← Chapters

သီးခြား

Vol. 122 Ch. 4.1350

သီးခြား

Vol. 122 Ch. 4.1350

တစ်လအကြာတွင် စန်းယောင်မျိုးနွယ်စုမှ အားလုံး စန်းမြောင်မျိုးနွယ်စုသို့ ရောက်လာကြသည်။ မျိုးနွယ်စုနှစ်ခုမှ လူများဟာ ကောင်းကင် အထက်သို့ ပျံတက်ကြပြီး အမဲလိုက်ရာ အရပ်ဆီသို့ အတူတကွ ပျံသန်းခဲ့ကြလေသည်။

အမဲလိုက်နယ်မြေက ပန်းကန်နယ်မြေ ဟူသော နေရာ၌ ရှိပြီး ဘယ်လောက်တောင် ကြီးမားသလဲ ဘယ်သူမှ မသိနိုင်သလို အဆုံးအစရှိပေ။ အထဲမှာ တစ်စုံတစ်ယောက် ပုန်းအောင်းပြီး ထွက်ပေါက်ကို ရှာတွေ့ခဲ့တယ် ဆိုတဲ့ ကောလဟာလတွေ ရှိခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ သူတို့ကတော့ မတွေ့ခဲ့ရပါဘူး။

ဆယ်စုနှစ်များစွာ ပြေးလွှားပြီးသည့်တိုင် နောက်ဆုံးတွင် သူတို့သည် မိစ္ဆာသားရဲများ၏ ဖမ်းဆီးတာကို ခံခဲ့ရပြီး အဆုံးသတ်ကလည်း အလွန်သနားစရာ ကောင်းခဲ့သည်။ စန်းယောင်နဲ့ စန်းမြောင်မျိုးနွယ်စု​၏ တပည့်များသည် အစပိုင်းတွင် မြင်ခဲ့သည့် အင်အားများနှင့် နှိုင်းယှဉ်ပါက ယခုဆိုရင် ၎င်းတို့၏ ခွန်အားက ပျမ်းမျှအားဖြင့် တစ်ဆခွဲလောက် တိုးလာပါပြီ။

လူတိုင်းသည် နတ်ဓားများ ရှိတာကြောင့် စွမ်းအင်က ယခင်ကထက် အနည်းဆုံး နှစ်ဆတိုးလာခဲ့သည်။ သူတို့အားလုံးသည် သူတို့၏ ကိုယ်ပိုင်တိုးတက်မှုကိုလည်း ခံစားခဲ့ရတာမလို့ လုရွှမ်နှင့် သူ့​အဖွဲ့အား အဆုံးမရှိ ကျေးဇူးတင်မှု အပြည့်​ဖြင့် ရှိကြပြီး အနာဂတ် အတွက်လည်း အနည်းငယ် ယုံကြည်မှု ရှိလာကြလေပြီ။

ဒီတစ်ခါတော့ သူတို့ တကယ်ပဲ ရှင်သန်နိုင်လောက်သည်။ လုရွှမ် ထိုလူများကို ကြည့်ပြီး နည်းနည်းတော့ စိတ်ပျက်သွားမိသည်။ သူတို့လုပ်သမျှ အရာအားလုံးဟာ အချည်းနှီး ဖြစ်နေတယ်လို့ ခံစားမိပေမယ့် ဒီမှာရှိတဲ့ လူအများစုကတော့ သေဆုံးနေရဆဲပါပဲ။

သူနဲ့အတူ ပါလာတဲ့ အပေါင်းအဖော်တွေတောင် အရမ်းထူးဆန်းတဲ့ ခံစားချက်မျိုး ရှိနေခဲ့သည်။ လုရွှမ် လူတိုင်းရဲ့မျက်နှာကို ကြည့်လိုက်တော့ အနက်ရောင်စွမ်းအင် အနည်းငယ်ကို မြင်​နေရလေသည်။ သေခြင်းတရားက သေချာတယ်လို့ မဆိုလိုသော်လည်း အန္တရာယ်ကတော့ အလွန်တိုးလာလိမ့်မည်။

သူ ဒီကနေ ထွက်သွားဖို့ တခြား အခွင့်အလမ်းတွေ ရှိကောင်းရှိမယ်လို့ တွေးထားပေမယ့် ပိုဆိုးသွားတာက အမဲလိုက်ကွင်းကို သွားတာက အလွန်အန္တရာယ် များသော်လည်း မျှော်လင့်ချက် အနည်းငယ်သာ ရှိသည်။

လုရွှမ် မသိသောအရာမှာ သူတို့အထက်တွင် အလွန်မြင့်မားသော နေရာတွင် ငှက်ကြီးတစ်ကောင် ရှိနေသည်။ သူသာ မြင်နိုင်လျှင် ၎င်းသည် တောထဲတွေ့ခဲ့သော လင်းနို့ဖြစ်ကြောင်း သေချာ သိလိမ့်မည်။

"ဟမ့် နှစ်တွေ ဒီလောက် ကြာပြီးတာတောင်... လူသားတွေ ဒီနေရာကို ဝင်ချင်နေသေးတာလား... ဘယ်လိုဖြစ်တာလဲ ငါက ဒီလမ်းကြောင်းကို ကာကွယ်ဖို့ အစကတည်းက စာချုပ်ချုပ်ထားပြီးသား... တခြားမိစ္ဆာသားရဲတွေ အနားမကပ်စေနဲ့တဲ့.... ဟားဟား ဒါပေမဲ့ လူသားတွေကိုတော့ မပြောထားဘူး... ဒီလူသားတွေ သေသေရှင်ရှင် သူတို့ရဲ့ ကံကြမ္မာ အပေါ်မှာ မူတည်တယ်”

တစ်လအကြာတွင် အရောင် ငါးရောင်ရှိသော ယဇ်ပလ္လင်တစ်ခုသို့ ရောက်သောအခါ ဤနေရာတွင် ပို့ဆောင်ခြင်းအစီအရင် မရှိတာ သိလိုက်ရသည်။ သို့သော် မိစ္ဆာသားရဲများက ၎င်းတို့၏ ကိုယ်ပိုင် ပို့ဆောင်ခြင်းအစီအရင် တီထွင်ခဲ့ပြီး အမှန်တကယ်အားဖြင့် ငါးရောင်ရှိသော ယဇ်ပလ္လင်ကို အသုံးပြုကြတာပဲ ဖြစ်သည်။

လူတိုင်း ထိုအပေါ်၌ မတ်တပ် ရပ်လိုက်သောအခါတွင် ယဇ်ပုလ္လင်ပေါ်၌ တင်ထားသော သလင်းကျောက်က တောက်ပလာပြီး လူအားလုံး ပျောက်ကွယ်သွားကြသည်။ အကွာအဝေးက လုရွှမ် မျှော်မှန်းထားသည်ထက် ပိုဝေးသွားခဲ့၏။ ဘေးကင်းမှုအရတော့ ပိုမိုတည်ငြိမ်လာပြီး ဖိအားတစ်စုံတစ်ရာ မခံစားရပေ။

လုရွှမ်သည် ဤယဇ်ပလ္လင်မျိုးက သလင်းကျောက်များအတွက် အလွန်မြင့်မားသော လိုအပ်ချက်များ ရှိကြောင်း၊ အဆိုးဆုံးမှာ အစိမ်းရောင် သလင်းကျောက်များ သုံးရကြောင်း သိလာသည်။ မဟုတ်ပါက ယဇ်ပလ္လင်ကို လုံးဝ ဖွင့်နိုင်မည် မဟုတ်ချေ။

အကြိမ်ကြိမ် ပို့ပြီးနောက် လုရွှမ်ကိုယ်တိုင်လည်း အနည်းငယ် မူးဝေလာပြီး သူတို့ ဘယ်ရောက်နေမှန်းမသိဘဲ နောက်ဆုံးတွင် ရပ်သွားခဲ့သည်။ အကွာအဝေးက မနည်းလှပါ။ ဒီလိုနေရာမှာ လူသားများစွာကို မြင်နိုင်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အမှောင်ထုထဲမှာ အနည်းဆုံး လူတစ်သိန်းခန့် ရှိလေသည်။

ဤလူများစွာ၏ ကျင့်​ကြံမှုအဆင့် အများစုသည် နတ်မီးနယ်ပယ်နှင့် မျှော်စင်နယ်ပယ် အကြားတွင် ရှိပြီး အဆင့်များတွေက အနည်းငယ် ထူးဆန်းသည်။ ဒါဟာ ၎င်းတို့ရဲ့ ကျင့်စဥ်တွေကြောင့် ဆိုတာ ထင်ရှားပါ၏။

ပိုလို့တောင် စိတ်ပျက်စေတာက အဲဒီလူတွေရဲ့ အနေအထားက သူတို့ဟာ ဖုတ်ကောင်တွေ လမ်းလျှောက်နေသလိုမျိုး ဖြစ်နေတာပဲ။ အသက်ရှင်နေတဲ့ အရိပ်အယောင်မရှိ၊ သေနေသော လူတစ်ယောက်ကို ကြည့်နေရသလိုပင်။

အနီးနားရှိ တောင်တန်းများပေါ်တွင် သတ္တဝါကြီးများသည် ကောင်းကင်ယံ၌ တစ်ကောင်ပြီးတစ်ကောင် ပျံသန်းနေကြ၏။ ၎င်းတို့အားလုံးကတော့ နတ်ခြေလှမ်းနယ်ပယ်က မိစ္ဆာကောင်များဖြစ်ပြီး ၎င်းတို့ဘေးတွင် လှည့်ပတ်ကစားနေသည့် အကောင်ငယ်များလည်း ရှိနေသည်။

လေထဲမှာတော့ သူတို့အသံတွေကို ကြားနေရသည်။ ဘယ်သူက ပိုအရသာရှိလဲ၊ ဘယ်လို လူသားကျင့်ကြံသူကို တီးလိုက်ရင်တော့ ပိုအရသာရှိတယ် ဆိုတဲ့အကြောင်း ပြောနေကြလေ၏။

ဒါက အနောက်ဖက်ဒေသ ပြင်ပက လူသားတွေရဲ့ လက်ရှိအခြေအနေ ဖြစ်ပြီး ဘယ်လောက်ဝမ်းနည်းစရာ ကောင်းတယ်ဆိုတာ ပြောမပြတတ်တော့ပေ။

ယုတ်မာလွန်းလှသော မိစ္ဆာသားရဲများနှင့် လူသားတို့၏ အမျိုးအနွယ်များ၏ အမိန့်အရ လူငယ်တွေဟာ အရှေ့က ငါးရောင် ယဇ်ပလ္လင်တစ်ခုစီသို့ ဦးတည်သွားသော်လည်း အခြားငါးရောင်ရှိသော ယဇ်ပလ္လင်များနှင့် မတူဘဲ လူတစ်ဦးတည်းသာ ဝင်နိုင်သည်။

"အားလုံးသတိထားကြ!"

ယဇ်ပလ္လင်ကို မြင်သောအခါ ဒေသခံ လူတိုင်းရဲ့ အမူအရာများ ပြောင်းလဲသွားကာ ခွဲခွာတော့မည်ကို သိလိုက်သည်။

"ငါဒီမှာသေသွားရင် ငါ့ပြာတွေကို ပြန်ယူသွားပေးပါ.."

ဟောက်ထျန်းက သူ့မျက်နှာက အပြုံးနဲ့ ပြောလိုက်သည်။ လုရွှမ်မျက်နှာမှာ ခါးသီးမှုအပြည့်နှင့်။ ဟောက်ထျန်းက သူတို့ထံတွင် အဆိုးရွားဆုံးသော ကျင့်ကြံသူ ဖြစ်သည်။

"ဒါဖြင့် မင်းကို ငါ ဒါပေးလိုက်မယ်... မင်းအသက်ကို ကယ်နိုင်လိမ့်မယ်"

လုရွှမ်သည် သူ့ကို တိခွင်းပေးခဲ့တဲ့ တံဆိပ်ပြားကို ထုတ်ကာ ပေးလိုက်သည်။

လုရွှမ်: "ယူလိုက်ပါ... ငါမင်းကို ညီအစ်ကိုလို ဆက်ဆံလို့ မသေစေချင်ဘူး... အတူတူ တိုက်ပွဲဝင်နေတဲ့ လူတိုင်းကို အသက်ရှင်နေဖို့ စောင့်မျှော်နေတယ်"

ဟောက်ထျန်းလည်း လုရွှမ်ရဲ့ အစွမ်းအစကို သိသဖြင့် ဟန်ဆောင်ခြင်းမရှိဘဲ သိမ်းလိုက်သည်။ လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ရှေ့ကို တိုးလာကာ ယဇ်ပလ္လင်ပေါ်သို့ တက်လိုက်သည်နှင့် ၎င်းတို့၏ ရုပ်ပုံများ ပျောက်ကွယ်သွားခဲ့သည်။

လုရွှမ် ပြန်ကြည့်လိုက်တဲ့အခါ ကောင်းကင်တွင် ရင်းနှီးသော အရာတစ်ခုကို ယောင်ဝါးဝါး မြင်နေရသော်လည်း သူ့ခန္ဓာကိုယ်ကို အဝေးသို့ လွှဲပို့ထားလေပြီ။ ကောင်းကင်အထက်က တိမ်တွေပေါ်မှာ ပုန်းနေတဲ့ လင်းနို့ကြီးကြီးကြောင့် လုရွှမ် လန့်သွား၏။

တစ်အောင့်ကြာတော့ အလင်းတန်း တစ်ခုနှင့်အတူ လုရွှမ် အနက်ရောင်ရေကန် တစ်ခုထက်တွင် ပေါ်လာခဲ့သည်။ ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ ဖြစ်နေသလိုမျိုး အောက်ကို ပြုတ်ကျသွားတော့သည်။

"ကျစ်! ဒါက ဝိညာဥ်ပျောက်ရေကန်ပဲ!!"

လုရွှမ် တိတ်တဆိတ် ကျိန်ဆဲလိုက်သော်လည်း သူလုံးဝ မအံ့သြပါ။ သူအနောက်ကနေ ချင်ထျန်းဓားရှည်က ရွေ့သွားပြီး သူ့ခန္ဓာကိုယ်က တစ်ဖက်ကို အလိုလို လွင့်ပျံသွားစေသည်။

ကမ်းပေါ် ဆင်းသက်ပြီးနောက် ဝိညာဥ်ပျောက်ရေကန် ဘက်ကို ပြန်ကြည့်တော့ မယုံနိုင်အောင် ဖြစ်သွားသည်။ ဒီလောက်ထိ ကြီးမားသော ဧရိယာဟာ လူသားများအတွက် သာမက မိစ္ဆာသားရဲများအတွက်ပါ အသုံးဝင်ကြောင်း သိထားရမည်။

မိစ္ဆာသားရဲတွေ အတွက်ဆို ဝိညာဥ်ပျောက်ရေကန်က အကျိုးသက်ရောက်မှုက ပိုအားကောင်းပေမည်။

ဘေးပတ်ဝန်းကျင်တွင် လူမရှိသလို မိစ္ဆာသားရဲတွေရဲ့ လှုပ်ရှားမှု ခြေရာများလည်း မရှိခဲ့ပါ။ ဒါတွေအားလုံးက ဝိညာဥ်ပျောက်ရေကန်နဲ့ သက်ဆိုင်နိုင်သည်။ ဘာမှမဖြစ်ဘူးဆိုရင် သဘာဝအတိုင်း သက်ရှိသတ္တဝါတွေ ဒီနေရာကို ရောက်လာမှာ မဟုတ်ပါဘူး။

လုရွှမ် ဝိညာဥ်ပျောက်ရေကန်၏ ပတ်ပတ်လည်တွင် ပျံသန်း​နေခဲ့သည်။ ဒီနေရာဟာ အလွန်ကြီးမားသောကြောင့် သူကိုယ်တိုင်ပင် တုန်လှုပ်သွား၏။ ၎င်းက ယင်စွမ်းအင်ရှိ မိစ္ဆာသားရဲများအတွက် နေရာကောင်းတစ်ခု ဖြစ်နိုင်သည်။

ထိုစဥ် အကွာအဝေး တစ်ခု၌ ဝိညာဉ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် လူတစ်ဦးသည် အလွန်ကံဆိုးသွားကာ ဝိညာဥ်ပျောက်ရေကန်ထဲ တည့်တည့် ပြုတ်ကျသွားသည်။ တစ်ဖက်လူဟာ အောက်ဖက်က ဝိညာဥ်ပျောက်ရေကန်ကို တွေ့တော့ အကျယ်ကြီး အော်ဟစ်လိုက်ပေ၏။

နောက်တစ်ခုက ခက်ခက်ခဲခဲ ရုန်းကန်နေရပေမယ့် သူမဟာ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိသေးဘဲ အောက်ကို ဆက်ပြီး ပြုတ်ကျနေလေသည်။ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြီး ကြိုးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ကြိုးက မိန်းကလေးကို ချည်နှောင်မိတာနဲ့ သူမကို ချက်ချင်း ပြန်ဆွဲတင်လိုက်သည်။

အလွန်မြန်ဆန်သော အရှိန်ကြောင့် မိန်းကလေးမှာ ထိတ်လန့်စွာ မျက်လုံး ဖွင့်ကြည့်လိုက်တော့ သူမဘေးမှာ လူငယ်တစ်ဦး ရပ်နေတာကို တွေ့လိုက်ရသည်။

“ကျေးဇူးတင်ပါတယ်.. ကျေးဇူးတင်ပါတယ်”

မိန်းကလေးက အလွန်စိတ်လှုပ်ရှားစွာ အော်ဟစ်​နေခဲ့သည်။ ထိုမှသာ လုရွှမ်လည်း မိန်းကလေးရဲ့ ပါးပြင်တွင် အမာရွတ်များဖြင့် ပြည့်နေပြီး အလွန်ကြောက်စရာ ကောင်းနေတာကို တွေ့လိုက်ရ​တော့သည်။

All Chapters