အန္တရာယ်က လာနေပြီ
Vol. 122 Ch. 4.1337
လုရွှမ် ပြောတဲ့စကားက ကျိုးကြောင်း ဆီလျော်သည်။ လူတစ်စုက နေရာတစ်ခုကို ရွေးချယ်ကာ ဂူတစ်ခုဖွင့်လိုက်သည်။ ၎င်းတို့၏ ကျင့်ကြံမှုများကို စုစည်းရန် တံခါးပိတ်ကျင့်ကြံမှုကို စတင်လိုက်ကြသည်။
တစ်နှစ်အကြာတွင် ဂူအပေါက်များ တစ်ပြီးတစ်စ ပေါက်ကွဲကာ တစ်ယောက်စီ ထွက်လာကြသည်။ လူတိုင်းရဲ့နယ်ပယ်က မတိုးတက်သေးသော်လည်း တစ်ဦးချင်းစီရဲ့ ရောင်ဝါက ပိုမိုခိုင်မာလာခဲ့ပါပြီ။
"ငါတို့ ဒီမှာ လေ့ကျင့်နေတာ တစ်နှစ်ပဲ ရှိသေးတယ်... အရည်အချင်းတွေက မတိုးတက်လာသေးဘူးလို့ ခံစားရတယ် ဒါပေမဲ့ ခွန်အားကတော့ အနည်းဆုံး 30% တိုးလာပြီ... အင်း ဒီဒေသကြီးမှာ အမြဲတမ်း နေထိုင်ခဲ့တဲ့ သတ္တဝါတွေဆို တခြားသူတွေထက် ပိုအားကောင်းမယ်လို့ ယုံတယ်...နယ်ပယ်တူရင်တောင် ငါတို့ သတိထားရမယ်!"
ရှန်ရှင်မဟာဂိုဏ်းမှ ဂိုဏ်းမှ ဆင်းသက်လာသူ ယွိဖန်က ဆို၏။ တခြားလူများကလည်း အဲဒီလိုပဲ ဖြစ်နိုင်ကြောင်း ဝင်ရောက်ဆွေးနွေးခဲ့သည်။
ဤနေရာမှာ ဆွဲငင်အားက ပိုကြီးပြီး ဝိညာဉ်စွမ်းအင်က ပိုပေါများသောကြောင့် သက်ရှိအမျိုးမျိုးတို့ရဲ့ ကျင့်ကြံမှုအပေါ် သိသိသာသာ တိုးတက်စေတဲ့ သက်ရောက်မှုမျိုး ရှိပေသည်။
"မင်းတို့ တစ်ခုခု လှုပ်နေသလို ခံစားရလား"
လုရွှမ် တခြားလူတွေဘက် လှည့်မေးလိုက်သည်။ လူတိုင်း သတိကပ်သွား၏။ လုရွှမ်က ပြတ်ပြတ်သားသား ပစ်မှတ်တစ်ခုကို ရှာဖွေနေသလို မျက်လုံးတွေ ရွေ့နေတာကြောင့် သူ တစ်ခုခုကို ခံစားမိခဲ့တာ ဖြစ်နိုင်ကြောင်း လူတိုင်း နားလည်ကြသည်။
ရှင်ထျန်းနဲ့ ချောင်ယန် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သူတို့ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုကို လျင်မြန်စွာ ခံစားကြည့်ကြသည်။ ဘာမှ ရှာမတွေ့ပေမယ့် အကြောင်းပြချက်မရှိဘဲ ထိတ်လန့်လာသလို ခံစားရ၏။ လုရွှမ် မပြောရင်တောင် တစ်ခုခုတော့ မှားနေပြီ။
ချောင်ယန်: "မင်းလည်း ခံစားလို့ရလား?"
ရှင်ထျန်းက လေကို ရှူရှိုက်ရင်း ခေါင်းညိတ်လိုက်သည်။
"အမြန်သွား...."
ရှင်ထျန်း စကားမဆုံးခင်မှာပဲ ကောင်းကင်ကို အရိပ်တစ်ခု ဖုံးလွှမ်းနေတာ တွေ့လိုက်ရသည်။ လူတိုင်းက မရည်ရွယ်ဘဲ ခေါင်းမျှော်ကြည့်လိုက်ရင်း အားလုံးက ထိတ်လန့်သွားကြသည်။ ၎င်းမှာ အလွန်ကြီးမားသော လင်းနို့ကြီးဖြစ်ကာ ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းသွားခဲ့ပြီ။ ထိုနတ်ဆိုးသားရဲရဲ့ ခန္ဓာကိုယ်အနှံ့ ပြင်းထန်လွန်းသဖြင့် လေပြင်းများ တိုက်ခတ်သွားလေသည်။
လေထဲတွင် အဆိပ်ငွေ့များ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာပြီး ပြင်းထန်သော လေနဲ့အတူ အဝါရောင် အငွေ့တွေ ပျံ့သွားသည်။ သူဖြတ်သန်းသွားရာ နေရာတိုင်းရှိ အပင်များ ညှိုးနွမ်းပြီး သက်ရှိများလည်း အဝေးသို့ ထွက်ပြေးသွားကုန်သည်။
ဒါပေမဲ့ အဝါရောင်အငွေ့ရဲ့ အရှိန်နဲ့ မယှဉ်နိုင်ဘဲ အဝါရောင်လေထဲ တရွေ့ရွေ့သာ ရွေ့လျားသွားပြီးတော့ အသွေးအသား ဘောလုံးတွေ ဖြစ်သွားကြသည်။ ဒါနဲ့တင် မရပ်သေးဘဲ အရည်အဖြစ် ပျော်ကျသည်။ တစ်ဖန် အငွေ့ဖြစ်ကာ လုံးဝ ပျောက်သွားချေ၏။
"သွားရအောင် ဘယ်သူမှ မလွတ်နိုင်တော့ဘူး"
ချောင်ယန် ဟစ်အော်လိုက်သည်။
လုရွှမ် :"မဟုတ်ဘူး ဂူထဲကိုသွားရအောင်"
လင်းနို့က သူတို့ကိုသတ်ဖို့ အတိအကျ ရောက်လာတာ မဟုတ်ချေ။ ၎င်းက သူ့ဘာသာ လမ်းတစ်လျှောက်တွင် ပျံသန်းနေရုံသာ။ လင်းနို့များ သွားလာနေပုံမှာ အမှန်ပင် တောအုပ်အား ဖုံးအုပ်ထားနိုင်သည်။
အဖွဲ့ထဲက လူတိုင်း မယုံနိုင်လောက်စရာ ဘေးဆိုးကြီးများအား ကြုံဖူးကြသည်ဟု ဆိုနိုင်သော်လည်း ယခုအချိန်တွင် ၎င်းတို့အတွက် းလည်း အမှန်တကယ် စိတ်ပျက်ဖွယ် အခြေအနေတွင် ရှိနေပါ၏။
ချောင်ယန်လည်း ခေါင်းညိတ်ပြလိုက်သည်။ အမှန်ပင် သူတို့ရဲ့ အရှိန်နဲ့ ဒီလင်းနို့ကြီး လက်ကနေ လွတ်မြောက်နိုင်ပါ့မလား စဥ်းစားနေစရာ မလိုချေ။ မဖြစ်နိုင်သလောက်ပါပဲ။
အသက်ဘေးက လွတ်အောင် ပြေးတာထက် ပုန်းနေလိုက်တာက ကောင်းမည်။ ပြေးတာက အောင်မြင်မှာ မဟုတ်ဘူးဆိုတာကို ကောင်းကောင်းသိ၏။ လှိုဏ်ဂူထဲမှာ ပုန်းအောင်းနေရုံနဲ့ လွတ်မြောက်ရင် အသက်ရှင်ဖို့ အခွင့်အလမ်းကလည်း ရှိကောင်းရှိနိုင်ပါသည်။
တောင်ကြီးက မြင့်မားပြီး ကြီးမားလှသဖြင့် ဤနေရာတွင် ဂူများစွာရှိသည်။ လူတစ်စုဟာ လွန်ခဲ့တဲ့ ၁နှစ်က ရှာတွေ့ခဲ့ကြသောကြောင့် ဤနေရာကို လိုဏ်ဂူတစ်ခုအဖြစ် သတ်မှတ်ကာ အပြေးအလွှား ဝင်ရောက်ခဲ့ကြသည်။
ဒါပေမဲ့ ဂူတွေက သိပ်ကြီးကြီးမားမား မဟုတ်သလို သူတို့ရဲ့မူလလိုဏ်ဂူက သေမင်းရဲ့ အရိပ်အာဝါသကနေ မကယ်တင်နိုင်ဘူး ဆိုတာ သေချာနေသည်။ အားလုံးက လုရွှမ်ကို ကြည့်လိုက်သည်။ ဂူထဲဝင်သွားဖို့ လုရွှမ်က အဆိုပြုသူမို့ စိတ်ရှုပ်နေပြီးသား လူတိုင်းကို စောင့်မျှော်နေစေမယ့် အရာတစ်ခုတော့ ရှိပေမည်။
လုရွှမ်က ရုတ်တရက် သူ့သွားတွေကို အံကြိတ်လိုက်သည်။
"ဒီဂူထဲမှာ ငါတို့လွတ်မြောက်နိုင်တဲ့ လှိုဏ်ဂူတစ်ခု ရှိတယ်ဆိုတာ ငါတကယ် သိပါတယ် ဒါပေမဲ့ အရမ်းအန္တရာယ်များတယ်"
"ဒီအဝါရောင်လေထက် ပိုအန္တရာယ်ရှိလို့လား... ဘာပဲဖြစ်ဖြစ် အသားလုံး ဖြစ်သွားတာထက်တော့ အချိန်ရသေးတယ်မလား"
"ကောင်းပြီ ငါ့နောက်ကို လိုက်ခဲ့"
လုရွှမ် ခေါင်းညိတ်ကာ သူကျင့်ကြံခဲ့ရာ လှိုဏ်ဂူထဲသို့ အမြန်ပြေးသွားခဲ့သည်။ သူ ဒီထဲကို ဝင်ခဲ့မိတာက တကယ် ကံကောင်းတာလား ဆိုးလားဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။ လှိုဏ်ဂူကြီးက ကြီးကြီးမားမား မဟုတ်ဘဲ သူတို့အတွက် နေရာထိုင်ခင်းသာ တတ်နိုင်သည်။
"ဒီမှာလား?"
ဟောက်ထျန်း မမေးဘဲ မနေနိုင်တော့ပါ။ လုရွှမ်က ချောက်ကမ်းပါးရှေ့သို့ သွားကာ ချင်ထျန်းဓား တစ်ချက် ဝေ့ယမ်းလိုက်၏။ တစ်ချက်တည်းနဲ့ ကျောက်နံရံ ကွဲသွားသည်။ လူတိုင်းလည်း အေးစက်သော ချွေးများဖြင့် သိသိသာသာ ကြေကွဲသွားကြသည်။
လုရွှမ်ရဲ့ ကောင်းကင် အငွေ့အသက်ကို မွေးမြူထားသော ဓားသည် အမှန်တကယ်ပင် အလွန်အစွမ်း ထက်လှသည်။ ၎င်းတို့သည် ယခင်က ဤတောင်၏ ချောက်ကမ်းပါးများကို တွေ့ကြုံခဲ့ဖူးပြီး အလွန်ထက်မြက်လှသော မိမိတို့ နတ်လက်နက်များက အရာလေးတောင် မချန်ထားခဲ့နိုင်ခဲ့။
ယခု အခိုက်အတန့်တွင်တော့ လုရွှမ်က ကျောက်နံရံကြီးကို ဓားတစ်ချက်တည်းဖြင့် ခုတ်လှဲလိုက်သည်မှာ သစ်ပင်တစ်ပင်ကို ဖြတ်ထုတ်သလိုပင်။ သွေးတစ်စက် ထွက်၏။ ၎င်းသွေးစက်က ကျောက်နံရံပေါ်မှာ ရေးမှတ်ထားသလို အလွန်ကြောက်စရာ ကောင်းနေသည်။
လူတိုင်း ထိတ်လန့်သွားသော်လည်း လုရွှမ်က သူ့ဓားနှင့် နောက်တစ်ကြိမ် ထပ်ခုတ်လိုက်သည်။ အခုအချိန်မှသာ တခြားလူတွေလည်း လုရွှမ် ဘာကြောင့် စိတ်ရှုပ်ထွေးပြီး ချီတုံချတုံ ဖြစ်နေခဲ့လဲ သိသွားခဲ့ကြသည်။
သို့သော် ယခုအချိန်တွင် သူတို့၌ အခြားရွေးချယ်စရာ မရှိတော့ပေ။ ဤလျှို့ဝှက်ဆန်းကြယ်သော ဧရာမတောင်ကြီး၏ အတွင်းပိုင်းသို့ ဝင်ရောက်ကာ သေခြင်းတရားကို ရှာဖွေနေသော်လည်း သူတို့ထွက်သွားပါကလည်း သေခြင်းတရားနဲ့ ပက်ပင်းတိုးမှာပဲ ဖြစ်၏။
ရှင်ထျန်း: "ဓားထုတ်ကြ! ဒီကျောက်ကို ငါတို့ရဲ့ ခွန်အားကို အတူတူသုံးပြီး ဖောက်ကြမယ်"
လူအုပ်ကြီးလည်း နတ်လက်နက်များကို တစ်ပြိုင်တည်း ထုတ်ကာ တောင်နံရံကို အစွမ်းကုန် ခုတ်ထစ်ကြသည်။ ထိုအချိန်တွင် သူတို့အားလုံး သက်ရှိတစ်ကောင်ကောင်အား ခုတ်ထစ်ခံနေရသလို နားမလည်နိုင်သော ထိတ်လန့်မှုတစ်ခု ခံစားခဲ့ရသည်။
ဓားနဲ့ ထိုးလိုက်ချိန်မှာတော့ နှလုံးသားက နားမလည်နိုင်လောက်အောင် လေးလံနေသလို ခံစားလိုက်ရပေမယ့် ကြောက်စိတ်ကလည်း မထိန်းနိုင်ခဲ့ပါဘူး။ အဝါရောင်အငွေ့တွေက ပြန့်ကျဲနေပြီ။ လူတိုင်း နောက်ပြန် ကြည့်လိုက်တာနဲ့ ချက်ချင်း တွေ့ရ၏။
"တိုက်ကြရအောင်!I
မကြာမီ တောင်တံတိုင်းကြီး ပွင့်သွားကာ အနက်ရောင်လေ အနည်းငယ် ဟိန်းထွက်လာသည်။ လေအေးအေးက သူတို့အပေါ်ကို မှုတ်ထုတ်လိုက်တာကြောင်း တစ်ကိုယ်လုံး အေးစက်သွားသည်။
လုရွှမ်ပင် တုန်တုန်ယင်ယင် ဖြစ်သွားသည်။
အဝါရောင်အငွေ့များ တိုးဝင်လာစဥ် လုရွှမ် အရှေ့က အပေါက်ထဲသို့ ပထမဆုံး အပြေးဝင်သွားသည်။ တခြားသူတွေကို စောင့်ဖို့ အချိန်မရှိတာကြောင့် ဂူထဲကို တစ်ယောက်ပြီးတစ်ယောက် အပြေး ဝင်သွားကြ၏။
အဝါရောင်အငွေ့များက ပေါက်သွားသော လှိုဏ်ဂူအဝင်ဝကို ရောက်တဲ့ အခါမှာတော့ ပြန်မဝင်ဘဲ အပြင်ဘက်ကိုသာ ပြန်ကန်ထွက်သွားသည်။ လုရွှမ် လက်ဖဝါးများကို လှုပ်၍ ကောင်းကင်မှ မီးလုံးကြီးတစ်ခု ထွန်းညှိကာ အနီးပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။
ဤသည်မှာ လှိုဏ်ဂူမဟုတ်တော့ဘဲ လှေကားထစ်များ အဖြစ် အမှောင်ထုထဲသို့ ဆင်းသွားကြောင်း တွေ့လိုက်ရသည်။
လုရွှမ် လှည့်ပတ်ကြည့်သော်လည်း တခြားဘာမှ မတွေ့ရ။ ကျောက်နံရံက ဘာကြောင့် သွေးထွက်သလဲ ဆိုတာကိုလည်း ဘယ်သူကမှ မရှင်းပြနိုင်တော့ပေ။ ကျိုးပဲ့နေတဲ့ ကျောက်နံရံကို ကြည့်လိုက်တော့ သွေးထွက်ထားတဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး။
"ငါတို့?"
ရှင်ထျန်း: "သိသာပါတယ် ငါတို့ အရှေ့ကို ဆက်သွားရုံပဲ... ထွက်လမ်းမရှိဘူး"
ချောင်ယန်: "ဖွဲ့စည်းမှုကို ထိန်းထား... ဒီနေရာက ငါတို့ သုံးယောက် ဒါမှမဟုတ် လေးယောက် အတူတူ လမ်းလျှောက်လို့ရတယ်...လုရွှမ်နဲ့ငါက အရှေ့က နေမယ်... ရှင်ထျန်ူ မင်းနဲ့ လိန်မင်က အနောက်မှာရှိနေပေး... ယောင်းရောင် မင်းက အလယ်ကို စောင့်ထား"
ချောင်ယန်လည်း သူ့လက်ဖဝါးကနေ မီးတောက်တစ်ခုကို ထုတ်၍ ပတ်ပတ်လည်ကို တောက်လောင်စေလိုက်သည်။
လူဆယ့်ခုနစ်ယောက် တစ်ဖွဲ့သည် ထူးဆန်းသော မီးအလင်းရောင်အောက်တွင် လှေကားထစ်များက အနည်းငယ် စိုစွတ်နေတာ တွေ့ရသည်။ သွေးကဲ့သို့ နီနေသော်လည်း သွေးအနံ့လို မဟုတ်ဘဲ မွှေးကြိုင်သော အနံ့ရှိသည်။ အဲဒါက သူတို့စိတ်တွေထဲ ပြည့်နှက်လာပြီး စိတ်ထဲတွင် နားမလည်နိုင်သော တောင့်တမှုတစ်ခု နိုးထလာသလို အမြန်ဆင်းချင်လာသည်။