← Chapters

တောင်ထွတ်ရွေးချယ်မှုအခမ်းအနား(၁ဝ)

Vol. 20 Ch. 276

တောင်ထွတ်ရွေးချယ်မှုအခမ်းအနား(၁ဝ)

Vol. 20 Ch. 276

လုဖန်း၏ ခန္ဓာကိုယ်မှာ အခိုးအငွေ့များကဲ့သို့ ပန်းထွက်နေသည့် ရုန့်ရင်း ကြမ်းတမ်းသော မူလချီများကြောင့် ရွှေရောင်ကျောက်တုံး စင်မြင့်တစ်ခုလုံး ဖိအားများ လွှမ်းခြုံနေပေသည်။

ထိုမြင်ကွင်းကြောင့် မူလတိမ်တိုက်ပေါ်ရှိ နှင်းပဒုမ္မာ တောင်ထွတ် ဆရာသခင်မ လျို့လျန်ယီ မျက်ခုံးနှစ်ဖက်မှာ ထိစပ်လုမတတ် ကွေးညွတ်သွားခဲ့သည် “သူတကယ်ပဲ သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းလမ်းကို အသုံးပြုဖို့ စဉ်းစားနေတာလား။ လုဖန်းက တကယ့်ကို လက်လွှတ်မဲ့ပုံစံ မရှိဘူးပဲ”

သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းလမ်းသည် လူတစ်ဦး၏ သွေးအဆီအနှစ်ကို လောင်ကျွမ်းစေပြီး ယာယီခွန်အား တိုးမြှင့်ပေးသည့် နည်းလမ်းဖြစ်သည်။ သို့သော်လည်း တန်ပြန် သက်ရောက်မှုက အလွန်ပင် ပြင်းထန်လှပေသည်။ သည်နည်းလမ်းကို အသုံးပြုလိုက် ကတည်းက လုဖန်းက အနိုင်ရရှိရန်အတွက် မည်သည့်အရာမျိုးကို မဆို လုပ်ဆောင်မိသူမှန်း ဖော်ပြနေပေသည်။

ကလန်ခေါင်းဆောင် ချင်းယန်၊ အဖြူရောင်မျက်ခုံးနှင့် အကြီးကဲ၊ ဂူဟုန်ထျန်းတို့မှာလည်း အနည်းငယ် မျက်မှောင်ကြုတ်နေ ကြပေသည်။ တောင်ထွတ်ရွေးချယ်မှု အခမ်းအနားရှိ တပည့်များ၏ တိုက်ခိုက်မှုတွင် ကန့်သတ်ချက် များစွာ မရှိသော်လည်းပဲ လုဖန်း၏ လုပ်ရပ်က အမှန်ပင် မနှစ်မြို့စရာ ကောင်းလှပေသည်။

“လူငယ်တွေက အနိုင်ရရှိမှုကို ဂုဏ်ယူချင်ကြတဲ့ သူတွေပဲ။ သူတို့က ရှုံးနိမ့်မှုကြောင့် အရှက်မရလိုကြဘူးပဲ” တောင်ထွတ် ဆရာသခင် လင်ကျွမ်းက ရယ်မောကာ ပြောလိုက်သည်။

လုဖန်း၏ အပြုအမူမှာ အပြစ်တင် ရှုတ်ချဖွယ် ကောင်းသော်လည်း လုဖန်း၏ မသမာမှုကို အနိုင်ရလိုစိတ်ကို အကြောင်းပြကာ ဖုံးကွယ်ပေးရန် ကြိုးစားနေပေသည်။

တောင်ထွတ် ဆရာသခင် လင်ကျွမ်း၏ ရယ်ရွှင်ဖွယ် ကောင်းသော ရှင်းပြချက်ကို နားထောင်ပြီးနောက် တောင်ထွတ် ဆရာသခင်မ လျို့လျန်းယီ၏ နှုတ်ခမ်းထောင့်စွန်းမှာ ကွေးညွတ်သွားပြီး အထင်သေးစွာ လှမ်းကြည့်လိုက်သည်။

သို့သော်လည်း သူမက ဆက်လက် ငြင်းခုံမနေတော့ပဲ ဇူယွမ်ကို သနားသည့်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ မူလစဦး ပထမအဆင့်မျှဖြင့် လုဖန်းကို သည်အခြေအနေ အထိ ရောက်အောင် တိုက်ခိုက်နိုင်ခဲ့သည့် ကောင်လေးမှာ အမှန်ပင် ထူးခြားလှပေသည်။

ကံမကောင်းစွာပဲ သူ၏ ကံတရားက အနည်းငယ် ချို့တဲ့ခဲ့ပေသည်။

လုဖန်းကို ကြည့်ရင်းနှင့်မှ တောင်ထွတ် ဆရာသခင် လင်ကျွမ်း၏ မျက်နှာပေါ်မှာ အပြုံးမှာ အားနည်းသွားခဲ့သည်။ သူ၏ မျက်လုံးတွင် ဒေါသများ ရောယှက်လျက် အနောက်တွင် ရှိသော လုရွှမ်းယင်ကို လှမ်းကြည့်လိုက်သည်။

လုရွှမ်းယင်၏ လှပသော မျက်နှာလေးမှာ ဖြူရော်သွားခဲ့သည်။ လုဖန်း၏ လုပ်ရပ်ကို တောင်ထွတ်ဆရာသခင် လင်ကျွမ်း စိတ်ပျက်သွားခဲ့မှန်း သူမနားလည်ပေသည်။ မူလစဦးပထမ အဆင့်တစ်ယောက်ကို သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းလမ်းကို အသုံးပြု၍ တိုက်ခိုက်ခြင်းမှာ အနိုင်ရလျှင်ပင် ကြည့်၍ မကောင်းသော အနိုင်ရရှိမှု ဖြစ်သည်။

သူမက လက်သီးကို တင်းကျပ်စွာ ဆုပ်ထားခဲ့ပြီး တောင်ထွတ် ဆရာသခင် လင်ကျွမ်းကို မည်သည်မှ ပြန်မပြောရဲပေ။ ထို့ကြောင့် သူမက ဇူယွမ်ကိုသာ မုန်းတီးစွာ လှမ်းကြည့်လိုက်သည်။

“ညစ်ပတ်တဲ့ တောကကောင်”

သူ၏ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ လုဖန်းမှာ ပထမနေရာကို လှလှပပ ရယူသင့်ပေသည်။ ထိုနောက် သူက ဓားကပ်ဘေး တောင်ထွတ်ကို ဝင်ရောက်ပြီး တောင်ထွတ် ဆရာသခင် လင်ကျွမ်း၏ တန်ဖိုးထားခြင်းကို ခံရကာ အချိန်တန်သည်နှင့် ကန်ရွှမ်းကလန်၏ အဓိက အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သင့်ပေသည်။

သို့သော်လည်း ထိုသို့သော် လှပသည့် အနာဂတ်ကို ညစ်ပတ်သည့် တောသားတစ်ဦးက ဖျက်ဆီး သွားလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။ လုဖန်းအနေဖြင့် အနိုင်ရခဲ့လျှင်တောင်မှ သူ၏ အောင်မြင်မှုက ပျက်စီးနေခဲ့ပြီ ဖြစ်သည်။

“လုဖန်း၊ အဲဒီတောသားကို မသန်စွမ်းဖြစ်အောင် လုပ်ပြီး ပေးဆပ် ခိုင်းလိုက်စမ်းပါ”

ထိတ်လန့် တုန်လှုပ်နေသည့် အကြည့်များအောက်တွင် လုဖန်းက ဇူယွမ်ကို အန္တရာယ်ပြုတော့မည့် ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ လျှို့ဝှက်နည်းလမ်းကို အသုံးပြုပြီး အနိုင်ယူခြင်းမှာ အနိုင်ရခဲ့လျှင်တောင် အပြစ်တင်စရာ ဖြစ်မည်ကို သူမသိဘဲ မနေပေ။ သို့သော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။ ဇူယွမ်သာ ပထမနေရာကို သူ့ထံမှ လုယူသွားပါက သူ၏ မျက်နှာကို မည်သည့်နေရာ၌ ထားရမှန်းပင် သိမည်မဟုတ်ချေ။

ထို့ကြောင့် သူ၏ ဂုဏ်သိက္ခာကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ အနိုင်ရရှိအောင် လုပ်နေခြင်းဖြစ်သည်။

သူ၏ ခြိမ်းခြောက်နေသည့် အကြည့်ကို မြင်သောအချိန်တွင် ဇူယွမ်က ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် သူက ဂရုမထားဟန်ဖြင့် ပြောလိုက်သည် … “မင်းပထမနေရာကို လိုချင်ရင် အခုလာပြီး တိုက်ခိုက်လိုက်။ ကလေးကလား စကားတွေ ပြောမနေနဲ့”

လုဖန်းက ဒေါသထွက်စွာ ရယ်မောလိုက်ပြီး “ကောင်းပြီ။ မင်းက သေချင်နေမှတော့ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးရမှာပေါ့”

သူ၏ ခန္ဓာကိုယ်မှ မူလချီများက ချက်ချင်းပင် ပေါ်ကွဲထွက်လာခဲ့ပြီး ဇူယွမ်၏ ခန္ဓာကိုယ်ကို ဖိအားပေးလိုက်သည်။

လုဖန်း မူလစဦး စတုတ္ထအဆင့်တွင် ရှိစဉ်က ဇူယွမ်မှာ နည်းလမ်း အမျိုးမျိုးကို အသုံးပြုပြီး သူတို့နှစ်ယောက်ကြား ကွာခြားချက်ကို နည်းပါး သွားစေခဲ့သော်လည်း ယခုအချိန်တွင် လုဖန်းမှာ မူလစဦး ပဉ္စမအဆင့်သို့ ရောက်ရှိသွားကာ သူတို့နှစ်ယောက်ကြား ကွာခြားချက်မှာ ကြီးမားသွားခဲ့ပြီ ဖြစ်သည်။

လုဖန်း၏ ပုံရိပ်မှာ ကြမ်းတမ်းသော လေပြင်းမုန်တိုင်း တစ်ခုကဲ့သို့ ကောင်းကင်ပေါ်သို့ ဖြေးညင်းစွာ တက်သွားခဲ့သည်။

မူလချီများက သူ၏ အနောက်တွင် ဖြန့်ထွက်လာခဲ့ပြီး ကောင်းကင်တွင် အစိမ်းရောင် ကြယ်တံခွန်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ကြယ်ပွင့်ကျမ်းစာ၊ အစိမ်းရောင် ကြယ်တံခွန်”

ထွက်ပေါ်လာသော မူလချီများအားလုံးသည် အဆုံးတွင် ကြီးမားလှသော အစိမ်းရောင် ကြယ်တံခွန်ကြီးဆီသို့ စီးဝင်သွားသည်။ ထိုကြယ်တံခွန်ကြီးမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး အလွန်အမင်း အံ့အားသင့်ဖွယ် ကောင်းသော မူလချီများက တအိအိ လှိုင်းထနေပေသည်။

အစိမ်းရောင် ကြယ်တံခွန်ကြီးတွင် လုဖန်း၏ မူလချီများအားလုံး စီးဝင်နေသည့်အတွက် သူက ထပ်မံ အချိန်ဆွဲမနေတော့ပဲ တိုက်ခိုက်မှု တစ်ခုတည်းဖြင့် အဆုံးသတ်ရန် ရည်ရွယ်ထားသည်မှာ သိသာနေပေသည်။

ကြီးမားလှသော အစိမ်းရောင် ကြယ်တံခွန်ကြီးအား မြင်လိုက်ရချိန်တွင် များစွာသော တပည့်များ၏ အမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး ယန်ရှိုးနှင့် ဂူဟွမ်ဂျီတို့ လူစုပင် တုန်လှုပ်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုအား မူလစဦး ဆဋ္ဌမအဆင့်အောက်မှ မည်သူမဆို တားဆီးနိုင်ဟန် မရပေ။

အစိမ်းရောင် ကြယ်တံခွန်ကြီးသည် တဖြည်းဖြည်း မြင့်တက်လာသည်နှင့် အမျှ ဇူယွမ်မှလည်း ထိုမှထွက်ပေါ်လာသော ဖိအားကို ခံစားမိပေသည်။ သူ၏ အမူအရာမှာလည်း တဖြည်းဖြည်းနှင့် တင်းမာလာခဲ့ပေသည်။

သူ၏ မူလစဦး ပထမအဆင့်မျှဖြင့် ထိုတိုက်ခိုက်မှုကို မရင်ဆိုင်နိုင်မှန်း သူသိပေသည်။

ထိုသို့ဆိုပါက ...

ဇူယွမ်က မျက်လုံး မှိတ်လိုက်ပြီးနောက် များစွာသော အကြည့်များမှာ စိတ်ရှုပ်ထွေးသွားဟန် ပေါ်လာခဲ့သည်။

ဇူယွမ် အဘယ်ကြောင့် ထိုသို့လုပ်လဲ ဆိုသည်ကို စဉ်းစားနေချိန်မှာပဲ လူတစ်ယောက်က ဇူယွမ်၏ ခန္ဓာကိုယ်မှာ မူလချီများ စတင် မြင့်တက်လာသည်ကို တွေ့ရှိသွားခဲ့သည်။

အစောပိုင်းတွင် ထိုမူလချီများက အားနည်း နေသေးသော်လည်း အသက်ရှိုက်စာ ဒါဇင်ခန့်အပြီးတွင် ထိုအရာက ဆူပွက်နေသော ရေအလား တုန်ခါလာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ။” များစွာသော သူများက စိတ်ရှုပ်ထွေးနေ ကြပေသည်။

“သူရဲ့ မူလချီတွေက တိုးလာနေတယ်” တစ်ယောက်က အော်ဟစ်လိုက်သည်။

ထိုအခိုက်တွင် ဇူယွမ်၏ မူလချီများက တဖြည်းဖြည်း သန်မာလာကြောင်း သူတို့အားလုံး မြင်တွေ့လိုက်ရသည်။

“သူလည်း လျှို့ဝှက်နည်းလမ်းကို အသုံးပြုနေတာလား”

“ဒါက မတူဘူး။ သူ့ရဲ့ မူလချီတိုးလာတဲ့ နှုန်းက တကယ့်ကို သဘာဝကျပြီး တည်ငြိမ်တယ်။ လုဖန်းလို အတင်းအကျပ် တိုးမြှင့်လိုက်တာ မဟုတ်ဘူး”

အားလုံး တီးတိုးပြောဆိုနေစဉ် အတွင်း ဇူယွမ်၏ အဝတ်အစားများမှာ တိုးပွားလာသော မူလချီလှိုင်းများကြောင့် တဖျတ်ဖျတ် လွင့်နေခဲ့သည်။ အဆုံးတွင် ခပ်အုပ်အုပ် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

ရွှေရောင် မူလချီများက ဇူယွမ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာခဲ့ပြီး ကောင်းကင်တစ်ခွင်လုံး လင်းဖြာသွားခဲ့သည်။ ရွှေရောင် အလင်းတန်းထဲတွင် ကြီးမားသော စပါးအုံး ပုံရိပ်တစ်ခုက ပါဝင်နေခဲ့ပြီး ကောင်းကင်သို့တက်ကာ ဟစ်ကြွေးလိုက်သည်။

ထိုဟစ်ကြွေးသံက နဂါးတစ်ကောင်၏ ဟိန်းဟောက်သံလိုမျိုးဖြင့် မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် သူ၏မူလချီများမှာ မူလစဦး ဒုတိယအဆင့်သို့ ချိုးဖြတ် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။

အံအားသင့်စွာ အော်ဟစ်သံများက ဧရိယာ တစ်ခွင်လုံးတွင် ထွက်ပေါ်လာခဲ့သည်။

လူတိုင်း၏ မျက်နှာပေါ်တွင် တုန်လှုပ်နေဟန်များ အံ့အားသင့်ဟန်များ ပေါ်လွင်နေကြသည်။ သည်အချိန်တွင် မူလစဦး ပထမအဆင့်မှ ဒုတိယအဆင့်သို့ ဇူယွမ် အဆင့်တက်သွား လိမ့်မည်ဟု မည်သူမှ မျှော်လင့် မထားကြပေ။

ဇူယွမ်၏ မျက်လုံးအစုံမှာ ပွင့်လာခဲ့ပြီး ထိုအထဲတွင် ရွှေရောင်အလင်းများက လင်းလက်နေပေသည်။

သူ၏ မူလ ချီသိုလှောင်ခန်း အတွင်းမှ တိုးဝင်လာသော ချီပမာဏကို ခံစား မိလိုက်ပြီးနောက် ညင်သာစွာ ရယ်မောလိုက်သည်။ အပြင်ဘက်တောင်တွင် သုံးလမျှ လေ့ကျင့် နေခဲ့ပြီးနောက် သူ့အနေဖြင့် မူလစဉီး ဒုတိယအဆင့်ကို တက်သင့်ခဲ့သည်မှာ ကြာနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ အခြေခံအုတ်မြစ်ကို ပိုမို တည်ငြိမ် ခိုင်မာစေရန် အဆင့်မတက်ပဲ ဖိနှိပ်ထားခဲ့သည်။

သူ၏ မူလအစီအစဉ်မှာ အတွင်းတောင်သို့ ဝင်ရောက်ပြီးမှ ဒုတိယအဆင့်သို့ တက်ရန်ဖြစ်သော်လည်း ယခုအချိန်က အဆင့်တက်ရန် ပိုမို သင့်လျော်သွားခဲ့ပေသည်။

ရွှေရောင်မူလချီ၏ ကာကွယ်ပေးမှု အောက်တွင် လုဖန်းထံမှာ ဖိအားများပင် အားနည်း လာခဲ့ပေသည်။ ဇူယွမ်၏ မူလချီကျင့်ကြံမှုမှာ အမှန်ပင် မူလစဦး ဒုတိယအဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။

လေထဲတွင် ရှိနေသော လုဖန်းက ဇူယွမ်၏ ခန္ဓာကိုယ်မှ မူလချီများ ပြောင်းလဲ သွားသည်ကို ခံစားမိလိုက်သည်။ တောကြိုအုံကြားက တိုက်ကြီးမှာ ကောင်မှာ အချိန်တိုင်း သူမျှော်မှန်း ထားသည်ထက် အဘယ်ကြောင့် သာလွန်နေမှန်း သူစဉ်းစား၍ မရခဲ့ပေ။

သူ၏ နှလုံးသားထဲမှာ မနာလိုမှုများနှင့် ဒေါသများက ပေါက်ကွဲ ထွက်လာခဲ့သည်။

“ကောင်းပြီ သေလိုက်တော့”

“ငါက လုကလန်က ပါရမီရှင်ပဲ။ မင်းလိုတောက ကောင်က ငါနဲ့ လာယှဉ်လို့ ဘယ်ရမလဲ။ မင်းက ငါ့ရဲ့ ခြေထောက်အောက်မှာ နင်းခြေခံရမဲ့ ခြေနင်းတုံး သက်သက်ပဲ”

“ဘာကြောင့် သေချင်နေရတာလဲ”

“ဒီလိုဆိုမှတော့လည်း သေလိုက်တော့”

လုဖန်း၏ နှလုံးသားထဲမှ အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများမှာ သွေးရောင် လွှမ်းသွားခဲ့ပေသည်။ အော်ဟစ်သံနှင့် အတူ သူ၏ ပါးစပ်မှ သွေးအဆီအနှစ်များကို ကြီးမားသော အစိမ်းရောင် ကြယ်တံခွန်ကြီးပေါ်သို့ ထွေးထုတ်လိုက်သည့် အတွက် မူလချီများမှာ ချက်ချင်းပင် ရုန့်ရင်းစွာ ကြီးထွားလာခဲ့သည်။

ဝရုန်း …

ကြီးမားသော အစိမ်းရောင် ကြယ်တံခွန်ကြီးသည် ကြီးမားလှသော အရိပ်နှင့်အတူ ကောင်းကင်ပေါ်မှာ ဇူယွမ်ပေါ်သို့ ကျဆင်းလာခဲ့သည်။

ကောင်းကင်မှ ဖျက်ဆီးခြင်း ဖိအားများကို ခံစားမိသည်နှင့် ဇူယွမ်က အပေါ်သို့ မော့ကြည့်လိုက်ပြီးနောက် ဂရုမစိုက်သည့်ဟန်ဖြင့် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။

သူက လက်ဟန် သင်္ကေတများကို ပုံဖော်လိုက်ပြီးနောက် အသက်ရှိုက်စာ အချို့အကြာတွင် လူတိုင်းမြင်နိုင်သည့် မူလချီတိုင်လုံး အလင်းကြီးက ကောင်းကင်ပေါ်တွင် ပေါ်လာခဲ့သည်။

ဝေါင်း …

မူလချီအတွင်းမှ တုန်လှုပ်ဖွယ် ကောင်းသော ဟိန်းဟောင်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူတိုင်းက တုန်လှုပ်နေခဲ့ကြပြီး ခူတိုင်း၏ အကြည့်အောက်တွင် ကြီးမားလှသော သားရဲကြီးတစ်ကောင်က မူလချီထဲမှ ထွက်ပေါ်လာခဲ့ကာ ကြမ်းကြုတ်ရက်စက်သော အရှိန်အဝါများက ကုန်မြေတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။

သည်သားရဲမှာ မူလက သားရဲ သုံးကောင်ထက် သာလွန်နေခဲ့ပြီး ပေခြောက်ရာကျော် အမြင့်သို့ပင် ရောက်ရှိနေပေသည်။

ဂူဟွမ်ဂျီ၏ အကြည့်က မူလချီသားရဲပေါ်သို့ ရောက်ရှိသွားပြီး သက်ပြင်း ချလိုက်သည်။ ထိုသားရဲမှာ အစောပိုင်းက ဇူယွမ်အား သူမပေးခဲ့သည့် အဆင့်ငါး မူလသားရဲ သွေးအဆီအနှစ်၏ ပိုင်ရှင်ပင် ဖြစ်သည်။

သို့သော်လည်း အဘယ်ကြောင့် ဤမျှစွမ်းအား ကြီးမားနေသလဲ ဆိုသည်ကိုတော့ သူမ မသိခဲ့ပေ။

“နဂါးကိုးကောင် နိယာမကျင့်စဉ်၊ စတုတ္ထမြောက်နဂါး”

ထိတ်လန့် တုန်လှုပ်နေသော အကြည့်များ အောက်တွင် ဇူယွမ်က မြေပြင်ကို ဆောင့်နင်းချလိုက်ပြီး နက်ရှိုင်းသော အသံဖြင့် အော်ဟစ်လိုက်သည်။

ဝေါင်း …

ပေခြောက်ရာကျော် ရှိသည့် မူလ ချီသားရဲကြီးသည် နဂါးတစ်ကောင် ကဲ့သို့ ဟိန်းဟောက်ကာ အရှေ့သို့ တိုးဝင်သွားခဲ့ပြီး အဆုံးတွင် ကောင်းကင်မှ ကျဆင်းလာခဲ့သော အစိမ်းရောင် ကြယ်တံခွန်ကြီးနှင့် ရင်ဆိုင်လိုက်သည်။

လူတိုင်း၏ အကြည့်များက ထိုမြင်ကွင်းကို အကြည့်မလွှဲတမ်း ကြည့်နေကြသည်။ သည်အခိုက်အတန့်က အဆုံးအဖြတ် ပေးတော့မည်မှန်း လူတိုင်း သိကြပေသည်။

All Chapters