ဘယ်သူမဆို ပန်းသင်္ချိုင်း ဖြစ်နိုင်ပါတယ်။
Vol. 155 Ch. 2159
သူ အမှန် ပြောသည်ကို မည်သူမျှ မယုံသောကြောင့် လင်းယန်မှ မပြောတော့ချေ။ မည်သို့ပင် ဆိုစေကာမူ မုန်တိုင်းမှာ ပြီးဆုံးသွား သည်။
သို့သော် တျန်ကူနှင့် ကူရှင်းယွီ တို့သည် လစ်လပ်နေရာ အများအပြားကို ဖြစ်ပေါ်သွား စေခဲ့သည်။ ထို့နောက် အချင်းချင်း ထပ်မံ ယှဉ်ပြိုင်ကြပြန်၏။
ဆန့်ကျင်ဘက် အနေနှင့် တောင်ထိပ်ရှိ ကောင်းကင် နဂါး စင်မြင့်သည်သာ ငြိမ်သက်နေ ခဲ့သည်။
နဂါးသခင် ကိုးပါးကြားတွင် မရဏ နဂါးသခင်နှင့် စစ်မှန်သော နဂါးသခင် သည်သာ ထိုစင်မြင့်ကို စိတ်မဝင်စားချေ။
ကျန်ရှိနေသော နတ်နဂါးသခင် ခြောက်ပါးနှင့် မိုးပြာ နဂါး သခင် တို့သည် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီ၏။
ယဲ့ချင်းရှန် စိတ်ဝင်စားပါက ပါဝင်နိုင်မည်။ ၎င်းမှလွဲ၍ ကျန်ခုနစ်ယောက်သည် မအောင်မြင် ပါက နောက်ဆက်တွဲ အကျိုးဆက်များ ကြုံတွေ့ ရမည် ဖြစ်သည်။
အရေးအကြီးဆုံးမှာ လူများစွာသည် ကူရှယန် ခွန်အားကို တွေ့မြင်ပြီးနောက် ပြန်၍ စဉ်းစားလာကြခြင်း ဖြစ်၏။
“ ကောင်းကင် နဂါးသခင် ဘွဲ့က ကူရှယန်ဆီကို ရောက်သွားပြီ ထင်တယ်။ ”
“ ဒီလူ ... ယှဉ်ပြိုင်ချင်နေ သရွေ့ ... ဘယ်သူကမှ သူနဲ့ ထိပ်တိုက် ရင်ဆိုင်ဝံ့မှာ မဟုတ်တော့ဘူး။ ”
“ ဘယ်သူက သူ့ကို ထိပ်တိုက် ရင်ဆိုင်ချင်မှာလဲ အနိုင်ရရင် ကောင်းပါတယ်၊ ဒါပေမယ့် ရှုံးသွားရင် မူလ ရာထူးကို စွန့်ရ လိမ့်မယ်။ ”
တျန်ကူကို သတ်ပြီးနောက် ပြင်ပကို လျစ်လျူရှုပြီး အသက်ရှူ လေ့ကျင့်ခန်းလုပ်ကာ မျက်လုံးများ မှိတ်ထားသည့် ကူရှယန်ထံ အကြည့်များ ကျရောက်နေ၏။
“ ကူရှယန် ... မင်း ကောင်းကင် နဂါးသခင် ဘွဲ့ကို ယှဉ်ပြိုင်မှာလား။ ”
အဆုံးတွင် ဒုတိယ ကောင်းကင်လမ်း ချန်ပီယံဖြစ်ခဲ့သည့် ရီလင်ဟွာမှ မေးမြန်းလိုက် တော့သည်။
သူ့မေးခွန်းကို လီတာ့ယန် အပါအဝင် နတ်နဂါးသခင် တိုင်းမှ စိတ်ဝင်စား လာကြ၏။ တျန်ကူကို သတ်ခြင်းဖြင့် လေးစားမှုကို ရရှိရန် လုံလောက်ပေသည်။
၎င်းသည်သာ ကောင်းကင် နဂါးသခင် ရာထူးကို လိုချင်က တခြား နဂါးသခင်များက လက်လျော့ကြ ပေလိမ့်မည်။
ကူရှယန်မှ မျက်လုံးဖွင့်ပြီး ပြုံးသည်။
“ ဒီမှာ လူတိုင်းက ... ကောင်းကင် နဂါးသခင် ဘွဲ့အတွက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက် ရှိနေကြတာပဲ မဟုတ်လား၊ ဘာလို့မေး နေတာလဲ။ ”
“ ကောင်းကင် နဂါးသခင်က နတ်နဂါး ခုနစ်ပါး အထက်မှာ ရှိတယ်၊ တစ်စုံ တစ်ဦးသာ လိုချင်ရင် ငါတို့လက်ခံမှာ မဟုတ်ဘူး၊ ဒါပေမယ့် မင်း လိုချင်ရင်တော့ ယူနိုင်တယ်၊ ငါတို့မှာ ပြောစရာ မရှိဘူး။ ”
ရီလင်ဟွာမှ ပြန်ဖြေသည်။
“ မှန်တယ် ... မင်းလိုချင်ရင် ငါတို့က ပြိုင်မှာမဟုတ်ဘူး။ ”
“ ငါလည်း အတူတူပဲ။ ”
စေတနာ ရှိ၍ မဟုတ်ချေ။ ဆုံးရှုံး စရာ မရှိပါက လူတိုင်း စမ်းကြည့်ကြ ပေမည်။ ယခုမူ လက်ရှိ ရာထူး ဆုံးရှုံးသွားနိုင်၏။
ထို့ကြောင့် ကောင်းကင်နဂါး သခင် ရာထူးကို ရက်ရက် ရောရော ပေးနေခဲ့ခြင်း ဖြစ်သည်။
လီတာ့ယန်မှာ တွက်ချက်မှုများ ပြုလုပ်နေခဲ့သည်။ သူ့ ခွန်အားသည် တစ်ဖက် လူနှင့် တန်းတူဖြစ်၏။ အနိုင်ယူရန် အလားအလာမှာ မမြင့်မားချေ။
“ အဲဒါဆို ယဉ်ကျေး မနေတော့ဘူး။ ”
ကူရှယန်က ကောင်းကင်ပေါ် တက်ကာ ကောင်းကင် နဂါးသခင် စင်မြင့်ဆီသို့ ဦးတည် ဆင်းသက် လိုက်သည်။
သို့သော် စင်မြင့်က ဟောက်သံများ ထုတ်လွှတ်လျက် ယိမ်းထိုး သွားတော့၏။ နဂါး သခင်များမှာ မျက်နှာများ ပြောင်းလဲကုန်သည်။
ကောင်းကင် နဂါး စင်မြင့်၏ ရောင်ဝါသည် ကြောက်စရာ ကောင်းပေ၏။ ကောင်းကင် မူလ အဆင့် အမည်ခံ သူတော်စင်နှင့် ယှဉ်နိုင်သည်။
ကူရှယန်က အတားအဆီး အလွှာကို ဖြိုခွဲကာ စင်မြင့်ပေါ် ဆင်းသက် လိုက်တော့၏။ ဤစင်မြင့်သည် နဂါးတောင် အမြင့်ဆုံး နေရာ ဖြစ်သည်။ ကူရှယန်မှ ပတ်ပတ်လည်ကို ဝေ့ကြည့်ပြီး၊
“ ဒီနေရာက ရှုခင်းက တကယ် ကောင်းတာပဲ။ ”
-ဟု သုံးသပ် လိုက်သည်။
နဂါးလမ်း ချန်ပီယံများသည် နဂါးပြာ မှတ်တမ်း အတွင်း အမည်များကို ရေးထွင်းထား နိုင်ပြီဖြစ်၏။ နောင်လာ နောက်သားများ အတွက် စံပြပုဂ္ဂိုလ်များ ဖြစ်လာနိုင်မည်။
သို့သော် ပန်းသင်္ချိုင်း မပါဝင်သောကြောင့် မပြည့်စုံခေျ။ ဆိုလိုသည်မှာ ကောင်းကင် နဂါး သခင်ဘွဲ့မှာ အကြွင်းမဲ့ မဟုတ်ဟု ပြောနိုင်၏။
လူတိုင်း မျှော်လင့်နေကြသော ပန်းသင်္ချိုင်းသည် ကောင်းကင်ရှိ ငွေမျက်လုံးနှင့် သွေးလထံသို့ မော့ကြည့်ကာ တွေးနေခဲ့သည်။
တျန်ကူနှင့် ကူရှင်းယွီတို့၏ အုပ်ထိန်းသူများမှ လှုပ်ရှားမှု တစ်ခု ပြုလုပ် လာမည်ဟု ထင်နေခြင်း ဖြစ်၏။
သို့သော် တတိယ မျက်လုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သွေးလ သည်လည်း မှေးမှိန်သွားခဲ့သည်။
လင်းယွန်မှ သက်ပြင်းချ မိသည်။ ၎င်းတို့လှုပ်ရှားသော် ပုံမှန်ဖြစ်သည်။ ယခုကဲ့သို့ ဆုတ်ခွာသွားခြင်းသည် သံသယ ဖြစ်ဖွယ် ကောင်းနေသည်။
တျန်ကူတို့ ကဲ့သို့ ပါရမီရှင်များ အသတ်ခံရသည်ကိုပင် လျစ်လျူရှု နေသဖြင့်၊ ကြီးမားသော တစ်စုံ တစ်ရာ ကြံစည်နေ သည်လောဟု တွေးမိသည်။
“ ယဲ့ချင်းရှန် ... ။ ”
ကျိကျစ်ရှီက လင်းယွန် နာမည်ကို ခေါ်သည်။
“ ကူရှယန် စင်ပေါ် ရောက်သွားပြီ။ ”
“ ဟမ့် ... ဘယ်သူမှ သူ့ကို စိန်မခေါ် တော့ဘူးလား။ ”
စင်မြင့်ပေါ်ရှိ ကူရှယန်ကို ကြည့်ကာ လင်းယွန်မှ အံ့သြသွားသည်။ မဟုတ်ပါက သူ့အနားရှိ အမျိုးသမီး သုံးဦးမှာ ဒုတိယ အကြိမ် အခွင့်အရေး ရပေမည်။
“ ဟုတ်တယ် ... အခု နင်ဘဲကျန်တော့တယ်။ ”
ကျိကျစ်ရှီမှ ပြုံးပြီး ပြန်ဖြေ၏။
“ တွန်းမပို့နဲ့ ... သူက နင့်အသက်ကို ကယ်ခဲ့တယ် ဆိုတာ သတိရပါ။ ”
ပိုင်ရှုရင်က အေးစက်စွာ သတိပေး လိုက်သည်။ အခြားသူများ အမြင်တွင် ကျိကျစ်ရှီ ဟူသည် နတ်ဖီးနစ် တောင်တန်း၏ မင်းသမီး ဖြစ်သော်လည်း ဂရုစိုက်မည် မဟုတ်ချေ။
“ အဆင် ပြေပါတယ် ... ငါ လုပ်မှာပါ။ ”
လင်းယွန်မှ ပြုံးကာ ဝင်ပြောလိုက်သည်။
“ အစ်ကိုကြီး မင်းက ... အရမ်း သဘော ကောင်းတယ်၊ ဒါဆို မင်း အနိုင်ရဖို့ ဆုတောင်း ပေးမယ်။ ”
ကျိကျစ်ရှီက ရယ်၏။ ယဲ့ချင်းရှန် တစ်ယောက် ထိုစင်မြင့်သို့ တက်ဝံ့ လိမ့်မည်ဟု လုံးဝ မထင်ချေ။
“ ငါတို့ ဘာလို့ ... အလောင်းအစား မလုပ်ရတာလဲ၊ ကောင်းကင် နဂါးသခင် ဘွဲ့ကို ရ-မရ လောင်းရအောင်။ ”
လင်းယွန်မှ ချက်ချင်း မသွားသေးဘဲ ကျိကျစ်ရှီကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။
“ ကောင်းပြီ ... ဘာကြေး လောင်းချင်လဲ။ ”
သို့သော် လင်းယွန်မှ လောင်းကြေး ပြန်မပြောချေ။ သူမထံ အဓိပ္ပါယ်ပါပါ ကြည့်ကာ၊
“ ဖီးနစ် နှလုံးသား သီချင်းကို မှတ်မိသေးလား။ ”
-ဟု မေးမြန်း လိုက်သည်။
သူ့မေးခွန်းကြောင့် ကျိကျစ်ရှီ တစ်ယောက် မျက်မှောင်ကျုံ့ သွားရာမှ ချက်ချင်း မျက်လုံးပြူး သွားတော့သည်။
“ နင် ... နင်ဘယ်လို သိလဲ။ ”
လွန်ခဲ့သည့် တစ်နှစ်က ၎င်းကို နားထောင် ပြီးနောက် နတ်ဖီးနစ်ကျမ်းတွင် နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့သည်။ ပိတ်ဆို့မှုများကို ပြေလျော့ စေသည့် သီချင်းဖြစ်၏။
အဆုံးတွင် သူမ၏ အသက်အရွယ်ဖြင့် မြင့်မြတ်သော ဖီးနစ်တောင်ပံကို ရရှိလာကာ၊ ခမ်းနားသော ပါရမီရှင် ဖြစ်လာခဲ့သည်။
ထို့ကြောင့် ထိုညတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်သည် သူမအပေါ် နက်နဲသော ခံစားချက် တစ်ခု ကျန်ရစ်စေ၏။
ယွဲ့ဝေဝေမှ ထိုလူကို နမ်းနေသည်ပင် မြင်ခဲ့ရသည်။ ရုတ်တရက် ငြိမ်သက်သွားသော ကျိကျစ်ရှီထံ ပိုင်ရှုရင်နှင့် ရှင်းယန်မှ ကြည့်သည်။
“ နင် ဘယ်သူလဲ ... နင် ပန်းသင်္ချိုင်းလား။ ”
“ ကောင်းပြီ ... မင်း ငါတို့ရဲ့ သဘော တူညီချက်ကို သတိရပါ ... အချိန်တန်လာရင် ကူညီဖို့ မမေ့နဲ့။ ”
လင်းယွန်က တိုက်ရိုက် မဖြေဘဲ အဓိပ္ပါယ် ပါပါ ပြောကြား လိုက်သည်။ နတ်ဖီးနစ်တောင် ဟူသည် ရှေးကျသော အမွေအနှစ် နယ်မြေ ဖြစ်၏။
၎င်းသည် ကောင်းကင် တာအို ဂိုဏ်းနှင့် ယှဉ်ပြီး သမိုင်းကြောင်း ကြီးမားသည်။ သို့သော် ကောင်းကင် တာအိုဂိုဏ်းသည် အမည်သာ ရှိပေ တော့၏။
ကောင်းကင်ဓားနှင့် တာအိုဓား အတွက်ကြောင့်သာ မဟုတ်ပါက ပျက်စီးပြီး ဖြစ်ချေမည်။
တစ်ဖက်တွင် နတ်ဖီးနစ် တောင်သည် ဖီးနစ်အသွေးအသားကို အမွေဆက်ခံ ခဲ့သည့် အရပ်ဒေသ ဖြစ်၏။
“ နင်တို့ နှစ်ယောက် ဘာတွေ ပြောနေတာလဲ ... ငါတို့ရှေ့မှာ လျှို့ဝှက် နေတာလား။ ”
ပိုင်ရှုရင်မှ မကျေမနပ်ဖြင့် မေးမြန်း လိုက်တော့သည်။
“ ငါတို့ လောင်းကြေးထပ် နေတာပါ၊ ငါအနိုင်ရရင် သူမက ငါတို့ ကောင်းကင်တာအို ဂိုဏ်းရဲ့ ... သန့်ရှင်းသော ဖီးနစ် သမီးတော် ဖြစ်လာလိမ့်မယ်။ ”
လင်းယွန်မှ ပြုံးကာ ပြန်ဖြေလိုက်သည်။
“ နင် ... အလေးအနက် ပြောနေတာလား။ ”
ပိုင်ရှုရင်မှ စိတ်ဝင်စား လာတော့၏။ ကျိကျစ်ရှီ မျက်နှာမှာ နီရဲသွားလျက် ချက်ချင်း ရွှင်မြူးလာ ပြီးနောက်၊
“ နင် ရှုံးသွားရင် ... နတ်ဖီးနစ်တောင်ကို လာပြီး ငါ့အိမ်ဖော်ကို ယူရမယ်၊ သန့်ရှင်းသော သမီးတော်က နင်နဲ့ မထိုက်တန်ဘူး။ ”
-ဟု ချက်ချင်း ပြန်ပြောလိုက်၏။
“ လောင်းကြေးက နည်းနည်းမြင့်တယ်။ ”
ထိုအချိန်တွင် ဖိအားတစ်ခု ထွက်လာပြီး နဂါးတောင်၏ ထောင့်တိုင်းသို့ ပျံ့နှံ့ သွားခဲ့၏။ ကူရှယန်မှ သည်းမခံ နိုင်တော့ချေ။
“ ငါ ကူရှယန် ကောင်းကင် နဂါးသခင် ရာထူးကို ယူမယ်၊ ဒါနဲ့ ပတ်သက်ပြီး ဘယ်သူ ကန့်ကွက်မလဲ။ ”
သူ့စကားသည် အနည်းငယ် မာနကြီး သော်လည်း ထိုက်တန်ချေ၏။ မည်သူ မဆို မကျေနပ် ပါက စင်မြင့်ပေါ်သို့ တက်သွား ရပေမည်။
မည်သူမျှ အသံ မထွက်တော့ သဖြင့်၊
“ ငါ ကူရှယန် ကောင်းကင် နဂါးသခင် ရာထူးကို ယူမယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်သူ ကန့်ကွက်မလဲ။ ”
-ဟု ထပ်မံ မေးမြန်းလိုက် ပြန်၏။
“ ဝှစ် ... ။ ”
ရုတ်တရက် လင်းယွန်မှ ကောင်းကင်ပေါ် ပျံတက်ကာ စကားတစ်ခွန်းမျှ မပြောဘဲ စင်မြင့် အကာအကွယ်ကို ချိုးဖြတ် လိုက်တော့သည်။
လျင်မြန်လွန်း သဖြင့် စင်မြင့်ပေါ် မည်သူရောက်လာမှန်း သဲသဲကွဲကွဲ မမြင်လိုက် ရချေ။
“ ငါ့နာမည် ပန်းသင်္ချိုင်း ... ပန်းတွေနဲ့ လူတွေကို မြှပ်နှံပေးတယ်။ ”
လင်းယွန်မှ ကူရှယန်ကို ကျောပေးပြီး အထက်ပါ စကားများ ရေရွတ်လိုက် လေသည်။ စကား ကြားကြားချင်း ကူရှယန် တစ်ယောက် တိုက်ပွဲဝင် ဆန္ဒများ ပေါက်ကွဲလာတော့၏။
သို့သော် လှည့်ကြည့် လာချိန်၌ လင်းယွန် ဖြစ်နေသဖြင့် သူ့အပြုံးများ အေးခဲ သွားတော့ သည်။
“ ယဲ့ချင်းရှန် ... မင်း ဘာတွေ ကစားနေတာလဲ၊ မင်းကိုယ်မင်း ပန်းသင်္ချိုင်းများ တကယ် ထင်နေတာလား။ ”
“ ဓားနောက်ကို လိုက်ချင်တဲ့ ... ဆန္ဒတွေရှိနေသရွေ့ ဘယ်သူမဆို ပန်းသင်္ချိုင်း ဖြစ်နိုင်ပါတယ် ... ဒါကြောင့် ငါလည်း သဘာဝ အတိုင်း ပန်းသင်္ချိုင်း ပါပဲ။ ”
“ ဟန်ဆောင် မနေနဲ့ ... မင်းမှာ အရည်အချင်း မရှိဘူး။ ”
***