← Chapters

တိုးတက်ပြောင်းလဲမှု

Vol. 122 Ch. 4.1344

တိုးတက်ပြောင်းလဲမှု

Vol. 122 Ch. 4.1344

ဒါက ရှစ်စန်း အနေနဲ့ သူလက်လွတ်မခံချင်တဲ့ အခွင့်အရေးပါပဲ။ သူသည် ထိုမုဆိုးနယ်မြေ၌ မချင်သေဘဲ မိမိကိုယ်ကို တိုးတက်လိုသည်။

ထွက်မလာသေးသော လူအချို့ရှိပါသေးသော်လည်း လုရွှမ် ထိုလူများကို ဂရုမစိုက်ကြပေ။ ဘဝမှာ လောဘကြီးပြီး သေရမှာကို ကြောက်တဲ့သူတွေ အမြဲရှိတယ် မဟုတ်လား။

ဆန်က တစ်မျိုးတည်း ရှိသော်လည်း လူတိုင်း၏ သဘောသဘာဝကို ဆန်လို တစ်မျိုးတည်းဖြစ်အောင် မပြောင်းလဲနိုင်ပေ။

လုရွှမ် ချောင်ယန်ဘက်သို့ တစ်ချက် ကြည့်လိုက်သည်။ ထိုလူများကို ထိန်းချုပ်ရန် လိုအပ်ကြောင်း သိလိုက်သည်။ အနာဂတ်မှာ နိုးထနိုင်တဲ့ လူတွေရှိရင် သူတို့မှာ တခြား အတွေးတွေမရှိတာက အကောင်းဆုံးပင်။ ရှိရင်တော့ သူတို့ကို သတ်ပစ်လိုက်ရုံပါပဲ။

"ကောင်းပြီ... အခု အားလုံးရောက်နေကြပြီပဲ... စပြီး လေ့ကျင့်ကြရအောင် ငါတို့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ပြီး အဲဒီသားရဲတွေကို စတင် တိုက်ခိုက်ကြရအောင်။"

လုရွှမ်ရဲ့ အရည်အချင်းတွေကို ထိုလူငယ်များအား သင်ပေးချင်ပေမယ့် ကျင့်စဥ်ကတော့ တခြားသူတွေကို သင်ပေးလို့ မရပေ။

ယခု သူတို့အားလုံး ဤနေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သော်လည်း ဂိုဏ်းက ပြင်ပလူများအား ကျင့်စဥ် သင်ကြားပေးနိုင်မှုကို ကန့်သတ်ထားသော်လည်း မတူညီသော ပတ်ဝန်းကျင်များသည် ကွဲပြားခြားနားသော စည်းမျဉ်းများနှင့် သဘာဝအတိုင်း ကိုက်ညီနေပါသည်။

လူဆယ့်ခြောက်ယောက်က အဲဒီလူတွေကို အတတ်ပညာတွေ သင်ပေးပြီး လုရွှမ်က လက်နက်သန့်စင်ဖို့ တာဝန်ယူသည်။ လက်နက်ကောင်းကောင်း မပါပဲ ထုံးစံအတိုင်း ကောင်းကောင်းတိုးတက်လာဖို့​က မဖြစ်နိုင်ဘူးလေ။ ပတ်ဝန်းကျင်က ပစ္စည်းတွေ အလွန်ပေါများပြီး ရွာမှာတောင် တော်တော်များများကို စုဆောင်းပြီးပြီ။

ဤအရာများက အနှစ်ခြောက်ဆယ် တစ်ကြိမ် အမဲလိုက်စဉ်အတွင်း မိစ္ဆာသားရဲများနှင့် နတ်သားရဲများအတွက် ဂုဏ်ပြုရမည့် အရာများသာ ဖြစ်သည်။ အခုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ခုခံဖို့ ဆုံးဖြတ်ထားပြီးသားမို့ အခွင့်ကောင်းယူလိုက်ရုံပါပဲ။

အဘွားကြီးလည်း လုရွှမ်ကို တစ်ဖက်တစ်လမ်းက ကူညီပေးရင်း စောင့်ကြည့်ဖို့ ရောက်လာသည်။ ရလဒ်ကတော့ သူမကို ထိတ်လန့်သွားစေတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါ၏။ လုရွှမ်ရဲ့ လက်နက်သန့်စင်မှု စွမ်းရည်က သူမထက် သာလွန်​နေ​ပေသည်။

လုရွှမ်ဟာ သုံးနှစ်အတွင်းမှာ သူ့ဆီက ဘာမှ သင်ယူခွင့် မရ​စေခဲ့ဘဲ သူ့ကိုယ်ပိုင်ခွန်အားကို တိုးတက်အောင်လုပ်ဖို့ပဲ အလေးအနက်ထား လုပ်ခဲ့သည်။

နောက်ဆုံးတော့ လူတိုင်းကို စိတ်ပူစေတဲ့ လားဝူကို ဘယ်သူမှ လာရှာမခဲ့ပါဘူး။ အဆိုပါဖြစ်စဉ်တွင် လုရွှမ်နှင့် အခြားသူများက သတင်းပေးပို့ရန် ထွက်ပြေးလိုသော ယောက်ျားလေးများစွာကိုလည်း တိုက်ရိုက် သတ်ဖြတ်ခဲ့သည်။

ယခုအချိန်တွင် မည်သူကမျှ ၎င်းတို့အား ရန်လိုခြင်း မရှိသော်လည်း ထွက်ပြေး လွတ်မြောက်သွားသူများ အတွက်မူ ထိုလူငယ်များကို သတ်သင့်သည်ဟု အားလုံးက ထင်မြင်ခဲ့ကြသည်။

တစ်နှစ်ကြာတော့ လုရွှမ် လူအားလုံးအတွက် ဓားများကို ကျွမ်းကျင်စွာ သန့်စင်ပေးခဲ့သည်။ ဓားရှည်များကို အချိန်အတော်ကြာ ထိုင်သန့်စင်နေတာက လက်နက် သန့်စင်ခြင်းနဲ့ သက်ဆိုင်သည့် နက်နဲသော နားလည်မှုကိုလည်း ရရှိစေသည်။

အစပိုင်းတွင် နတ်လက်နက်များကို တတိယအဆင့်နှင့် စတုတ္ထအဆင့် အထိသာ သန့်စင်နိုင်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ဆဋ္ဌမအဆင့်အထိ တိုးတက်လာသည်။ နောက်ဆုံးတော့ အဆင့်၈ နတ်လက်နက်သုံးလတ်ကိုပင် သန့်စင်ခဲ့၏။

အကုန်လုံးကို ချောင်ယန်တို့ အဖွဲ့ကပဲ သိမ်းဆည်းသွားခဲ့သည်။

လုရွှမ် အခင်းအကျင်း ဖွဲ့စည်းပုံများကို နားလည်မှုကလည်း အများကြီး တိုးတက်လာခဲ့သည်။ ဤကာလအတွင်း ဝိညာဥ်စွမ်းအင် တချို့ကို စုစည်းရန် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့သော်လည်း နယ်ပယ် တိုးတက်စေရန် မကြိုးစားခဲ့ပေ။

လုရွှမ်သည် ယခုအခါ အင်အား အနည်းငယ်မျှသာ ရှိသေးပြီး ဝိညာဥ်စွမ်းအင် စုစည်းရန် အချိန်အနည်းငယ် ယူရဦးမည်။ ပြီးခဲ့သော နှစ်တွင် လက်နက်များ၊ လေ့ကျင့်ခန်းများနှင့် တိုက်ခိုက်ရေး စွမ်းရည်များနှင့်အတူ တစ်ရွာလုံး၏ အငွေ့အသက်များက ပြောင်းလဲလာကာ လူတိုင်း၏ နယ်ပယ်တွေကလည်း ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။

ရှင်ထျန်ူတို့ရဲ့ အထူးတောင်းဆိုမှု အောက်မှာ သူတို့ရဲ့နယ်ပယ်ကို ဖိနှိပ်ပြီး တကယ်တိုးတက်အောင် လုပ်တဲ့သူတွေတောင် ရှိလာ၏။ ချန်ရှီးနဲ့ ယှဉ်ပြိုင်ပြီးနောက် ၎င်းတို့ရဲ့ ခွန်အားဟာ သူတို့ထက် မနိမ့်ကျတော့ပေ။

တစ်ညနေတော့ အားလုံး အိမ်တစ်အိမ်ရှေ့မှာ စုရုံးကြသည်။

"ဒီမှာ သင်ကြားတဲ့အပိုင်းက ပြီးလုနီးပါး ဖြစ်နေပြီ... အချိန်တန်ရင် နောက်တစ်နေရာကို ပြောင်းသင့်ပြီ"

မကြာသေးမီက ၎င်းတို့ အမဲလိုက်နေစဉ် အခြားလူသားအုပ်စုကို ရှာတွေ့ရှိခဲ့သည်။ ဒီဘက်နဲ့ယှဉ်ရင် တစ်ဖက်လူတွေက ပိုအားကောင်းလေ၏။

"အကုန်လုံးကို ပြောင်းရွှေ့မှာလား..."

"ကောင်းပြီ ဒီမှာ ၀ိညာဉ်စွမ်းအင်တွေ စုဆောင်းတာတွေက ပြည့်သွားပြီ... ဒီမှာ လေ့ကျင့်မှု တစ်နှစ်က အနောက်ဖက်ဒေသကြီးမှာ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်လောက် လေ့ကျင့်တာနဲ့ ညီမျှတယ်... ဒီအချိန်နဲ့ဆိုရင် ကြီးကျယ်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့လည်း လုံလောက်ပြီ"

"အခု ကျွန်တော်တို့ အလိုအပ်ဆုံးအရာက လူတွေပဲ... လူသားမျိုးနွယ်ထဲက လူတွေကို များများစုပြီး ဒီမှာ အမြစ်စွဲထားရမယ်... ဒါမှလည်း လူတွေ အကုန်လုံးက သူတို့ရဲ့ ခွန်အားကို တိုးတက်လာအောင် လုပ်နိုင်မှာ..."

“ဒါ့အပြင် အဘွားကြီးက တခြားမျိုးနွယ်စုရဲ့ အနီးမှာ သလင်းကျောက် တစ်တွင်းရှိတယ်လို့ ပြောဖူးတယ်”

ဒီစကားတစ်ခွန်းက လူတိုင်းကို စိတ်လှုပ်ရှားသွားစေသည်။ ပြီးခဲ့သော နှစ်အတွင်း သူတို့သည် ဤနေရာရှိ အရာအားလုံးနှင့် အလွန်ရင်းနှီးလာခဲ့သည်။

အနီးတစ်ဝိုက်မှာ လူသားမျိုးနွယ် နှစ်ခုရှိတာကြောင့် ဝေးကွာလှတဲ့ တစ်နေရာမှာလည်း တခြားလူသား မျိုးနွယ်တွေလည်း ရှိသင့်လောက်လေ၏။ ဒါပေမဲ့ အချိန်က တင်းကျပ်နေတာမို့ သွားရောက် လေ့လာဖို့က နည်းနည်း နောက်ကျသွားပြီ။

ဒေသခံတွေ ဤနေရာ၌ အခြေချနေထိုင်ရသည့် အကြောင်းရင်းမှာ မြင့်မြတ်သော သူတော်စင်တောင်ကဲ့သို့ပင် ဤအနီးအနားတွင်လည်း မှော်ဆန်သော တစ်စုံတစ်ရာ ပေါ်လာမည်ဟု ထင်မြင်ယူဆ နေကြသောကြောင့်ပဲ ဖြစ်သည်။

ဒါပေမဲ့ တခြားရွာမှာ သလင်းကျောက်တွင်း တစ်ခုရှိကာ ရွာနှစ်ရွာထဲက လူတွေတောင် အချင်းချင်း အကြံဥာဏ်တွေ ဖလှယ်ကြတဲ့ အဆက်အသွယ်လည်း ရှိကြလေသည်။

ဒီနေရာမှာ ကျင့်ကြံတာက အလွန်လျင်မြန်စွာ တိုးတက်လာကြောင်း လုရွှမ်တို့ တွေ့ရှိခဲ့သော်လည်း နေရာက အစွန်းရောက်လွန်းသည်။ အကောင်းဆုံး နည်းလမ်းမှာ သူတို့ရဲ့ ကျင့်ကြံမှုကို စုစည်းပြီး အုတ်မြစ်ကောင်းတစ်ခု ချရန်ဖြစ်သည်။

ဒါမှသာ အနာဂတ်မှာ ပို၍ပင် ကြီးစိုးသော တိုးတက်မှုများကို ရရှိနိုင်မှာပဲ ဖြစ်သည်။ ဒါပေါ့။ သလင်းကျောက်တွေ ရနိုင်ရင် ပိုကောင်းလာမှာ သေချာပါ၏။

“ဒါပေမဲ့ မိစ္ဆာသားရဲတွေဘက်က သိမ်းပိုက်ထားတာနဲ့ ဘာမှမခြားဘူး.... သလင်းကျောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးဆောင်လိုက်ရင် လူတချို့က အမဲလိုက်ကွင်းထဲ ဝင်ရမယ့် အခြေအနေကနေ ကင်းလွတ်ခွင့် ရနိုင်တယ်လို့ ပြောတယ်မလား..."

"ဒီလိုဆို​ရင် ဒီလူတွေရဲ့ အသက်ကို အဲ့ရွာကလူတွေက သလင်းကျောက်ပေါ် တင်ခွင့်ပေးနိုင်မှာလား"

လုရွှမ်: "သူတို့ရဲ့ ခွန်အားကို ကြည့်လိုက်ရအောင်.... သူတို့ အားကောင်းရင် ငါတို့ လုယူမယ် သူတို့ အားနည်းရင် ငါတို့ ကူညီမယ်... သူတို့က ကြီးမားတဲ့ သလင်းကျောက်တွင်းကို သိမ်းထားရင် အဲဒီမိစ္ဆာသားရဲတွေက လူတွေကို အဲ့နေရာမှာ နေခွင့်ပေးပါ့မလား....ဒါဆို မေးစရာရှိလာပြီ... အဲဒီသလင်းကျောက်တုံးတွေက ယူရတာ ခက်လိမ့်မယ်... အဲဒါကြောင့် လူသားမျိုးနွယ်ကို စခန်းချခိုင်းထားတာ..."

ထိုစကားက ကျိုးကြောင်း ဆီလျော်တာကြောင့် လူတိုင်းက အကြိမ်ကြိမ် ခေါင်းညိတ်ကြသည်။

"သူတို့အဖွဲ့ဘက်က လူတိုးလာလို့ရှိရင် သလင်းကျောက် အများကြီး အမြတ်ထွက်တယ်လို့ ဆိုလိုတယ်... ဒါပေမဲ့ သူတို့က မိစ္ဆာသားရဲတွေကို ကူညီနေတာ... သူတို့က မိုက်မိုက်မဲမဲနဲ့ သလင်းကျောက်တွေကို လှူတယ်... သူတို့အတွက် ငါတို့က စိတ်ပူရမှာလား"

လုရွှမ်တို့အုပ်စုဟာ အဘွားကြီးနှင့် အခြားသူများဆီက သဘောတူညီချက် တစ်ခုပြုပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ရန် ထက်ဝက်ကို ချန်ထားခဲ့သည်။ ထက်ဝက်ကတော့ ထွက်ခွာသွားကြသည်။

ဒီခရီးစဉ်မှာ သူတို့သွားရမယ့် မျိုးနွယ်စုနေရာက ပိုပြီးဝေးကွာပြီး အလွန်ဆိုးရွားတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့ နေရာပဲ ဖြစ်သည်။ ထိုနေရာ၌ အဆိပ်ရှိသော အငွေ့တစ်မျိုးပင် ရှိသော်လည်း အချိန်ကြာကြာနေထိုင်ပါက ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်ရှိသည်။

လူတစ်စုသည် တစ်လခွဲကြာ ပျံသန်းပြီးနောက် နောက်ဆုံးတွင် ထိုနေရာသို့ ရောက်ရှိခဲ့ကြသည်။ အဆိပ်ငွေ့တွေက အဝေးကနေတောင် မြင်နေရသဖြင့် စိတ်ပျက်ချင်လာသည်။ အသက်နည်းနည်း ရှူကြည့်ရင် ဘာမှ မခံစားရပေမယ့် အချိန်အတော်ကြာပြီးရင် ဘယ်လိုခံစားရမလဲဆိုတာ စိတ်ကူးကြည့်နိုင်ပါ၏။

သူတို့ရှေ့တွင် အလင်းတန်းတစ်ခု လင်းလက်တောက်ပလာပြီး ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်လာသောအခါ လူတိုင်းလည်း ရှေ့သို့ တိုးသွားခဲ့ကြသည်။ ထိုစဥ် ကြီးကျယ်ခမ်းနားသော ရောင်ဝါတစ်ခုဟာ ထိုလမ်းကြောင်းမှ လွင့်ပျံလာခဲ့​လေသည်။

ချောင်ယန်: "ဒါ မင်းလိုချင်တဲ့ ပစ္စည်းလား?"

လုရွှမ်သည် သူရပ်နေတဲ့ နေရာမှနေ၍ အဆုံးမရှိ အသက်စွမ်းအင် အပြည့်ရှိသော ပြင်းထန်သည့် ရောင်ဝါကို ခံစားမိသည်။ လူတိုင်း ခံစားရသည်။ အနံ့ခံလိုက်ရုံနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေ အားလုံး ရွှင်မြူးသွားသလိုတောင် ခံစားရ၏။

အဲဒါက ခရမ်းရောင် သလင်းကျောက်ပဲ ဖြစ်ရမယ်။

All Chapters