← Chapters

ဆုံးဖြတ်ချက်

Vol. 122 Ch. 4.1338

ဆုံးဖြတ်ချက်

Vol. 122 Ch. 4.1338

တစ်အောင့်ကြာတော့ လုရွှမ် ရုတ်​တရက်​ ပြန်​လည် နိုးကြားလာသည်။ သူတို့တစ်​စုလုံး မြန်​ဆန်​စွာ ​ပြေးနေရတာကို သတိထားမိလိုက်​၏။ လှေကားထစ်များ အောက်သို့ ပြေးဆင်းလာစဉ် လူတိုင်းသည် မယုံနိုင်စရာ ကောင်းတဲ့ တစ်စုံတစ်ရာကို မြင်လိုက်ရသလို သူတို့ရဲ့ မျက်နှာတွေပေါ်မှာ အားတက်သရော အသွင်အပြင်တွေ ရှိ​နေသည်။

ဒါက အမြင်မှားတာလား။

လုရွှမ် ထိတ်လန့်သွားပြီး လူတိုင်းရဲ့ ခန္ဓာကိုယ်များကို ကြည့်လိုက်သည်။ ခြေထောက်နှစ်ဖက်စလုံးမှာ နီရဲတောက်တောက် သွေးစွန်းကွက်တွေ ရှိနေပေမယ့် သူ့မှာ ဘာတစ်ခုမှ မရှိပါဘူး။ ထိုအစား အနည်းငယ် တောက်ပနေခဲ့သည်။ လုရွှမ်လည်း ထိုအရာမျိုးရဲ့ ကျူးကျော်မှုကို တားဆီးထားတာက သူ့နတ်ခန္ဓာကိုယ် ဖြစ်နိုင်ကြောင်း နားလည်ခဲ့သည်။

သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိသလို ဖြစ်နေသော်လည်း သူတို့ရဲ့ အသက်ရှုသံတွေကတော့ တဖြည်းဖြည်း ပိုပြင်းထန်လာခဲ့သည်။ သို့သော် လုရွှမ်သည် ယွမ်ယန်ကျင့်စဥ် ပိတ်ဆို့ထားသော အရာများဟာ လူသားတို့အတွက် ကောင်းမွန်သော အရာများ ဖြစ်လိမ့်မလား အလွန်သံသယ ဖြစ်မိသည်။

ပြီးတော့ တကယ်ကောင်းတာ တစ်ခုခုရှိရင် သူတို့ ပျံသန်းရုံနဲ့ မလုံလောက်ဘူးလား။ ဘာလို့ ဒီအဆင့်တွေကို လျှောက်​နေတာလဲ။

လုရွှမ် လုံးဝ မတုံ့ဆိုင်းဘဲ ချောင်ယန်ရဲ့ပုခုံးပေါ်သို့ သူ့လက်များကို ဖိချလိုက်သည်။ ထိုအခိုက်တွင် ယွမ်ယန်စွမ်းအင်ထဲက ပေါက်ကွဲသံတစ်ခု ထွက်လာကာ ချောင်ယန်ကိုယ်ထဲ စီးဝင်သွားခဲ့သည်။ ယွမ်ယန်စွမ်းအင်တွေ ချောင်ယန်ရဲ့ သွေးစွန်းနေသော ခြေထောက်များဆီ ရောက်သွားသောအခါ လုရွှမ် တစ်ဖက်လူရဲ့ ခုခံမှုက မြင့်တက်လာတာကို ခံစားလိုက်ရသည်။

ဒါပေမဲ့ လုရွှမ်ကို ပိုကြောက်စေတာက အဲဒီစွမ်းအားကြောင့် မဟုတ်ဘဲ ထိုသွေးကွက်တွေက အသိစိတ်ရှိနေတာကို ခံစားလိုက်ရလို့ပါပဲ။

"ကောင်လေး.. မင်းကိုယ့်ကိုကိုယ် ကာကွယ်နိုင်တယ် ဒါ မင်းရဲ့ကံကြမ္မာပဲ ဒါပေမဲ့ ဒီခန္ဓာကိုယ်ကို ငါတို့က ထိန်းထားလိုက်ပြီ.. မင်း လွှတ်ထားလိုက်တော့"

"မှန်တယ်... ငါတို့နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားခဲ့ရတာ... အခုနောက်ဆုံးတော့ အခွင့်ကောင်းယူဖို့ အခွင့်အရေး ရသွားပြီ.. မင်းက ငါတို့ရဲ့ရန်သူ ဖြစ်ချင်တာလား"

ထိုအသိစိတ်ထဲတွင် အသံတစ်ခုထက်မကပေ။ ဒါ့အပြင် ကျယ်လောင်စွာ အော်ဟစ် ညည်းတွားသံများက ရာနှင့်ချီကာ ဖရိုဖရဲ အသိစိတ်များလည်း ရှိနေသည်။ ထိုအသိစိတ်များက အလွန်အားနည်းပါ၏။ ဒါ့ကြောင့် ၎င်းတို့အား ချက်ချင်းဖျက်ဆီးရန် ယွမ်ယန်စွမ်းအင်နဲ့ ဗုံးကြဲရန်သာ လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း သိသည်။

သို့သော် အသိစိတ်များစွာကို ပေါင်းစပ်ထားသောကြောင့် ၎င်းတို့က အလွန်အစွမ်းထက်မှာ သေချာသည်။ လုရွှမ် ယခုအခိုက်အတန့်တွင် ပြိုင်ဘက်ကင်း အင်အားရှိသော စစ်မြေပြင်က စစ်သူကြီးတစ်ဦးကဲ့သို့ ခံစားခဲ့ရသော်လည်း ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်နေရသည်။

သူသည် စစ်သားငယ်တစ်ဦးကို အလွယ်တကူသတ်နိုင်သော်လည်း ထိုစစ်သားရာချီ ပြေးလာလျှင် ချောင်ယန်ကို ဘယ်လို ကယ်တင်ရမလဲ။ ဒါမှမဟုတ် မိမိကိုယ်ကိုပါ ဆုံးရှုံးသွားနိုင်လား။

ဒါပေမဲ့ မဆိုင်းမတွဘဲ တွေးမိတာက သူတို့ကို ဘယ်လိုမှ ဒီအတိုင်း ပစ်ထားလိုက်လို့ မဖြစ်တော့ဘူး ဆိုတာပါပဲ။

လုရွှမ်၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ပြည့်နှက်နေသည်။ အလွန်တောက်ပသော နေလုံးတစ်လုံးက သူ့အနောက်က တဖြည်းဖြည်း ထွက်လာ၏။

အလင်းရောင်က လူတိုင်းအပေါ် ဖုံးအုပ်၍ ကောင်းကင်မီးတောက်တွေပါ တောက်လောင်လာပြီး လူတိုင်းရဲ့ ခြေထောက်တွေကို ထိသွားသည်။ လုရွှမ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားဟာ ယခု အချိန်မှာ အလွန်အားကောင်းနေပြီ။ ကောင်းကင်မီးအား ကြိုး၁၇ ကြိုးအဖြစ် ခွဲထုတ်ရန် မခက်ခဲတော့ပေ။

သူက ကောင်းကင်မီးရဲ့ ကြိုးကို ကောင်းစွာ ထိန်းချုပ်ထားနိုင်သည်။

ကောင်းကင်မီးက ကောင်းကင်ရဲ့ အငွေ့အသက် တန်ခိုးတွေ ပါ၀င်နေမလား သူမသိသော်လည်း နေ့အလင်းရောင်ကို မမြင်ရတဲ့ ဒီနေရာကို ဖြိုခွင်းလိုက်တာက ကောင်းကင်ရဲ့ တန်ခိုးဖြစ်မှာ ထင်ရှားပါသည်။ ဒီအရာမျိုးက ပြင်းထန်သော အဟန့်အတား တစ်ခုအဖြစ် သုံးနိုင်သည်။

လုရွှမ် မျှော်လင့်ထားသည့်အတိုင်း အလင်းရောင်နှင့် ကောင်းကင်မီးအောက်တွင် ပထမဆုံး ရှင်ထျန်း၊ ချောင်ယန်၊ ယောင်းရောင်နဲ့ လိန်မင်တို့ နိုးလာခဲ့သည်။ သူတို့သည် အပြင်းထန်ဆုံး ကျင့်ကြံမှုရှိလို့ ထိုစွမ်းအင်ကို အပြင်းထန်ဆုံး ခံနိုင်ရည်ရှိသည်။

လေးယောက်သား နိုးလာတာနဲ့ ခြေထောက်တွေမှာ ထူးဆန်းတဲ့ တစ်ခုခုကို ခံစားလိုက်ရသည်။

လုရွှမ်က ထိုအရာကို အပြင်ကနေ နှင်ထုတ်လိုက်တာပါပဲ။ အတွင်းကနေ နှင်ထုတ်လိုက်တာနဲ့ အကျိုးသက်ရောက်မှုက သဘာဝအတိုင်း လုံးဝ ကွဲပြားသွားလိမ့်မည်။ အတွင်းရော အပြင်ပါ ပူးပေါင်းဆောင်ရွက်မှုဖြင့် အနီရောင်သွေးစွမ်းအင်က ပြေးလွှားနေသော ရေစီးကြောင်းကဲ့သို့ မကြာမီ ပြိုကျလာခဲ့သည်။

သူတို့လေးယောက်ဟာ လေထဲမှာ ချက်ချင်း ပျံဝဲသွားကာ ခဏတာမျှ အထိတ်တလန့် ဖြစ်ကုန်ကြသည်။ သူတို့အားလုံး နိုးလာပြီးနောက်တွင် မရေမတွက်နိုင်သော ခြင်များ နားပတ်လည်တွင် ပျံဝဲနေသကဲ့သို့ အဆုံးမရှိသော အသိစိတ်တို့ရဲ့ အသံများကို ခံစားခဲ့ရပြီး အလွန်ရွံရှာသွားခဲ့ကြသည်။

အဲဒါကို ခဏလောက် တွေးကြည့်တဲ့အခါ ဒီအရာတွေကြောင့် ထိန်းချုပ်ခံရတယ် ဆိုတဲ့ အတွေးကပါ သူတို့ကို တုန်လှုပ်သွားစေခဲ့လေသည်။ လူလေးယောက်ရဲ့ အကူအညီအကြောင့် နောက်ဆက်တွဲ ကယ်တင်တာတွေက သဘာဝအတိုင်း ပိုမိုလွယ်ကူလာ၏။ တခြားလူတွေကို ကူညီပြီး အချင်းချင်း ကယ်တင်ခဲ့ပေမယ့် သူတို့အားလုံးလည်း ကြောက်လန့်နေကြပါပြီ။

အားလုံးအတူတူ လေထုထဲတွင် လွင့်မျောနေရင်း အောက်ဖက်က သွေးနှင့်တူသော အရာကို ကြည့်လိုက်သည်။ တစ်ယောက်က မီးတောက်တစ်ခုနဲ့ တိုက်ခိုက်ကြည့်တဲ့အခါ မီးတောက်က ချက်ချင်း ငြိမ်းသွားခဲ့သည်။

"ကောင်းကင်မီးကလွဲလို့ တခြားမီးတောက်တွေကို မကြောက်ဘူး... ထူးဆန်းတဲ့ မီးတွေတောင်မှ သက်ရောက်မှု သိပ်မရှိဘူး"

"ငါတို့ အခု ရှေ့ဆက်ဖို့ လိုသေးလား"

တစ်ယောက်ယောက်က လှည့်မေးလိုက်သည်။

အန္တရာယ်ကို ကြိုသိမြင်ချင်လာရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဤနေရာသည် လျှို့ဝှက်ဆန်းကြယ်လွန်းပြီး သူတို့အနေနဲ့ လုံးဝ နားမလည်ပေ။ အရင်ကတော့ သူတို့ဂုဏ်ယူခဲ့ရတဲ့ ကျင့်ကြံမှုက ဒီမှာတော့ ဘာမှအသုံးမဝင်သလို ဖြစ်လာသည်။ အချို့သော ဘေးအန္တရာယ်များ ကျရောက်သည်နှင့် တစ်ပြိုင်နက် တစ်ဖွဲ့လုံးကို ချေမှုန်းပစ်မှာ သေချာနေပြီ။

လူတိုင်းရဲ့ မျက်လုံးထဲမှာ အကြည့်တွေ၊ သူတို့ရဲ့ နှလုံးသားထဲက ထိတ်လန့်မှုတွေ၊ တကယ်တော့ လူတိုင်းနီးပါး အချင်းချင်း မြင်နေကြရသည်။ တချို့လူတွေက စကားတွေ ပြောကြကာ တစ်ချို့က စကားမပြောကြပေမယ့် အားလုံးလိုလို သူတို့ရဲ့ နှလုံးသားထဲမှာ ကြောက်ရွံ့မှုမျိုး ရှိနေတယ်ဆိုတာ အသိသာကြီးပင်။

သူတို့ဒီကိုရောက်တာ ခဏပဲရှိသေးတယ်လေ။ အခု အနည်းဆုံး လူသေဆုံးနိုင်သည့် ဘေးအန္တရာယ် သုံးခုကို ကြုံတွေ့ခဲ့ရပြီ။ ယခုမူလည်း သူတို့ခမျာ သေခြင်းတရားသို့ သွားရာလမ်းတွင် ဆက်လက် လျှောက်နေကြရသည်။

လုရွှမ်က သူ့ခေါင်းကို ခါယမ်းပြလိုက်သည်။

"ငါတို့ အနောက်ကို လှည့်မကြည့်သင့်ဘူး... ဘာလို့လဲ ဆိုတာ ငါ ရှင်းမပြနိုင်ဘူး...ဒီအတိုင်း ခံစားနေရတာ.. အဲဒါက ဘာပဲဖြစ်နေနေ ငါတို့တွေ မြင်နေရတဲ့ လမ်းကြောင်းထဲကို အရောက်သွားရမယ်...ငါတို့ အဆုံးထိ သွားရမယ် ဒီလိုမှမဟုတ်ရင် အန္တရာယ်က ပိုကြီးလာမယ်လို့ ထင်တယ်”

ဒါက ထင်ကြေးပေးသလို ဖြစ်နိုင်ပေမယ့် လုရွှမ်ဟာ အတွေ့အကြုံရင့်သူ ဖြစ်ကြောင်း လူတိုင်း သိပါသည်။ သူတို့ ဒီကို ဝင်လာကတည်းက ပြန်လမ်း မရှိတော့ဘူး။ ရဲစွမ်းသတ္တိနှင့် ခွန်အားနဲ့သာ အလျင်စလို ပြေးနိုင်ရင် ထွက်လမ်းကို ရှာနိုင်ပေလိမ့်မည်။

ဘယ်လိုပဲဖြစ်ဖြစ် ထွက်လမ်း ရှာတွေ့ချင်ရင်တော့ ကြီးကြီးမားမား စွန့်စားရလိမ့်မယ်။ ဒါက ယုံကြည်ချက် တစ်ခုမျှသာ မဟုတ်၊ သူတို့အားလုံး အဲဒီလို အတွေ့အကြုံတွေက ရှိထားပြီးသားပဲလေ။

"ဒါဆို ဆင်းရအောင်"

"ဒီနေရာက အန္တရာယ်ရှိတယ်ဆိုတာ လူတိုင်း သိပါတယ်... မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင် လူတိုင်းနဲ့ တိုက်ခွင့်ရတာကို ဂုဏ်ယူမိမှာပဲ...ငါ သေသွားခဲ့ရင် ငါ့အရိုးတွေကို ပြန်ယူသွားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်... ဒါပါပဲ"

ထိုသူသည် ရှိုးရှန်မဟာဂိုဏ်းက အကြီးတန်း တစ်ယောက်ပဲ ဖြစ်သည်။ လူတိုင်း အနည်းငယ် နှုတ်ဆိတ်သွားခဲ့သည်။

"ငါရောပဲ" ချောင်ယန် ခေါင်းညိတ်လိုက်၏။

"ငါသေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ လူတိုင်းနဲ့ မိတ်ဖွဲ့နိုင်လို့ ပျော်ရွှင်စရာ အချိန်တွေကို အတူတူ ဖြတ်သန်းနိုင်ခဲ့လို့ ငါ့အတွက် ဂုဏ်ယူစရာဖြစ်နေပါပြီ... နောက်ဆုံး လူတိုင်းလည်း ငါ့အရိုးတွေကို ပြန်ယူပြီး ဂိုဏ်းကို ပြန်ပို့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ရှင်ထျန်း: "ငါလည်းပဲ!"

ယောင်းရောင်: "အတူတူပဲ!"

အားလုံးက တညီတညွတ်တည်း ပြောကြပြီး လက်များကို ဆန့်တန်းကာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။

လုရွှမ်လက်ကို အပေါ်ဆုံးမှ တင်ထားပြီး လူတိုင်းနဲ့ ငြိမ်သက်စွာ ဆုပ်ကိုင်ထားလိုက်သည်။ အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တစ်ပြိုက်နက်တည်း ရယ်မောလိုက်ကြစဥ် သူရဲကောင်းပီသသော အငွေ့အသက်များ ပြည့်နှက်သွားသည်။

အရင်က ကြောက်ရွံ့ထိတ်လန့်မှုတွေ မရှိတော့ဘူး။ သေရမှာကိုလည်း မကြောက်တော့တဲ့ လူတစ်စုလို ပြောင်းလဲသွားသည်။

All Chapters