သလင်းကျောက်တွင်း
Vol. 122 Ch. 4.1348
အဘိုးအိုသည် လုရွှမ်ရဲ့ စကားသံကို ကြားသောအခါ သူ့ပါးစပ်မှ သွေးများကို ဒေါသတကြီး ထွေးထုတ်လိုက်လေသည်။ လုရွှမ် လူအုပ်ရှေ့သို့ ပြေးသွားပြီး ထိုကြောက်လန့်နေသော လူငယ်များကို ကြည့်လိုက်သည်။
"ငါတို့ စန်းယောင် မျိုးနွယ်က လာတာ... လူလတ်ပိုင်းတွေ မရှိဘူး မင်းတို့နဲ့တူတဲ့ အခြေအနေကို တွေ့ရတယ်... မင်းတို့မှာ မိဘတွေ မရှိတော့ဘူး ပျော်ရွှင်တဲ့ ကလေးဘဝလည်း မရှိတော့ဘူး... အချိန်တိုင်း လေ့ကျင့်ဖို့ပဲ ကြိုးစားနေရတယ်..."
"ဒါပေမဲ့ ကျင့်ကြံဖို့အတွက် အရင်းအမြစ်တွေ မရှိဘူး ပစ္စည်းမရှိဘူး ကျင့်စဥ် မရှိဘူး... လက်နက်လည်း မရှိဘူး ငါတို့က ရည်မှန်းချက်တစ်ခုနဲ့ လေ့ကျင့်ထားပေမယ့် ကျင့်ကြံရတဲ့ ရည်ရွယ်ချက်က ဘာလဲ... ဒီပြဿနာကို အမဲလိုက်ပွဲတော်ကို ရောက်တဲ့အခါ ဘယ်သူကမှ မတွေးဖူးတော့ဘူး... အမဲလိုက်ပြီးရင် မင်းတို့ ခက်ခက်ခဲခဲ လေ့ကျင့်ထားတာတွေက မင်းတို့ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ မဟုတ်ဘဲ အဲဒီမိစ္ဆာသားရဲတွေဆီ အပျော်သဘောနဲ့ သတ်ပစ် ခံရဖို့ဆိုတာ မင်းတို့ သိလိုက်ရတယ်မလား..."
"ပျော်စရာကောင်းလား မင်းတို့ပျော်လား? မိစ္ဆာသားရဲတွေရဲ့ အသတ်ခံရတာတောင် ဆက်ပြီး အသက် ရှင်သန်ဖို့အတွက်တောင် သူတို့က ဒီလိုလုပ်ခိုင်းသေးတယ်... စဉ်းစားကြည့်.... ဒါ မင်းတို့လိုချင်တဲ့ဘဝလား... အနာဂတ်မှာ မင်းတို့ရဲ့ သားသမီးတွေကို ဘယ်လိုဘဝမျိုးနဲ့ ထားချင်တာလား?"
ဘယ်သူကမှ ပြန်မဖြေပေမယ့် သူတို့မျက်နှာတွေမှာတော့ နာကျင်မှုတွေနဲ့ ပြည့်နှက်နေ၏။ ဒီအမှန်တရားကို သိကြသော်လည်း ပြောင်းလဲရန် အစွမ်းအစ မရှိကြပေ။
"မင်းတို့လည်း စိတ်ထိခိုက် ဝမ်းနည်းနေမယ် ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ ဘာဖြစ်လဲ ပြောင်းလဲချင်ရင်တောင် ခွန်အား မရှိဘူးမလား... ဒါပေမဲ့ အခုငါတို့ ဒီမှာရောက်နေပြီ... ငါတို့အားလုံးက ညီအကို မောင်နှမတွေပဲ ငါတို့အားလုံးက လူသားတွေပဲ ငါတို့မျိုးနွယ်တူတွေ ဒုက္ခရောက်နေတာကို မြင်ရင် ထိုင်ပြီး ကြည့်မနေချင်ဘူး.."
အဘိုးအိုက မြေကြီးပေါ်ကနေ မတ်တပ်ထရပ်ပြီး ပြောလာသည်။
“သူတို့ပြောတာကို နားမထောင်နဲ့! အဲဒါက သေလမ်းပဲ... မင်းတို့ သေရုံတင်မကဘဲ မင်းတို့ရဲ့သားသမီးတွေ၊ မင်းတို့ မိသားစုနဲ့ မျိုးနွယ်စုတစ်ခုလုံးကိုပါ ဒုက္ခပေးလိမ့်မယ်”
လုရွှမ် အဘိုးအိုအား ဒဏ်ရာရထားတဲ့ နေရာတည့်တည့်ကို ပိတ်ကန်လိုက်လေရာ တစ်ဖက်လူမှာ သတိလစ်သွားခဲ့သည်။
လုရွှမ်: "မင်းတို့ရဲ့ သားသမီးတွေနဲ့ မင်းတို့ရဲ့ ဆွေမျိုးတွေ သေတာတော့ မှန်ပါတယ်... ဒါပေမဲ့ အသက်ရှင်လျက်နဲ့ သေသွားတာက ဘာအကျိုးရှိလဲ... သူတို့အမေ ဘယ်သွားတာလဲ၊ အဖေ ဘယ်သွားတာလဲလို့ မေးရင် ဘယ်သူက အဖြေပေးမှာလဲ အဘိုးကြီးကရော ဘာဖြေမလဲ"
"ကလေးငယ်တွေကို လိမ်ညာပြီး သူတို့ရဲ့ ပျော်ရွှင်မှုနဲ့ ကြီးထွားမှုအတွက် မိဘတွေက ကိုယ့်ကိုယ်ကိုယ် စတေးနေမှာလား... အဲဒါက တကယ်တန်ရဲ့လား... အဲဒါကို ကိုယ့်ဘာသာ စဉ်းစားကြည့်ပါ...."
"......."
တစ်ချိန်က အခက်အခဲ အမျိုးမျိုးကို ဖြတ်သန်းခဲ့ဖူးတာကြောင့် သူစကားပြောတဲ့အခါ အလွန်ဝမ်းနည်းနေတဲ့ အရိပ်အယောင်များ ရောပါနေကာ ဘယ်အချိန်ကမှန်းမသိ သူ့မျက်လုံးတွေကပါ နီရဲလာလေသည်။
တစ်ဖက်လူငယ်များကြားက မိန်းကလေးတစ်ယောက် ပထမဆုံး မျက်ရည်ကျလာခဲ့သည်။
အမဲလိုက်ပွဲတော် မတိုင်မီ နှစ်အနည်းငယ် အလိုတွင် သူအတို့သည် လူသားမျိုးနွယ် အသက်ဆက်နိုင်စေရန် ကလေးမွေးရန် ကြိုးကြိုးစားစား လုပ်ဆောင်ခွင့် ရှိသည်။ အလုပ်တစ်ခုပြီးအောင် လုပ်နေရသလိုမျိုး အရှက်ကွဲပြီး ရွံရှာစရာကောင်းတဲ့ အချိန်တစ်ခုပါပဲ။ ပြီးတော့ သူမတို့ရဲ့ ကလေး အနာဂတ်ကို တွေးကြည့်တဲ့အခါ သေတောင် သေချင်သွားခဲ့သည်။
ထိုသို့သော အမွေမျိုး၊ လူသား မျိုးနွယ်တို့၏ ဆက်လက်တည်ရှိမှုက အမှန်တကယ်ပင် စိတ်ဝင်စားစရာ ရှိပါ့မလား။
သားသမီးတွေကို သူတို့ကိုယ်ပိုင်အဖြစ် မမှတ်ယူနိုင်ဘဲ မိဘဆိုတဲ့ ခံစားချက်လည်း လုံးဝ မရှိ။ ပြီးတော့ ကလေးတွေက ငယ်ငယ်ကတည်းက သူတို့ပတ်ဝန်းကျင်မှာ မိဘတွေ မရှိကြဘဲ ရှင်သန်ရသည်။
"မဟုတ်ဘူး!"
လုရွှမ်: "ငါတို့ တွန်းလှန်ရမယ်.... မင်းတို့မှာ အရည်အချင်း မရှိဘူးဆိုရင် ငါတို့က သင်ပေးမယ်.... မင်းတို့ရဲ့ အစွမ်းအစ မကောင်းရင် တိုးတက်အောင် ကြိုးစား.... မင်းတို့မှာ လက်နက်မရှိရင် မင်းတို့အတွက် ငါက သန့်စင်ပေးမယ်... မင်းတို့မှာ အရည်အချင်း မရှိဘူးလား... ငါတို့သင်ပေးမယ်!.. ခွန်အားကို မြှင့်တင်မယ် မျှော်လင့်ချက်နဲ့ မနက်ဖြန်အတွက် သတ္တိရှိရှိ တိုက်ပွဲဝင်ဖို့ ကြိုးစားကြပါ..."
"ညီလေးလုရွှမ်က တစ်ခါတလေ အရမ်း အေးစက်နေပေမယ့် သူ့နှလုံးသားက တခြားသူတွေထက် ပိုပူလောင်တယ်... သူနားမလည်တဲ့ အရာတွေကို သေချာဂရုစိုက်ပြီး သူ့ဘဝနဲ့သူ ပေးဆပ်ချင်နေတာ"
ချောင်ယန်နဲ့ ဟောက်ထျန်းက သဘောကျမှုအပြည့်ဖြင့် အနောက်မှာ စကားပြောနေကြသည်။ သူတို့သည် ဤလူများအပေါ် သနားသလို ခံစားရသော်လည်း လုရွှမ်လိုတော့ စာနာမှု မရှိကြပေ။
"ဒါက တချို့မိန်းကလေးတွေ လုရွှမ်ကိုတွေ့ပြီးချင်း ချစ်မိသွားတာမျိုး ဖြစ်နိုင်တယ်..
သူက စိတ်ရင်းမှန်နဲ့ ရိုးသားပြီး ကမ္ဘာပေါ်မှာ နံပါတ်တစ် ဖြစ်ဖို့အတွက် ကြိုးစားချင်စိတ် ရှိတယ်"
"ရွာပြန်ရအောင်!"
.......
မျက်စိတစ်မှိတ် အတွင်းမှာပဲ တစ်လခွဲ ကြာသွားခဲ့သည်။ လုရွှမ်နှင့် အခြားသူများဟာ ထိုမျိုးနွယ်စုတွင် လုံးဝ အမြစ်စွဲနေသည့်နှယ် နေထိုင်ခဲ့သည်။
ထိုအချိန်မှပင် ဤနေရာသည် စန်းယောင်မျိုးနွယ်ထက် ပို၍ ယိုယွင်းလာခဲ့ပြီး သလင်းကျောက်များ အများအပြားကို ပြင်ဆင်ထားနိုင်ကြောင်း အမှန်ပင် သိခဲ့ရသည်။ သလင်းကျောက်များရဲ့ အရည်အသွေးက အလွန်ကောင်းမွန်ပြီး အနိမ့်ဆုံးကတင် အစိမ်းရောင်သလင်းကျောက် ဖြစ်သည်။
ဒါပေမဲ့ သူတို့အတွက်ကတော့ အဲဒီကျောက်တုံးတွေက အသုံးမဝင်တော့ပါဘူး။ အဲဒါတွေကို အနာဂတ်မှာ မိစ္ဆာသားရဲတွေဆီ ပူဇော်ဖို့ စုဆောင်းခဲ့ကြတာပဲ ဖြစ်သည်။ သူတို့အသုံးပြုသမျှ အပိုင်းအစများနှင့် ကွဲအက်နေသော သလင်းကျောက်များသာ ဖြစ်သည်။
တကယ်တမ်း ပြောရရင်တော့ သလင်းကျောက်တွေရဲ့ ကြွယ်ဝတဲ့ စွမ်းအင်ကြောင့်မို့လို့ ဒီမှာရှိတဲ့ လူမျိုးစုတွေဟာ တစ်ဖက်က စန်းယောင်မျိုးနွယ်ထက် ၂ဆ ပိုကြီးလေ၏။
ဒါပေမဲ့ သူတို့ရဲ့ မြင့်မြတ်တဲ့ နယ်ပယ်တစ်ခုရှိခြင်းဟာ သန်မာတယ်လို့ မဆိုလိုပါဘူး။
ထိုနေရာတွင် အလွန်ညံ့ဖျင်းသော ပတ်ဝန်းကျင် ရှိနေခြင်းကြောင့် ငယ်စဉ်ကတည်းက မျိုးနွယ်စုဝင် များစွာကို ထိခိုက်ဒဏ်ရာ ရစေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ ကြီးထွားမှု အဆင့်များ တိုးလာသည်နှင့်အမျှ အဆိုပါ ဝှက်ထားသော ဒဏ်ရာများက ရိုးတွင်းခြင်ဆီ အတွင်းသို့ တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်လာပြီး သေစေသော ဒဏ်ရာများ ဖြစ်လာလိမ့်မည်။
ဒါတွေကို ပြောင်းလဲချင်တယ် ဆိုရင်တော့ ကောင်းမွန်တဲ့ သလင်းကျောက်တွေကို အသုံးပြုရလိမ့်မည်။
ဒါပေမဲ့ ဘယ်သူကမှ မလှုပ်ရဲကြပါဘူး။
လုရွှမ်တို့အဖွဲ့က အမျိုးမျိုးသော ကျင့်စဥ်၊ ကျွမ်းကျင်မှုများနှင့်အတူ အဆိုပါ ကောင်းမွန်သော သလင်းကျောက်များကို အသုံးပြုရန် တွန်းအားပေးခဲ့ကြသည်။
အခုတော့ သူတို့က ကြည်လင်တဲ့ သလင်းကျောက် တွင်းထဲကို သွားနေကြပါပြီ။ လှိုဏ်ဂူလမ်းကြီးက အလွန်ကျဉ်းမြောင်းလှ၏။ ဒါက သလင်းကျောက်တွင်း ဖြစ်ပါတယ် ဆိုတာကို မယုံနိုင်ပေ။ အကြောင်းမှာ အတွင်းထဲက လေထုမှာ အလွန်အမင်း မှုန်ဝါးနေလို့ပါပဲ။
သို့သော် ပြင်းထန်သော သလင်းကျောက် အငွေ့အသက်ကို ခံစားမိသော်လည်း ၎င်းနှင့် ရောထားသော အဆိပ်ရှိ အငွေ့များ ရှိ၏။ သလင်းကျောက် အငွေ့ထက် အဆိပ်ငွေ့ထက် အနည်းငယ် ပိုအားကောင်းပုံရသည်။
“ဝင်ကြရအောင်"
အမဲလိုက်ရာသီရဲ့ စစ်ပွဲတစ်ခု ဖြစ်ပွားပြီးသည်နှင့် ဒီလိုနေရာမှာ ဆက်လက် နေထိုင်ပါက ဤသလင်းကျောက်တုံးများကို တခြားသူများဆီ အလကား ပေးလိုက်ရမှာ သေချာပါသည်။
ဆိုတော့ သလင်းကျောက်တွေကို ဖယ်ထုတ်ရပါလိမ့်မယ်။ ဂူဝင်ပေါက်က အလွန်သေးငယ်ပေမယ့် အတွင်းပိုင်းကတော့ တော်တော်ကြီးပါ၏။
အထဲမှာ အရမ်းအန္တရာယ်များပြီး ဝင်လာတိုင်း တစ်စုံတစ်ယောက် သေလိမ့်မယ်လို့ မျိုးနွယ်စုဝင်တွေဆီက ကြားရသည်။ မိစ္ဆာသားရဲတွေ ဝင်လာတဲ့အခါ တစ်ကောင်ပြီးတစ်ကောင် သေသွားတဲ့အတွက် ၎င်းတို့က ဒီနေရာကို လူသားတွေဆီ ပေးခဲ့ပြီး ပျော်ပျော်ပါးပါး သလင်းကျောက်တွေကို တူးဖော်ခွင့်ပေးလိုက်၏။
ဒါပေမဲ့ အတွင်းထဲမှာ လူတွေလည်း နားမလည်နိုင်အောင် သေသွားရတာ သနားစရာ ကောင်းလှသည်။
လုရွှမ်နဲ့ အဘိုးအိုရဲ့ တိုက်ပွဲအပြီးတွင် လုရွှမ်ရဲ့ လက်ရှိအင်အားက မျှော်စင်နယ်ပယ် အဆင့်၉ ထက် သာလွန်ကြောင်း လူတိုင်း သိသွားကြသည်။
ချောင်ယန်ရဲ့ အမြင်အရ လုရွှမ်ဟာ လက်လွှတ်မခံရသေးတဲ့ အလားအလာတွေ အများကြီး ရှိပါသေးသည်။ ပြီးတော့ ဒါက အဲဒီခရမ်းရောင် သလင်းကျောက်ရဲ့ အပိုင်းနဲ့ အများကြီး သက်ဆိုင်တယ်ဆိုတာ သိသာပါ၏။
ဒါကလည်း ခရမ်းရောင် သလင်းကျောက် အပိုင်းအစဟာ သူ့ခန္ဓာကိုယ်ထဲ သဘာဝအတိုင်း ပျံသွားရတဲ့ အကြောင်းရင်းလည်း ဖြစ်နိုင်လေသည်။ သလင်းကျောက်နဲ့ သူ့ခန္ဓာကိုယ်က တစ်ယောက်ကို တစ်ယောက် အားဖြည့်ပေးနေတာပဲ။
"ဒါအစိမ်းရောင် သလင်းကျောက်လား?"
ဟောက်ထျန်း စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး အမြန်ပြေးပြီး သလင်းကျောက်ကို ကောက်ယူလိုက်သည်။ ကောက်ယူလိုက်ရတဲ့ အချိန်လေးက အလွန် ရိုးရှင်းသောကြောင့် ဟောက်ထျန်းပင် မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။
ချောင်ယန်: "ဒီမှာ ခဏလောက် လေ့ကျင့်လိုက်ရင်တောင် နတ်ခြေလှမ်းနယ်ပယ်ဆီ ဖြတ်ကျော်ဖို့ ယုံကြည်မှု ရှိလိမ့်မယ်"
"ဘာလို့ မဖြစ်နိုင်ရမှာလဲ?"
လုရွှမ် ရုတ်တရက် ပြုံးလိုက်သည်။