နတ်ရွှေရောင်မီးတောက်များ
Vol. 42 Ch. 575
ဟန်လိသည် အလင်းတန်းက လင်းထင်းဖြာထွက်ပြီး အရွယ်အစားတိုးပွားလာတာ မြင်သည့်အခါ မျက်မှောင်ကြုတ်၍ ဝမ်ထျန်ရန်၏ လှုပ်ရှားမှုတိုင်းကို စိုက်ကြည့်နေလေသည်။ သူ့လက်နှစ်ဖက်ဖြင့်လည်း နီဝါရောင်ကျောက်စိမ်းတောင်ဝှေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။ သူ့နောက်ကျောဘက်တွင်လည်း ငွေရောင်လင်းလက်သွားပြီး ငွေတောင်ပံနှစ်ခု ပေါ်လာသည်။
“တံခါးရှစ်ချပ်၊ ရွှေရောင်ကြေးမုံများ။ သူ့မှာ ဘယ်လိုလုပ် ဒီလိုမျိုး ကောင်းကင်ဖိဆန်တဲ့ ရတနာတစ်ခုကို ပိုင်ဆိုင်ထားရတာလဲ…”
ဟန်လိသည် ခါးသီးစွာ မပြုံးမိဘဲ မနေနိုင် ဖြစ်သွားရသည်။ သူသည် ထိုရတနာ၏ ဇစ်မြစ်ကိုလည်း ပြန်စဉ်းစားမိ၏။ သူ့ပထမဆုံးအတွေးမှာ ထိုရတနာ၏ တိုက်ချက်တစ်ချက်ကိုပင် သူ့အနေဖြင့် ခံနိုင်လိမ့်မည် မဟုတ် ဟူ၍ပင်။
တံခါးရှစ်ချပ်ရွှေရောင်ကြေးမုံများသည် ကြယ်နန်းတော်ဆရာသခင်များ၏ မျိုးဆက်တစ်ခုကို အမြစ်ဖျက်ခဲ့သော အထွတ်အထိပ်မှော်ရတနာတစ်ခု မဟုတ်လား။ တစ်ခါတုန်းက ၎င်းရတနာကို ပိုင်ဆိုင်ခဲ့ဖူးသည့် နက်ရှိုင်းသော စွမ်းရည်များနှင့် ကျင့်ကြံသူတစ်ယောက်သည် ပြန့်ကျဲကြယ်ပင်လယ်များကို နှစ်ပေါင်းရာချီ လှုပ်ခါနိုင်ခဲ့ဖူးသည်။ ထိုကျင့်ကြံသူသည် ကြယ်နန်းတော်၏ အင်အားစုတစ်ခုလုံးကို အသာစီးဖြင့် ခုခံနိုင်ခဲ့ပေသည်။ ထိုအချိန်ကာလတုန်းက ၎င်းကျင့်ကြံသူသည် ပြန့်ကျဲကြယ်ပင်လယ်များ၏ ထိပ်ဆုံးပုံရိပ် ဖြစ်ခဲ့လေသည်။
သူ့ခေတ်သူ့အခါတုန်းက သူ၏မှော်ရတနာ၊ ဂိတ်တံခါးရှစ်ချပ်၏ရွှေရောင်ကြေးမုံများသည် ထိပ်ဆုံးတိုက်ခိုက်ရေး ရတနာဟု ထင်ရှားကျော်ကြားခဲ့ပေသည်။ အနည်းဆုံး စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ အပါအဝင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သေဆုံးခဲ့သည်။ ထိုဖြစ်ရပ်က ယင်းရတနာမည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိသာစေသည်။
တကယ်တော့ ဝမ်ထျန်ရန်၏ ကြေးမုံများသည် ထိုရွှေရောင်ကြေးမုံများ၏ ပုံတူပုံစံငယ်မျှသာ ဖြစ်သည်။ ဝမ်ထျန်ရန်၏ ခုလက်ရှိ ကျင့်ကြံမှုဖြင့် ယင်းကဲ့သို့ အားကောင်းလှသော မှော်ရတနာကို ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။
ဝမ်ထျန်ရန်၏ ထိုရတနာကသာ မူလရတနာဖြစ်နေခဲ့လျှင် ဟန်လိသည် တန်ပြန်တိုက်ခိုက်ဖို့ လုံးဝစိတ်မကူးဘဲ ချက်ခြင်း ထွက်ပြေးလိမ့်မည်သာ။ သို့တိုင် ထိုသို့ မဟုတ်နေလျှင်ပင် ဟန်လိသည် ၎င်းရတနာ၏ တိုက်ခိုက်မှုကို နည်းနည်းလေးမျှ ခုခံရန် စိတ်ကူး မရှိပေ။ တကယ်တော့ မူလရတနာ၏ အမည်ဂုဏ်သတင်းကား ကြောက်လန့်စရာ ကောင်းလွန်းလှသည် မဟုတ်လား။ ၎င်း၏ တိုက်ခိုက်မှု ကျရောက်လာလျှင် လိုအပ်ပါက မိုးကြိုးမုန်တိုင်းတောင်ပံများကို အသုံးပြုရန်ထိ ပြင်ဆင်ထားပေသည်။
ဟန်လိသည် မိုးကြိုးမုန်တိုင်းတောင်ပံများ၏ စွမ်းရည်များအပေါ် အပြည့်အဝ ယုံကြည်မှုရှိထား၍ စိတ်ထဲ၌ စိုးရိမ်နေသော်ငြား အလွန်အမင်း ကြောက်လန့်သွားခြင်းတော့ မဖြစ်မိပေ။ ထိုစဉ် ရွှေရောင်အလင်းက နောက်ဆုံးကြေးမုံကို အလင်းပြန်စေခဲ့ပြီး ဦးခေါင်းတစ်လုံး အရွယ်အစားရှိ အလင်းရောင်စက်ဝန်းတစ်ခုအဖြစ် ရောက်ရှိလာခဲ့လေပြီ။ ၎င်းက ဝမ်ထျန်ရန်၏ ရှေ့မှာ လွင့်မြောနေပြီး ပေါက်ကွဲထွက်တော့မည်ဟု ထင်ရလေသည်။
တွေဝေမနေဘဲ ဝမ်ထျန်ရန်က လက်ဝေ့ရမ်းကာ ၎င်းအလင်းလုံးကို သူ့လက်ဝါးထဲ ပျံသန်းဝင်ရောက်လာစေသည်။ သူက ၎င်းကို ဖမ်းဆုပ်ကိုင်ပြီး ဟန်လိထံသို့ တစ်ချက်လှမ်းကြည့်သည်။
ဟန်လိ၏နောက်ကျောဘက်ရှိ တောင်ပံကို မြင်သည့်အခါ သူ့မျက်လုံးထဲ၌ တမျိုးဖြစ်ဟန် ဖြတ်ပြေးသွား၏။ သို့သော် ခဏအကြာတွင် ထိုဟန်အမူအရာမှာ ပျောက်ကွယ်သွားသည်။
ထိုအခိုက်တွင် နတ်သမီးခရမ်းဝိညာဉ်သည် ဝမ်ထျန်ရန်၏ ရွှေရောင်ဦးချိုကို တစ်ချက်လှမ်းကြည့်၏။ ထို့နောက်တွင် သူမ၏အကြည့်က ဟန်လိ၏နောက်ကျောသို့ ကျရောက်သွားသည်။ သူမ၏ ပါးစပ်မှာ သွေ့ခြောက်လာသကဲ့သို့ ခံစားနေရပြီး သူမ၏မျက်နှာထက်တွင်လည်း စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်၏။ လာမည့် တိုက်ပွဲက သူမ၏အမြင်ကို များစွာ ပိုကျယ်စေနိုင်လိမ့်မည် မဟုတ်လား။ နှစ်ဖက်လုံးသည် သူတို့၏နောက်ဆုံးဝှက်ဖဲများကို ထုတ်သုံးလာခဲ့ကာ သေခြင်းရှင်ခြင်းတိုက်ပွဲကို စတင်တော့မှာ သိသာနေ၏။ ယင်းအနေအထားက သူမကို အသက်ရှုဖို့ ခက်စေသည့်အထိ ဖြစ်သွားစေ၏။ သူမသည် သူမအနိုင်ရစေချင်သော ကျင့်ကြံသူက လာမည့်တိုက်ပွဲတွင် အောင်နိုင်ပါစေဟု မျှော်လင့်ရင်း တိတ်တဆိတ် စောင့်ကြည့်ရုံသာ တတ်နိုင်သည်။
ဝမ်ထျန်ရန်က အရင်ဆုံး လှုပ်ရှားလာခဲ့လေပြီ။
သူက သူ့ရင်ဘက်နားထိ ရွှေရောင်အလင်းစက်ဝန်းကို ယူဆောင်ကာ အခြားလက်တစ်ဖက်ဖြင့် ၎င်းအား ထိရိုက်လိုက်သည်။ အလင်းစက်ဝန်း ပျက်စီးသွားပြီး မရေမတွက်နိုင်သော လက်မအရွယ် အလင်းလုံးများ ထိုးထွက်သွားသည်။ ဟန်လိ မျှော်လင့်ထားသည့်အတိုင်းပင် ယင်းအလင်းလုံးများက ရှစ်မြှောင့်ကြေးမုံများထဲသို့ ဝင်ရောက်ကုန်၏။ ကြေးမုံများက ချက်ခြင်း စတင်တောက်ပလာ၏။ တုန်ခါလာ၏။ ယင်းတို့ထံမှ သိပ်သည်းလှသော ရွှေရောင်အလင်းတန်းရှစ်ခုကို ထုတ်လွှတ်လာ၏။
ကြေးမုံများထံမှ အနှီအလင်းတန်းများ ထိုးထွက်လာသည်နှင့် တစ်ချိန်တည်းမှာ ၎င်းတို့သည် ဟန်လိရှေ့သို့ မနှိုင်းသာသော အမြန်နှုန်းဖြင့် ရောက်နှင့်လာခဲ့ပြီး ဖြစ်နေသည်။ ထိုမြင်ကွင်းကြောင့် ဟန်လိ၏အမူအရာမှာ ရှုံ့မဲ့သွားလေသည်။
ထိုအလင်းတန်းများနှင့် ထိမိသည်နှင့် သူ့ဓားတံလျှပ်၏ အပေါ်ဆုံးအလွှာသည် ချက်ခြင်း ပျက်စီးသွားတော့သည်။ အစစ်အမှန်ဝါးတိမ်အုပ်ဓားများသည်ပင် မိုးပြာရောင်လင်းလက်ကာ လွင့်ထွက်သွားရသည်။ ယင်းတို့သည် ထိုအလင်းတန်းများကို နည်းနည်းလေးမျှ ခုခံနိုင်စွမ်း မရှိနေပေ။
ပေါင်းစည်းထားသော ဓာတ်ငါးပါးကြိုးမျှင်များသည်လည်း သက်တံရောင်လင်းလက်ကာ ယင်းအလင်းတန်းများကို ခဏသာ ခုခံနိုင်လိုက်ပြီး မြည်ဟီးသံ ထွက်ပေါ်ကာ ခရမ်းရောင်လင်းလက်ပြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။ ဟန်လိသည် ချောက်ချားသွားရပြီး ထိုဆုံးရှုံးမှုအတွက် နာကျင်လိုက်ရ၏။ ယင်းဓာတ်ငါးပါးကြိုးမျှင်များသည် အဆင့်မြင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရာတွင် အများကြီး အသုံးမတည့်လှသော်လည်း အဆင့်တူ ကျင့်ကြံသူများနှင့် တိုက်ခိုက်ရာတွင်မူ အမြဲတမ်း အောင်မြင်မှု ရခဲ့သည် မဟုတ်လား။ ယင်းတို့ကို ဆုံးရှုံးသွားရခြင်းသည် အမှန်တကယ် နှမြောဖို့ ကောင်းလှသည်။
ရွှေရောင်အလင်းတန်းများသည် ကြိုးမျှင်များကို ပျက်စီးစေပြီးနောက်မှာ ကျောက်စိမ်းတောင်ဝှေးမှ ထုတ်လွှတ်ထားသော နောက်ဆုံးအရံအတားဖြစ်သည့် အဝါရောင်အလင်းကို ထိုးနှက်လာပေတော့မည်။
ဟန်လိသည် သက်ပြင်းချ၏။ သူ့နောက်ကျောဘက်မှ မိုးကြိုးသံ မြည်ဟိန်းထွက်သည်။ ဖြတ်ခနဲ သူက မြင်ကွင်းကနေ ပျောက်ကွယ်သွားပြီး ဓားအလင်းတန်းရှစ်ခု၏ ပစ်မှတ်သည် လွဲချော်သွားတော့သည်။ ခဏအကြာတွင် သူက မီတာတစ်ရာအကွာတွင် ပြန်ပေါ်လာသည်။ မိုးကြိုးသံ ထပ်မံ မြည်ဟိန်းကာ သူ ထပ်မံ ပျောက်ကွယ်သွားပြန်၏။
ထိုသည်ကို မြင်သည့်အခါ ဝမ်ထျန်ရန်သည် မင်သက်သွားမိသည်။ သို့သော် ခဏအကြာတွင် တစ်ခုခု တွေးမိသွားပြီး သူ့အမူအရာက ပြောင်းလဲသွားသည်။ သူ့ခြေထောက်မှ မီးတောက်များ တောက်ပသွားပြီး သူက ချက်ခြင်း ပျံသန်းထွက်ကာ အနီးအနားနေရာတစ်ခုနား ချက်ခြင်း ရောက်သွားသည်။ သူ လှုပ်ရှားလိုက်သည်နှင့် ဝမ်ထျန်ရန် မူလရှိနေသော နေရာတွင် ဟန်လိ ပေါ်လာ၏။ ဟန်လိ၏လက်၌ မိုးပြာဓားအလင်းတန်း တောက်ပနေ၏။ ဟန်လိလည်း တုန်လှုပ်သွားမိသည်ပင်။ သို့သော် ငွေရောင်လင်းလက်ကာ သူ ပျောက်ကွယ်သွားပြန်သည်။
သည်တစ်ကြိမ်တွင်မူ ဝမ်ထျန်ရန်က မလှုပ်ရှားတော့ပေ။ ထိုအစား သူက သူ့ဦးချိုထဲမှ နောက်ထပ် ရွှေရောင်အလင်းကို ထုတ်လွှတ်ပြီး ကြေးမုံများကို အပေါ်သို့ ပျံတက်စေပြီး အောက်ဘက်သို့ လက်ညွှန်လိုက်သည်။ ရွှေရောင်အလင်းက ကြေးမုံများထဲသို့ ဝင်ရောက်သွားသည်နှင့် မြည်ဟည်းသံပေးကာ မရေမတွက်နိုင်သော အလင်းတန်းများအဖြစ်သို့ ပြောင်း၍ သူ့နားဝန်းကျင် လေထုထဲတွင် ပြည့်နှက်သွားချေသည်။
ထိုအခိုက်တွင် ဟန်လိသည် ဝမ်ထျန်ရန်၏ နောက်ဘက် ပေသုံးဆယ်အကွာတွင် ပေါ်လာပြီး အလင်းတန်းများက သူ့အား အုပ်စီးသွား၍ အကြမ်းပတမ်း ပိတ်လှောင်ပစ်သည်။ ဟန်လိ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားပြီး သူ့တောင်ပံများကို အမြန်ခတ်သည်။ သို့သော် ရွှေရောင်အလင်းတန်းများ၏ အောက်တွင် သူကား လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားတော့သည်။ ဟန်လိသည် ဘာမျှစဉ်းစားမနေတော့ဘဲ သူ့လက်နှစ်ဖက်ကို ဝေ့ရမ်းပြီး ဓားပျံနှစ်လက်အား သူ့ဘေးပတ်လည်ရှိ ရွှေရောင်အလင်းများထံ စေလွှတ်ကာ ၎င်းတို့အား ပြင်းပြင်းထန်ထန် ခုတ်ပိုင်းရန် အမိန့်ပေးလိုက်သည်။ သို့သော် သက်ရောက်မျု လုံးဝ မရှိနေပေ။ ၎င်းအလင်းများက သူ့ထံသို့ နီးကပ်လာခဲ့လေပြီ။ ဟန်လိစိတ်ထဲ ချောက်ချားသွားရ၏။ သူက အလျင်အမြန် ပါးစပ်ဟကာ သိပ်သည်းလှသော ရွှေရောင်လျှပ်စီးအလင်းတန်းတစ်ခုကို ထွေးထုတ်သည်။ ၎င်းက ခဏ တောက်ပသွားသော်ငြား ဝမ်ထျန်ရန်၏ ရွှေရောင်အလင်းများကို ထိခိုက်နိုင်စွမ်းမရှိပေ။ ထိုစဉ် ရွှေရောင်အလင်းက သူ၏ နီဝါရောင်အလင်းအရံအတားထဲ စတင်စိမ့်ဝင်လာခဲ့လေပြီ။ အရံအတားသည် လှုပ်ခါလာခဲ့၏။ ၎င်းသည် ရွှေရောင်အလင်း၏ ထွင်းဖောက်ခြင်းကို ခံရတော့မည့်အလား။
ဟန်လိ၏မျက်နှာက ဖြူရော်သွားပြီး ကျောက်စိမ်းတောင်ဝှေးကို ရုတ်တရက် ဝေ့ရမ်း၏။ ၎င်းထဲသို့ စိတ်ဝိညာဉ်စွမ်းအားများ အရူအမူး သွန်းလောင်းသည်။ နီဝါရောင် အရံအတားသည် တောင်ပလာပြီး ခဏအကြာတွင် ၎င်း၏အလင်းကား ငွေရောင်ဖြစ်သွားကာ ပိုအားကောင်းလာခြင်းနှင့်အတူ ရွှေရောင်အလင်းကို ကန်ထွက်စေသည်။
ထိုသည်ကို မြင်သည့်အခါ ဝမ်ထျန်ရန်သည် အံ့အားသင့်ဟန် ဖြစ်ပေါ်သွား၏။ သို့သော် သူ့မျက်လုံးထဲတွင်မူ ရက်စက်ကြမ်းကြုတ်လိုဟန် ပေါ်လာ၏။ သူသည် လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီး၏။ သူ့ကြေးမုံငယ်များသည် ဟန်လိ၏ ဦးခေါင်းအပေါ်သို့ ရုတ်ချည်း ညွှန်လာသည်။ ဟန်လိ၏ အထက်ရှိ ဖုံးအုပ်ထားသော ရွှေရောင်အလင်းသည် ရွှေရောင်မီးတောက်လုံးများအဖြစ်သို့ စတင်ပြောင်းလဲသွားသည်။
ဝမ်ထျန်ရန်သည် လုံးဝ အလေးအနက် ဖြစ်လာသည်။ သူ့လက်နှစ်ဖက်ဖြင့် ရှုပ်ထွေးလှသော မန္တာန်ချိပ်ဟန်များကို အဆက်မပြတ် ထုတ်ဖော်သည်။ သူက မန္တာန်တစ်ခုကိုပါ တီးတိုးစရွတ်သည်။ တအောင့်အကြာ သူ့ပါးစပ်ကို ဖွင့်ဟပြီး သန့်စင်သော သွေးအနှစ်သာရအလုံးများကို ထွေးထုတ်သည်။ ထိုသို့ သွေးများ ထွေးထုတ်ခြင်းကြောင့် သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သွေးအနှစ်သာရအလုံးများက ရွှေရောင်မီးတောက်များထဲ ဝင်ရောက်လာချိန်တွင်မူ သူ့အသားအရေသည် သေလောက်အောင် ဖြူရော်သွားသည်။ သို့ပင်ငြားလည်း ရွှေရောင်မီးတောက်ရှစ်ခုကမူ အရောင်အဝါ ပိုလင်းဖြာလာခဲ့ပြီး ယင်းတို့၏ ဖိအားမှာ အဆမတန် တိုးလာတော့သည်။
ဝမ်ထျန်ရန်က ဟန်လိကို အေးစက်စွာ ကြည့်၍ ရက်စက်ကြမ်းကြုတ်သည့် လေသံဖြင့် ပြောလာသည်။
“နတ်ရွှေမီးတော်ကတွေ လက်ချက်နဲ့ သေရဖို့ မင်းက ထိုက်တန်တယ်။ မင်းရဲ့ ကျင့်ကဲ့မှုအဆင့်နဲ့ ငါ့ရဲ့ တိုက်ခိုက်မှုတွေကို တစ်နာရီလောက် တောင့်ခံနိုင်တာနဲ့တင် အတော်လေး ချီးကျူးဖို့ ကောင်းနေပြီ…”
ထပ်မံ အချိန်ဆွဲမနေတော့ဘဲ သူက ဟန်လိ၏အထက်ရှိ ရွှေရောင်မီးတောက်ရှစ်ခုထံ လက်ညွှန်လိုက်ပြီး ယင်းတို့ကို အောက်သို့ ကျဆင်းစေသည်။
ရွှေရောင်မီးတောက်များက ဟန်လိကို ချက်ခြင်းပင် ခြုံလွှမ်းသွားတော့သည်။ ဝမ်ထျန်ရန်၏ ပုံရိပ်က ဝေဝါးသွားပြီး မီးတောက်များ၏ အထက်တွင် ပေါ်လာကာ တင်ပလွေချိတ်၍ ထိုင်သည်။ ယင်းနောက်တွင် သူက အလွန်တရာ ထူးခြားလှသော မန္တာန်ချိပ်ဟန်ကို စတင်ပုံဖော်၏။ သူ့ဦးချိုမှ ရွှေရောင်အမျှင်တန်းတစ်ခုကို မီးတောက်များထဲသို့ စေလွှတ်ပြန်သည်။ ဟန်လိကို မီးတောက်များနှင့် ဖုံးလွှမ်းသွားသည့် တစ်ချိန်တည်းမှာ ဝမ်ထျန်ရန်က ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။
မထင်ထားသည်မှာ ဟန်လိက တည်ငြိမ်စွာသာ ရှိနေခြင်းပင်။ သူက သူ့အား ဝိုင်းရံထားသော ရွှေရောင်မီးတောက်များကို အလေးအနက် စိုက်ကြည့်နေသည်။
ရွှေရောင်မီးတောက်များ ပေါ်လာသည်နှင့် ဟန်လိက သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားကို ပုံမှန်အမြန်နှုန်းဖြင့် ခြောက်ကြိမ်ခြောက်ခါ လှည့်ပတ်စေပြီး ငွေရောင်အလင်းအရံအတားကို အားဖြည့်ပေးသည်။ မဟုတ်ပါက မီးတောက်များအောက်တွင် ၎င်းသည် လွင့်ပြယ်သွားပေလိမ့်မည်။
ဝမ်ထျန်ရန်သည် ရွှေရောင်မီးတောက်များကို အသုံးပြုခြင်းသည် ဟန်လိ၏ စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်း၍ ပြာဖြစ်သွားစေချင်ကြောင်းဟု ထင်ရ၏။ ဟန်လိကမူ ကျောက်စိမ်းတောင်ဝှေး၏ အရံအတားသည် မည်မျှအစွမ်းသည်ကို အစောပိုင်းတုန်းက သိရှိပြီးနောက် ယင်းရွှေရောင်မီးတောက်များက သူ့အသက်ကို နုတ်ယူမည့်အပေါ် စိုးရိမ်ကြောက်လန့်ခြင်း မဖြစ်တော့ပေ။ ယင်းမီးတောက်များသည် အမှန်တကယ် ထူးကဲလှ၏။ ယင်းတို့သည် ကောင်းကင်ရေခဲမီးတောက်များလောက် အစွမ်းထက်သော်ငြား ကျိနစ်ယင်၏ အလောင်းမီးတောက်များနှင့် အဆင့်တူတွင် ရှိနေပေသည်။
ဟန်လိသည် ယင်းရွှေရောင်မီးတောက်များ မည်မျှအစွမ်းထက်သလဲဟု စိတ်ထဲကနေ တွက်ချက်နေသည်။