← Chapters

Arc 4 အခန်း (၁၃၄၂)

Vol. 122 Ch. 4.1342

Arc 4 အခန်း (၁၃၄၂)

Vol. 122 Ch. 4.1342

ဒါက ဘယ်လိုသတ္တဝါကြီးလဲ။

ဤလူငယ်ကို ပထမဆုံးအကြိမ် တွေ့လိုက်ရသောအခါ လုရွှမ်စိတ်ထဲ အတွေးတစ်ခု ဝင်လာခဲ့သည်။ နောက်အခိုက်အတန့်မှာတော့ နတ်နဂါးနဲ့ လူသားပေါင်းစပ်မှုကနေ ဆင်းသက်လာတဲ့ ကြယ်တစ်သောင်းကမ္ဘာမှာ မြင်ဖူးတဲ့ နဂါးအဘိုးကြီးကို တွေးကြည့်မိသွားသည်။

ဒီနွားချိုနဲ့ လူကရော အတူတူပဲလား။

"လားဝူ... နင် ဘာလို့ ဖောက်ဝင်လာတာလဲ... ဒါ ငါတို့နယ်မြေပဲ ထွက်သွား!"

အဘွားအိုက ဒေါသအပြည့်နဲ့ အော်လိုက်သည်။ သူမရဲ့ အသံက ပြင်းထန်စွာ ဆူပူကြိမ်းမောင်းနေသော်လည်း လားဝူ ဟုခေါ်သော လူငယ်လေးအား အမှန်တကယ် ကြောက်လန့်နေပုံရကြောင်း အသံကနေတစ်ဆင့် ခန့်မှန်းကြည့်နိုင်၏။

နွားလူသား လားဝူက: "အဘွားကြီး... ခင်ဗျားရဲ့ ကိစ္စနဲ့ မသက်ဆိုင်တော့ရင် ဒါကို စိတ်မပူတာ အကောင်းဆုံးပါပဲ... မဟုတ်ရင် သခင်ကို အကြောင်းကြားပြီး ခင်ဗျားတို့တစ်ရွာလုံးကို အမဲလိုက်ဖို့ လွှတ်လိုက်မယ်...ဟေး... အဲဒါတွေက တကယ်ကောင်းတဲ့ ဓားတွေပဲဟ..."

လားဝူက ပြောသည့်အတိုင်း လက်ဖဝါးကို လုရွှမ်ဘက်သို့ ဆန့်တန်းလာသည်။ သူ့မှာ ပင်ကိုယ် အသိစိတ်တစ်ချို့တော့ ရှိနေသေးသည်။ သူဟာ မျှော်စင်နယ်ပယ် အဆင့်၁ လောက်သာ သန်မာပြီး ချောင်ယန်နဲ့ တခြားသူတွေက မျှော်စင်နယ်ပယ် အဆင့်၅ အဆိုးဆုံး ဖြစ်တာကြောင့် ဘယ်သူမှ အနားမကပ်ရဲကြပါဘူး။

လုရွှမ်လည်း ဒီလူက ဘာလဲဆိုတာ နားလည်သွားပြီ။ သူက တစ်ယောက်ယောက်ကို အနိုင်ကျင့်ချင်နေတာပဲ။

အဆိုးဆုံးမှာ ၎င်းသည် သားရဲနှင့် လူသား ပေါင်းစပ်၍ ဆင်းသက်လာသူဟု ဆိုနိုင်သည်။ စက်ဆုပ်ဖွယ် အကောင်းဆုံးအရာမှာ သူသည် လူသားမျိုးနွယ်ကို အမှန်တကယ် ရှက်ရွံ့စေခဲ့ကာ သားရဲများကို ကယ်တင်ရှင်အဖြစ် သတ်မှတ်ထားသည်။ တခြားသူများကို အနိုင်ကျင့်ရန် သူ့အာဏာကို တိုက်ရိုက် သုံးနေ၏။

အာဏာကြောင့်သာ သာမာန် ကျင့်ကြံမှုအဆင့်နဲ့ အပြေးအလွှား ဝင်လာပြီး နတ်ခြေလှမ်းနယ်ပယ် တက်သွားသော အကြီးအကဲသုံး​ယောက် ရှေ့တွင် မောက်မာပြနေသည်။

လုရွှမ်လက်ထဲက ချင်ထျန်းဓားကို ယူသွားချင်နေတယ်ပေါ့။

လုရွှမ်ကလည်း ရယ်မောကာ လက်ဖဝါးကို လှည့်၍ လားဝူခေါင်းပေါ်ရှိ ဦးချိုများကို ဆုပ်ကိုင်လိုက်သည်။

"ဒီဟာကြီးက မျက်စိနောက်တယ်.... ငါ မကြိုက်ဘူး"

လားဝူ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ နတ်မီးနယ်ပယ် အဆင့်၉ ဤလူသားက ဒီလောက် အစွမ်းထက်ပြီး သူ့ရဲ့ တိုက်ခိုက်မှုကိုပင် ရှောင်တိမ်းနိုင်မည်ဟု မမျှော်လင့်ထားချေ။ ဒါပေမဲ့ လုရွှမ်က သူ့ဦးချိုတွေကို တကယ် ချိုးချင်နေတာတွေ့တော့ သူက ပြုံးပြီး ပြောလိုက်သည်။

"လူသားလေး.... မင်းဦးလေးနွားက မလှုပ်နိုင်တော့ဘူး... မင်းကို ချိုးခွင့်ပေးလိုက်မယ်.... မင်းချိုးနိုင်ရင် မင်းကိုငါ အဘိုးလို့ခေါ်မယ်"

ထိုစကားဆုံးသော် ပေါက်ကွဲသံနှင့်အတူ လားဝူ အော်ဟစ်ကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျသွားတော့သည်။ သူ့ခမျာ ဦးခေါင်းက ပြင်းထန်စွာ နာကျင်မှုကိုသာ ခံစားနေရပြီး သူ့မျက်နှာတစ်ခုလုံးနီးပါး သွေးတွေ စီးကျလာ၏။

လုရွှမ်လက်ထဲက ဦးချိုကို သူမြင်လိုက်ရသည်။ ၎င်းသည် သူ့လက္ခဏာ၏ သင်္ကေတတစ်ခု ဖြစ်သော်လည်း ယခုတော့ မရှိတော့ပြီ။

"မင်း.... အား!"

လားဝူ ရုတ်တရက် သတိပြန်ဝင်လာပြီး နဖူးမှ ပြင်းထန်တဲ့ နာကျင်မှုကြောင့်ရော ဒေါသ​ကြောင့်ပါ ကျယ်လောင်စွာ ဟောက်လိုက်လေသည်။

"မင်းငါ့ကို အဘိုးလို့ခေါ်မယ်ပေါ့?? အဟမ်း ငါ့မှာ မင်းလို အရှက်မဲ့တဲ့ မြေးမျိုး မရှိဘူး"

လုရွှမ်သည် လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွား၏။ နွားလူသား လားဝူရဲ့ လက်ဖဝါးထဲကို သူ့ဦးချိုရဲ့ ကျိုးနေတဲ့ အစိတ်အပိုင်းကို အပြင်းအထန် ထိုးစိုက်ပေးလိုက်သည်။

"အား......"

နွားလူသားလည်း ထပ်ကာထပ်ကာ အော်ဟစ်ပြီး မြေပြင်ပေါ် လှိမ့်သွားသည်။

"မိတ်ဆွေလေး....ဟူး...ဒုက္ခတော့ ရောက်ပါပြီ!"

အဘိုးကြီးတစ်​​ယောက်​က ​ငြီးငြူလိုက်သည်။ အဘွားအိုသည် မျိုးနွယ်စုတစ်ခုလုံး၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရပြီး သူမက အသက်အကြီးဆုံးနှင့် သန်မာသူလည်း ဖြစ်သည်။

အဘိုးအိုနှစ်ဦးသည် သူမ၏ လက်ထောက်များဖြစ်ပြီး မျိုးနွယ်စုကို အမှန်တကယ် စီမံခန့်ခွဲသူများ ဖြစ်ကာ သူတို့ သင်ကြားသည့် ကျင့်စဥ်များကလည်း သူမထံမှ သင်ယူခဲ့တာ ဖြစ်၏။

သူတို့သုံးယောက်ဟာ တစ်ရွာလုံးအတွက် အားလုံးကို စတေးနိုင်တယ်လို့လည်း ဆိုနိုင်ပါသည်။

"အကြီးအကဲ စိတ်ပူစရာ မလိုပါဘူး... အမြတ်အစွန်းတွေ ဆုံးရှုံးရမှာကို စိုးရိမ်ပြီး ဒီလို လူဆိုးတွေက ခင်ဗျားတို့ကို အနိုင်ကျင့်နေတာ... ခင်ဗျားတို့တွေ သားရဲတွေအပေါ် လွှမ်းမိုးဖို့ သတ္တိရှိစေမယ့် အရာတွေ ယူလာမှာကိုလည်း ကြောက်နေတာ"

လုရွှမ်အသံက အနည်းငယ် ​ဒေါသ​ထွက်နေကြောင်း သိသာသည်။ လားဝူကိုလည်း ဟုတ်သလို ဒီလူသုံးယောက်အပေါ် ဒေါသတွေ ထွက်နေခဲ့တာလည်း ဟုတ်ပေ၏။

လူသုံးယောက်၏ အစမှတ်သည် ကောင်းမွန်ပြီး လူသားမျိုးနွယ်၏ သက်တမ်းကို ရှည်ကြာစေရန် မျှော်လင့်သော်လည်း နေရာများစွာတွင် အပေးအယူ လုပ်ရမှာ ဖြစ်သည်။ အပြင်က လူငယ်တွေ ကြီးပြင်းလာသောအခါ လူသားမျိုးနွယ် အတွက် ကျောရိုး ရှိလာပေလိမ့်မည်။

သို့သော် ဘာပဲဖြစ်နေပါစေ လူသားတွေက လက်အောက်ခံ သို့မဟုတ် ယုတ်မာမှုကို ခံရသူတွေသာ ဖြစ်လာပေလိမ့်မည်။ ဒါ့အပြင် အနာဂတ် လက်တွေ့တွင် အောင်မြင်မှုများ ရရှိသောအခါတွင် အခုလို စိတ်ထားမျိုး ရှိနေတာက ရှေ့ဆက်သွားဖို့ အလွန်ခက်ခဲ​စေလိမ့်မည်။

အပြင်က ကလေးတွေကို ကြည့်ရုံနဲ့ သူတို့အားလုံး အလုပ်ကြိုးစားပုံရတာကို တွေ့ရမှာပါပဲ။ သို့သော် လုရွှမ် သူတို့မျက်လုံးများထဲမှ ကြောက်ရွံ့မှု၊ မုန်းတီးမှု၊ အားနည်းမှုနှင့် အပျက်သဘောဆောင်သည့် ခံစားချက်များစွာကို မြင်တွေ့​နေရသည်။

ဒီလူငယ်တွေ အတွက်တော့ သူတို့ရဲ့ ခွန်အားဟာ သာမန်ကမ္ဘာလေးမှာ အချိန် ဖြုန်းတီးနေရသလိုပါပဲ။

ဤလူသုံးယောက်က ကလေးများကို အကောင်းဆုံး ပေးနိုင်အောင် သင်ကြားပေးခဲ့ကြောင်း လုရွှမ် သိသည်။ ထပ်ခါထပ်ခါ ရိတ်သိမ်းခံရတဲ့ သားကောင် ဖြစ်သွားရတာတော့ သနားစရာပါပဲ။

ဤက​လေးအုပ်စုက နောက်တစ်ကြိမ် အမဲလိုက်ခံရသော သားကောင်များ ဖြစ်လာမယ်ဆိုတာ စိတ်ကူး​ကြည့်နိုင်သည်။ ထို့နောက် သံသရာတစ်ခုက ပြန်လည်စတင်မည်။ အနာဂတ်မှာ မြောက်ဖက်ဒေသကြီး ဆိုတာ လူသားမျိုးနွယ် တစ်ခုလုံးအတွက် သေးငယ်သော တစ်နေရာသာ ရှိတော့မည် ဖြစ်ကြောင်း တွေးကြည့်နိုင်သည်။

"ကောင်လေး... မင်းသေပြီသာမှတ်! ငါ့သခင်ကို ပြောပြ...."

ဝုန်း!

ချောင်ယန်က ပိတ်ကန်ထည့်လိုက်သည်။

"မင်းက ဒီမှာ ဆူညံနေဖို့ မတန်ဘူး!"

အဘွားကြီးနှင့် အဘိုးကြီးနှစ်ယောက်၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ တစ်ဖက်က တုန်လှုပ်ခြောက်ခြားနေသလို တစ်ဖက်ကလည်း ဒေါသထွက်ကုန်ကြသည်။

"အိုး... မင်းတို့က ဒုက္ခရောက်အောင် လုပ်နေတာပဲ... ဒီလူယုတ်မာက စိတ်အနှောက်အယှက် ဖြစ်ပေမယ့် သူ့အဆင့်အတန်းက ထူးခြားတယ်"

အဘွားအိုက အော်ပြောပြီး အဘိုးအိုနှစ်ယောက်မှာလည်း အလွန်နောင်တရစွာ ခေါင်းယမ်းလိုက်သည်။ လူများစွာရဲ့ မျက်လုံးတွေကို ကြည့်လိုက်တော့ သူတို့ရဲ့ မျက်လုံးတွေကလည်း ရှုပ်ထွေးကုန်သည်။

လုရွှမ်က ပေါ့ပေါ့ပါးပါး ရယ်မောရင်း "ကျွန်​တော်တို့ လုပ်ခဲ့တာဆိုတော့ ကျွန်​တော်တို့ဘက်က သဘာဝအတိုင်း ဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြမှာပါ... အားလုံးက လူသားတွေမို့ အချင်းချင်း သဘာဝအတိုင်း ကာကွယ်​ပေးဖို့ လိုတယ်မလား"

ချောင်ယန်နဲ့ တခြားသူတွေကလည်း ဒီကိစ္စကို ဘယ်တော့မှ လျစ်လျူရှုပြီး ထိုင်နေမှာမဟုတ်ဘူးလို့ ထပ်ခါတလဲလဲ ထွက်ပြောကြသည်။

သူတို့ မထွက်ခင်က ဒီအရပ်မှာ နေထိုင်တဲ့ လူသားမျိုးနွယ်ဟာ ဒီလောက် သနားစရာကောင်းတဲ့ ဘဝတစ်ခုကို ဦးဆောင်သွားရလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ကြဘူး။ ဤနည်းဖြင့်သာ သူတို့ခမျာ ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရသည်။

လုရွှမ်တို့ အားလုံးကလည်း လူသားမျိုးနွယ်ရဲ့ ပါရမီရှင်များ ဖြစ်ကြသည်။ အဆင့်အတန်းမြင့်သော ဂိုဏ်းမှာ ကျင့်ကြံခဲ့ကြသော်လည်း အောက်ခြေအဆင့် လူတွေရဲ့ ဝမ်းနည်းမှုကို နားမလည်ကြဘူးဟု မဆိုလိုပါ။

"နောက်ထပ် အမဲလိုက်ဖို့ ဘယ်နှစ်နှစ်လိုသေးလဲ"

"သုံးနှစ်?"

ချောင်ယန်: "သုံးနှစ်လောက်ဆို လုံလောက်ပြီ... ဒီသုံးနှစ်အတွင်း ကျွန်တော်တို့ ဒီမှာနေမယ်"

အကြီးအကဲ သုံးယောက် သဘောကျသွားသည်။ ဒါက သူတို့မျှော်လင့်ထားတဲ့အရာပဲ မဟုတ်လား။

"ဒီလားဝူကရော?"

"ဟမ့်... သူနဲ့အတူ ပါလာတဲ့ လူယုတ်မာ​တွေကိုပါ သတ်ပစ်!"

ချောင်ယန် ပြောပြီးတာနဲ့ ကျန်အဖွဲ့သားများဟာ အပြင်မှာ အံ့အားသင့်နေကြဆဲ လူတစ်ဝက်နဲ့ သားရဲတစ်ဝက်များဆီ ပြေးထွက်သွားကြသည်။ ၎င်းတို့ ဘယ်လောက်ပဲ ခံနိုင်ရည်ရှိစေကာမူ ဟောက်ထျန်းတို့အဖွဲ့ အားလုံးဟာ ကြီးစိုးတဲ့ သားသတ်မားတွေ ဖြစ်ခဲ့ဖူးတာကြောင့် တိုက်ရိုက် သတ်ဖြတ်ပစ်ခဲ့သည်။

လုရွှမ် နဲ့ တခြားသူတွေရဲ့ လုပ်ရပ်က ကလေးတွေကို ထိတ်လန့်စေရာ ၎င်းတို့ကို တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် အဘွားအိုတို့ သုံးယောက်ကလည်း ပြေးထွက်လာခဲ့သည်။

ရှင်းလင်းပြီးနောက် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။

"သူတို့ကို ကောင်းကောင်းကြီး သတ်ပစ်လိုက်တာပဲ....ငါသူတို့ကို မကြိုက်တာကြာပြီ... သားရဲတွေနဲ့ ပေါင်းပြီး သူတို့ရဲ့ နောက်လိုက်တွေလို လုပ်နေကြတာ"

"သြော် ဒီလူတွေသေရင် နောက်ပိုင်း ပြဿနာရှာဖို့ လူထပ်လွှတ်ရင် ငါတို့ ဘာလုပ်ရမလဲ... သတ်ပစ်တာ ကောင်းတယ်လို့ ခံစားရပေမယ့် ငါတို့က ပြန်ခံရမယ့်သူတွေလေ..."

"မှန်တယ်... မင်းတို့က ဖင်ပုတ်ပြီး လှည့်ထွက်သွားရင် ငါတို့ ဘာလုပ်သင့်လဲ"

All Chapters