← Chapters

အမှောင်နယ်‌မြေ

Vol. 42 Ch. 582

အမှောင်နယ်‌မြေ

Vol. 42 Ch. 582

အခြေအနေဆိုးဝါးပြီကို သိသောကြောင့် သားရဲကောင်ကြီးသည် ကျယ်လောင်စွာ မာန်ဖီပြီး ရေခဲတမျှယင်လေများကို ပါးစပ်မှ မှုတ်ထုတ်တော့သည်။ ယင်လေနှင့် ထိမှန်ခြင်းခံရသော တိုးဝင်လာသည့်မြားများအားလုံး လွင့်စင်ထွက်သွားရုံသာမက ရေခဲနက်အလွှာတစ်ခုသည်ပင် ယင်းတို့အား ဖုံးအုပ်သွားသည်။ မြားများသည် သားရဲကောင်ကို ထိမှန်ခြင်း မရှိလေဘဲ မြေပြင်ထက်သို့ ကျဆင်းကုန်၏။

လှံများကမူ သားရဲကောင်၏ ခန္ဓာကိုယ်ပေါ် ကျဆင်းသွားသော်ငြား ယင်လေက ၎င်းတို့၏အားကို များစွာ လျော့ကျစေခဲ့ပြီး ဖြစ်သောကြောင့် အပေါ်ယံဒဏ်ရာအချို့သာ ရသွားစေသည်။ သူတို့၏တိုက်ခိုက်မှုက သားရဲကောင်ကြီး၏ ဒေါသကို ပိုဆွပေးသလိုသာ ဖြစ်သွားသည်။

ဒေါသတကြီး ဖြစ်လာသဖြင့် သားရဲကောင်၏မျက်လုံးထဲတွင် ကြက်သွေးရောင်အလင်း တဖြတ်ဖြတ် စတင်တောက်ပလာသည်။ ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ ၎င်း၏ လည်တိုင်ရှိ အမွှေးအမျှင်များက ပိုမာကြော၍ ထောင်မတ်လာသည်။ သားရဲကောင်၏ ပုံပန်းသွင်ပြင်ကား ကြောက်စရာကောင်းသွား၏။

ဟန်လိက ထိုသည်ကို မြင်သည့်အခါ သူ့စိတ်ထဲ ဗလာကျင်းသွား၏။ သားရဲကောင်ကြီးက ခေါင်းငုံ့၏။ ၎င်း၏ ထောင်မတ်လာသော အမွှေးအမျှင်များသည် မရေမတွက်နိုင်သောအနက်ရောင်တန်းများအဖြစ်သို့ ပြောင်း၍ ကျောက်သားနံရံထံ တိုးဝင်လာသည်။

ကျောက်သားနံရံပေါ်ရှိ အစောင့်အကြပ် တိုက်ခိုက်ရေးသမားများက ထိုသို့ ဖြစ်လာမည်ကို သိနှင့်ထားပြီး ဖြစ်ပုံရသည်။ သူတို့၏မျက်နှာများထက်တွင် စိုးရိမ်ပူပန်ဟန်များအထင်းသား ပေါ်နေသော်ငြား သူတို့အားလုံးက သံပြိုင်ဟစ်ကြွေးလျက် ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရန် ဒိုင်းကာများကို ပင့်မြှောက်ကြသည်။

အနက်ရောင်တန်းများက ဒိုင်းကာများပေါ် ထိုးနှက်သွားစဉ် စူးရှသော အက်ကွဲသံများ ဟိန်းထွက်လာ၏။

အနက်ရောက်တန်းများသည် ဒိုင်းများကို နက်ရှိုင်းစွာ ထွင်းဖောက်သွားကြသော်လည်း သူတို့ထဲမှ အများစုက သည်တိုက်ခိုက်မှုကို အောင်အောင်မြင်မြင် တားဆီးနိုင်စွမ်း ရှိကြသည်။ အနက်ရောင်တန်းများ၏ ထိမှန်ခြင်း ခံရသော ရွာတပ်အဖွဲ့ဝင်အချို့ကမူ ကျောက်သားနံရံထံမှ လွင့်ထွက်သွားသည်။ သူတို့ အသက်ရှင်လား၊ မရှင်လားကိုမူ မသိရနိုင်ပေ။

ထိခိုက်ခံရပြီးနောက် ကျန်သည့်သူများသည် ရှုပ်ထွေးကုန်ကြသည်။ အခြားအမိန့်တစ်ခုကို ပေးရမည့်အစား သူတို့က ချက်ခြင်းပင် လှံများ၊ မြားများဖြင့် ထပ်မံတိုက်ခိုက်ကြပြန်သည်။ သို့သော် ပြီးခဲ့သောအကြိမ်တုန်းကကဲ့သို့ပင် သားရဲကောင်သည် ၎င်းတို့အား ယင်လေများဖြင့် ကာကွယ်ပြန်သည်။ သို့ရာတွင် သားရဲကောင်သည် ၎င်း၏ လည်တိုင်မှ အမွှေးအမျှင်များကိုသာ မာကြောစေတော့သည်။ ၎င်းက ရုန်းကန်နေရင်း ရှေ့သို့ တွားသွားရုံသာ တတ်နိုင်တော့သည်။ ၎င်း၌ တန်ပြန်တိုက်ခိုက်နိုင်မည့် နည်းလမ်းများ မရှိတော့ပေ။ ခရမ်းရောင်မြူမှ ဖွဲ့စည်းထားသော လက်တံများကမူ ထိုသားရဲကောင်၏ ခြေထောက်များကို ဆက်၍ ချုပ်နှောင်ထားပြီး နည်းနည်းလေးမျှ အားနည်းသွားဟန် မပြပေ။

တိုက်ခိုက်မှုများက နောက်ထပ် ခြောက်ကြိမ်လောက် ဆက်ဖြစ်လာစဉ် သားရဲကောင်ကြီးသည် ၎င်း၏ယင်လေများ ထုတ်ဖော်ရသည်ကို ခြေကုန်လက်ပန်းကျလာပုံ ရကာ ဆက်၍ ခုခံနိုင်ခြင်း မရှိတော့ပေ။ ထိုစဉ် မြားများနှင့် လှံရှည်များသည် အရှိန်အဟုန် ပိုရလာပြီး သားရဲကောင်၏ခန္ဓာကိုယ်ကို ထွင်းဖောက်ကြသည်။

ထိုသို့ ဆက်ဖြစ်နေရင်း သားရဲကောင်သည် ဒဏ်ရာအသေးအမွှားများ ရလာပြီး ၎င်း၏ ကြမ်းကြုတ်ရန်လိုသော ဟိန်းအော်သံများက ပိုအားကောင်းလာ၏။ ၎င်းသည် လက်တစ်ဖက်တွင် ကိုင်ထားသော အနက်ရောင်သစ်သားတုံးကြီးကို မြေပြင်သို့ ထိုးနှက်၍ အပေါက်များ ဖြစ်စေသည်။

သားရဲကောင်၏ ကြီးမားသောခွန်အားနှင့် ခံနိုင်ရည်ကို မျက်မြင်တွေ့နေရသဖြင့် သူသည် ၎င်းအား အလိုလို ကြောက်လာမိသည်။

ကြိုတင်စီစဉ်ထားသည့်အလား သန်မာထွားကြိုင်းပြီး ဖြတ်လတ်သော အမျိုးသားများသည် ကျောက်သားနံရံများပေါ် ပြေးတက်သွားကြသည်။ သူတို့၏လက်ထဲ၌ ဆယ့်နှစ်မီတာလောက် အရှည်ရှိမည့် လှံရှည်များ ကိုင်ထားသည်ကလွဲ၍ အခြားဘာမျှ မပါပေ။

သူတို့သည် နံရံများပေါ်သို့ ရောက်သည်နှင့် လှံများကို လေ့ကျင့်သားပြည့်ဝစွာ ပင့်မြှောက်ပြီး သားရဲကောင်ရှိရာထံသို့ ကြမ်းတမ်းစွာ ထိုးနှက်ပစ်သွင်းသည်။ ပြင်းထန်လှသော လှံချက်များသည် လေကိုခွင်း၍ တိုးဝင်သွားသည်။ သည်လေခွင်းအားကြောင့် ဟန်လိမှာ အံ့အားသင့်သွားရသည်။

ထိုသူများကား သည်လှံများကို လွယ်ကူစွာဖြင့် ပစ်လွှတ်နိုင်စွမ်း ရှိသည့်အထိ အားကောင်းသော အတွင်းအားကို ပိုင်ဆိုင်ထားကြပေသည်။ လှံချက်တိုင်းက ပြင်းထန်အားကောင်းသော အမြန်နှုန်း၊အင်အားတို့နှင့်အတူ ကောင်းကင်ကို ထိုးခွင်းဖြတ်သန်းသွားသည်။ သည့်နောက်မှာ သားရဲကောင်၏ ခန္ဓာကိုယ်ပေါ်တွင် ဇလုံအရွယ်အစားလောက် ရှိမည့် သွေးကွက်များ စပေါ်လာသည်။

ထိုတိုက်ချက်များကား အားကောင်းလှသော သက်ရောက်မှုရှိကြပြီး သားရဲကို မြေပြင်နှင့် ရိုက်နှက်သွားသည်။ သားရဲ၏ မူလတုန်းက ကြမ်းတမ်းမှုကား သဲလွန်စမရှိ လုံးဝ ပျောက်ကွယ်သွားသည်။

ကျောက်သားနံရံများထံမှ အားပေးချီးကျူးသံများ ပေါက်ကွဲထွက်လာခြင်းနှင့်အတူ လူတိုင်းသည် စိတ်အေးသက်သာဟန်များ ပေါ်လာကြသည်။ ထို့နောက်မှာ ခရမ်းရောင်အခိုးအငွေ့များမှာလည်း သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

ထို့နောက်တွင် ဓားများ ဝင့်ကိုင်လျက် လူအုပ်စုတစ်စုသည် လက်ထဲဓားများဝင့်၍ သားရဲကို အပြီးသတ်ရန် ရည်ရွယ်ချက်ဖြင့် သစ်သားဂိတ်တံခါးထံ ပြေးဝင်လာသည်။ အခြားသူများကမူ ဒဏ်ရာရသူများကို စဂရုစိုက်ကြသည်။

သို့သော် သစ်သားဂိတ်တံခါးသည် အပြည့်အဝ မဖွင့်ဟခင် ပြိုလဲကျသွားသော သားရဲသည် ရုတ်တရက် မာန်သွင်းအော်ဟစ်ကာ ၎င်း၏လက်ကို ဝေ့ရမ်းပြီး ကောင်းကင်ထက်သို့ မီတာသုံးဆယ်ရှည်သော သစ်သားတိုင်ကြီးကို ကောင်းကင်ထက်သို့ ထိုးနှက်သည်။ ၎င်းက အံ့အားသင့်ထိတ်လန့်ဖွယ်ဖိအားကို သယ်ဆောင်ထားပြီး ရွာဘက်သို့ တိုက်ရိုက်ပျံသန်းတိုးဝင်သည်။

သားရဲကြီးက သေအံမူးမူး ဖြစ်နေတာ မြင်သည့်အခါ ရွာသားအချို့သည် ပျော်ရွှင်စွာ ပြေးထွက်ကြသည်။ သို့ပေမည့် သူတို့သည် ထိုသစ်သားတုံးကြီး သူတို့ဘက်သို့ ပျံသန်းလာတာ မြင်သည့်အခါ အလန့်တကြားထအော်ကြသည်။ သို့ပေမည့် ချက်ခြင်းပင် သူတို့ရှေ့သို့ အရိပ်တစ်ခု ဖြတ်ခနဲပေါ်လာပြီး လေထဲရှိ သစ်သားတိုင်ထံ တိုက်ရိုက်ပြေးဝင်သည်။ မာန်သွင်းလျက် ထိုသူသည် သူ့လက်နှစ်ဖက်ဖြင့် သစ်သားတိုင်၏ ဗဟိုချက်ကို ကြမ်းတမ်းစွာ ထိုးနှက်ပစ်သည်။

ကျယ်လောင်သော အက်ကွဲသံနှင့်အတူ အနက်ရောင်တိုင်လုံးသည် အခြားဦးတည်ရာဘက်သို့ ပျံသန်းသွားပြီး လူမရှိသည့်နေရာသို့ ကျရောက်သွားသည်။

ထို့နောက်တွင် ထိုသူသည် မြေပြင်ထက်သို့ စိတ်အေးသက်သာစွာ၊ ယုံကြည်မှုရှိစွာဖြင့် ပေါ့ပေါ့ပါးပါး ဆင်းသက်လာသည်။ သူကား အစောပိုင်းတုန်းက ဖြူရော်သောမျက်နှာဖြင့် သက်လတ်ပိုင်းလူ ဖြစ်နေသည်။ ရွာသားများသည် ကယ်တင်ပေးခဲ့ရသောကြောင့် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်သွားသည်။ သူတို့က သူတို့၏ကယ်တင်ရှင်ဖြစ်သူအား အခါခါ ကျေးဇူးတင်ကြသည်။ သို့ပေမည့် သူသည် မထူးခြားနားဟန်ဖြင့်သာ လက်ဝေ့ရမ်းပြပြီး သူ့မူလနေရာသို့ ပြန်သွားသည်။

ထို့နောက်တွင် ဟန်လိ၏မျက်လုံးထဲ၌ တုန်လှုပ်ဟန်တစ်ခု ဖြတ်ပြေးသွားသည်။ ဖြူရော်သောမျက်နှာဖြင့်သူသည် သည်လူများကို ကယ်တင်ပေးပြီးနောက် ဟန်လိရှိရာသို့ အမှုမထားဟန်ဖြင့် အေးစက်စက်တစ်ချက်လှမ်းကြည့်သည်။ ဟန်လိသည် ထိုအကြည့်၏အဓိပ္ပာယ်ကို မသိသော်လည်း အကောင်းသဘော မဖြစ်နိုင်တာတော့ သိသာသည်။ ဟန်လိက မျက်မှောင်ကြုတ်ပြီး ထိုသူ့အကြည့်၏ ဆိုလိုရင်းကို စဉ်းစားနေသည်။ ထိုစဉ် သစ်သားဂိတ်တံခါး ပွင့်ဟလာပြီး သန်မာထွားကြိုင်းသူများသည် သားရဲကို အပြီးသတ်ရန် ရွာထဲမှ ပြေးထွက်ကြသည်။

သို့ပေမည့် ဤသည်မှာ သားရဲသေဆုံးပြီးနောက် အဆုံးသတ် မဟုတ်သေးပေ။ သူတို့၏ဓားများဖြင့် သားရဲဦးခေါင်းကို လှီးဖွင့်ပြီး သွေးများ တရဟော ကျဆင်းစေ၏။ နောက်ဆုံးမှာ သူတို့က လက်မအရွယ်အစားရှိမည့် အစိမ်းရောင်ကျောက်မျက်တစ်ခုကို ထုတ်ယူသည်။ ၎င်းကို ရှာတွေ့သည့်နောက်မှာ ထိုအုပ်စုက ဝမ်းမြောက်ဝမ်းသာ ထအော်ကြဟစ်ကြ၏။

ဟန်လိက မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်သွား၏။ သူသည် ထိုအစိမ်းရောင်ကျောက်မျက်ကို သိသည်ဟု ရုတ်တရက် ခံစားမိသည်။ ခေါင်းငုံ့၍ ခဏစဉ်းစားကြည့်ပြီးနောက် သူသည် ၎င်းမှာ မည်သည့်အရာဖြစ်မှန်း ပြန်စဉ်းစားမိသွားသည်။

ကောင်းကင်လေဟာနယ်ခန်းမသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တုန်းကလည်း ဟန်လိသည် အလားတူ အစိမ်းရောင်ကျောက်မျက်များစွာကို ပျက်စီးသွားသည့် ရုပ်သေးများအထဲ၌ မြင်ခဲ့ရပေသည်။ ယင်းတို့သည် တူညီသော သတ္တုများ ဖြစ်နေမလား။ ခဏ ဆက်ကြည့်နေပြီးနောက်မှာ ဟန်လိသည် ထိုအဆောက်အဦပေါ်မှ မည်သည့်စကားမျှ မဆိုလေဘဲ ခုန်ဆင်းလာသည်။

အဘိုးအိုနှင့် အခြားအကြီးအကဲများသည် ခန်းမသို့ ပြန်ရောက်လာကြပြီ ဖြစ်သည်။ ဟန်လိသည် သူတို့ကို မေးခွန်းများ မေးမြန်းချင်နေသည်။

မိုင်နင်သည် ဟန်လိလည်း ခန်းမထဲ ပြန်ဝင်လာတာ မြင်သည့်အခါ သူမကလည်း ခေါင်းငုံ့ကာ လိုက်ပါလာသည်။ ပြီးခဲ့သော တိုက်ပွဲကို မျက်မြင်တွေ့ရပြီးနောက်မှာ သူမသည် သည်နေရာ၏ အန္တရာယ်များကို သဘောပေါက်သွားကာ ပူပန်လာသည်။ ဟန်လိ ခန်းမထဲသို့ ဝင်လာသည့်အခါ အကြီးအကဲများက သူတို့၏ထိုင်ခုံများပေါ် ပြန်ရောက်နေကြပြီ ဖြစ်သည်။

အဘိုးအိုက ဟန်လိ ဝင်လာတာ မြင်သည့်အခါ သူက ပြုံး၍ တစ်စုံတစ်ခုကို တွေးမိနေစဉ် အရပ်ရှည်ရှည်နှင့်လူထွားတစ်ယောက်သည် လက်ထဲတွင် အစိမ်းရောင်ကျောက်မျက်ကို ကိုင်လျက် အလောတကြီး ဝင်ရောက်လာသည်။

ထိုသူက အကြီးအကဲများ၏ ရှေ့ရှိ စားပွဲပေါ်သို့ ၎င်းကို တင်ပေးပြီး တလေးတစား ပြောလိုက်သည်။

“အကြီးအကဲများ…ဒါက မော်လာသားရဲရဲ့ အမှောင်သားရဲကျောက်မျက်ပါ။ ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပေးပါ…”

ထိုအဘိုးအိုသည် ကျောက်မျက်ကို တစ်ချက်ကြည့်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။

“ငါတို့က မင်းကို အတော်လေး ဒုက္ခပေးခဲ့မိပြီ။ ဒါ့မတိုင်ခင် ကျုပ်တို့က စိတ်ဝိညာဉ်ကွယ်ပျောက်ခြင်းချီ ပေါက်ကွဲမှုကို အခွင့်ကောင်းယူပြီး မင်းတို့အားလုံးကို စေလွှတ်ပြီး ငါးတွေ ပြန်ယူခိုင်းတဲ့အပေါ်မှာလည်း မင်းတို့ဟာ အောင်မြင်မှု ရခဲ့တယ်။ ဒါ့ကြောင့် ကျုပ်တို့က မင်းတို့အားလုံးကို ဆုလဒ်ကောင်းကောင်း ချီးမြှင့်ပါမယ်…”

“ကျေးဇူးအများကြီး တင်ပါတယ်…အကြီးအကဲ…” ထိုသူသည် စိတ်ကျေနပ်သွား၏။ ထိုဟန်အမူအရာဖြင့် သူသည် ခန်းမထဲကနေ ပြန်ထွက်သွားသည်။

ဟန်လိသည် ဘေးတွင် ရပ်၍ သည်အခြင်းအရာများကို စောင့်ကြည့်နေသည်။

“မင်းတို့နှစ်ယောက် မျက်မြင်တွေ့ခဲ့ရတဲ့ အစောတုန်းက သားရဲဟာ မော်လာလို့ ခေါ်တဲ့ အမှောင်သားရဲလို့ သိကြတယ်။ မင်းတို့နှစ်ယောက် အတော်လေး တုန်လှုပ်ခဲ့တယ်မလား။ ဒီအမှောင်နယ်မြေက ကီလိုမီတာတစ်ရာဝန်းကျင်လောက် ကျယ်ဝန်းပေမဲ့ နတ်ဆိုးသားရဲ၊ လူသားတွေနဲ့ အတွင်းဘက်မှာ အမှောင်သားရဲမျိုးစုံ ရှိကြတယ်။

အနည်းငယ် အံ့အားသင့်သွားပြီး ဟန်လိက မေးလိုက်သည်။

“ဒီမှာ နတ်ဆိုးသားရဲတွေကော ရှိတာလား…”

အဘိုးအိုသည် ခါးသီးစွာ ပြုံး၍ ခဏစဉ်းစားပြီးမှ ပြန်ဖြေသည်။

“တကယ်တော့…။ ဟင်းလင်းပြင်မှာ အက်ကြောင်းတစ်ခု ပေါ်တဲ့အခါတိုင်း ကျင့်ကြံသူတွေကော၊ နတ်ဆိုးသာားရဲတွေကောဟာ ဒီကို အတူတူ ဆွဲခေါ်ခံရတာပဲလေ…”

“ဒီမှာ နတ်ဆိုးသားရဲတွေကလည်း သူတို့ရဲ့ နတ်ဆိုးပညာရပ်တွေကို အသုံးမပြုနိုင်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက မာကြောပြီး အားကောင်းကြတယ်။ ဒီကောင်တွေဟာ လူသားတွေ ဒါမှမဟုတ် အမှောင်သားရဲတွေ မစော်ကားနိုင်တဲ့ တည်ရှိမှုတော့ မဟုတ်ဘူး။ ကံကောင်းတာက သူတို့ဟာ သတ်သတ်မှတ်မှတ်နေရာတချို့မှာပဲ နေပြီး အမှောင်သားရဲတွေကို စားသောက်ကြတယ်။ အမှောင်သားရဲတွေနဲ့ မတူတာက နတ်ဆိုးသားရဲတွေဟာ ကျုပ်တို့လူသားတွေကို အများကြီး ချိန်းချောက်မှု မရှိဘူး။ အမှောင်သားရဲတွေကတော့ ဒီနေရာရဲ့ အမှောင်ချီကနေ မွေးဖွားခဲ့ကြပြီး လူသားအသွေးအသားကို ဝါးမြိုရတာကို မွေးရာပါ နှစ်သက်ကြတယ်။ ဒါ့ကြောင့် မကြာခဏဆိုသလို အားကောင်းတဲ့ အမှောင်သားရဲတွေဟာ လူသားကျေးရွာတွေဆီ လာလာပြီး တိုက်ခိုက်တတ်ကြတယ်။ ရွာအများစုဟာ သူတို့ကို ပြန်ကန်ထုတ်နိုင်ပေမဲ့ ရွာငယ်လေးတွေကတော့ ရှုံးနိမ့်ပြီး အမြစ်ပျက် ချေမှုန်းခံရတယ်။ အပြန်အလှန်အားဖြင့် အမှောင်သားရဲတွေဟာ အဆုံးမရှိကြဘူး။ အချိန်တစ်ခုကြာပြီးရင် နောက်ထပ် မော်လာသားရဲတစ်ကောင်ဟာ ပြန်ဖွဲ့စည်းပြီး ဒီအမှောင်နယ်မြေမှာ ပြန်ပေါ်လာဦးမှာပဲ…”

ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ ဟန်လိက ဖြည်းဖြည်းချင်းမေးလိုက်သည်။

“မိတ်ဆွေ ပြောပုံအရဆို ဒီမှာ လူသားကျေးရွာတစ်ခုတည်း ရှိတာ မဟုတ်ဘူးပေါ့။ တခြား ရွာတွေလည်း ရှိသေးတယ်လား…”

“ဒါပေါ့။ အများအပြား မရှိပေမဲ့ အမှောင်နယ်မြေ တခွင်မှာ တခြားကျေးရွာရှစ်ခုလောက်တော့ နေရာအနှံ့မှာ ရှိကြတယ်။ မြေဆီကောင်းတဲ့ နေရာတစ်ချို့ကလွဲလို့ ဒီမှာက အစားအစာဟာ ရှားပါးလှတယ်။ အမှောင်သားရဲအများစုဟာ အဆိပ်ရှိတဲ့ အသွေးအသားကို ပိုင်ဆိုင်ထားပြီး တချို့ကောင်တွေကလွဲလို့ အများစုကို ကျုပ်တို့ စားလို့ မရနိုင်ဘူး။ နတ်ဆိုးသားရဲတွေကကတော့ သူတို့ကို စားသောက်နိုင်စွမ်း ရှိကြပေမဲ့ လူသားတွေကတော့ သူတို့ကို စားရင် သေဆုံးသွားနိုင်တယ်။ ဒါ့ကြောင့် ရွာတွေထဲမှာ အသုံးဝင်တဲ့သူတွေပဲ နေထိုင်ခွင့် ပြုတယ်။ အသုံးမဝင်တဲ့သူတွေကိုတော့ ရွာကနေ မောင်းထုတ်ပြီး အပြင်ဘက်မှာပဲ သူတို့လမ်း သူတို့လျှောက်ကြပေါ့…”

ထိုအဘိုးအို၏ နောက်ဆုံးစကားများသည် ရေခဲတမျှ အေးစက်နေသည်။

All Chapters