်ကြည့်နေခဲ့ကြပြီး သူတို့ထဲတွင် ပါဝင်နေသည့် မူလချီလှိုင်းလုံးများကို ခံစားမိပေသည်။

ဟူး …

ဇူယွမ်က အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီးနောက် လက်ဟန်သင်္ကေတများကို ဆက်တိုက် ဖော်ထုတ်လိုက်သည်နှင့် သူ၏ ခြေထောက်အောက်ရှိ မြေပြင်မှာ ဖိအားဒဏ် မခံနိုင်သည့်အလား အက်ကွဲသွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှာ မူလချီများက ခပ်အုပ်အုပ် မြည်သံနှင့်အတူ ထွက်ပေါ်လာခဲ့သည်။

အားလုံးပေါင်း ပေသုံးရာရှည်လျားသည့် မူလချီတိုင်လုံးများသည် သူ၏ ဦးခေါင်းအထက်ရှိ ကောင်းကင်ယံတွင် ပေါ်လာခဲ့ပေသည်။ တိုင်းလုံးသုံးခုဆီမှ ကြမ်းတမ်းသော အရှိန်ဝါများ ထွက်ပေါ်နေပြီး အနီးကပ်ကြည့်ရှုပါက ထိုတိုင်လုံးများပေါ်တွင် သုံးမျိုးသော မူလသားရဲတို့၏ ပုံရိပ်များ ပါဝင်နေသည်ကို တွေ့ရပေမည်။

မူလချီတိုင်လုံးသုံးခု ပေါ်ထွက်လာချိန်တွင် အတွင်းမှ မူလသားရဲ သုံးကောင်မှာလည်း ဟစ်ကြွေး ဟိန်းဟောက်လိုက်ကြပြီး ရက်စက်ကြမ်းကြုတ်သည့် နဂါးဟိန်းသံသဲ့သဲ့နှင့် အတူ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

တပည့်များ အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သိသာစွာပင် မည်သည့်ကျင့်စဉ်မှန်း မမှတ်မိကြသေးပေ။

ဇူယွမ် အသုံးပြုလိုက်သည့် ကျင့်စဉ်မှာ အပြင်ဘက်တောင်၏ လျှို့ဝှက်သော ကျမ်းစာဆောင်ရှိ အဆင့်မြင့် ကောင်းကင်ဘုံငယ်အဆင့် ကျင့်စဉ်ဖြစ်သည့် နဂါးကိုးကောင်နိယာမ ဖြစ်သည်။

တုန်လှုပ် ချောက်ချားနေသည့် အကြည့်များအောက်တွင် ကြီးမားသော မူလသားရဲကြီးသုံးကောင် ပါဝင်သည့် တိုင်လုံးကြီးများက ကောင်းကင်မှ ကျဆင်းလာသော ကြယ်တံခွန်သုံးခုထံသို့ ထိုးဖောက် ဝင်ရောက်ရန် ကောင်းကင်သို့ တက်သွားခဲ့သည်။

တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်ရှိ ကမ္ဘာတစ်ခုလုံးမှာ တုန်ခါသွားတော့သည်။

ဝေါင်း …

ပေသုံးကျော် ရှည်လျားသော တိုင်လုံးသုံးခုက ကောင်ကင်းဆီသို့ ပစ်ဝင်သွားပြီးနောက် ကြမ်းတမ်းသော အရှိန်အဝါများ ပျံ့လွင့်လာခဲ့သည်။ မူလချီတိုင်လုံး သုံးခုပေါ်တွင် မူလသားရဲ သုံးကောင်၏ ပုံသဏ္ဌာန်များက မှုန်ဝါးဝါး ပုံပေါ်လာခဲ့သည် …

ထိုမူလသားရဲ သုံးကောင်မှာ ဇူယွမ်သန့်စင်ထားခဲ့သည့် နဂါးမျိုးနွယ် မူလသားရဲ သွေးအဆီအနှစ် ပိုင်ရှင် မူလသားရဲ သုံးကောင်၏ ပုံသဏ္ဌာန်များ ဖြစ်သည်။ ၎င်းသားရဲသုံးကောင်မှာ ယခုအချိန်တွင် ဇူယွမ်၏ မူလချီများနှင့် ပေါင်းစပ်လိုက်သော အခါတွင် ၎င်းတို့၏ စွမ်းအားများမှာ ပိုမိုတိုးလာခဲ့ပြီး အသုံးပြုရသည်မှာ ပိုမိုပြင်းထန်လာခဲ့သည်။

မူလသားရဲ သုံးကောင်က ကောင်းကင်ပေါ်တွင် ပေါ်လာခဲ့သည်ကို မြင်သောအခါ လုဖန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီးနောက် ခဏအကြာတွင် အေးစက်စက် ရယ်မောလိုက်သည်။

“တစ်ခုကို ပေတစ်ရာတည်းလား။ ကြည့်ရတာ အဆင့်ငါး သွေးအဆီအနှစ် မရလို့ ဒီအခြေအနေပဲ ဖြစ်သွားတယ် ထင်တယ်”

သူက ဇူယွမ်နဂါးကိုးကောင် နိယာမ ကျင့်စဉ်ကို လေ့ကျင့်နေသည်ကို သိရှိထားခဲ့ပေသည်။ သို့သော်လည်း ထိုကျင့်စဉ်၏ စွမ်းအားမှာ အသုံးပြုသော မူလ သွေးအဆီအနှစ်ပေါ်တွင် မူတည်နေပေသည်။ ထို့ကြောင့် လုဖန်းက အဆင့်ငါး သွေးအဆီအနှစ် သုံးပုလင်းကို ကြိုတင် ဝယ်ယူခဲ့သောကြောင့် ဇူယွမ်မှာ ရွေးချယ်စရာမရှိဘဲ အဆင့်လေး သွေးအဆီအနှစ်ကိုသာ ဝယ်ယူခဲ့ရပေသည်။

ထို့ကြောင့် ဇူယွမ်၏ နဂါးကိုးကောင် နိယာမမှာ အထွတ်အထိပ်အဆင့်သို့ မရောက်ရှိနိုင်တော့ပေ။

“ငါ့ရဲ့ ကြယ်ပွင့်ကျမ်းစာနဲ့ မင်းရဲ့ နဂါးကိုးကောင်နိယာမကို ဖျက်ဆီးပါရစေ”

လုဖန်း၏ မျက်လုံးများမှာ တောက်ပနေခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် အဆင့်မြင့် ကောင်းကင်ဘုံငယ် အဆင့် မူလကျင့်စဉ်များကို လေ့ကျင့်ခဲ့ကြပြီး သူ့အနေဖြင့် သူ၏ ကျင့်စဉ်ကို ချောမွေ့စွာ ကျင့်ကြံနိုင်ခဲ့သော်လည်း ဇူယွမ်ကတော့ သင့်လျော်သော သွေးအဆီအနှစ်ကို မရရှိနိုင်ခဲ့သောကြောင့် သေချာပေါက်ကို အားနည်းနေပေလိမ့်မည်။ သူတို့နှစ်ယောက်ရင်ဆိုင်ကျလျှင် သူ့အနေဖြင့် အထက်စီးက ရှိမည်မှန်း သူသိပေသည်။ ထို့ကြောင့် သူ၏ အမူအရာမှာ အနည်းငယ်မျှပင် စိုးရိမ်မနေပေ။

လုဖန်းက သူ၏ လက်ဟန်သင်္ကေတကို ပြောင်းလဲလိုက်သည်နှင့် ကြယ်တံခွန်သုံးခုမှ ကြောက်မက်ဖွယ် ကောင်းစွာ တုန်ခါလာပြီး သူတို့ထံမှ ဖြာထွက်လာသော စွမ်းအားများသည် ကောင်းကင်ကိုပင် တုန်ခါစေခဲ့ကာ များစွာသော တပည့်များ၏ အမူအရာများကို လေးနက် သွားစေပေသည်။

လူတိုင်း၏ အာရုံစိုက်နေသည့် အကြည့်များ အောက်တွင် သားရဲသုံးကောင်က  ကြမ်းတမ်းစွာဖြင့် သူတို့၏ အစွယ်များ လက်သည်းများဖြင့် လေထုကို ဖြဲဆုတ်နေသည်။

မူလသားရဲ သုံးကောင်မှ တစ်ကောင်ချင်းစီသည် ဇူယွမ်၏ ကြီးမြတ်သော လေနှင့် မိုးကြိုးကျင့်စဉ်ထက် ပိုမို အားကောင်းပေသည်။ သူတို့သုံးကောင်၏ တိုက်ခိုက်မှုနှင့်သာ ဆိုပါက မူလစဦး စတုတ္ထအဆင့် တစ်ယောက်ပင် ရွေးချယ်စရာမရှိဘဲ ဆုတ်ခွာပြေးရမည်သာ ဖြစ်သည်။

ဇူယွမ်မှာလည်း လုဖန်းတွင် ဆုတ်ခွာပြေးရန် အစီအစဉ်မရှိသည်ကို တွေ့လိုက်ရပြီး သူ၏ မျက်လုံးများမှာ လင်းလက်သွားတော့သည်။ အခြားတစ်ဖက်မှာ သူ့ကိုယ်သူ အလွန်ယုံကြည်မှု ရှိပုံရပေသည်။

အချိန်အနည်းငယ်ခန့် စဉ်းစားပြီးနောက်တွင် သူ၏ ပြိုင်ဘက်မှာ အဘယ်ကြောင့် ယုံကြည်မှုရှိနေသည်ကို နားလည်သွားပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာတော့သည်။

သည်အချိန်တွင် မည်သည့် ပြောစရာ စကားမှမရှိတော့ပေ။ တိုက်ပွဲ၏ အထွတ်အထိပ်ကို ရောက်ရှိနေပြီးမှတော့ တွန့်ဆုတ်နေရန် မလိုအပ်တော့ပေ။

ဇူယွမ်က လက်မြှောက်လိုက်ပြီး သားရဲသုံးကောင်အား ကျဆင်းလာသော ကြယ်တံခွန်သုံးခုဆီသို့ တိုးဝင်စေလိုက်သည်။

ထိုအချိန်တွင် သူတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာတစ်ခုလုံးသည် ကြမ်းတမ်းစွာ တုန်ခါနေခဲ့သည်။

“သူတို့ကို ဖျက်ဆီးလိုက်” လုဖန်း၏ မျက်လုံးအတွင်းတွင် အေးစက်စက် အလင်းရောင်များ တောက်ပလာခဲ့သည်။ ကြမ်းတမ်းသော စွမ်းအားများက အစိမ်းရောင် ကြယ်တံခွန်သုံးခုတွင် တိုးလာခဲ့ပြီး အချင်းဝက် မိုင်တစ်ထောင်ခန့်ရှိသော တောင်ကြီးတစ်လုံး အလား အင်အား တိုးလာခဲ့သည်။

ဝရုန်း …

ကြယ်တံခွန်သုံးခုတွင် ကြောက်မက်ဖွယ် ကောင်းသော အဖျက်စွမ်းအားများ ပါဝင်နေသည်။ မူလသားရဲသုံးကောင်က ချက်ချင်းပင် ပြန်လည် တိုင်ထုတ်ခဲ့သော်လည်း ကြယ်တံခွန်များ၏ ကျဆင်းလာသော အဟုန်နှင့်အတူ အောက်သို့ ဆက်လက် ကျဆင်းသွားသည်။

ထင်ရှားစွာပင် လုဖန်း၏ ကြယ်တံခွန်များက သန်မာလွန်းပေသည်။

ထိုမြင်ကွင်းကို မြင်ရချိန်တွင် သူ၏ နှုတ်ခမ်းထောင့်စွန်းမှာ စတင် မြင့်တက်လာခဲ့သည်။

“ဇူယွမ် နောက်ဆုံးတော့ မင်းရဲ့ အကန့်အသတ်ကို ရောက်သွားခဲ့ပြီ။ အခု ပထမနေရာက ငါ့အတွက်ပဲ”

လုဖန်း၏ လက်များက ရုတ်တရက် အောက်သို့ ဖိချလိုက်သည်နှင့် ရုန့်ရင်းသော မူလချီများက အစိမ်းရောင် ကြယ်တံခွန်များမှ ထပ်မံထွက်ပေါ်လာခဲ့ပြီး မူလချီသားရဲ သုံးကောင်ကို ထပ်မံ ဖိနှိပ်လိုက်ပြန်သည်။

သားရဲသုံးကောင်မှာ ဆက်လက် အော်မြည်နေကြသော်လည်း သူတို့အားလုံး တဖြည်းဖြည်းနှင့် အောက်သို့ ကျဆင်းသွားကြသည်။

စိတ်မကောင်းဖြစ်စွာ သက်ပြင်းချသံများ ကောင်းကင်တစ်ခွင်လုံး ပြည့်နှက် သွားခဲ့သော်လည်း ဇူယွမ်မှာ အစမှ အဆုံးအထိ တည်ငြိမ်စွာ ရှိနေခဲ့ပေသည်။ သူက ဖြည်းညင်းစွာ ကျဆင်းလာနေသော ကြယ်တံခွန်များကို စိုက်ကြည့်နေခဲ့ပြီးနောက် သူတို့၏ စွမ်းအားများမှာ အကန့်အသတ်သို့ ရောက်ရှိသွားကြောင်း ခံစားမိလိုက်သည်။

“ဒါအကုန်ပဲလား”

“ဒီလိုဆိုရင်တော့ ငါ့အလှည့်ပဲ …”

All Chapters