← Chapters

ဆုတ်ခွာခြင်း

Vol. 122 Ch. 4.1349

ဆုတ်ခွာခြင်း

Vol. 122 Ch. 4.1349

"လုရွှမ် မင်းဘာပြောလိုက်တယ်??"

"အကြီးတန်း အစ်ကိုချောင်ယန်... ဘာဖြစ်လို့လဲ..ဒီမှာ ခြေကုပ်ရယူနိုင်ဖို့ အခြေခံကတော့ ခွန်အားတွေ တိုးမြင့်လာဖို့ပဲလေ။ အားကောင်းလေလေ၊ မိစ္ဆာတွေနဲ့ နောက်ဆက်တွဲ တိုက်ပွဲမှာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်လေပဲ... ပြီးတော့ အဆင့်မြင့် တိုက်ခိုက်ရေး စွမ်းအားတွေလည်း အားကောင်းလာမယ်... အစ်ကိုနဲ့ အစ်ကိုလိန်မင်တို့ အားကောင်းလေလေ ကျွန်တော်တို့ အားလုံးအတွက် ပိုလုံခြုံလေလေပဲ"

"အစ်ကိုရှင်ထျန်းနဲ့ အစ်မယောင်းရောင်တို့ ဒီတစ်ခေါက် စန်းယောင်မျိုးနွယ်မှာ နေခဲ့ရတာ သနားစရာဘဲ... မဟုတ်ရင် ဒီမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ရမှာ"

လုရွှမ် လူတိုင်းဘက်ကို လှည့်ကြည့်လိုက်၏။

"ဒါတင်မကဘူး... ငါတို့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ ဒီမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်သင့်တယ်... နောက်အမဲလိုက် ရာသီမှာ နှစ်နှစ် သုံးနှစ်လောက်ပဲ သင်ယူခဲ့တဲ့ သူတို့ရဲ့ စိတ်ဝမ်းကွဲတဲ့ လူတွေက အချိန်တိုအတွင်း တတ်မြောက်နိုင်မယ်လို့ မထင်ဘူး...မိစ္ဆာသားရဲတွေကို တိုက်ခိုက်တဲ့ နေရာမှာ ငါတို့က အဓိက စွမ်းအားပဲ”

လူတိုင်းက ဒီအမှန်တရားကို သဘာဝကျကျ သိပေမယ့် နည်းနည်းတော့ ရှက်သွားကြလေသည်။ ဘာပဲဖြစ်ဖြစ် လုရွှမ်ရဲ့ စကားများကတော့ လူတိုင်းရဲ့ စိုးရိမ်မှုကို တိုက်ရိုက် ပြေပျောက်စေခဲ့သည်။

“ဘာပဲဖြစ်ဖြစ် နက်နက်ထဲ သွားကြည့်ရအောင်”

သူတို့ဘက်က သင်ပေးသင့်တာကို သင်ပေးထားပြီးပြီ။ အားလုံးလည်း စီစဉ်ပြီးပြီ၊ သူတို့မှာ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး မရှိ​တော့ပါဘူး။

ဒီဟာ​တွေကို ယူသွားပြီး ကောင်းကောင်းလေ့ကျင့်ဖို့ပဲ ရှိတော့သည်။ ဘယ်သူကမှ မပြောပေမယ့် ဒီမှာ ကြာကြာနေလေ၊ သူတို့ရဲ့ ခွန်အားကို မြှင့်တင်ဖို့က တကယ့် ကြိုးစားအားထုတ်မှုပဲလို့ ခံစားလာရလေပါပဲ။

"စိမ်းပြာရောင် သလင်းကျောက်"

"အပြာရောင် သလင်းကျောက်"

လမ်းတစ်လျှောက်တွင် လူတိုင်းက သလင်းကျောက် အသစ်များကို ဆက်လက် ရှာဖွေခဲ့ကြသည်။ ဂူထဲ၌ ကြီးမားသော ဖိအားကို ခံစားခဲ့ရသော်လည်း ၎င်းတို့သည် အလွန်ပြင်းထန်သော ထိုဖိအားကို လုံး၀ ထိန်းထားနိုင်ကြ၏။

အားလုံးက မျိုးနွယ်စုအတွက် သလင်းကျောက်တွေကို ကောက်ယူဖို့ ဘာကြောင့် ပိုခက်လာတယ် ဆိုတာ နောက်ဆုံးတော့ လူတိုင်း နားလည်လာကြပါပြီ။ ဤသလင်းကျောက်များကို တောင်နံရံတွင် မြှုပ်ထားပြီး ဖယ်ရှားရန်မှာ အလွန်ခက်ခဲလှသည်။

သို့သော် သူတို့အတွက်က နတ်ဓား ရှိနေတာကြောင့် အမှန်တကယ်ပင် ပို၍ရိုးရှင်းပေ၏။ ထို့ပြင် သူတို့သည် ဤအဆိပ်ငွေ့များကို ခုခံရာတွင်လည်း ပိုမိုအားကောင်းကြသည်။ အောက်ဘက်သို့ ဆက်သွားခဲ့ရာမှ နောက်ဆုံးတွင် လူတိုင်းသည် သလင်းကျောက်တွင်းကြီး၏ ထိပ်သို့ ရောက်ခဲ့ကြသည်။

ထိုနေရာ၌ သလင်းကျောက် အမြောက်အများ စုဆောင်းထားပြီး တချို့သော ခရမ်းရောင် သလင်းကျောက်များ ရှိသော်လည်း ၎င်းတို့အားလုံးဟာ ယခင်က လုရွှမ် ရခဲ့သော အရာနှင့် သိသိသာသာ ကွာခြားပါသည်။

ချောင်ယန်: "အဲဒါကို ဖယ်စရာမလိုပါဘူး.. သလင်းကျောက် တစ်လုံးရဖို့က မင်းရဲ့ အခွင့်အရေးပဲ... မင်းအဲဒီမှာ ရပ်နေရင်တောင် သလင်းကျောက်တွေက မင်းဆီကို ပြေးလာလိမ့်မယ် နောက်ပြီး ဒီသလင်းကျောက်တွေက မျှဝေယူဖို့ လုံလောက်ပါတယ်.."

လုရွှမ် ဟန်ဆောင်မနေတော့ပေ။ ခရမ်းရောင် သလင်းကျောက်က အခြားသလင်းကျောက်များနှင့် မတူကြောင်း သူခံစားမိနေပြီ ဖြစ်သည်။ အားလုံးက သလင်းကျောက်တုံးတွေကို အလျင်စလို မစွန့်ပစ်ဘဲ ဒီမှာပဲ အတူတူ လေ့ကျင့်နေကြတော့၏။

သူတို့ရဲ့ သက်ဆိုင်တဲ့ ဝိညာဥ်စွမ်းအင် စုစည်းမှုဟာ တုန်လှုပ်ချောက်ချားစရာ ကောင်းလှပေသည်။ လုရွှမ် သူတို့ကို ပြုစုစောင့်ရှောက်ဖို့ စိတ်ပိုင်းဖြတ်ထား၏။ ယွမ်ယန်ကျင့်စဥ်နဲ့ လေ့ကျင့်ခြင်းက များစွာ အကျိုးရှိသည်လေ။

ချောင်ယန်နဲ့ လိန်မင်သာ နယ်ပယ်ကို တကယ်ဖြတ်ကျော်နိုင်ခဲ့ရင် အကောင်းဆုံး ဖြစ်မှာပါပဲ။ စကားမပြောသော်လည်း ဒေသခံလူငယ်တွေ တဖြည်းဖြည်း ကွဲကွာသွားတာကို ခံစားမိသည်။ လူတိုင်းရဲ့ ဆုံးဖြတ်ချက်ကို တုန်လှုပ်သွား​စေမှာ ကြောက်လို့ တချို့လူတွေကလည်း ထွက်သွားကြ၏။

သန်မာလာတဲ့အခါ ကွဲကွာသွားရင်တောင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ စွမ်းအားတွေ ရှိနေတုန်းပဲ။ အခင်းအကျင်း ဖွဲ့စည်းတည်ထောင်ပြီး လူတိုင်း စတင်လေ့ကျင့်ကြသည်။

အချိန်တွေက ကုန်မြန်၏။ အပြင်လောကရဲ့ အချိန်တွေမကြောင်း မသိလိုက်ခင်မှာပဲ နောက်ထပ်တစ်နှစ် ကုန်သွားပါပြီ။ စန်းယောင်မျိုးနွယ် ဖြစ်ဖြစ်၊ စန်းမြောင်မျိုးနွယ် ဖြစ်ဖြစ် လူအားလုံးက စိတ်မရှည်စွာ စောင့်နေကြသည်။

သူတို့ ပြန်မလာသေးတာ ဘာကြောင့်များလဲ။

တောင်ဖက်ကလာတဲ့ သူတွေကပါ ဂူထဲမှာ သေသွားကြတာလား။

ဤအခိုက်အတန့်တွင် စန်းမြောင်မျိုးနွယ်စုရှိ လူတိုင်းသည်လည်း သလင်းကျောက်တွင်း၏ ဂူအဝင်ဝတွင် စုရုံးနေကြပြီး အလွန်စိုးရိမ်နေကြသည်။ တစ်နှစ် မပြည့်သေးသော်လည်း အဲဒီအကောင်တွေက ရောက်လာတော့မည်။

ထိုစဥ် အောက်ဂူထဲ၌။

လုရွှမ် နောက်ဆုံးတွင်တော့ လေ့ကျင့်တာကို ရပ်တန့်ကာ မျက်လုံးများကို ဖွင့်​​ကြည့်လိုက်သည်။ ပြီးတော့ သူတို့ပတ်ဝန်းကျင်က လူတွေအားလုံးလည်း မျက်လုံးတွေကို တစ်လုံးပြီးတစ်လုံး ဖွင့်လိုက်ကြ၏။ လုရွှမ်ကိုတော့ ထိတ်လန့်ပြီး ကျေးဇူးတင်စိတ် အပြည့်နဲ့ ကြည့်နေကြသည်။

လုရွှမ်က ဘာကြောင့် ဒီနေရာမှာ ကျင့်ကြံခိုင်းလဲ နားလည်သွားသည်။ မတူကွဲပြားတဲ့ ကျင့်စဥ်ရောင်ဝါ ကျွမ်းကျင်မှုတွေကြောင့် တခြားလူတွေကို ဆွဲဆောင်မိဖို့ လွယ်ကူလေသည်။ ဒါပေမဲ့ လေ့ကျင့်ပြီးနောက်မှာတော့ လုရွှမ်ရဲ့ အကူအညီကို ခံစားခဲ့ရကြောင်း သိလာသည်။

လုရွှမ်သည် လွန်ခဲ့သည့်နှစ်တွင် သူ၏ ကျင့်ကြံမှုကို လုံးလုံးလျားလျား စုစည်းထားခဲ့၏။ သူသည် ယခင်ခရမ်းရောင် သလင်းကျောက်ကို လုံးဝ မထုတ်ဘဲ သူ့ဘေးပတ်ပတ်လည်ရှိ ခရမ်းရောင် သလင်းကျောက်များ ရှိနေသဖြင့် သူ၏ ဖုံးကွယ်ထားသော အန္တရာယ်များကို အပြည့်အဝ ဖြည့်ဆည်းပေးခဲ့သည်။

နယ်ပယ်က မပြောင်းလဲသေးပေမယ့် သူ့ခွန်အားက နှစ်ဆကျော်နေပြီဆိုတာ ကောင်းကောင်း သိ၏။ အကယ်၍ သူသည် ထိုအဘိုးအိုကို နောက်တစ်ကြိမ် တိုက်ခိုက်ရမည်ဆိုပါက ခရမ်းရောင် သလင်းကျောက်နှင့် ရွှေချိုတွေရဲ့ အကူအညီကို မလိုအပ်တော့ဘဲ အဘိုးအိုကို သတ်ရန် ခွန်အားရှိနေပြီ ဖြစ်သည်။

တကယ်တော့ ချောင်ယန်က ​​မတိုးတက်လာသေးပါဘူး။ သို့သော် လုရွှမ်လိုပဲ သူသည် သူ၏ ကျင့်ကြံမှုကို စုစည်းထား၏။ ဒါမှသာ အနာဂတ်တွင် သူ့ကျင့်ကြံမှုက ပိုမိုလွယ်ကူလာမှာပဲ ဖြစ်သည်။

တခြားသူများမှာ လုရွှမ်နဲ့ ချောင်ယန်လောက် အကျိုးမဖြစ်ထွန်းသော်လည်း ၎င်းတို့အားလုံးသည် ယခုနှစ် ကျင့်ကြံခဲ့တာက ယခင်ဆယ်နှစ် လေ့ကျင့်မှုထက် ပိုမိုရရှိတာကြောင့် လွန်စွာ ပျော်ရွှင်နေကြသည်။

"သလင်းကျောက်တွေကို စပြီးတူးရအောင်"

ယခုအချိန်တွင် သလင်းကျောက် အများစုကို ၎င်းတို့က အသုံးပြုထားပြီးပြီ။ အများစုမှာ ရှင်ထျန်းနဲ့ ယောင်းရောင်တို့အား ပေးဆောင်ရန် လိုအပ် နေသေးသည့်အပြင် ဤနေရာတွင် သလင်းကျောက် များစွာရှိသည်။ နောက်ထပ် မယူသွားပါက ရတနာတောင်ထဲ ဝင်ပြီး လက်ဗလာနဲ့ ပြန်သွားသလိုမျိုး ဖြစ်နေလိမ့်မည်။

လူတစ်စုက သလင်းကျောက် တူးရတာ ပိုပိုပြီး ခက်ခဲလာသော်လည်း နောက်ပိုင်းမှာ ထွက်လာတဲ့အထိ အများကြီး စုဆောင်းခဲ့မိတာကြောင့် အရမ်းချမ်းသာနေပါပြီ။ သူများတွေကို ပေးရင်တောင် သူတို့မှာ ပိုလျှံနေဦးမှာပင်။

နောင်ကာလများတွင် ဤသလင်းကျောက်တုံးများက သူတို့ရဲ့ တံခါးပိတ်ကျင့်ကြံမှု အတွက် လုံလောက်​ပေလိမ့်မည်။ ဂူထဲက ထွက်လာတော့ အပြင်က လူတွေဟာ အိုးပူပူပေါ်က ပုရွက်ဆိတ်တွေလို စိတ်ပူနေကြတာ တွေ့လိုက်ရ၏။

သို့သော် တစ်ချက်ကြည့်လိုက်လျှင် လူတိုင်းရဲ့ အရည်အချင်းတွေ အလွန်တိုးတက်လာတာ သိသာလေသည်။

"နောက်ဆုံးတော့ မင်းတို့ ထွက်လာပြီပေါ့?? မင်းတို့အားလုံး သွားပြီလို့တောင် ထင်နေတာ"

"ဘာမှမဖြစ်ပါဘူး.. ရိုးရိုးသားသား ပြောရရင် ငါတို့မှာ ဘာအန္တရာယ်မှ မခံစားခဲ့ရဘူး!"

ချောင်ယန်က ပြုံးပြပြီး ပြော၏။ လေ့ကျင့်ပြီးနောက် ဒါက လုရွှမ် သူတို့အဖွဲ့ထဲမှာ ဖြစ်တည်လာရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်ဆိုတာ အနည်းနဲ့အများ ရိပ်မိသွားပါသည်။

လုရွှမ်ရဲ့ စွမ်းရည်များက အစွမ်းထက်လွန်းသည်။ နတ်ခန္ဓာကိုယ်ကလည်း ရှိနေတာကြောင့် ဘယ်နတ်ဆိုးကမှ သူ့အနားကို ချဉ်းကပ်ရဲမည် မဟုတ်ပေ။

"နှစ်နှစ်ကျော်သွားပြီ.... ငါတို့ထွက်သွားရတော့မယ်... မထွက်သွားရင် အဲဒီမိစ္ဆာသားရဲတွေက ဒီကိုရောက်လာပြီး ရွာတစ်ခုလုံးကို သတ်ဖြတ်ပစ်လိမ့်မယ်!"

"ဒါ့အပြင် ငါတို့ဖြတ်သွားတဲ့ ရွာသမျှမှာ လူသားတွေရဲ့ ခြေရာ​တွေကို ရှာတွေ့တာနဲ့ အကုန်လုံးကို သုတ်သင်ပစ်လိမ့်မယ်"

ဟမ့်!

"စိတ်မပူပါနဲ့ ဒီတစ်ခါတော့ ငါတို့လည်း မင်းတို့နဲ့လိုက်ခဲ့မယ်"

ထိုစကားကို ကြားတော့ စန်းမြောင် မျိုးနွယ်စုမှ လူများ ရုတ်တရက် စိတ်လှုပ်ရှားလာကြသည်။ သူတို့အားလုံး ချက်ချင်းပင် ကျောရိုး ရှိသွားသလို ခံစားလိုက်ရလေ၏။

All Chapters