လုရွှမ်က တာဝန်ယူမယ်
Vol. 122 Ch. 4.1343
အတွေးမျိုးစုံဖြင့် ပြည့်နှက်နေသော အသံများ တုန်လှုပ်ချောက်ချားစွာ ပြောလာကြသည်။
တစ်ချို့လူတွေက ကြောက်ကြသလို တချို့ကလည်း မုန်းကြသည်။ တချို့က အရမ်းကျေနပ်စရာ ကောင်းတယ်လို့ ထင်ကြတာကြောင့် လက်ခုပ်ပါ ထတီးကြသေး၏။ တချို့လူတွေက သူတို့ကို နာကြည်းနေကြသည်။ တချို့ကတော့ သူတို့ရဲ့ ကိစ္စတွေကို လျစ်လျူရှုထားပေမယ့် ဒီအရာတွေကို မျက်စိစုံမှိတ် လက်လျှော့ထားကြလေသည်။
လုရွှမ်က ချောင်ယန်နဲ့ ရှင်ထျန်းကို စေ့စေ့ကြည့်လိုက်သည်။ စကားမပြောသော်လည်း သူတို့နှစ်ယောက်စလုံး သေခြင်းထက် ပိုဝမ်းနည်းစရာ မရှိကြောင်း ပြောနေသယောင်ရှိ၏။
သူတို့အမြင်အရ ယခုကိစ္စဟာ အလွန်ရိုးရှင်းသည်ဖြစ်စေ ရှုပ်ထွေးသည်ဖြစ်စေ ဒီလောကမှာ ကိုယ်ကျင့်တရားများ၊ စည်းကမ်းများနှင့် အယူဝါဒများက အဓိပ္ပာယ်မရှိပေ။ လုရွှမ်က ဘယ်လိုလူလဲဆိုရင် သူ့ရဲ့ အရင်တုန်းက စိတ်နဲ့သာဆိုရင် ဒီလူတွေကို သတ်ပစ်လောက်ပြီ။
"မင်းတို့ ပြောလို့ပြီးပြီလား?"
ချောင်ယန် အော်ဟစ်လိုက်သည်။ အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာခဲ့ကာ လူတိုင်းကဲ့ နားများဆီသို့ တဒုန်းဒုန်း တုန်ခါသွားစေရာ လူတိုင်း ထိတ်လန့်ကာ ပါးစပ်များကို တစ်ပေါက်ပြီးတစ်ပေါက် ပိတ်လိုက်ကြသည်။
"အခုနတုန်းက အမြင်အပေါ် အပေးအယူလုပ်ဖို့ ဆန္ဒရှိတဲ့သူတွေက တစ်ဖက်မှာ မတ်တပ်ရပ်သင့်တယ်... မဟုတ်ရင် အဲလူတွေကို ငါသတ်ပစ်မိလိမ့်မယ်"
ရှင်ထျန်းကလည်း ထောက်ခံကြောင်း တိုးတိုးလေး အသံပြုလိုက်သည်။ သူ့ဆီက ပြေးထွက်သွားသော ဓားစွမ်းအင်က ကျယ်လောင်လာပြီး အဝေးက တောင်ကုန်းတစ်ခု ဝုန်းကနဲ ပေါက်ကွဲသံကြီးဖြင့် အပိုင်းပိုင်း ကွဲသွားသည်။
လိန်မင်: "မထွက်လာဘူးပေါ့ ဟုတ်လား? ငါလူသတ်မယ်"
အဘွားအိုက သူ့ကို ဖျောင်းဖျဖို့ ခြေလှမ်းပြင်လိုက်သည်။ ဒီလို ဆုံးဖြတ်ချက် ချဖို့က ကလေးတိုင်းအတွက် မလွယ်ပါဘူး။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး လူသတ်တဲ့ အရိပ်အယောင်က ထုတ်လွှတ်ထားလျက် ရှိကာ ဒါဟာ လူတွေကို သတ်ဖို့ တကယ်ပဲ ကြိုးစားနေတာလား စဥ်းစားစရာပင်။
"အဘွား... သူတို့အားလုံးက လူဆိုးတွေပဲ... အားလုံးက အဲဒီနတ်ဆိုးတွေကနေ အသွင်ပြောင်းသွားကြတာ ဖြစ်နိုင်တယ်"
ဓားမီးတစ်ဖျပ်ဖျပ် တောက်သွားပြီး ထိုစကားကို အော်ပြောသူရဲ့ ဦးခေါင်းသည် နေရာအနှံ့ သွေးများ ခပ်ကျဲကျဲနှင့် အတူ မျက်လုံးပွင့်ကာ သေဆုံးသွားခဲ့လေသည်။
ချောင်ယန်၊ ရှင်ထျန်းပင်လျှင် လန့်ဖြတ်သွားရာ လူတိုင်းလည်း ထိတ်လန့်တုန်လှုပ်သွားပြီး အဘွားကြီးကလည်း လုရွှမ်ကို လှမ်းကြည့်လိုက်သည်။ တခြားကလေးငယ်များသည် အော်ဟစ်ကာ ၎င်းတို့၏လက်နက်များကို ဆွဲထုတ်ကာ လုရွှမ်တို့အဖွဲ့ကို ချိန်ရွယ်ထားခဲ့သည်။
လုရွှမ်က လက်သုံးချောင်းကို မြှောက်လိုက်ပြီး။
"အခုကစပြီး သုံးနှစ်... အခုကစပြီး သုံးနှစ် မင်း အမဲလိုက်မြေကို သွားပြီး ဘီလူးတွေနဲ့ သားရဲတွေရဲ့ သားကောင် ဖြစ်လိမ့်မယ်... မင်းတို့ ကိုယ့်ကိုကိုယ် အရမ်းသန်မာတယ်လို့ ထင်နေတာလား... ဒီကောင်လေး မျှော်စင်နယ်ပယ် အဆင့်၅... ငါ့ရဲ့ ချင်ထျန်းဓားကိုတောင် သတိမထားမိဘူး"
"သူဘာတွေ အော်နေတာလဲ ငါတို့က နတ်ဆိုးတွေကနေ လူအသွင် ပြောင်းလာတာတဲ့.... သူပြောတာ မှားတယ်... ငါတို့က နတ်ဆိုးတွေရဲ့ လူတွေမဟုတ်ဘူး... ငါတို့က နတ်ဆိုးတွေအတိုင်း သန်မာသင့်တဲ့ လူတွေပဲ... မင်းတို့ရဲ့လက်နက်တွေကို ငါတို့ကို မထိနိုင်ဘူး ငါတို့အမြင်အရတော့ ဒါက တကယ်ပဲ ပြောဖို့မထိုက်တန်သလို တကယ့်တန်ဖိုးလည်း မရှိဘူး”
"ငါ သူ့ကိုသတ်လိုက်တာ မင်းတို့ကြောက်လား... ကြောက်ဖို့ကောင်းတယ် နောက်သုံးနှစ်လောက် ကြာလို့ အမဲလိုက်ပွဲရောက်ရင် နတ်ဆိုးသားရဲတွေလက်က လွတ်အောင် ဘာလုပ်မှာလဲ ဘယ်သူက ခုခံရဲမှာလဲ ဘယ်သူက ခုခံမှာလဲ၊ မင်းစဉ်းစားကြည့်စမ်း... မင်းတို့မိဘတွေ ဘယ်လို သေသွားကြတာလဲ"
"မင်းတို့ သုံးနှစ်ပြီးရင် ကလေးထပ်မွေးဖို့ ကြိုးစားပြီး လူသားမျိုးနွယ်ကို အမဲလိုက်သားကောင် အမွေကို ဆက်ခံဖို့ လုပ်ကြမှာလား... ဘယ်သူက မင်းတို့ရဲ့ သားသမီးတွေကို ပြန်ကြည့်ချင်မှာလဲ မင်းတို့ရဲ့ အနာဂတ် ကြီးထွားမှုကို မြင်ချင်လား... အဲ့သားသမီးတွေကို ရှုပ်ယှက်ခတ်နေတဲ့ ဘဝထဲမှာ ဆက်နေခိုင်းမယ့်အစား ပတ်ဝန်းကျင်ကောင်း တစ်ခုမှာ မထားချင်ဘူးလား? နောက်ထပ် အနှစ်ခြောက်ဆယ်ကြာလို့ သူတို့လည်း ကလေးမွေးပြီးရင် သေသွားရဦးမှာပဲမလား"
"ဒါက မင်းတို့လိုချင်တာလား... ဘယ်သူလိုချင်လဲ... လိုချင်တဲ့လူ လက်ကို မြှောက်လိုက်!"
လုရွှမ်က အော်ပြီး လူတိုင်းကို စိုက်ကြည့်လိုက်သည်။ ချောင်ယန်နဲ့ ရှင်ထျန်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးနေကြသည်။ သူတို့လည်း လုရွှမ်ရဲ့ ဒေါသကို ခံစားမိတာကြောင့် ဘေးနားတွင် ဝင်ရပ်လိုက်သည်။
ဘယ်သူကမှ စကားမပြောပေမယ့် လုရွှမ်ရဲ့မျက်လုံးထဲမှ အမုန်းတရားများ နည်းနည်း လျော့သွားတာကို မြင်နေရသည်။ အောက်ဖက်ရှိ တချို့ကလေးများ၏ မျက်လုံးများသည်ပင် စိတ်အားထက်သန်မှုနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေပါသည်။
"သုံးနှစ်အတွင်း သေချာပေါက် သေရလိမ့်မယ်... မင်းတို့ အခု ကြိုးကြိုးစားစား လေ့ကျင့်သင့်လား... ဒါမှမဟုတ် လွတ်လွတ်လပ်လပ်နဲ့ ကလေးမွေးဖို့ ပြင်ဆင်သင့်လား ဒါက မင်းတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ် မူတည်တယ် ဒါပေမဲ့ မင်းတို့က တိုက်ခိုက်ဖို့ ရွေးချယ်ရင် ငါတို့က မင်းတို့ကို အများကြီး သင်ပေးပြီး ခွန်အားကို မြှင့်တင်ပေးမယ်”
"သုံးနှစ်ကြာရင် မင်းတို့ သေလိမ့်မယ် ဒါပေမဲ့ အနည်းဆုံးတော့ စစ်မြေပြင်မှာ သေဆုံးသွားပြီး သားကောင် မဖြစ်တော့ဘူး... နတ်ဆိုးသားရဲတွေဆီက သတ်ဖြတ် စားသောက်ခံရမယ့်အစား ရန်သူကို သတ်ခဲ့တဲ့ သူရဲကောင်းပဲ ဖြစ်နေမှာ"
လုရွှမ် လူတိုင်းကို ကြည့်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ ၎င်းက သူ့ကိုယ်တိုင် သန့်စင်ထားသော နတ်လက်နက်များဖြစ်ကာ အဆင့်မမြင့်ပေ။ အရေအတွက်အားဖြင့်တော့ အောင်ပွဲခံနိုင်လောက်သည်။
"ဒီလက်နက်တွေကို ငါ သန့်စင်ပေးနိုင်တယ်... နယ်ပယ်တွေ ဖြတ်ကျော်နိုင်တယ် လူတိုင်းက တကယ့်တိုက်ပွဲကို ဆင်နွှဲနိုင်တယ် ဒါပေမဲ့ ငါတို့က တိုက်ရဲတဲ့ လူသားစစ်သည်တွေ လိုတယ်... မင်းတို့ကိုယ်မင်းတို့ မေးကြည့်... လုပ်နိုင်လား"
"ငါ မင်းတို့ကို နာရီဝက် အချိန်ပေးမယ်... အခု လူတိုင်း အိမ်ပြန်သင့်ပြီ... သေသေချာချာ စဉ်းစားကြည့်... ငါ ဒီမှာ နာရီဝက်လောက် ရပ်နေမယ် မလုပ်ဘူးဆိုရင် ထွက်မလာနဲ့... ငါတို့ အဲဒီလိုသတ္တိနည်းတဲ့ လူမျိုး မလိုဘူး"
လုရွှမ် စကားပြီးသောအခါတွင် သူသည် နတ်လက်နက်အားလုံးကို လက်ဖဝါးတစ်ဖက်ဖြင့် ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် သက်ကယ်အိမ်ရှေ့သို့ ဝင်သွားလေသည်။ ချောင်ယန်တို့လည်း တစ်ယောက်ကိုတစ်ယောက် ပြုံးပြပြီး ဝင်ရောက်လာခဲ့သည်။
အဘိုးကြီးတို့ သုံးယောက်မှာ သူတို့မျက်နှာပေါ်၌ ဝမ်းနည်းတဲ့ အမူအရာလေးတွေနဲ့ ကလေးတွေကို ကြည့်ပြီး ပြောလိုက်သည်။
"အားလုံးပြန်ပြီး ဆုံးဖြတ်ချက် ချကြရအောင်..."
လုရွှမ် ပြောတာက မှန်ကန်သည်။ အခန်းထဲမှာ အားလုံးက လုရွှမ်အနားမှာ ဝိုင်းဖွဲ့လိုက်ကြသည်။
ချောင်ယန်: "လုရွှမ် မင်းဒီမှာနေဖို့ ဆုံးဖြတ်ပြီးပြီလား?"
လုရွှမ်က ခေါင်းညိတ်သည်။
"စိတ်မကောင်းပါဘူး အစ်ကိုချောင် ကျွန်တော် ဘောင်တွေကို ကျော်ဖို့ မရည်ရွယ်ပါဘူး နည်းနည်း အလိုမကျ ဖြစ်မိရုံပါ "
ချောင်ယန်က ရယ်မောပြီး လုရွှမ်ပုခုံးကို ပုတ်လိုက်သည်။
"မင်းဘာမှ အမှားမလုပ်ခဲ့ပါဘူး ဆန့်ကျင်ဘက်အနေနဲ့ မင်းအများကြီး လုပ်ခဲ့တယ်လို့ ငါထင်တယ်... ရှင်ထျန်းနဲ့ ငါက အဲ့ကလေးရဲ့ ဦးခေါင်းကို ဓားနဲ့ခုတ်ဖို့ သတ္တိမရှိဘူး... ဒါပေမဲ့ မင်းကတော့ ဆုံးဖြတ်ချက်တစ်ခုကို အမြန် ချလိုက်တယ်..."
"ညီအစ်ကို မောင်နှမတို့... လူတွေဆိုတာ တစ်ခုခုကတော့ လုပ်တတ်ကြတယ်... ဒီလိုမျိုးက ဒေါသကြီးပြီး နာကြည်းစရာ ကောင်းတဲ့ ကိစ္စမျိုးကို ကြုံလာရကတည်းက လွှတ်ထားလို့ မရတော့ဘူးမလား...အနာဂတ်မှာ ငါတို့က သူတော်စင်တွေ ဘိုးဘေးတွေ ဖြစ်လာရင်တောင် ဒီကိစ္စကို ပြန်ကြည့်မိရင် နောင်တရမှာ သေချာတယ်... အဲဒီလိုမလုပ်ရင် ဘာဖြစ်သွားမလဲ"
"လုရွှမ် ငါတို့ မင်းကို ထောက်ခံတယ်... မင်းပြောတာ မှန်တယ် လူတွေမှာ လုပ်စရာတွေ ရှိသလို မလုပ်သင့်တာတွေလည်း ရှိတယ် ငါတို့ မလုပ်ရင် ဘယ်သူက လုပ်မှာလဲ"
အပြင်က လူတစ်စုက ဆွေးနွေးနေကြပြီး နာရီဝက်ကျော်ကြာမှာတော့ လူ၁၇ ယောက် သက်ကဲအိမ်ထဲမှ ထွက်လာခဲ့ကြသည်။ ထိုစဥ် တံခါးအပြင်ဘက်မှာတော့ အနက်ရောင် အရိပ်တစ်ခု ရှိနေ၏။
"ငါတို့ အဲဒီနတ်ဆိုးသားရဲတွေ အနိုင်ကျင့်တာကို မလိုချင်ဘူး... ငါတို့သေရင်တောင် အသေခံပြီး တိုက်ပွဲဝင်မယ်!"
ဆယ့်သုံးအမည်ရှိတဲ့ လူငယ်ဟာ ဒီအချိန်မှာ အရင်ဦးဆုံး အသံကျယ်ကျယ်နဲ့ ဟစ်အော်လိုက်လေသည်။ လုရွှမ်ဓားကို တွေ့မြင်ပြီးနောက် ဆယ့်သုံးဟူသည့် ရှစ်စန်းသည် နတ်မီးနယ်ပယ် အဆင့်၉ လူတစ်ယောက်နဲ့ အမှန်တကယ် မယှဉ်နိုင်သည်ကို တွေ့ရှိခဲ့ရသည်။
သူ့နှလုံးသားထဲမှာ ကွာဟချက် တစ်ခုရှိနေ၏။ ပြင်ပက လူတွေကတောင် ဒီလို ကျင့်ကြံနေတယ်ဆိုရင် အဲဒီနတ်ဆိုးသားရဲတွေရဲ့ ကျင့်ကြံမှု အဆင့်ကရော ဘယ်လောက်တောင် မြင်တော့မလဲ။ သူတို့ဟာ သားကောင်အဖြစ် ပတ်ပြေးနေရုံကလွဲလို့ တခြား ဘာလုပ်နိုင်ဦးမှာလဲ။
ခွန်အားကို မြှင့်တင်ချင်ရင် စိတ်မာမှရမည်။ အဘွားကြီးနဲ့ တခြားသူတွေက ဘယ်အဆင့်ကို ရောက်နေတယ်ဆိုတာ လူတိုင်း သိပါသည်။ သူတို့သည် နတ်ခြေလှမ်းနယ်ပယ်ရဲ့ တံခါးပေါက်သို့ ဝင်ရောက်ထားသော်လည်း နောက်ဆက်တွဲ အတွက်က သူတို့ကိုယ်သူတို့သာ လုံးဝ လိုအပ်သည်။
ဒါပေမဲ့ အရည်အချင်းမရှိရင် ဘယ်လိုလုပ်မလဲ။ လက်နက်ကောင်းတွေ မရှိရင်ရော ဘယ်လိုလုပ်မလဲ။
အပြင်ကလာတဲ့ လူတွေမှာ အဲ့နှစ်မျိုးလုံး ရှိနေသည်။