← Chapters

ဒုက္ခမှ လွတ်မြောက်ကြဖို့

Vol. 122 Ch. 4.1339

ဒုက္ခမှ လွတ်မြောက်ကြဖို့

Vol. 122 Ch. 4.1339

သေဖို့ စိတ်ပိုင်းဖြတ်ထားပြီမို့ ဘယ်သူမှ မကြောက်တော့ပေ။ အခု ဆုံးဖြတ်ချက် ချပြီးပြီ။ အခြေအနေက သေရေးရှင်ရေး နှစ်ဖက်စလုံးမှာ ရှိနေရင်တောင် မလိုအပ်ဘဲ အချည်းနှီး သေဆုံးသွားတာမျိုး မဖြစ်ဖို့ပဲ လိုအပ်သည်။

အဲဒီနောက် သူတို့ဟာ အောက်ခြေ မရှိသော တွင်းထဲသို့ ဝင်သွားသလိုပင် ဆက်ဝင်လာခဲ့ကြသည်။ ခြေလှမ်းများပေါ်ရှိ သွေးနီရောင် အရည်များ ပျောက်ကွယ်သွားပြီး အရိုးဖြူ အပိုင်းအစများ ဖြစ်လာကာ ခြေလှမ်းများ၏ ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြသလာသည်။

အောက်ဖက်မှ အငွေ့အသက်သည် အရိုးထဲအထိ အေးစက်သွား​စေသည့် လေကဲ့သို့ တိုက်ခတ်နေသည်။ ကောင်းကင်မီးရဲ့ အကာအကွယ်ကို ယူလိုက်တော့မှ ပိုမိုလုံခြုံပြီး ခြိမ်းခြောက်မှုလည်း မရှိတော့သလို ခံစားလာရလေသည်။

ချောင်ယန်: "မင်းတို့ အသံကြားလား?"

"တစ်ယောက်ယောက်က ကျောက်နံရံထဲ ခွဲပြီး ဝင်လာသလိုပဲ"

ရှင်ထျန်းရဲ့ မျက်လုံးများမှာလည်း တောက်ပလာသည်

"မင်းလည်း ကြားတာပဲလား... ငါက ထင်ယောင်ထင်မှား ဖြစ်နေပြီလို့ ထင်နေတာ.. "

အားလုံးက ရပ်လိုက်တော် အသံကို တကယ်ကြားလာရ၏။

"တစ်ယောက်က ကျောက်နံရံထဲကို ဝင်လာလို့ရအောင် လုပ်နေသလိုပဲ..."

မြေအောက် လှေကားထစ်များ နောက်ကွယ်တွင် ကျယ်လောင်သော အသံများ ထွက်ပေါ်လာနေ၏။ မကြာမီတွင် လူတိုင်းသည် ထိုကျောက်နံရံတစ်ခုဆီသို့ ရောက်လာကြသည်။ ကျောက်နံရံထဲကနေ ထူးထူးခြားခြား အသံအချို့ကို တိုးတိုးတိတ်တိတ် ကြားနိုင်ပြီး ထိုအသံများနှင့်အတူ ကျောက်နံရံများလည်း တုန်ခါနေပါသည်။ ကျောက်နံရံတလျှောက် အသံက အတော်လေး နိမ့်နေပေမယ့် ခံစားနိုင်ဆဲပါပဲ။

တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုသည် ကျောက်နံရံတွင် အမှန်တကယ် ထွက်သွားချင်နေသည့် အတိုင်းပင်။

"ငါတို့ ဒီကို လမ်းလျှောက်လာနေတာ ကြာပြီ... လှေကားထစ်တွေကနေ ဆင်းလာနေတုန်း ဘာကိုမှ မတွေ့ခဲ့ရဘူး"

ရှင်ထျန်း လှည့်မေးသည်။

"ငါတို့ သတိလစ်နေတာ ဘယ်လောက်ကြာပြီလဲ"

အားလုံးက လုရွှမ်ကို ကြည့်လိုက်ကြသည်။ နိုးထလာတဲ့ ပထမဆုံးလူက လုရွှမ်ပဲလေ။ လုရွှမ်က ခေါင်းခါလိုက်ပြီး။

"ငါမသိဘူး... ဒါပေမဲ့ သိပ်မကြာလောက်ဘူး ငါ့ရဲ့ ကျင့်စဥ်က အဲဒီသွေးနီရောင် ရောင်ဝါတွေအပေါ် ပြင်းပြင်းထန်ထန် ကန့်သတ်ထားတာ... ဒါကြောင့် ငါ့ကို အချိန်အကြာကြီး စိတ်ရှုပ်ထွေးစေမှာ မဟုတ်ဘူး...."

"ဒါဆို ဒီနားမလည်နိုင်တဲ့ နေရာမှာ ဘာဖြစ်​နေတာလဲ"

"ငါတို့ ပျံသန်းနေတာ ကြာပြီ...ငါတို့ အရှိန်နဲ့ သွားမယ်ဆိုရင် အနည်းဆုံး မိုင်ပေါင်း သောင်းချီလောက် ရှိလိမ့်မယ် ဒါပေမဲ့ ငါတို့ ဒီမှာ ရှိနေတုန်းပဲ... ဧကန္တ တစ်ချိန်လုံး ဒီနေရာကိုပဲ လှည့်ပတ်နေမိတာများလား"

စကားတစ်ခွန်းတည်းဖြင့် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

သူတို့တကယ်ပဲ အဝိုင်းလည်သလို ပျံသန်းနေကြတာလား?

တကယ်တော့ ဒီနေရာက အမှောင်ထုနဲ့ ကောင်းကင်မှာ မီးတွေဖုံးနေတဲ့ နေရာကလွဲလို့ တခြားဘယ်နေရာမှာမှ သဲသဲကွဲကွဲ မမြင်ဘူး မဟုတ်လား။ အကြောက်ရဆုံး အရာမှာ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝအခင်းအကျင်း သို့မဟုတ် ထောင်ချောက်ထဲသို့ တွန်းပို့ခံရခြင်းပဲ ဖြစ်သည်။

"ရပါတယ်... ဒါက ကောင်းချီးတစ်ခု၊ ကျိန်စာတစ်ခု မဟုတ်ဘူး... ဒါ့အပြင် ငါတို့ရှောင်လွှဲလို့လည်း မရဘူး... သေသေချာချာ စောင့်ကြည့်ရအောင် မကြာခင်မှာ အဖြေ ရလာလိမ့်မယ်လို့ ငါယုံကြည်တယ်"

လုရွှမ် သူ့စိတ်ထဲကနေ ရွှေကျီးကန်းကို ရှာဖွေလိုက်ပြီး ပြဿနာတစ်ခုခု ကြုံလာသလားလို့ မေးလိုက်သည်။ ရလဒ်အနေနဲ့ကတော့ ရွှေကျီးကန်းဆီက လှောင်ပြောင်​တာကို ခံရလေ၏။ လုရွှမ်ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ မှားယွင်းနေတာကို သတိမထားမိသောကြောင့် ပြဿနာ မရှိဘူးဟု ဆိုသည်။

အခင်းအကျင်း တည်ပြီး ဘေးကင်းမှုကို ကာကွယ်ခဲ့သည်။ လူတိုင်း စိတ်တည်ငြိမ်ဖို့ ခက်ခဲပေမယ့် ဒီအချိန်မှာပဲ စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ဖို့က အရေးကြီးတယ်လို့ ထင်ပါသည်။ သူတို့သည် ကျင့်ကြံသူများ ဖြစ်သောကြောင့် ၎င်းတို့အတွက် တန်ဖိုးအရှိဆုံးက အချိန်ပဲ ဖြစ်သည်။

ဒီမှာပိတ်မိနေပြီး တခြားဘာမှလည်း မလုပ်နိုင်တော့တဲ့ အတွက် အချိန်ကို ကျင့်ကြံဖို့အတွက်ပဲ သုံးရတော့မည်။ ဤကြိုးပမ်းမှုအပြီးတွင် လုရွှမ်ဟာ ဂူအပြင်ဘက်ထက် လှိုဏ်ဂူများအတွင်းရှိ ဝိညာဥ်စွမ်းအင် စုပ်ယူမှုက ပိုမိုမြန်ဆန်ကြောင်း တွေ့ရှိခဲ့သည်။

အပြင်ဘက်မှာ ဝိညာဥ်စွမ်းအင်ကို ပြည့်ပြည့်ဝဝ စုဆောင်းနိုင်ဖို့ အနည်းဆုံး တစ်နှစ်မှ နှစ်နှစ်အထိ အချိန်ယူရမှာ ဖြစ်သည်။ အချိန်တွေ ကုန်လာခဲ့ရာမှ မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်နှစ်ခွဲကျော် ကုန်ဆုံးသွားသည်။

ထိုနေ့တွင် သူတို့အားလုံး တောင်တံတိုင်းကို ဖောက်ထွင်းရတော့မည်ဟု ခံစားမိကြသည်။

တစ်စုံတစ်ယောက်က ဤတောင်တံတိုင်းကို အဘယ်ကြောင့် ဖြတ်ခဲ့ရသလဲ၊ အပြင်မှ သတ္တဝါများ တောင်နံရံကို ဖြတ်၍ ဖြတ်သွားနိုင်သလား မသိကြသော်လည်း သူတို့အတွက်ကတော့ ဒီနေရာနေ ရုန်းထွက်နိုင်တာက အကောင်းဆုံးပင်။

ဝုန်းကနဲ အသံနဲ့အတူ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ အပြင်ဘက်မှ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ထို့နောက်တွင် အင်အားလှိုင်းများက တောင်နံရံကို ဗုံးကြဲကာ မုခ်ပေါက်တစ်ခုကို ထွင်းထုလိုက်​ကြသည်။

လုရွှမ်နဲ့ ချောင်ယန်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အားလုံးကို နောက်ပြန်ဆုတ့ရင်း ဦးစွာ ဂရုတစိုက် ပုန်းကွယ်​နေရန် အချက်ပြလိုက်သည်။

အပြင်မှာ ဘယ်လိုသတ္တဝါမျိုး ရှိလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ အဲဒါက လူသားလည်း ဖြစ်နိုင်ပေမယ့် မထွက်ခွာခင်မှာ ရန်သူကို ရှင်းရှင်းလင်းလင်း အသိမပေးထားတာက အကောင်းဆုံးပင်။

အနောက်ဖက်ဒေသမှလွဲ၍ အခြားနေရာများသည် သားရဒများနေထိုင်ရာ နေရာလည်း ရှိသော်လည်း လူက အနည်းငယ်သာ ရှိသည်။ အပြင်မှာ ရှိတဲ့ သားရဲတွေက သူတို့လို လူတွေကို မြင်ရင် ကျားတွင်းကနေ ထွက်လာပြီး ကိုက်စားကြလိမ့်မည်။

ရုတ်​တရက်​ အလင်းတန်းတစ်​ခုက လုရွှမ်ဘက်​ကို ဖြတ်​ပြေးလာခဲ့ရာ အက်​ကွဲကြောင်းတစ်ခု ဖြစ်သွားသည်​။ ၎င်းအလင်းတန်း ထွက်သွားပြီးနောက် အက်ကွဲကြောင်းကလည်း အမှန်တကယ် ပိတ်စပြုလာသည်။

လုရွှမ်: "သွားရအောင်!"

အားလုံးက သူ့နောက်မှ အလျင်အမြန် လိုက်ကြသည်။ အက်ကွဲကြောင်းထဲက တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြရာ နောက်ဆုံးလူ အမြန်ထွက်သွားပြီး မကြာခင်မှာပဲ အက်ကြောင်းက တိုက်ရိုက် ပိတ်သွားတော့သည်။

အရှေ့မှာ ရွာတစ်ရွာဖြစ်သည်။ သို့သော် ၎င်းတို့ကို ထိတ်လန့်စေသည့် အရာမှာ ၎င်းတို့ရှေ့ရှိ သတ္တဝါများသည် အခြားလူများမဟုတ်ဘဲ လူသားများသာဖြစ်သည်။ ၎င်းတို့နှင့် အတိအကျ တူညီသော လူသားများသည် မျှော်စင်နယ်ပယ်မှာ ရှိနေကြ၏။

မတူတဲ့မျက်နှာကြောင့်သာ မဟုတ်ရင် လုရွှမ်တို့မှာ အိပ်မက်မက်နေတားဟုပင် အထိတ်တလန့် ဖြစ်မိလိမ့်မယ်။

ဒါပေမဲ့ ဒီလူတွေက သူတို့ကို ရန်မူနေတာတော့ မဟုတ်။ မီးနီ​လေးကို တစ်ယောက်ပြီးတစ်ယောက် လိုက်ဖမ်းနေတာပါပဲ။ ထိုအချိန်တွင် မီးနီသည် ယခင်ကလိုဏ်ဂူထဲမှ ပြေးထွက်လာသည့် အရာဖြစ်ကြောင်း လုရွှမ် သေသေချာချာ မြင်လိုက်ရသည်။

ပြင်းထန် သွေးဆိုးသော ရောင်ဝါဖြင့် လေထဲတွင် ပျံဝဲလျက်ရှိသော ထိုရှည်ရှည်မျောမျော အရာက သွေးစွန်းသော အရိပ်များကိုပင် ပစ်နိုင်သည်။ ထိုလူများ လိုက်ဖမ်းနေတာကို ခံနေရသော်လည်း အလွန်သွက်လက်စွာ ထွက်ပြေးသွားခဲ့သည်။

လုရွှမ် နတ်မီးမျက်လုံးများဖြင့် ကြည့်လိုက်သော် အနီရောင်အရာဟာ ဦးခေါင်းခွံတစ်ခုလို ဖြစ်သွားသော်လည်း ၎င်းက ဘယ်လို သားရဲလဲ ဆိုတာကို သူမသိပေ။

ဒါပေမဲ့ အနီရောင်က သွေးနဲ့ လုံးဝဆိုးထားသလိုပဲ တောက်ပလွန်းနေ၏။

နောက်ဆုံးတော့ လူတစ်ယောက်က ထိုဦးခေါင်းခွံကို လုယူလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲကို တိုက်ရိုက် ပေါင်းထည့်လိုက်ပါသည်။ ထို​သူသည် မျှော်စင်နယ်ပယ် အဆင့်၆ တွင်ရှိပါသည်။ သူ့ခန္ဓာကိုယ်ထဲသို့ သွေးစွန်းနေသော ဦးခေါင်းခွံကို ပေါင်းစပ်ပြီးနောက် သူ့ခွန်အားသည် မျှော်စင်နယ်ပယ် ခုနစ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

လုရွှမ် နှင့် သူ့အဖွဲ့သည် ရှောင်မပြေးချင်သော်လည်း အပြင်မှလူများက ဝိုင်းထားသည်။ ကံကောင်းထောက်မစွာ သူတို့ထဲက ဆယ့်ခုနစ်ယောက်စလုံး အရင်အတိုင်း အမြန်ထွက်သွားခဲ့သည်။

"မင်းတို့က ဘယ်သူလဲ"

ဦးခေါင်းခွံကို ဖမ်းပြီးနောက် ဒီလူအုပ်စုရဲ့ အဆင့်အတန်းဟာ အလွန်တိုးတက်လာပုံရ၏။ ၎င်းက လမ်းခရီးတွင် ဤလူ့မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်လာသကဲ့သို့ မိမိရာထူးကို မိမိဘာသာ ရယူလိုက်သည်။

ချောင်ယန်က သူတို့ရှေ့မှာ ရပ်ပြီး လက်သီးဆုပ် ဂါဝရပြုလိုက်သည်။

"ငါတို့က ဂူထဲမှာ ပိတ်မိနေတဲ့လူတွေပါ... ဒီနေရာက ဘယ်မှာလဲ မသိဘူး"

"ဟမ့် မင်းကလူလို့​ ပြောနေတာလား... ငါတို့ရဲ့ရုပ်​သွင်​ပြင်​ကို မင်းတို့ ရှင်းရှင်းလင်းလင်း မြင်​လိုက်​​ရတော့ လူပုံစံ ပြောင်းသွားတာလား... သူတို့ကိုဖမ်းပြီး မျိုးနွယ်​စု​ခေါင်း​ဆောင်​ဆီ​ ခေါ်သွား​စမ်း!"

ထိုလူက အော်ဟစ်ပြီးတာနဲ့ လူအားလုံး ပြေးထွက်လာကြသည်။ ချောင်ယန်ကလည်း သူ့လက်နက်ကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော စွမ်းအားကို ထုတ်လွှတ်ကာ ကျယ်လောင်စွာ အော်လိုက်သည်။

"ရပ်လိုက်စမ်း... ငါတို့ကို တိုက်ခိုက်လာအောင် အတင်းအကြပ် မလုပ်နဲ့!"

All Chapters