← Chapters

တောထဲက ထွက်လာပြီ

Vol. 122 Ch. 4.1336

တောထဲက ထွက်လာပြီ

Vol. 122 Ch. 4.1336

လုရွှမ် ထိုသုံးခြမ်းပဲ့အသီးကို စတင် စုဆောင်းလိုက်သည်။ ရွှေကျီးကန်းက အနံ့မကောင်းဘူးဟု ဆိုသော်လည်း စားလိုက်လျှင် အဆိပ်ကလည်း ပြင်းသေးသည်။ အလုံး၃၀ခန့်ကို စုဆောင်းပြီးနောက် ၎င်းတို့ကို ကျောက်စိမ်း​ပြားထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။

ထိုအခါ ရွှေကျီးကန်းက ဂုဏ်ယူစွာ ပြုံးလေသည်။

"ကောင်လေး... တခြားပစ္စည်းတွေကို မြန်မြန် ရှာလိုက်တော့.. ငါမင်းကို ပစ္စည်းနာမည်တွေ ပို့ပေးမယ်... မင်းကိုယ်တိုင်ရှာဖို့ မမေ့နဲ့ ဒီရတနာတွေကို ငါအရင်ချက်လိုက်ဦးမယ်"

လုရွှမ်: "ဆက်​​သွားကြမယ်..."

လမ်းကြောင်းပေါ်ကို ဆက်လျှောက်လာရင်း အားလုံးအတူတူ ရှေ့ကို ဆက်သွားကြသည်။

"သတိထား!"

သစ်ကိုင်းတွေပေါ်က အသံတစ်သံနဲ့အတူ မျောက်တစ်ကောင် ပြေးထွက်လာသည်။ ၎င်းက သစ်ပင်ပေါ်မှာ လှဲရင်း လူတိုင်းကို စိုက်ကြည့်နေ၏။ ၎င်းမျက်လုံးထဲမှာ ကြောက်ရွံ့စိတ် မရှိသလို သူတို့ကို ကြည့်တဲ့ပုံစံကလည်း အရမ်းဆန်းသစ်တဲ့ အရာတစ်ခုကို စူးစမ်းနေတဲ့ အတိုင်းပဲ။

မျောက်များက ဉာဏ်ကောင်းသော တိရစ္ဆာန်ပဲ ဆိုလျှင် အရေးမကြီးသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် အားနည်းသော နတ်ဆိုးစွမ်းအင်များ ရှိတတ်လေသည်။ ယောင်းရောင်က လက်တစ်ဖက်ကို မျောက်ဆီသို့ ညင်သာစွာ ဝှေ့ယမ်းပြီး ဝိညာဥ်သစ်သီး တစ်လုံးကို ပစ်ပေးလိုက်၏။

မျောက်ငယ်သည် ပြေးလာကာ ယောင်းရောင်ရဲ့ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်လာသည်။ ထို့နောက် ဝိညာဉ်အသီးကို လက်နှစ်ဘက်နှင့် ယူကာ သေးငယ်သော ပါးစပ်ဖြင့် စတင် ကိုက်စားလေသည်။

"ဟီး.... ဒီမျောက်လေးက ချစ်ဖို့ကောင်းတယ်လို့ မထင်ဘူးလား"

သူမက တခြားလူတွေကို လှည့်မေးလိုက်၏။ မျောက်ကလေး၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း သူမမျက်နှာပေါ်၌ ကျေနပ်ပျော်ရွှင်မှု အရိပ်အမြွက် ထွက်ပေါ်လာသည်။

ချောင်ယန်: "မျောက်တစ်ကောင်က အကြောင်းပြချက်မရှိဘဲ အဲဒီနေရာက ထွက်မပြေးလာ​လောက်ဘူး... သူ့အကြီးအကဲတွေက အနောက်ကနေ လိုက်လာမလား မသိဘူး... ယောင်းရောင် သတိလက်လွတ် မနေနဲ့!"

ယောင်းရောင်က စွဲမက်ဖွယ်မျက်လုံးများ မှိတ်ထားကာ ချောင်ယန်ဘက် မျက်စောင်းထိုးလိုက်သည်။

"ဟုတ်ပါတယ် ငါသိပါတယ်... ငါ့​ကို စိတ်ပူနေဖို့ မလိုဘူး"

သူမက မျောက်က​လေးကို ပွတ်သပ်ကာ ဝိညာဉ်ရေး အသီးအနှံ အနည်းငယ်ကို ထုတ်ပေးပြီး လက်ပြနှုတ်ဆက်လိုက်ပါသည်။ သို့သော် မျောက်ကလေးက အမှန်တကယ်ပင် သူမနောက်မှ လိုက်လာကာ သူမလက်မောင်းကို ဆုပ်ကိုင်ရင်း နောက်ပြန်ဆုတ်ပြနေ၏။

ယောင်းရောင်လည်း မျောက်လေးကို ချစ်စဖွယ် ကြည့်ကာ ပြန်မေးလိုက်သည်။

"မင်းငါ့ကို အဲဒီလမ်းကို မသွားဖို့ ပြော​နေတာလား... အန္တရာယ်ရှိလို့လား"

မျောက်ကလေးက ခေါင်းညိတ်ပြရင်း သူမကို နောက်ပြန်ဆွဲနေသည်။

"ငါတို့ ဘာလုပ်သင့်လဲ"

ယောင်းရောင်လည်း အခြေအနေ သိရရန် ချောင်ယန်နဲ့ လုရွှမ်တို့ဘက် လှည့်မေးလိုက်သည်။ လုရွှမ်က လမ်းကြောင်းကို ရွေးခဲ့ပေမယ့် သူတို့ရဲ့ အဖွဲ့ငယ်လေးရဲ့ ခေါင်းဆောင်ကတော့ ချောင်ယန်ပါပဲ။

ချောင်ယန်: "လုရွှမ် မင်းဘယ်လိုထင်လဲ"

လုရွှမ် လေးနက်သောလေသံဖြင့် "ကျွန်​တော်တို့ ဒီနေရာနဲ့ လုံးဝ မရင်းနှီးဘူး...ကျွန်တော့် မှန်းဆချက်အတိုင်း လိုက်ခဲ့ရုံနဲ့ ရှေ့မှာ အန္တရာယ်ရှိမရှိကို မခန့်မှန်းနိုင်ဘူး"

ယောင်းရောင်: "မျောက်ကလေးက အရမ်းထက်မြက်တယ် သူ့မျက်လုံးတွေက အရမ်းဖြူစင်တယ် သူက ကျေးဇူးတင်တတ်တဲ့ တိရိစ္ဆာန်တစ်ကောင်ပဲ... ငါတို့က သူ့စကားကို နားထောင်တာက မှန်ကောင်းမှန်နိုင်တယ်"

မျောက်ကလေးသည် တစ်ဖက်မှ တစ်စုံတစ်ခုကို ခြေကုပ်ယူထားရင်း ခုန်တက်လာကာ နတ်သမီးယောင်းရောင်အား ဆွဲခေါ်နေသကဲ့သို့ ပြုမူနေ၏။ သူက ပို၍ အရေးတကြီး ထအော်သော်လည်း မလှုပ်နိုင်ပေ။

ချောင်ယန်က တိုက်ရိုက် ဆုံးဖြတ်ချက်ချခဲ့သည်။

"ကောင်းပြီ.. အဲဒီအခါကျရင် မျောက်ကလေးနောက်ကို လိုက်ပြီးတော့ လျှို့ဝှက်ဆန်းကြယ်မှု ရှိမရှိ ရှာကြည့်ရအောင်"

လူအုပ်စုသည် မျောက်လေးနောက်သို့ အလျင်အမြန် ပြေးလိုက်လာကြသည်။ လုရွှမ်လည်း ဘယ်လို အန္တရာယ်ရှိနေသလဲ မြင်ချင်တာကြောင့် အဝေးသို့ စိုက်ကြည့်နေသည်။

ယခု သူ့မျက်လုံးများသည် နတ်မီးလုံးရဲ့ အထောက်အပံ့ကိုပါ ရထားတာကြောင့် မှော်အစွမ်းက ပိုလို့တောင် ထူးကဲနေပါပြီ။ တောအုပ်ကြီးက အလင်းရောင် မှိန်ဖျော့နေပြီး သစ်ပင်များရဲ့ အဝေးကြီးကို မမြင်နိုင်သော်လည်း လုရွှမ်ကတော့ ကီလိုမီတာများစွာ ကွာဝေးတဲ့ နေရာအထိ လှမ်းမြင်နေရပါပြီ။

"မြူတွေ တက်လာတယ်"

လုရွှမ် သတိပေးသံ ပြုလိုက်သည်။

လေးလံသော ခံစားချက်များနဲ့ မြူခိုးတွေက သစ်တောတစ်ခုလုံးကို ဖြတ်ကျော်သွားသည်။ ဖုံးလွှမ်းထားသော ဧရိယာသည် ကြီးမားလှ၏။ ရှေ့သို့ ဆက်မသွားခဲ့ပါက ယခုအချိန်တွင် သူတို့သည် မြူခိုးမျာကြောင့် ဒုက္ခရောက်နေမှာ မဟုတ်သော်လည်း ၎င်းတို့သည် အလွန်ရှက်စရာကောင်းသည့် အခြေအနေမှာ ရှိနေမှာတော့ သေချာသည်။

မျောက်ကလေးက တောထဲမှာ လျင်လျင်မြန်မြန် ပြေးလွှားနေသည်။ လူတွေကလည်း ဘယ်ညာ ပြေးလိုက်နေရကာ ဝင်္ကပါလမ်းကြောင်းအတိုင်း သွားနေရသလိုပင်။ သူတို့ဖြတ်သွားပြီးနောက် သူတို့နောက်ကွယ်မှ ရှုခင်းများ ပြောင်းလဲသွားတာကို လုရွှမ် ရှင်းရှင်းလင်းလင်း မြင်နေရသည်။

လုရွှမ်၊ ချောင်ယန်နဲ့ ရှင်ထျန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ယခုတစ်ကြိမ်တွင်တော့ အခွင့်အရေးတစ်ခု ကြုံတွေ့ရနိုင်ကြောင့် နှစ်ယောက်လုံး နားလည်ခဲ့ကြသည်။ လူတစ်စုက အနောက်ကလိုက်လာရင်း အရှေ့က ပိုပိုပူလာတာကို ခံစားရပြီး မျောက်ပင် တစ်ကိုယ်လုံး ချွေးတွေ ရွှဲလာ၏။

ယောင်းရောင်က မျောက်ကလေးကို သဘောကျစွာ ကောက်ယူလိုက်သည်။ လူအုပ်စုသည် ရှေ့သို့ လျင်မြန်စွာ ပြေးသွားကာ ကျောက်နံရံ တစ်ခုဆီသို့ ရောက်ရှိလာသည်။ ကောင်းကင်နှင့် နေကိုပါ ပိတ်ဆို့လုနီးပါး ပိတ်ဆို့ထားသော သစ်တောက လွန်စွာ ကြီးမားနေသေးမယ်လို့သာ လုရွှမ် ခန့်မှန်းမိထားခဲ့သည်။

မမျှော်လင့်ထားတဲ့ အရာက မျောက်ကလေး တစ်ကောင်နဲ့အတူ နေ့တစ်ဝက်လောက် ပြေးလိုက်ရုံနဲ့ သူတို့ ထွက်သွားနိုင်မယ် ဆိုတာပါပဲ။

တောတောင်အစွန်းကို ရောက်နေကြပြီ။ အောက်တွင် ချောက်ကမ်းပါးနံရံ သို့မဟုတ် ဤနေရာတွင် ဂူတစ်ခု ရှိနိုင်သည်။ ဤက သစ်တောဖြန့်ကျက်မည့် လမ်းကို ပိတ်ဆို့ထားသည်။

မျောက်ကလေးကို ငုံ့ကြည့်လိုက်တော့ ၎င်းက အောက်ဖက်ကို လက်ညှိုးလေး ထိုးပြနေသည်။ အားလုံးကလည်း ဒီနေရာက မျောက်မျိုးနွယ်ရဲ့ နေရာဖြစ်မယ်လို့ ခန့်မှန်းမိ၏။ မျောက်ကလေးက သူတို့နေရာကို ဝင်ကာ ဧည့်သည်တွေလို ဝင်ခိုင်းနေခြင်းပင်။

ချောင်ယန်လည်း အနည်းငယ် ခေါင်းယမ်း​ပြလိုက်သည်။ ယောင်းရောင်လည်း သားရဲ မျိုးနွယ်ထဲသို့ အလွယ်တကူ ဝင်ရောက်လို့ မဖြစ်နိုင်ကြောင်း ကောင်းကောင်းသိသည်။

"သားရဲလေး... ဒီအစ်မက ထွက်သွားရတော့မယ် မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် မင်းကို ဒီဝိညာဉ် အသီးအနှံတွေ အကုန်လုံးကို ပေးခဲ့မယ်နော်"

ယောင်းရောင်က အထုပ်တစ်ထုပ်ကို ထုတ်ကာ ဝိညာဉ်အသီးအနှံများစွာကို မျောက်ကလေးအား လက်ဆောင် ပေးလိုက်သည်။ အဲဒီနောက် လက်ကိုဝှေ့ယမ်းကာ တစ်ဖွဲ့လုံး ချောက်ကမ်းပါးတစ်လျှောက် ဂရုတစိုက် ပြေးထွက်လညကြသည်။

ရှင်ထျန်း: "ပြန်ကြည့်လိုက်ဦး!"

အားလုံး နောက်ပြန် လှည့်ကြည့်တော့ အရင်က သူတို့ပြေးလွှားနေခဲ့သော တောအုပ်ဟာ အခုတော့ မြူခိုးတွေနဲ့ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရလေ၏။ မြူခိုးဖြူတွေက အပြင်ဘက်အထိ မပျံ့သွားဘဲ တောအုပ်ကို ဖုံးအုပ်ထားရုံသာ ရှိသည်။

"ဒီတောထဲမှာ ဘယ်သတ္တဝါမှ မရှိတာ မထူးဆန်း​တော့ပါဘူး... ဒီလိုအခြေအနေမျိုးမှာ ဘယ်သတ္တဝါက ရှင်နိုင်မှာလဲ.."

စကားပြီးသွားတော့ ထိုသူ့အမူအရာလည်း ပြောင်းလဲသွားလေသည်။

"အထဲက လူတွေကော ဘယ်လိုလုပ်မလဲ မသိဘူး... သူတို့ သူတို့... "

လုရွှမ် ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး... ဒီအဖြူရောင် အခိုးအငွေ့က အဆိပ်မရှိပေမယ့် သက်ရှိသတ္တဝါတွေရဲ့ အငွေ့အသက်တွေကို စုပ်ယူသွားလိမ့်မယ် ငါ့ရဲ့ ခန့်မှန်းချက် မှန်တယ်ဆိုရင် အဲဒီအငွေ့တွေက ဒီသစ်ပင်ကြီးရဲ့ အသက်ရှုသံပဲ ဖြစ်နိုင်တယ်"

"သူတို့က အရမ်း အစွမ်းထက်တယ် ဒီလောက်ကတော့ သူတို့အတွက် ပြဿနာ မရှိဘူး... အများစုကတော့ နည်းနည်း ရှက်သွားကြမှာပေါ့ ဒါပေမဲ့ အဲဒီထဲမှာ အချိန်အကြာကြီး နေရရင် အသက်အန္တရာယ် ရှိနိုင်တယ်"

လုရွှမ် ချောင်ယန်ဘက်ကို စိုးရိမ်တကြီးနဲ့ ကြည့်နေသည်။

ချောင်ယန်: "စိတ်မပူပါနဲ့ ငါ့မှာ အလျင်စလို ပြန်လှည့်ဖို့ မလုပ်ဘူး... ဒါက စမ်းသပ်မှု တစ်ခုပဲ ငါတို့ အမြန်ထွက်ဖို့ ကံကို အားကိုးတယ် သူတို့က ခွန်အားကိုပဲ အားကိုးလို့ ရတယ်... ခွန်အားကလည်း စမ်းသပ်မှုပဲ... သူတို့ဒါကို မကျော်ဖြတ်နိုင်ရင် အနာဂတ် ခြိမ်းခြောက်မှုတွေ ရောက်လာရင် ဘယ်လိုခုခံ ရင်ဆိုင်​တော့မလဲ”

ရှင်ထျန်း: "အပြင်လောကကို သွားကြရအောင်... ဒီဒေသကြီးရဲ့ စစ်မှန်တဲ့ ခွန်အားကို ခံစားကြည့်ရဖို့ သိပ်မကြာတော့ဘူး"

တစ်အုပ်စုလုံး စိတ်လှုပ်ရှားနေတာကို အမှန်တကယ် မထိန်းနိုင်ကြတော့ပေ။ သူတို့သည် ဤမှော်ဆန်သော ဒေသကြီးကို သဘာဝအတိုင်း တမ်းတနေခဲ့ကြတာ မဟုတ်ပါလား။ ဒဏ္ဍာရီလာနဂါးများ၊ ဒဏ္ဍာရီဆန်ဆန် မြင့်မြတ်သော သားရဲများနှင့် ဒဏ္ဍာရီထဲက အရာအားလုံး ရှိနိုင်တယ်လေ။

အနောက်ဖက်ဒေသဟာ လူသားမျိုးပွားမှုကို ကာကွယ်ရန် အလုံပိတ် နေရာငယ် တစ်ခုမျှသာ ဖြစ်သည်။ ပြင်ပကမ္ဘာသည် ၎င်းတို့အား သိမ်းပိုက်ရန် စောင့်မျှော်နေသည့် ပိုကြီးပြီး စိတ်လှုပ်ရှားစရာဖြစ်သည်။

"မင်းတို့ရဲ့ ခန္ဓာကိုယ်တွေရော အများကြီး ဒဏ်ခံထားရသလိုကြီး ခံစားရလား... ခန္ဓာကိုယ်က ပိုလေးလာသလိုပဲ!"

ဟောက်ထျန်း ရုတ်တရက် ဆိုလိုက်သည်။ သူသည် လူတိုင်းကြားတွင် အင်အားနည်းဆုံး အစွမ်းသတ္တိ ရှိသောကြောင့် ၎င်းကို သဘာဝအတိုင်း အရှင်းလင်းဆုံး ခံစားနိုင်သည်။

"မင်းရဲ့ အရည်အချင်းတွေကို ထိန်းသိမ်းပြီး ယွမ်စွမ်းအင်ကို သန့်စင်အောင် လုပ်ထား... အခုကစပြီး ငါတို့ရဲ့ ခွန်အားတွေ သိသိသာသာ တိုးတက်လာလိမ့်မယ်"

All Chapters