အလောင်းအစား
Vol. 122 Ch. 4.1346
လက်ဖဝါးနှစ်ဖက် ရိုက်လိုက်သည်နှင့် အလင်းရောင်တွေ ဖြာထွက်သွားသည်။ ဝုန်းကနဲ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက လေထုကိုပါ တုန်ခါသွားစေ၏။ ထို့နောက် နှစ်ယောက်သား နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်လိုက်ကြသည်။
ဤလက်ဖဝါး ရိုက်ချက်များကို ကြည့်လိုက်ရင် ၎င်းတို့နှစ်ဦးက သရေကျကြောင်း သိနိုင်သည်။
"မင်း?" အဘိုးကြီးခမျာ မယုံနိုင်ပေ။
တခြားလူတွေလည်း လုရွှမ်ကို အံ့သြစွာကြည့်ကာ လုရွှမ်အရည်အချင်းက ထူးကဲလှကြောင်း သဘာဝကျကျ သိလိုက်သည်။ အထူးသဖြင့် နိဗ္ဗာနဆေးလုံးကို ရရှိပြီးနောက် သူဟာ နတ်မီးနယ်ပယ် ကိုးအဆင့်အထိ ရောက်ရှိသွားခဲ့သည်။
ဒါပေမဲ့ သူ ဒီလောက်ထိ ရက်စက်ကြမ်းကြုတ်နိုင်လိမ့်မယ်လို့ ချောင်ယန်တို့ တစ်ယောက်မှ မမျှော်လင့်ထားပါဘူး။
ဤအဘိုးအိုသည် အမှန်ပင် နတ်ခြေလှမ်းနယ်ပယ်၌ ရှိသူပင်။ သူ့စွမ်းအားက အနည်းငယ် နိမ့်ကျနေသော်လည်း သူဟာ မသေမျိုးနယ်ပယ်မှာ ရှိနေသေးသည်။ သို့သော် လုရွှမ်က အမှန်တကယ်ပင် ထိုသူနှင့် အညီအမျှ ခုခံနိုင်စွမ်းရှိသည်။
ချောင်ယန်လည်း သူဆိုလည်း ဒါကို လုပ်နိုင်မယ်လို့ ခံစားမိပေမယ့် သူတို့ အချင်းချင်း မတိုက်ခိုက်မိတဲ့အတွက် တိကျတဲ့ အခြေအနေကို မသိခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် လုရွှမ်က အမှန်တကယ် ရဲရင့်ပြီး အမှန်တကယ် လုပ်ခဲ့သည်။
လုရွှမ်: "အဘိုးကြီး.... ငါ သက်ညှာပေးထားတာကို သတိထားမိသင့်တယ် မဟုတ်ရင် မင်းမှာ နောက်ပြန်ဆုတ်တာနဲ့တင် မရပ်လောက်တော့ဘူး"
ဘာ! လုရွှမ်က တကယ်ပဲ သက်ညှာပေးထားတာလား။
ချောင်ယန် လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေလိုက်သည်။ လုရွှမ် ဘယ်တုန်းက ဒီလောက် ရိုင်းစိုင်းလာတာလဲ။
လုရွှမ်လည်း ချောင်ယန်ရဲ့ ထိတ်လန့်မှုကို မြင်တာကြောင့် အသံစွမ်းအင် ပို့လိုက်သည်။
'အဲဒါက ကျွန်တော် မဟုတ်ဘူး...'
သူ ရွှေဦးချိုကြောင့် ဆိုတာကို ထုတ်မပြောခဲ့ချေ။ သူနဲ့ ရွှေချိုကြားက ဆက်ဆံရေးဟာ အရမ်းအရေးကြီးတယ် ဆိုတာကို လုရွှမ် သိတယ်။ သူ့ခွန်အားတွေကို ထုတ်ပြောဖို့ မစီစဉ်ရသေးပါဘူး။
ချောင်ယန်လည်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ခရမ်းရောင် သလင်းကျောက်ဟာ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ လုရွှမ်ကို ရက်စက် ကြမ်းကြုတ်တဲ့သူ ဖြစ်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဟိုကလူတွေက အဘိုးကြီးရဲ့ အဖြေကို စောင့်မျှော်နေကြရာမှ လုရွှမ်ဟာ သူတို့ရဲ့ဘိုးဘေးကို သက်ညှာပေးခဲ့တာ အမှန်ပဲလား ဆိုတာ စဥ်းစားလာရတော့သည်။
"မင်းက ဘယ်သူလဲ... မင်းတို့က စန်းယောင် မျိုးနွယ်ထဲက မဟုတ်ဘူးဆိုတာ ငါသိတယ်... သူတို့က ဒီလောက် မသန်မာဘူး မင်းတို့လို အရည်အချင်းလည်း မရှိဘူး"
ပြောပြီးနောက် သူ့မျက်လုံးတွေက ရုတ်တရက် တောက်ပလာပြီး တုန်လှုပ်စွာ အော်လိုက်၏။
"ဧကန္တ.... မင်းတို့က....."
ချောင်ယန် အနည်းငယ် လန့်သွားသည်။ သို့သော် လုရွှမ်က သူ့ထက် လျင်မြန်စွာ ရုတ်တရက် နှုတ်ဆက်လိုက်သည်။
"ဟုတ်တယ် ငါတို့က တောင်ဘက်ကနေ ရောက်လာတာ... မိစ္ဆာသားရဲနဲ့ ဝိညာဥ်သားရဲတွေက ငါတို့လူသားမျိုးနွယ်ကို အနိုင်ကျင့်လွန်းနေပြီလို့ ကြားတယ်... ငါတို့က ပြန်တိုက်ဖို့ လာတာ... အတူတူ တွန်းလှန်နိုင်တဲ့ တွန်းလှန်နိုင်တဲ့ အင်အားစု အားလုံးကို စည်းလုံးဖို့ လိုတယ်... အဘိုးကြီး မင်းမှာ ဆန္ဒရှိလား"
အဘိုးအိုက ခဏတာ အံ့အားသင့်သွားပေမယ့် စိတ်ပျက်လက်ပျက် အရိပ်အယောင်များ ထွက်ပေါ်လာပြီးနောက် ခါးသက်သက် ပြုံးကာ ခေါင်းခါလိုက်လေသည်။ ဒါက သူ့ကိုယ်သူ ရယ်မောနေပုံမှာ ထင်ရှားလှသည်။
"ဒါဆို မင်းတို့က တောင်ပိုင်းကလူတွေလား... မင်းက အရမ်းအစွမ်းထက်တာ မဆန်းပါဘူး ဟင့်အင်း... ဒီသားရဲတွေကို တွန်းလှန်ဖို့ လူနည်းနည်းပဲ ရှိတယ်လို့ ပြောခဲ့တယ်မလား.... မင်းတို့ရဲ့စခန်းက ဘယ်မှာလဲ မင်းတို့မှာ ဘာမှမရှိဘဲ ဝံပုလွေဖြူ ဖြစ်ချင်ရင်တော့ ငါတို့ စန်းမြောင်မျိုးနွယ်က မင်းတို့အတွက် ဘာမှ မလုပ်ပေးနိုင်ဘူး..."
"ဒါ့အပြင် မင်းတို့က ဒီကိုလာကူညီတယ်လို့ ပြောပြီးတော့ ငါတို့ရဲ့ ရတနာတွေကို ဘယ်လိုလုပ် ချက်ချင်း လုယူနိုင်ရတာလဲ... ငါတို့ကို ခရမ်းရောင် သလင်းကျောက် ပေးလိုက်ပါ..."
လုရွှမ်က ပြုံးပြီး "ရီချင်စရာကြီး... ဒီခရမ်းရောင် သလင်းကျောက်က မင်းပိုင်တာလား? မင်း လိုက်ရှာနေတာ ကြာပေမယ့် မင်းလက်ထဲ မရောက်ဘဲ ငါ့လက်ထဲကို အလိုလို ရောက်လာတာလေ... အဲဒါက ဘယ်လိုလုပ် မင်းတို့ဟာ ဖြစ်သွားတာလဲ?"
ဤခရမ်းရောင် သလင်းကျောက်က သဘာဝအရ သူ့အတွက် အလွန်အရေးကြီးသည့် ရွှေဦးချိုကို အမှန်တကယ် ဆွဲဆောင်နိုင်သည်။
"မင်းတို့က အရမ်းလွန်လွန်းတယ်လို့ မထင်ဘူးလား"
အဘိုးအိုက ဒေါသတကြီးနဲ့ အော်ပြောလိုက်သည်။
"နောက်သုံးနှစ်ကြာရင် ဒီမိစ္ဆာသားရဲတွေ မင်းတို့တို့အားလုံးကို သတ်လိုက်လိမ့်မယ်...အဲ့ကျရင် မင်းတို့ရော လွန်လွန်းတယ်လို့ ပြောကြလား...ဒါမှမဟုတ် လွန်ခဲ့တဲ့ ငါးဆယ့်ခုနစ်နှစ်လောက်ကတည်းကရော အဲ့လို ပြောခဲ့ဖူးလား..."
"မင်း" အဘိုးကြီး ဒေါသအရမ်းထွက်ပြီး သွေးအန်ချင်လာ၏။
"ဒီသလင်းကျောက် အတွက်ကတော့ ငါ့အတွက်လည်း အရမ်းအသုံးဝင်လို့ မင်းကို မပေးနိုင်ဘူး....ဒါ့အပြင် မင်းကို ငါပေးလိုက်ရင် မင်းဘာလုပ်မှာလဲ... အဲဒါကို ဂုဏ်ပြုတဲ့အနေနဲ့ မိစ္ဆာသားရဲတွေကို ဆက်သပြီး သူတို့ ခွန်အားတွေ တိုးစေအောင် လုပ်ခိုင်းမယ်... ပြီးရင် အနာဂတ်မှာ မင်းတို့ကို အနိုင်ကျင့်ခိုင်းမှာလား?"
"ဒါပေါ့ ငါကလည်း အဲဒါကို အလကား မယူပါဘူး... မင်းတို့ရဲ့ ခွန်အားကို မြှင့်တင်ပေးနိုင်တယ်၊ မင်းရဲ့ လက်နက်တွေကို သန့်စင်အောင် ကူညီပေးနိုင်တယ်... ပိုကောင်းတဲ့ နည်းစနစ်တွေကို လေ့ကျင့်ပေးနိုင်တယ် နောက်ဆက်တွဲ အမဲလိုက်မှုမှာ မင်းတို့ ကိုယ့်ဘာသာကိုယ် ခုခံနိုင်စွမ်း ရှိလိမ့်မယ်"
အဘိုးအိုက ရိုင်းစိုင်းစွာ ရယ်မောရင်း “အငယ်တန်းလေး... ကောင်းကင်က ဘယ်လောက်မြင့်လဲ မသိဘူးလား... အဲဒီမိစ္ဆာသားရဲတွေ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ မင်းသိလား... မိစ္ဆာသားရဲတွေကို တွန်းလှန်ဖို့ ငါတို့ကို အားကိုးမယ်ပေါ့... ဟမ့် ဒီလိုဆိုရင်တော့ ဒီစစ်လက်နက်တွေကို လွှဲပြောင်းပေးမယ့်အစား သလင်းကျောက် ဆက်သပြီး အနည်းဆုံးတော့ အနှစ်ခြောက်ဆယ် ငြိမ်းချမ်းရေးနဲ့ လဲလှယ်နိုင်ပါသေးတယ်”
လုရွှမ် ဒီလူတွေ ဘာတွေတွေးနေလဲဆိုတာ သိပါသည်။ အဲဒီလို စိတ်ခံစားမှုတွေအောက်မှာ အချိန်အကြာကြီး နေထိုင်ခဲ့ရတယ်မလား။ အသက်ရှင်နိုင်သရွေ့ အသက်ရှင်ဖို့အတွက် ဘာမဆို လုပ်ချင်စိတ် ရှိကြမှာပါပဲ။
သူတို့ရဲ့ အောက်ခြေမျဉ်းက အထပ်ထပ် ကျဆင်းသွားခဲ့ကာ ယခုလည်း အောက်ခြေမျဉ်း မရှိသည့်တိုင်အောင် အထပ်ထပ် နိမ့်ဆင်းသွားခဲ့ပါပြီ။
သို့သော် ဤလူများသည် နောက်ထပ်လူများအတွက် အရာရာကို လုပ်ဆောင်နေပုံရသော်လည်း စိတ်မမာတာကြောင့် လုရွှမ်ကို အမုန်းဆုံး ဖြစ်စေခဲ့သည်။ စန်းယောင်မျိုးနွယ်မှာရှိတုန်းက ဒီလိုလူတွေကို ကြုံတွေ့ခဲ့ရပြီးပြီ။ လုရွှမ် သူတို့အားလုံးကို သတ်ပစ်ခဲ့တာ။ ဒီလိုလူတွေကို ထပ်တွေ့နိုင်မယ်လို့လည်း မှန်းဆထားပြီးသားပါ။
"မင်းတို့ သားသမီးတွေရော မင်းတို့ရော အတူတူ ဘဝကို ရှင်သန်စေချင်လား... နေ့တိုင်း မရေမရာ ဖြစ်နေကြတာ... အဲဒီမိစ္ဆာသားရဲတွေ ရောက်လာရင် သူတို့ဆီမှာ ဒူးထောက်ပြီး သူတို့ခြေထောက်တွေကို နမ်းရမယ် မင်းတို့ ဒီဘဝလေးကိုရတာ တန်တယ်လို့ ထင်နေလား?"
ဘယ်သူကမှ စကားမပြောဘဲ အဘိုးအိုက တိုးတိုးလေး ဟစ်အော်လာသည်။ လုရွှမ်က လူလတ်ပိုင်းမဟုတ်သည့် အဘိုးကြီးနောက်မှ လူငယ်များကို စိုက်ကြည့်နေသည်။ အမှားတစ်ခု လုပ်ထားသလိုမျိုး လူငယ်အချို့ဟာ ထုံထိုင်းနေပြီး သူတို့နဲ့ ဘာမှမဆိုင်သလို ရပ်နေကြ၏။
အချို့သောလူများ၏ မျက်နှာများက စိုးရိမ်မှုအပြည့်ဖြင့်။ နှစ်နှစ်ကြာပြီးသောအခါတွင် ၎င်းတို့သည် အမဲလိုက်မြေထဲသို့ ဝင်ရောက်ကာ သားကောင် ဖြစ်လာကြပြီး ထိုမိစ္ဆာသားရဲများ၏ သတ်ဖြတ်ခြင်းကို ခံရကြမည်။
အချို့သော သူတို့သည် ဒေါသစိတ်နှင့် ပြည့်နှက်နေသော်လည်း အချို့မှာလည်း ကြောက်လန့်နေကြသည်။
လုရွှမ်: "လူသားမျိုးဆက် ဖြစ်ရတာရဲ့ ရည်ရွယ်ချက်က ဘာလဲ... ကျွန်တွေ ဖြစ်ဖို့လား ဒါမှမဟုတ် တစ်ယောက်ယောက်က မတ်တတ်ရပ်ပြီး အနာဂတ်မှာ အခြေအနေတစ်ခုကို ပြောင်းလဲလာအောင် ကူညီနိုင်စေဖို့လား?"
အဘိုးအိုက "ဘယ်သူမှ ကျွန် မလုပ်ချင်ဘူး...အဲဒါက ယာယီပဲလေ မင်းမှာ အရည်အချင်းရှိရင် ဒီမိစ္ဆာသားရဲတွေကို မင်းကအရင် သတ်ပစ်လိုက်ပေါ့... ဒီမှာ ဘာလို့ အပိုတွေပြောနေရတာလဲ"
လုရွှမ်လည်း ဤလူနှင့် အပိုစကားတွေ ပြောဆိုရန် အလွန်ပျင်းရိလာသည်။ ဒီလူတွေရဲ့ စိတ်အားထက်သန်မှုတွေက ပြေလျော့သွားတယ ကြာခဲ့ပြီဖြစ်ပြီး စိတ်အားထက်သန်မှု မရှိဘဲ အလယ်အလတ်ဘဝဖြင့်သာ နေထိုင်ခဲ့သည်။
ထိုသို့သောလူများသည် တိုးတက်မှုကို ဦးမဆောင်နိုင်ဘဲ ခုခံနိုင်စွမ်း အားလုံးကို မသိစိတ်က ဖိနှိပ်ထားလိမ့်မည်။
"အဘိုးကြီး... တိုက်ကြရအောင် ခင်ဗျား အနိုင်ရရင် ခရမ်းရောင် သလင်းကျောက်ကို ပေးမယ်... ဒီနတ်လက်နက်တွေကိုလည်း ပေးမယ်!"
စန်းယောင်မျိုးနွယ်စုတွင် လက်နက် သန့်စင်ရန် ပစ္စည်းများက များပြားလွန်းသောကြောင့် ၎င်းတို့သည် အနာဂတ်အတွက် ပြင်ဆင်ရန် အချိန်မီ သန့်စင်ပေးနိုင်ပါသည်။
နတ်လက်နက် ထွက်လာသည်နှင့် တပြိုင်နက် လူတိုင်း မနာလိုဖြစ်လာကြသည်။ နတ်လက်နက်ပေါ်မှ တောက်ပသော အလင်းရောင်သည် သူတို့၏ နှလုံးသားများကို ခုန်လာစေ၏။ အကယ်၍ သူတို့သာ အဆိုပါ နတ်လက်နက်များကို ပိုင်ဆိုင်နိုင်ပါက နောက်ဆက်တွဲ အမဲလိုက်ရာသီတွင် အနည်းဆုံး သုံးမှတ်အထိ အောင်နိုင်မည် ဖြစ်သည်။
မျိုးနွယ်စုရှိ လူငယ်တိုင်းသည် အဘိုးအိုကို ကြည့်ကာ လောဘကြီးမှု အရိပ်အယောင်များ သူ့မျက်လုံးများထဲတွင် ပေါ်လာသည်။ ဤနတ်လက်နက်များရရှိပါက မျိုးနွယ်စုတစ်ခုလုံး၏ သာယာဝပြောရေးကို များစွာ အထောက်အကူ ဖြစ်စေမှာ သေချာသည်။
အဘိုးကြီး: "ဒါဆို မင်းအနိုင်ရရင် ဘာလိုချင်တာလဲ"
လုရွှမ်က ရယ်ပြီး "ခင်ဗျားကို အခုကတည်းက ပါးစပ်ပိတ်ထားစေချင်တယ်... ခင်ဗျားကို ကြည့်လို့မရပေမယ့် မျိုးနွယ်စု အကြောင်းတော့ ဘာမှ မပြောပြဘူး"
အဘိုးအိုရဲ့ မျက်နှာက တစ်ဖက်သို့ လှည့်ထွက်သွားပြီး "မင်း ငါ့ရဲ့ စွမ်းအားတွေကို ဖယ်ထုတ်ချင်နေတာလား?"
လုရွှမ်: "မဟုတ်ဘူး... ဒီညီအစ်ကိုတွေကို ခွေးလို ဒူးထောက်ပြီး နမ်းမနေဘဲ လူသားတွေလို နေထိုင်စေချင်တာ..."