← Chapters

ကူရှယန်။

Vol. 155 Ch. 2157

ကူရှယန်။

Vol. 155 Ch. 2157

( ဒီကောင်က ငါ့ကို အရင် လှုပ်ရှားစေချင် တာလား။ )

လင်းယွန်မှ ပြုံးလိုက်မိသည်။

“ ဘာလို့လဲ ... မင်း မဝံ့ဘူးလား။ ”

ကူရှင်းယွီက ရန်စသော အသွင်ဖြင့် မျက်ဝန်းများ မှေးစင်းသွားသည်။ လင်းယွန် အတွေးများကို သူ မသိချေ။

“ တစ်စုံ တစ်ယောက်က ငါ့ကို ဒီလိုမျိုး မပြောဝံ့တာ ကြာပြီ။ ”

လင်းယွန်က လျစ်လျူရှုဟန်ဖြင့် ပြန်ပြော လိုက်သည်။

“ ယဲ့ချင်းရှန် ... သတိထားပါ သူ့မှာ ထူးဆန်းတာ တစ်ခုရှိတယ်။ ”

စစ်ထူယန်မှ ဒဏ်ရာ အပြင်းအထန် ရနေချိန်မှာပင် လင်းယွန်ကို သတိပေးသည်။ လင်းယွန်က ခေါင်းညိတ် ပြုံးပြ၏။

“ စိတ်မပူနဲ့ ... ဒါက ပြင်ပ ခွန်အားပဲ၊ ငါ့ရှေ့မှာ ဒီလို မာန ထောင်လွှားဝံ့တဲ့ အတွက် ရလဒ် ကောင်းနိုင်မှာ မဟုတ်ဘူး။ ”

ထိုစကားကြောင့် စစ်ထူယန် ခမျာ မျက်လုံးပြူးသွား၏။ တစ်ခုခု မှားယွင်းနေမှန်း သိသော်လည်း အဖြေရှာ မရချေ။ မည်သူသည် မာနထောင်လွှားနေ သနည်း။

ကူရှင်းယွီ သည်လော။ ယဲ့ချင်းရှန် သည်လော။ သူ့အမြင်၌ မောက်မာ နေသူမှာ ဤယဲ့ချင်းရှန်သာ ဖြစ်သည်။

“ နောက်ဆုံးတော့ ယဲ့ချင်းရှန် လှုပ်ရှားပြီ။ ”

“ စီနီယာ အစ်ကိုယဲ့ ရှေ့မှာ ... မောက်မာ နေတာလား၊ ဒါက အစ်ကိုယဲ့ရဲ့ မာနကို ထိခိုက် စေမယ့် လုပ်ရပ်ပဲ၊ ဒီနှစ်တွေထဲမှာ ပြိုင်ဘက်ကို သူရှုံးတာ တစ်ခါမှ မမြင်ဖူးဘူး။ ”

“ ဒီတစ်ခါတော့ ကူရှင်းယွီ သံပြားကို သေချာပေါက် ကန်မိပြီ၊ မာနဆိုတာ အစ်ကိုယဲ့ အတွက် ထမင်းစား ရေသောက်ပဲ။ ”

ယဲ့ချင်းရှန် ဟူသည် မည်သူနည်း။ ကောင်းကင်လမ်း ချန်ပီယံ တစ်ယောက်ကိုပင် တောင်ပေါ်မှ ခုန်ချစေသူ ဖြစ်သည်။

လီတာ့ယန် မိုးပြာ နဂါးသခင် ဖြစ်စဉ်၌ ၎င်း၏ ပံ့ပိုးမှုပါ၏။ အမျိုးသမီး နှစ်ဦးအတွက် နဂါးပလ္လင် (၂)လုံး ကိုလည်း စွန့်ထားသည်။

ခွန်အား အရာ၌ နတ်နဂါး သခင် ဖြစ်ရန် လုံလောက် သော်လည်း နဂါးပြာ မှတ်တမ်းကို ကစားကွင်းသဖွယ် လျစ်လျူရှု ထားသည်။

ကူရှင်းယွီသည် မာနကြီး သည်လော။ ယဲ့ချင်းရှန်နှင့် ယှဉ်က ကလေးငယ် အဆင့်၌သာ ရှိသည်။ မည်သူသည် သန့်ရှင်းသော သမီးတော် ရေချိုးသည်ကို ချောင်းကြည့်ဝံ့ သနည်း။

သို့သော် အခြားသော မြင့်မြတ်မြေများမှာ အကောင်းမြင်စိတ် မရှိချေ။ စစ်ထူယန် သည်ပင် ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရ သဖြင့်၊ ကူရှင်းယွီ ဟူသည် မလွယ်ကြောင်း သိကြသည်။

အမျိုးသမီး နှစ်ယောက်နှင့် သားတော် တစ်ပါးကို ပလ္လင် အပ်နှင်းထားသော ယဲ့ရှင်းရှန် အနေဖြင့် မောက်မာရန် ထိုက်တန်သော်လည်း ပြိုင်ဘက် မဖြစ်နိုင်ဟု မြင်၏။

ကူရှင်းယွီက ကောင်းကင် တာအို ဂိုဏ်းမှ တပည့်များ၏ သုံးသပ်ချက်ကို ကြားပြီးနောက် သဘာဝအတိုင်း ပြုံးသည်။

“ မင်း အနိုင်ရ လိမ့်မယ်လို့ ထင်နေတဲ့ လူတွေ တကယ် ရှိပါလား၊ ကောင်းပြီ ဓား(၃) ကွက် ပေးမယ်လို့ ... ငါပြောထားတဲ့ အတွက် မပြည့်မချင်း မင်းကို ပြန်တိုက်မှာ မဟုတ်ဘူး။ ”

“ ဒါဆို မင်းဆန္ဒအတိုင်း။ ”

လင်းယွန်က သူ့ဓားကို ဆွဲထုတ်ပြီး ပြောကြားလိုက်သည်။ ကြယ်ဓားနှစ်လက်မှ ကောင်းကင်ပေါ် ထိုးတက်လာ၏။

နောက်တစက္ကန့်တွင်၊ ကောင်းကင် အလွှာ သုံးဆယ့်ခြောက်လွှာကို ထိုးဖောက် ဝင်ရောက် သွားပြီး၊ ရွှေရောင် ဓားရောင်ခြည်များ ပျံ့ကား လာစေတော့သည်။

နေနှင့်လက သူ့နောက်ကျော၌ ဖြစ်တည်လာကာ နဂါးတောင်ကြီး တစ်ခုလုံး သူ့ဓား ရောင်ဝါကြောင့် တုန်ခါလာ၏။

အမည်ခံ သူတော်စင် အငွေ့အသက် များသည် ဓားရောင်ဝါ ဖိနှိပ်မှုကို ခံလာရသည့် လက္ခဏာများ ပြသလာသည်။

ကူရှင်းယွီ မျက်နှာ ပြောင်းသွား တော့၏။ အဘယ့်ကြောင့်ဆိုသော် ယင်းသည် အဆုံးသတ် မဟုတ်သောကြောင့် ဖြစ်သည်။

ဓားလှိုင်းများ ထွက်ပေါ်လာပြီး နဂါး တောင်တန်း တစ်လျှောက် နဂါးငွေ့တန်းများစွာ ဖြစ်ပေါ်လာ၏။

၎င်းတို့သည် ပေရာဂဏန်းခန့် ရှိသော နဂါးငွေ့တန်း တစ်ရာကျော် ဖြစ်သည်။ နေနှင့် လကို ဝန်းရံလျက် ပြိုးပြက်သော အလင်းများ ထုတ်လွှတ်နေ၏။

မိုင်ရာဂဏန်း အတွင်းမှ ဓားသမား အားလုံးသည် ၎င်းတို့၏ ဓားများကို ထိန်းချုပ် နိုင်စွမ်း ဆုံးရှုံးကုန်သည်။

“ ဘယ်လောက် တောင် ... အစွမ်းထက်လိုက်တဲ့ ဓားရည်ရွယ်ချက်လဲ။ ”

“ သူ ဘာလုပ်ဖို့ ... ကြိုးစားနေတာလဲ။ ”

ဓားသမား တော်တော် များများက အံ့သြသွား ကြသည်။ ယဲ့ချင်းရှန်သည် ယခင် တိုက်ပွဲများ၌ သူ့ခွန်အားကို ထိန်းထားခြင်း ဖြစ်ပေမည်။

“ ကူရှင်းယွီ ... ဒီကောင်နဲ့ ပတ်သက်ပြီး ထူးဆန်းတာ တစ်ခု ရှိနေတယ်၊ သူနဲ့ ကစား နေတာကို ရပ်လိုက်တော့။ ”

တျန်ကူမှ သတိ လှမ်းပေးသည်။ ဓားရောင်ဝါသည် သူတို့ကို အန္တရာယ် မပေးနိုင် သော်လည်း ဓားရည်ရွယ်ချက်မှာ ကြောက်စရာ ကောင်းမှန်း ခံစားမိ၏။

ထို့ကြောင့် ဓားသုံးကွက် ပေးခြင်းကို ပြန်လည် ပြင်ဆင်စေလိုသည်။ ကူရှင်းယွီမှာ လည်မျိုများ ခြောက်ကပ်လျက် အံကြိတ်ပြီး၊

“ မင်းကို ဓားသုံးချက် ပေးမယ်၊ ငါ မလှုပ်ရှားဘူး။ ”

- ဟု ထပ်မံ အတည်ပြု လိုက်သည်။

ထိုအချိန်တွင် နဂါးဟောက်သံများ ပဲ့တင်ထပ် လာသည်။ မိုးပြာနဂါး ဓားနှလုံးသား အသက်ဝင်လာခြင်း ဖြစ်၏။

ယင်းမှ လာသော ငွေဓားရောင်ခြည် များကြောင့်၊ ကူရှင်းယွီ မျက်နှာ သိသိသာသာ ပြောင်းသွားပြီး သူတော်စင် ရောင်ဝါ အပေါ် ကြက်သွေးရောင် စွမ်းအင်ဖြင့် ထပ်မံ ဖုံးအုပ်လိုက်သည်။

“ ရွှပ် ... ။ ”

သို့သော် ပန်းသင်္ချိုင်းက ကြက်သွေးရောင် စွမ်းအင်ကို ဖြတ်ကာ သူ့ထံ ကျဆင်း လာခဲ့ပြီး ကြက်သွေးရောင် အလွှာ ပေါက်ကွဲသွား၏။

“ ဝုန်း ... ။ ”

ရင်ဘတ်ရှိ ကျောက်စိမ်းဆွဲသီး ထံမှ သွေးမြူကဲ့သို့ အငွေ့အသက်များ ထွက်ပေါ် လာပြီး ဓားအဟုန်ကို တားလေသည်။

ဤအခိုက်တွင် လူတိုင်းက ယဲ့ချင်းရှန် ပြောပြောနေသည့် ပြင်ပအရာ ဝတ္ထု၏ ခွန်အား ဆိုသည်ကို သိရှိလာကြ၏။

စစ်ထူယန်၏ မြင့်မြတ်သော မီးတောက် ဆယ်ပါးကို ဤရတနာ ကျောက်စိမ်း ဆွဲသီးမှ ခုခံပေးခဲ့ခြင်း ဖြစ်ချေပြီ။

ကြယ်သုံးပွင့် အဆင့် လျှို့ဝှက် ရတနာ ဖြစ်သည်။ သွေးလ ကျောက်စိမ်း ဆွဲသီး ဖြစ်၏။ ကြယ်ဓား နှစ်လက်ကြောင့် ပန်းသင်္ချိုင်းမှာ စူးရှ လင်းလက် လာသည်။

ပန်းသင်္ချိုင်းတွင် သူ့မာန ရှိ၏။ ၎င်းသည် လင်းယွန်ထက် မနိမ့်သော ဂုဏ်သတင်းမျိုးနှင့် ဆန္ဒမျိုး ရှိသည်။ ပြိုင်ဘက်၏ ရတာနာသည် ကြယ်သုံးပွင့် ရတနာ ဖြစ်သကဲ့သို့ သူ သည်လည်း ပန်းသင်္ချိုင်း ဖြစ်၏။

“ ခရစ် ... ။ ”

သွေးမြူ အကာအကွယ်ကို တိခနဲ ဖြတ်သန်းကာ၊ ကူရှင်းယွီထံ ပြတ်ရှရာ ဒဏ်ရာ တစ်ခု ပေးနိုင်ခဲ့သည်။

ပေါက်ကွဲအားကြောင့် လွင့်စဉ်လျက် မြေပြင်ပေါ် လူးလှိမ့်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့၏။

“ ပထမဓား ... ။ ”

အံကြိတ်လျက် သွေးကို လက်ခုံဖြင့် သုတ်ကာ ချက်ချင်း ထရပ်လိုက်၏။ လင်းယွန်မှ အားနာ မနေတော့ဘဲ နဂါးငွေ့တန်းများကို ပေါင်းစည်းကာ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ထုတ်ဖော်လိုက်သည်။

ဤတစ်ကြိမ်တွင် နှစ်ပိုင်း ခွဲနိုင်သည် ဟူသော ခံစားချက်ကြောင့် ကူရှင်းယွီ ခမျာ ထိတ်လန့် လာတော့၏။

“ သေ စမ်း ... ။ ”

ကျိန်ဆဲပြီး ဟန်မဆောင် နိုင်တော့ဘဲ၊ ဆုတ်ခွာသွားသည်။ သို့သော် ဓားရောင်ခြည်က ကျရောက် နေချေပြီ။

“ ရွှပ် ... ။ ”

ယင်းက သူ့ခန္ဓာကိုယ်ပေါ် ထိမှန်လျက် လွင့်စဉ် သွားပြန်၏။ ဒဏ်ရာမှ အရိုး ဖြူဖြူများ ကိုပင် မြင်နေရသည်။

“ ဝှစ် ... ။ ”

လင်းယွန်မှ မြေပြင်ပေါ် ပုတ်လျက် သူ့ကို အသက်ရှူရန် အခွင့်အရေး မပေးချေ။ ပျံသန်း လိုက်ပါလာကာ ဓားဖြင့် ခုတ်ပိုင်းလာပြန်၏။

ကောင်းကင်မှ ကြယ်ရောင်များက ရေစီးကြောင်းတစ်ခု ကဲ့သို့ ကျဆင်းလာသည်။ ရေစီးသံများပင် ကြားလိုက်ရ၏။

ထိုစီးကြောင်းသည် အဆုံးမရှိချေ။ အချိန်များ ကုန်လွန်ကာ မျက်စိတမှိတ် အတွင်း နှစ်ပေါင်း တစ်ထောင် ကုန်လွန်လာ၏။

နှစ်တစ်ထောင်ကြာ ပြီးနောက် မြစ်ကမ်း နံဘေးတွင် ဓားရောင်ခြည်များ တောက်ပလျက် ဓားသမား တစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။

ဓားသမား ပေါ်လာသောအခါ လျင်မြန်စွာ ကုန်လွန်နေသော အချိန်များ ရပ်တန့် ကုန်တော့ ၏။

ကူရှင်းယွီ တစ်ယောက် တောင်ပေါ်မှ ဒလိမ့်ခေါက်ကွေး လိမ့်ကျသွားသည်။ လင်းယွန် နဖူးတွင် ချွေးများ စိုရွဲကာ ကောင်းကင်မှ ညင်သာစွာ ဆင်းသက်လိုက်၏။

“ ယဲ့ချင်းရှန် ... ၊ ဟား ဟား ဟား ... ကောင်းကင် တာအို ဂိုဏ်းရဲ့ ဓားသမား။ ”

လူတိုင်း တိတ်ဆိတ်နေစဉ် လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ဟက်ဟက် ပက်ပက် ရယ်မော လိုက်လေသည်။

“ စီနီယာ အစ်ကိုယဲ့က ပြိုင်ဘက်ကင်းဘဲ။ ”

“ သန့်ရှင်းသော သမီးတော် သတ်သူ ရှေ့မှာ ဘယ်သူရပ်ဝံ့လဲ။ ”

“ ငါတို့ အစ်ကိုယဲ့ ရှေ့မှာ ... မာနကြီးရအောင် သေလမ်းကို ရှာနေတာပဲ၊ ဟား ဟား ဟား ... ။ ”

ကောင်းကင် တာအို ဂိုဏ်းမှ တပည့်များက ဦးစွာ အသိ ပြန်ဝင်လာသည်။ ကောင်းကင်လမ်း ချန်ပီယံများနှင့် ပတ်သက်၍ အထင်ကြီးစရာ မရှိဟု ဆိုခဲ့သော ကူရှင်းယွီသည် ခွေးကဲ့သို့ မြေပြင်ပေါ် လှဲလျောင်း နေရ၏။

“ ဒီကောင် ... ။ ”

တျန်ကူ နှုတ်ခမ်းထောင့်မှာ တုန်ယင် သွားလေသည်။ စကား မပြောချင် တော့ချေ။ ကစားနေ သည်ကို ရပ်ရန် သတိပေးခဲ့၏။

သူ့စကားကို နားမထောင်ဘဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားချိန်မှာပင် ဓားသုံးချက် ပြည့်အောင် ခံယူခဲ့သည်။ နောင်တဟူသည် နောင်မှလာခြင်း ဖြစ်၏။

“ ယဲ့ချင်းရှန် ... မင်းငါ့ကို တိုက်ဖို့ သတ္တိရှိလား။ ”

ယဲ့ချင်းရှန်ကို ကြည့်ကာ စိန်ခေါ်ချက် ထုတ်လိုက်သည်။ ဤဓားသုံးချက်သည် ခွန်အား စိုက်ထုတ်ရမည်မှာ သေချာ၏။

ထို့ကြောင့် ဤအချိန်၌ သူ့အတွက် အကောင်းဆုံး အခွင့်အရေး ပေပင်။ တစ်ဖက်လူ သည်သာ အထွတ်အထိပ် ခွန်အားများ ပြန်၍ ရရှိခဲ့ပါက အခက်တွေ့နိုင်၏။

“ တျန်ကူ ... ငါက မင်းရဲ့ ပြိုင်ဘက်ပဲ။ ”

ကူရှယန်မှ နဂါးပြာ ပလ္လင်ပေါ်မှ ထရပ်လိုက်၏။ ပြီးနောက် လင်းယွန်ထံ လှည့်ကြည့်ကာ၊

“ ယဲ့ချင်းရှန် ... ငါသူ့ကို တိုက်ရင် မင်းစိတ်မဆိုးဘူး မဟုတ်လား။ ”

-ဟု မေးလျက် ရိပ်ခနဲ ခုန်ဆင်း လာလေသည်။

“ မင်း ... တိုက်လို့ရတယ်။ ”

လင်းယွန်မှ ခေါင်းညိမ့်ပြသည်။

“ ပန်းသင်္ချိုင်း ဒီမှာ မရှိတာမို့ ... ကောင်းကင်လမ်း ချန်ပီယံတွေ အစား ... ငါ ပေါ်လွင်ရမယ်၊ မဟုတ်ရင် ကောင်းကင်လမ်း ချန်ပီယံတွေကို လူပြက်တွေလို လှောင်ပြောင် ရယ်မောကြ လိမ့်မယ်။ ”

ကူရှယန်မှ သူ့အတွေးကို လင်းယွန်ထံ ထပ်လောင်း ပြောကြား လိုက်သည်။ အစောပိုင်း ကတည်းကပင် သူတိုက်ရန် ဆန္ဒရှိသည်။

လင်းယွန်မှ တစ်လှမ်း ဦးသွားခြင်း ဖြစ်၏။ ထိုစကားကြောင့် လင်းယွန်က ပြုံးပြီး ပြန်ဆုတ် လိုက်သည်။

“ ဆက်လုပ်ပါ။ ”

ဆုတ်ခွာလာသော သူ့ကို ကျိကျစ်ရှီမှ ကြည့်ပြီး၊

“ ယဲ့ချင်းရှန် ... နဂါးပြာ မှတ်တမ်းပြီးရင် ငါ့ရဲ့ နတ်ဖီးနစ်တောင်ကို လာလည်ပါလား။ ”

-ဟု ဖိတ်ခေါ် တော့၏။

“ နင် ... ဘာလုပ်ဖို့ စီစဉ် နေတာလဲ ... ၊ ယဲ့ချင်းရှန်က ငါတို့ ကောင်းကင် တာအို ဂိုဏ်းရဲ့ ပါရမီရှင် ဓားသမားပဲ။ ”

ပိုင်ရှုရင်မှ ဦးစွာ ကန့်ကွက်သည်။

“ သူ လာလည်သင့်တယ်၊ နတ်ဖီးနစ် တောင်မှာလည်း သန့်ရှင်းသော သမီးတော်တွေ အများကြီး ရှိတယ်၊ သူ့နာမည်က သန့်ရှင်းသော သမီးတော် သတ်သူ မဟုတ်ဘူးလို့ မပြောနဲ့။ ”

ကျိကျစ်ရှီက လိမ္မာပါးနပ်စွာ ပြုံးပြီး တုန့်ပြန်လိုက်သည်။

“ နတ်ဖီးနစ် တောင်ရဲ့ ပုလဲတောင် ... ဒီမှာရှိနေတာပဲ၊ ဘာလို့ ကျန်တဲ့ သမီးတော်တွေ နောက်ကို လိုက်ရမှာလဲ။ ”

ရှင်းယန်မှ ပြုံးလျက် ဝင်မေးပြန်၏။ ယင်းကြောင့် ရှင်းယန်နှင့် ပိုင်ရှုရင်ကို ကြည့်ပြီး ကျိကျစ်ရှီမှ ဒေါသ ထွက်လာခဲ့သည်။

၎င်းတို့နှစ်ဦးသည် ယဲ့ချင်းရှန် အပေါ် ဖမ်းစားရန် ကြံရွယ်ထားသော သူမ စိတ်ကူးကို သိရှိနေ၏။

“ ငါ အားတဲ့ အချိန် လာလည်ပါ့မယ်။ ”

လင်းယွန်မှ ပြုံးပြီး ဝင်ပြောလိုက်သည်။

“ ဒါဆို ကတိပဲ။ ”

သို့မှသာ ကျိကျစ်ရှီက ရှင်းယန်နှင့် ပိုင်ရှုရင်ကို လျစ်လျူရှု လိုက်တော့၏။ အခြား တစ်ဖက်တွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက် သုံးခုက၊ ချက်ချင်း သူ့ထံ ကျရောက်လာသဖြင့် လင်းယွန်မှ နှာခေါင်းကို ပွတ်လိုက်မိသည်။

တတိယမြောက် ရည်ရွယ်ချက်သည် ထုံစံ အတိုင်း ဆုစီယာ ထံမှလာ၏။

“ နင့် ကတိကို စောင့်ထိန်းပါ။ ”

ရုတ်တရက် အမူအရာ ပြောင်းလဲ သွားသော လင်းယွန်ကို သတိထားမိပြီးနောက် ကျိကျစ်ရှီမှ ချက်ချင်း လှမ်းပြောလာ၏။

ဤတစ်ကြိမ်၌ လင်းယွန်မှ စကားသံ မထွက်ဝံ့တော့ချ။ ရှက်ရွံ့စွာ ပြုံးပြပြီး တိုက်ပွဲထံ အာရုံစိုက် လိုက်တော့သည်။

လူတိုင်းက ကူရှယန်နှင့် တျန်ကူတို့ထံ အာရုံရောက်ရှိနေကြ သည်မှာ ကံကောင်းပေ၏။ မဟုတ်သော် သူ့အမည်ပြောင်သည် ပြင်ဆင်၍ ရတော့မည် မဟုတ်ချေ။

ကောင်းကင်လမ်း ချန်ပီယံများမှာ သန်မာ သော်လည်း၊ နဂါးပြာ မှတ်တမ်းတွင် ဖိနှိမ်ခံနေ ရ၏။ မုချင်းကျွယ်၊ ဟဲရွှမ်ကျင့်နှင့် စစ်ထူယန် တို့သည် ရှုံးပွဲဖြင့် အဆုံးသတ်ခဲ့သည်။

ထို့ကြောင့် ပန်းသင်္ချိုင်း မရှိသည့်နောက် ကောင်းကင်လမ်း ချန်ပီယံ ဟူသည် ဂုဏ်သိက္ခာ ပြန်လည် ထူထောင်ရန် သူ့တွင် တာဝန်ရှိ သည်ဟု ကူရှယန်မှ ခံစားရ၏။

သူတို့ကဲ့သို့ အဆင့်နိမ့် နယ်ပယ်မှ လာသော ပါရမီရှင်များသည် ခွန်လွန်ရှိ ပါရမီရှင်များထက် အားနည်းခြင်း မရှိချေ။ ထိုအတွေးက သူ၏ တိုက်ပွဲဝင် ဆန္ဒများကို ပွက်ပွက်ဆူ လာစေတော့သည်။

***

All Chapters