← Chapters

တိုက်ပွဲတစ်ခုတွင် အနိုင်ရခြင်း

Vol. 122 Ch. 4.1347

တိုက်ပွဲတစ်ခုတွင် အနိုင်ရခြင်း

Vol. 122 Ch. 4.1347

အဘိုးအိုက ယခင်လက်ဖဝါးချင်း ရိုက်ခဲ့တာကို ပြန်တွေးကာ ခဏလောက် စဉ်းစားနေခဲ့သည်။

လုရွှမ် ဘာကြောင့် ဒီလောက်ထိ အစွမ်းထက်တဲ့ လက်ဝါးစွမ်းအင်ကို ဆွဲထုတ်နိုင်သလဲ သူ မသိပေ။ ဒါပေမဲ့ ဒီလူငယ်လေးမှာ လှည့်ကွက်တွေရှိတယ်ဆိုတာ သူ့စိတ်ထဲမှာ အတည်ပြုချက် အချို့တော့ ရှိနေပါပြီ။ ဘာပဲဖြစ်ဖြစ် ခွန်အားက ခွန်အားပါပဲ။ ပူးပေါင်းကြံစည်မှုနဲ့ တွက်ချက်မှုတွေက တစ်ညတည်းနဲ့ မအောင်မြင်နိုင်ပါဘူး။

နောက်ဆုံးတွင် သူသည် နတ်ခြေလှမ်းနယ်ပယ်ကို တက်လှမ်းထားခဲ့သော သန်မာသူတစ်ဦး ဖြစ်ပြီး ဒီကလေးက နတ်မီးနယ်ပယ်မှာပဲ ရှိနေသေးသည်။ တကယ်​လို့ ပြိုင်​ပွဲတစ်​ခု ဖြစ်​ခဲ့မယ်​ဆိုရင်​ ​အောင်​မြင်​ဖို့ အခွင့်​အ​ရေး​ ကောင်း​လေး​တွေ ရလာမှာပဲ။

"ကောင်းပြီ... လောင်းကြေး ထပ်ရအောင် ဒါပေမဲ့ အခြေအနေတစ်ခု ထပ်ပေးရမယ် မင်းရှုံးရင် မင်းတို့အားလုံး ဒီကနေ ထွက်သွားပြီး ဒီကို ဘယ်တော့မှ ခြေမချရတော့ဘူး"

"ကိစ္စမရှိဘူး" လုရွှမ် ပြုံးလိုက်​သည်​။

ချောင်ယန်: "လုရွှမ် မင်း တကယ်သေချာရဲ့လား"

"စိတ်မပူပါနဲ့.. ဒီအဘိုးကြီးက ဖုံးကွယ်ထားတဲ့ ဒဏ်ရာတွေနဲ့ အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး... အစ်ကိုချောင်သာ သူ့ကို တိုက်ခဲ့ရင် သေချာပေါက် အများဆုံး အကြိမ်တစ်ထောင်အတွင်းမှာပဲ သူ ရှုံးမှာ!"

ချောင်ယန် အနည်းငယ် စိုးရိမ်နေသေးသော်လည်း လုရွှမ်ဟာ ပွဲဦးထွက်ကတည်းက ကိုင်တွယ်ဖြေရှင်းရာတွင် အလွန်တည်ငြိမ်ပြီး မည်သည့်အမှားအယွင်းမျှ မလုပ်ခဲ့ဖူးပေ။ ဒါကိုတော့ သူ အရမ်းယုံသည့။ တစ်ခါတလေ စကားအကြီးကြီး ပြောနေသလို ခံစားရပေမယ့် နောက်ဆုံးမှာတော့ လုရွှမ် ပြောတာမှန်ပြီး သူမှန်ကြောင်း သက်သေပြခဲ့သည်။

အဘိုးကြီး: "ကောင်းပြီ.... အားလုံး နောက်ပြန်ဆုတ်ပြီး ကောင်းကင်ရဲ့ အမြင့်ကို မသိတဲ့ ဒီကလေးကို ငါ ဘယ်လို သင်ပေးမလဲ ကြည့်ထားလိုက်"

လူ​ငယ်​တွေကလည်း သူတို့​နှစ်​ယောက်​ကြား​ရှိ​ ရန်​ပွဲ​ကို​ ကြည့်​ချင်​​နေကြ​တာ ကြာပါပြီ။ နတ်မီးနယ်ပယ်က ကောင်လေး လုရွှမ်ကို ဘယ်သူမှ အထင်ကြီးမှာ မဟုတ်ပါဘူး။ သို့သော် ယခင်က လက်ဖဝါးတစ်ချက်ကို အကြီးအကဲကို ခြေတစ်လှမ်း ဆုတ်သွားစေတာကြောင့် သူတို့အား အလွန်ထိတ်လန့်စေခဲ့သည်။

လုရွှမ် ချင်ထျန်းဓားကို တိုက်ရိုက် ဆွဲထုတ်ခဲ့သည်။ ထိုလူကြီးသည် လျှို့ဝှက်ဒဏ်ရာများစွာကို ခံစားထားခဲ့ရသော်လည်း သူဟာ နတ်ခြေလှမ်းနယ်ပယ်သို့ တက်လှမ်းခဲ့သော သန်မာသူတစ်ဦးပဲ ဖြစ်​လေ၏။

အဘိုးအို၏ စကားက အနည်းငယ် မာနကြီးသော်လည်း သူ့လုပ်ရပ်က အလွန်သတိရှိလှသည်။ သူသည်လည်း နတ်ဓားတစ်ချောင်းကို ထုတ်လိုက်သော်ငြား လုရွှမ်လက်ထဲရှိ ချင်ထျန်းဓားနှင့် နှိုင်းယှဉ်ပါက ကွာဟချက်မှာ ကြီးမားလှသည်။

အဘိုးအိုသည် ငြူစူခြင်း၊ မနာလိုခြင်းနှင့် မုန်းတီးခြင်းများဖြင့် ပြည့်နှက်နေသော မျက်လုံးတစ်စုံဖြင့် ချင်ထျန်းဓားကို တစ်ချက်ကြည့်လိုက်သည်။

"နတ်ဓားကို အားကိုးမယ်ပေါ့??"

အဘိုးအိုက ကြိမ်းမောင်းကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါများ ဖောင်းပွလာလေသည်။ နတ်ခြေလှမ်းနယ်ပယ်သို့ တက်သွားသော ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားများက ထွက်လာကာ လုရွှမ်အား ဖိနှိပ်လာသည်။

မသေမျိုးနယ်ပယ်က အရှိန်အဟုန် ထွက်လာသည်နှင့် ကောင်းကင်မြေကြီး၏ စွမ်းအားကို အမှန်တကယ် ခံစားရ​ပြီဟု ဆိုရမည်။ လုရွှမ်မှာ ကောင်းကင်က ကျလာသော ပြစ်ဒဏ်ကို ရင်ဆိုင်ရသကဲ့သို့ ခံစားရသည်။ ဓားစွမ်းအင်က သူ့ကို နတ်ဘုရားက တိုက်ခိုက်နေသလိုပဲ။

ခဏလောက်ကြာတော့ သူ့ခန္ဓာကိုယ်တစ်ဝိုက်က အငွေ့အသက်တွေက ကောင်းကင်နဲ့မြေကြီး စွမ်းအင်က သူ့ကို ချုပ်နှောင်ထားသလိုမျိုး ခိုင်မာသွားသလို ခံစားလိုက်ရလေ၏။

တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ။

လုရွှမ် သူ့စိတ်ထဲတွင် ပြုံးလိုက်သည်။ ဒါဟာ နတ်ခြေလှမ်းနယ်ပယ်သို့ တက်သွားသော လူတစ်ယောက်နဲ့ ပထမဆုံး တိုက်သော တိုက်ပွဲဖြစ်သလို သူကိုယ်တိုင် အလွန်အမင်း စောင့်မျှော်နေခဲ့တဲ့ တိုက်ပွဲပဲ ဖြစ်လေသည်။

အဘိုးအိုရဲ့ တိုက်ခိုက်မှုက အလွန်အားကောင်းသော်လည်း လုရွှမ်ထင်မြင်ချက်အရ အနည်းဆုံးတော့ ယခုအချိန်အထိ အန္တရာယ် တစ်စုံတစ်ရာကို မခံစားရပေ။

လုရွှမ်ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး သူ့ကို ချုပ်နှောင်ထားတဲ့ အာကာသ၊ ကောင်းကင်နဲ့ မြေကြီးရဲ့ အလင်းရောင်ဟာ ချက်ချင်း ပျောက်ကွယ်သွား၏။ အဘိုးအို အံ့အားသင့်သွားပြီး လုရွှမ်က ပြုံးရုံသာ ပြုံးလိုက်သည်။ နယ်ပယ်က အစွမ်းထက်သော်လည်း သူ့စွမ်းအားသည် အမှန်တကယ် အစွမ်းထက်လှသည်တော့ မဟုတ်ပေ။

"ကောင်လေး... နတ်ခြေလှမ်းနယ်ပယ်ကို တက်ထားတဲ့ သခင်ရဲ့ စွမ်းအားကို ကောင်းကောင်း ကြည့်ထားလိုက်!!"

အဘိုးကြီးက ထပ်အော်ပြောပြီး သူ့​ခန္ဓာကိုယ်က ရုတ်တရက် ကောင်းကင်ကို ပျံတက်သွားလေသည်။ နောက်အခိုက်အတန့်မှာတော့ မိုးခြိမ်းသံတစ်ခုသည် အဘိုးအိုဆီသို့ ရောက်ရှိလာပြီးနောက် ထိုလူက အသံကျယ်ကျယ်နဲ့ တိုက်ခိုက်လာ၏။

“ကောင်းကင်တန်ခိုးကို ငှား၍ နတ်ဘုရားများထံမှ မိုးချုန်းစေ”

အနက်ရောင်နှင့် ထူထဲသော နတ်မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီး၏ အငွေ့အသက်တွေကို သယ်ဆောင်လာကာ ကမ္ဘာကြီးကို ဖျက်ဆီးပစ်တော့မယ့် အရိပ်အမြွက်မျိုးဖြင့် ဖိချလာတာကြောင့် အောက်ဖက်ကလူများ နောက်ဆုတ်သွားကြရသည်။

လူတိုင်းက ကောင်းကင်ကို မျက်နှာမူပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီး၏ အငွေ့အသက်က သဘာဝအတိုင်း တုန်လှုပ်ချောက်ချားသည့် ခံစားချက်ကို ပေးစွမ်း​​နေသောကြောင့်သာ ဖြစ်သည်။

လုရွှမ်ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ တန်ခိုး၊ နတ်မိုးကြိုးတွေကို မြင်တော့ တိတ်တဆိတ် ရယ်မောလိုက်သည်။ နတ်မီးနယ်ပယ် ဒါမှမဟုတ် မျှော်စင်နယ်ပယ်တောင် မရင်းနှီးဘူးလို့ ပြောနိုင်ပေမယ့် သူနဲ့ မရင်းနှီးဘူးလို့ မဆိုလိုပေ။

သူက သူ့ပါးစပ်ကို တိုက်ရိုက်ဖွင့်လိုက်ပြီး မိုးခြိမ်းသံများကို တစ်လုံးပြီးတစ်လုံး မျိုချပစ်လိုက်သည်။

အရင်တုန်းက ဆိုရင်တော့ ဒီလိုရန်သူကပေးတဲ့ နတ်မိုးကြိုးကို မျိုချဖို့ မဝံ့ရဲပေမယ့် အခုတော့ နတ်မီးနယ်ပယ် ကိုးအဆင့်အထိ တိုးလာခဲ့ပါပြီ။ ဤအနက်ရောင် မိုးခြိမ်းသံသည် သူ့အတွက် ခြိမ်းခြောက်မှု အနည်းငယ်သာ ရှိသည်။

၎င်းက တိုက်ရိုက် မျိုချခံလိုက်တာက အရိုးထဲရှိ မိုးကြိုးနိယာမ ပုံစံများကို အဆင့်မြှင့် တင်နိုင်လိမ့်မည်။

"အား......"

အာမေဋိတ်သံ လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသည်။ လုရွှမ် ထိုအနက်ရောင် နတ်မိုးခြိမ်းသံကို အမှန်တကယ် မျိုချခဲ့ပါတယ်လို့ ဘယ်သူကမှ မယုံဝံ့ကြပေ။

ချောင်ယန်နဲ့ သူ့အဖွဲ့ဟာ ဒီမြင်ကွင်းကို အရင်ကမြင်ဖူးပေမယ့် ထပ်တွေ့ရတဲ့ အခါမှာတော့ လွန်စွာတုန်လှုပ်နေဆဲပါပဲ။ ယခု ချောင်ယန်ပင်လျှင် ထိုအနက်ရောင် မိုးခြိမ်းသံကို မကြောက်တော့ဘူးလို့ ပြောနိုင်သော်လည်း နတ်မိုး​ကြိုးကို မျိုချရတာတော် နှစ်သက်ခြင်း မရှိပေ။

လုရွှမ်က ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး။

"ခင်ဗျားမှာ တခြားဟာတွေ ဒါမှမဟုတ် နည်းလမ်း တစ်ခုခုရှိမယ်ဆိုရင် အဲဒါတွေကို ထုတ်သုံးလိုက်ပါတော့"

အဘိုးအိုကလည်း “ဒါက အစပဲ ရှိသေးတယ်”

"အိုး ဒါဆိုလည်း ကျုပ်ရဲ့ ဓားတစ်ချက်ကို စမ်းကြည့်ပါဦး"

လုရွှမ် ဖျတ်ကနဲ လှုပ်ရှားသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားသွားလို ဓားစွမ်းအင်သည် ကောင်းကင်ကို တုန်လှုပ်စေကာ တိမ်မည်းများ လှုပ်ခါသွားစေသည်။ နတ်မိုးခြိမ်းသံများက ကျယ်လောင်စွာ ဟိန်းဟောက်လာသည်။ မိုးခြိမ်းသံက အနက်ရောင် နတ်မိုးကြိုး ဆင်းသက်လာတော့မလိုပင်။

လျှပ်စီးလက်​နေလို့သာ မဟုတ်ရင် ဒီနတ်မိုးခြိမ်းသံက တကယ်ပဲ တိတ်ဆိတ်နေလိမ့်မည်။ ဝုန်းကနဲ ဟောက်သံနှင့်အတူ နတ်မိုးခြိမ်းသံက အဘိုးအိုရဲ့နဖူးကို ပစ်ခတ်လိုက်ရာ တစ်ဖက်က ဓားနဲ့ ကာထားလိုက်သည်။

"ငါ့ဓား!"

အဘိုးအိုခမျာ ကျိုးသွား ဓားနှစ်​ခြမ်းကို လုရွှမ်ဆီသို့ အစွမ်းကုန် လွှင့်ပစ်လိုက်​တော့သည်။ လုရွှမ် အသာလေး ရှောင်လိုက်စဥ် အဘိုးအိုလည်း ပြေးလာသည်။ သူ့မျက်နှာက ရက်စက်လာပြီး လိမ်တွန့်လာ၏။

"ငရဲကို သွားပေတော့!"

လုရွှမ် ခန္ဓာကိုယ်က မလှုပ်ရှားဘဲ ထိတ်လန့်သွားသည်။ ထို့အပြင် အဘိုးအိုသည် မျက်စိတစ်မှိတ် အတွင်းမှာပင် အလွန်လျင်မြန်လွန်းလှ၏။ သူ ကျိုးနေသောဓားကို ရှောင်နေစဥ် တစ်ဖက်လူက သူ့ရှေ့ရောက်နေပြီ။

ထိုစဥ် လုရွှမ်အနောက်တွင် နဂါးခေါင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ကျယ်လောင်သော နဂါးအသံကို ထုတ်လွှတ်လိုက်လေသည်။

ဝူး!

နတ်နဂါးကြီးရဲ့ စွမ်းအားသည် တခဏချင်း ကမ္ဘာကြီးအား တုန်လှုပ်သွားစေသည်။ အဘိုးအိုသည် အမှန်တကယ်ပင် အော်ဟစ်ကာ လှည့်ထွက်ပြေးသွား၏။ သူ လုံးဝ ထိတ်လန့်သွားခဲ့ပုံပါပဲ။

လုရွှမ်မှလွဲ၍ လူတိုင်း အံ့ဩသွားသည်။ အဘိုးအို ဘယ်လို အခြေအနေ ဖြစ်နေတာလဲ ဆိုတာကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူအရမ်း ထိတ်လန့်သွားတဲ့ ပုံစံက ကြည့်မကောင်းချေ။

လုရွှမ် တိုးတိုးလေး ဟစ်အော်လိုက်သည်။

"ဒီလိုလူက သတ္တိတွေ မရှိတော့တာ ကြာပြီ.... အဲဒီလိုလူက ဦးနှောက်မရှိဘူးလို့ ပြောရမယ်... ငါ ခန့်မှန်းမိခဲ့တာ ကြာပြီပေါ့... မိစ္ဆာသားရဲတွေက သူ့ရဲ့ သတ္တိကို ယူသွားပြီးပြီ... တန်ခိုးကြီးတဲ့ နဂါးကိုဆို စကားထဲတောင် ထည့်ပြောမနေနဲ့တော့”

အဘိုးအိုသည် မြေပြင်မှ မတ်တပ်ထရပ်ကာ သနားစိတ်၊ စာနာစိတ်၊ မယုံကြည်နိုင်စွာ ရှုံ့ချမှုများဖြင့် ကြည့်နေသော မျက်လုံးများအား လှည့်ပတ်ကြည့်နေသည်။ သူ့မျက်နှာမှာ ရှက်စိတ်ဖြင့် နီရဲလာခဲ့ကာ ရုတ်တရက် ခုန်တက်လာပြန်သည်။

"ကောင်လေး သွား​သေလိုက်တော့!"

လက်ဖဝါးတစ်ဖက်က လုရွှမ်ဆီသို့ ဦးတည်လာသည်။ လုရွှမ်လည်း ခရမ်းရောင် သလင်းကျောက်နဲ့ ရွှေချိုတို့ကို ပေါင်းစပ်ကာ ခမ်းနားတဲ့ စွမ်းအားတစ်ခုနဲ့ ပြန်ခုခံထားလိုက်လေသည်။

ဝုန်း!

အဘိုးအိုခန္ဓာကိုယ်က ဇောက်ထိုး အနေအထားဖြင့် ပျံထွက်သွားသည်။ သူ့ပါးစပ်မှ သွေးများ ထွက်ကျလာခဲ့ကာ မြေပြင်ပေါ် ခပ်ကြမ်းကြမ်း လဲကျ၏။ သို့သော်လည်း ဒေါသက ထွက်နေတုန်းပင်။

"ခင်ဗျား ရှုံးပြီ!!"

All Chapters