← Chapters

ငါ့နာမည် ပန်းသင်္ချိုင်း ... ၊ ပန်းနဲ့ လူတွေကို မြှုပ်နှံပေးတယ်။

Vol. 155 Ch. 2160

ငါ့နာမည် ပန်းသင်္ချိုင်း ... ၊ ပန်းနဲ့ လူတွေကို မြှုပ်နှံပေးတယ်။

Vol. 155 Ch. 2160

ကူရှယန်မှ ယဲ့ချင်းရှန်ကို အမြင်ကောင်း ရှိသော်လည်း အထင် မကြီးချေ။ ပန်းသင်္ချိုင်း ဟူသည် ကောင်းကင်လမ်း၏ ဂုဏ်သရေ ဖြစ်သည်။

“ ဘာကို ဟန်ဆောင်ရမှာလဲ။ ”

လင်းယွန်မှ ကူကယ်ရာမဲ့စွာ မေးသည်။

“ လူတိုင်းရဲ့ ပါရမီရှင် ဓားသမားလို့ ချီးကျူးတာ ခံရပြီးနောက် ... မင်းကိုယ်မင်း တကယ်ပဲ ပန်းသင်္ချိုင်းနဲ့ အဆင့်တူလို့ ထင်နေတာလား။ ”

ထိုအတွေးက ကူရှယန်ကို နာကျင်စေသည်။ ပန်းသင်္ချိုင်းသာ ရှိသော် အဖြေကို ကွဲကွဲပြားပြား သိနိုင်မည်။

“ ငါ အဲဒီလို တစ်ခါမှ မတွေးဖူးဘူး။ ”

လင်းယွန်မှ အမှန် ပြောခြင်းဖြစ်၏။ သူသည် ပန်းသင်္ချိုင်း ဖြစ်သဖြင့် သူ့ကိုယ်သူ ပြိုင်နေစရာ မလိုချေ။

“ မင်း မတွေးပေမယ့် ... မင်းရဲ့ အတွင်း စိတ်သဏ္ဍာန်က တွေးနေမှာကို ကြောက်တယ်၊ မင်းငါ့ကို ရန်စရုံသာ မကဘူး၊ ပန်းသင်္ချိုင်း ကိုတောင် မျက်လုံးထဲ မထားဘူး။ ”

ကူရှယန်မှ လျှပ်စီး ချီလင် သူတော်စင် ခန္ဓာကိုယ်ကို ထုတ်ဖော်လျက် ခြေတစ်လှမ်း လှမ်းတက် လိုက်လေသည်။

လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာပြီး ကောင်းကင်နဂါး စင်မြင့်မှာ တုန်ခါလာတော့၏။ ထိုမြင်ကွင်းကို လင်းယွန်မှ ငြိမ်သက်စွာ ကြည့်နေခဲ့သည်။

“ ယဲ့ချင်းရှန်က မာနကြီးတယ်၊ လူနှစ်ယောက်ကို နဂါးသခင် ရာထူး ပေးပြီး၊ ကူရှယန် ရှေ့မှာ ... ရောင်ဝါတောင် မထုတ်ရဲဖူးလား။ ”

“ ဟား ဟား ဟား ... ကူရှယန်က ဘယ်သူတုံး ... သူလမ်းမှာ သတ်ပြီးလာတဲ့ လူပဲ၊ တျန်ကူကို သတ်ခဲ့တာပဲကြည့်၊ ယဲ့ချင်းရှန် မာန လောက်ကတော့ အပျော့ပေါ့။ ”

သဟဇာတ မဖြစ်သော အသံများ နဂါးတောင်တန်း တစ်ဝိုက်တွင် ပဲ့တင်ထပ် လာတော့သည်။

ယဲ့ချင်းရှန်သည် ကူရှယန်နှင့် ယှဉ်သော် နာမည်ကောင်း မရှိချေ။ ကျိကျစ်ရှီ သည်သာ စိုးရိမ်စိတ်ဖြင့် ကြည့်နေခဲ့သည်။

“ မင်းရဲ့ တည်ငြိမ်မှုကို ငါ အသိအမှတ် ပြုတယ်။ ”

တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်းလျက် ကူရှယန်က ခြေတစ်လှမ်း ထပ်မံ လှမ်းတက်ပြန် လေသည်။ သို့တိုင် လင်းယွန်မှ ကျောက်ရုပ် ကဲ့သို့ ငြိမ်သက်နေဆဲ ဖြစ်သည်။

ထို့ကြောင့် ပြိုင်ဘက်ကို အထင်ကြီးခြင်း မရှိသော်လည်း၊ အလေးထား ဆက်ဆံစေရန် ကူရှယန်မှ သူ့ကိုယ်သူ သတိ ပေးနေမိ၏။

“ အခု ... ပန်းသင်္ချိုင်း မရှိတော့ ကောင်းကင်လမ်းရဲ့ ဘုန်းအသရေကို ကာကွယ်ဖို့ ငါ့မှာ တာဝန်ရှိတယ်။ ”

စကားဆုံး သည်နှင့် မီးလျှံများ ပျံတက် သွားပြီး၊ ကောင်းကင်၌ အပေါက် တစ်ပေါက် ဖြစ်ပေါ် လာသည်။

“ အနန္တ လောင်မြိုက်ခြင်း မီးလျှံ - နဂါး ပျံသန်းခြင်း။ ”

လက်သီးဖြင့် ပစ်လွှတ်လိုက်၏။ မြန်လွန်း သောကြောင့် လင်းယွန် ခမျာ တွန်းထုတ်ခြင်း ခံလိုက် ရသည်။

စင်မြင့်ပေါ် ဒူးတစ်ဖက် ထောက်လျက် ပြန်လည် ဆင်းသက် လိုက်ရ၏။ ဤလက်သီး ထိမှန်ပါက အကျိုးဆက်ကို တွေး၍ မရခေျ။

“ လာဦးမယ် ... ။ ”

ဒုတိယ အကြိမ်၌ လင်းယွန် ရင်ဘတ်ကို လက်သီးက ထိုးဖောက်သွားသည်။ သို့သော် သွေးများ ထွက်မလာဘဲ ကွဲကြေသွား၏။

နောက်ဆက်တွဲ ပုံရိပ်မျှသာ ဖြစ်သည်။ လင်းယွန်အစစ်မှာမူ ကောင်းကင်ပေါ် ပျံတက် သွားပြီ ဖြစ်၏။

“ ဝှစ် ... ။ ”

သူ့အရှိန်သည် ကူရှယန်ထက် မနိမ့်ချေ။ များမကြာခင် ကူရှယန်မှ လက်သီး ဆယ်ချက် ထိုးနှက်လိုက်ပြီး ဖြစ်၏။

အနည်းငယ် အားနည်းသော အမည်ခံ သူတော်စင်များသည် သူတို့နှစ်ယောက် တိုက်ပွဲ အပေါ် မမြင်နိုင်တော့ချေ။

အသက်ရှူ ကြပ်စေသည့် ဖိအားကို ခံစားလာရပြီး၊ ထိုလက်သီးချက်သာ ထိမှန်က သူတို့ ခန္ဓာကိုယ် အပိုင်းပိုင်း ကွဲသွားမည်ဟု ခံစားမိလာ၏။

“ ကူရှယန်က ဘီလူးပဲ။ ”

“ ဒါက ... မယုံနိုင် လောက်အောင် ပါပဲ၊ မရဏ မူလအဆင့် ခွန်အားရဲ့ ... ဖိအားတွေက အရမ်း ပြင်းထန်တယ်။ ”

“ ယဲ့ချင်းရှန်ရဲ့ ဓားရည်ရွယ်ချက်ကို ဒီဖိအားအောက်မှာ လုံးလုံး လျားလျား ဖိနှိပ် ထားတယ်၊ ဒါ ... ကျင့်ကြံမှု အဆင့် ကွာဟချက်ပဲ။ ”

“ ယဲ့ချင်းရှန် အတွက် တကယ် မလွယ်ဘူး ... ။ ”

လူများစွာက စာနာစိတ်ဖြင့် ခေါင်းယမ်း ကြသည်။ ယခင် ယဲ့ချင်းရှန်ကို ကြည့်မရသူ များပင် သနားစိတ် ဝင်လာ၏။

ကောင်းကင် မူလအဆင့် အမည်ခံ သူတော်စင် သည်သာ ကူရှယန် အတွက် ပြိုင်ဘက် ဖြစ်ပေမည်။

မိုးပြာ အဆင့်၌ ရှိသော ယဲ့ချင်းရှန်မှ အနိုင်ယူရန် မဆိုနှင့် တိုက်ခိုက်ဝံ့သည် ကိုပင် ချီးကျူးသင့် ချေပြီ။ ထိုအချိန်တွင် ထက်ရှသော ဓားရည်ရွယ်ချက် တောက်ပလာ၏။

ဓားရောင်ဝါများက ရေလှိုင်းများ ကဲ့သို့ စင်မြင့် တစ်ခုလုံးကို ပျံ့ကားသွားကာ လျှပ်စီး ဖိအားအပေါ် တွန်းလှန်လေသည်။

“ ရွှပ် ... ။ ”

နဂါးတောင် အပြင်ဘက်ရှိ ဓားသမား အားလုံး၏ မျက်လုံးများ လင်းလက်လာသည်။ ဓားရောင်ဝါ ရှိနေသရွေ့ ဓားသမားသည် မရှုံးသေးချေ။

သူတို့သည် ဓားသမား ဖြစ်သဖြင့် ယဲ့ချင်းရှန်ကိုသာ အနိုင်ရစေ လို၏။ ယင်းက စိတ်လှုပ်ရှား စရာ ပေပင်။ အဘယ့်ကြောင့် ဆိုသော် လင်းယွန်၏ ဓားမှာ မြန်၏။

“ ချီလင်ရဲ့ ဒေါသ။ ”

လျှပ်စီး စွမ်းအင်များ ပေါက်ကွဲလာပြီး ချီလင်သားရဲက ကူရှယန် အပေါ် ဖုံးအုပ်သွား လေသည်။

“ ဝုန်း ... ။ ”

“ ချွမ် ... ။ ”

ထို့နောက် လက်သီးဖြင့် လင်းယွန်၏ ဓားအလင်းကို ထိုးခွဲပစ် လိုက်သည်။ လင်းယွန် ခမျာ လက်ဖဝါး ပေါက်ပြဲလျက် ဓားလွတ်ကျ သွား၏။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

“ ကြယ်ဓားကို လက်သီးနဲ့ ထိုးခွဲ လိုက်တာလား၊ မယုံနိုင်စရာ ကောင်းလွန်း ပါတယ်။ ”

ဓားသမား အားလုံးအတွက် စိတ်ပျက်ဖွယ် မြင်ကွင်းပေပင်။ ကျင့်ကြံမှု ကွာခြား သည်သာ မက၊ ဓားရည်ရွယ်ချက်ပင် ဖျက်ဆီးခံ လိုက်ရသည်။

လူအများ၏ အမြင်တွင် ကြယ်ဓားသည် ဒဏ္ဍာရီဖြစ်၏။ အမည်ခံ သူတော်စင် နယ်ပယ်၌ ပြိုင်ဘက်ကင်း ပေသည်။ သို့သော် ယခုမူ စက္ကူ တစ်ရွက်လို ပြိုကွဲသွား၏။

“ ကမ္ဘာပေါ်မှာ အားကောင်းတဲ့ သူတွေ အမြဲရှိတယ်၊ တာအို သုံးထောင် အတွင်းမှာ၊ ဓား တာအိုက ပြိုင်ဘက်ကင်း မဟုတ်ပါဘူး။ ”

ရီလင်ဟွာက မှတ်ချက်ပေးသည်။

“ မင်းရဲ့ ဓားကို ငါစောင့်နေတာ ... မင်းအဲဒါကို အလွန်အမင်း အားကိုးနေတာ ငါ သတိထားမိတယ်တာ ကြာပြီ။ ”

ကူရှယန်မှ လင်းယွန်ကို ဂရုမစိုက်ချေ။ သူ့နောက်တွင် နက္ခတ် ပေါ်လာသည်။ ၎င်းသည် ရှေးကျသော လျှပ်စီး ရေကန် ဖြစ်၏။

ကောင်းကင်တခွင် မှောင်ကျလာပြီး လျှပ်စီးများဖြင့် ပြည့်နှက်စေကာ တိုက်ပွဲကို အဆုံးသတ်ရန် ကြံရွယ်သည်။

“ အနန္တ လောင်မြိုက်ခြင်း မီးလျှံ - မကောင်းမှုကို လောင်မြိုက်ခြင်း။ ”

ကြွေးကြော်သံနှင့် အတူ မဟာ တာအို နှစ်ပါးကို လက်သီး၌ ပေါင်းထည့် လိုက်သည်။ လက်သီးမှ ထွက်လာသော ရောင်ဝါသည် လေဟာနယ်ကို အက်ကွဲစေ၏။

“ နဂါးနေနှင့် လတံဆိပ်၊ ယင်-ယန် ပြောင်းပြန် ... ။ ”

လင်းယွန်က လက်သီးဖြင့် ပြန်လည် ထိုးနှက်ရန် ပြင်လိုက်သည်။ ငွေရောင် ဖီးနစ် တစ်ကောင် မြေပြင်တွင် ပေါ်လာပြီး၊ ရွှေရောင် နဂါးကြီးက ကောင်းကင်၌ ထင်ရှားလာ၏။

တံဆိပ်ဖြစ်ပေါ် လာသောအခါ ကောင်းကင်နှင့် မြေကြီးသည် နေရာပြောင်း သွားတော့သည်။

“ ခရစ် ... ။ ”

သို့သော် ကူရှယန်ကို မတားနိုင်ခဲ့ချေ။ ဖန်တီးခဲ့သော ဖြစ်စဉ်များအားလုံး ကူရှယန် လက်သီး လမ်း၌ ကွဲကျသွားသည်။

လင်းယွန် ဘာလုပ်လုပ် ကူရှယန်မှ စိတ်မဝင်စားချေ။ အရာအားလုံး ကြမ်းရှသော ခွန်အားဖြင့် ချိုးဖျက်ပစ်နိုင်သည်။

အဘယ်ကြောင့် ဆိုသော် လျှပ်စီး ချီလင် သူတော်စင် ခန္ဓာကိုယ်တွင် ချပ်ဝတ်တစ်ထည် ဖြစ်ပေါ် နေသောကြောင့် ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူ ပြသသည့် ခွန်အားသည် စစ်မှန်သော ချီလင်တစ်ကောင် ကဲ့သို့ ပြင်းထန်လှ၏။

“ အနန္တ လောင်မြိုက်ခြင်း မီးလျှံ။ ”

ကောင်းကင်၌ နောက်တစ်ကြိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား လာပြန်၏။ မီးလျှံများ ပြည့်နှက် သွားချိန်၌ ကူရှယန်အပေါ် ရွှေရောင် အလွှာတစ်ခု ကျရောက်လာသည်။

“ ဟိတ် ... ။ ”

လင်းယွန် အနားသို့ ရောက်သည်နှင့် ဓားရည်ရွယ်ချက် ပါရှိသော သူ့လက်သီးကို ပစ်ချလိုက်သည်။

“ ဝုန်း ... ။ ”

“ ဝှစ် ... ။ ”

လင်းယွန်က ရှောင်တိမ်းနိုင်ခဲ့ သဖြင့် လေဟာနယ် ပေါက်ကွဲ သွားသည်။ ကူရှယန်မှာ ဆက်တိုက် လိုက်ပါလာပြီး၊ လက်သီးများကို တရစပ် ထုတ်ဖော်လာ၏။

“ မင်း ... အရှုံးကို ဝန်မခံဘူးလား။ ”

ကူရှယန်မှ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို ထုတ်ပြကာ ကြက်သွေးရောင် မီးတောက်များ ဆင့်ခေါ်လိုက်သည်။

ယဲ့ချင်းရှန် သည်သာ အရှုံး မပေးပါက အဆုံးထိ တိုက်သွားမည့်ပုံ ရသည်။ ရလာဒ်မှာ ဆိုးရွားပေမည်။

“ ဒါဆို ... ကစားပွဲကို ဒီမှာ အဆုံးသတ် လိုက်ရအောင်။ ”

ကူရှယန်သည် ကောင်းကင်လမ်းတွင် သတ်ဖြတ်ခြင်းဖြင့် ခွန်လွန်ကို ရောက်လာသူ ဖြစ်သည်။ ပြတ်သား ချေ၏။

ဆုံးဖြတ်ပြီးနောက် တျန်ကူ အပေါ် အသုံးပြု ခဲ့သော တိုက်ပွဲဝင် ပုံစံကို ချက်ချင်း ထုတ်ဖော် လိုက်သည်။

“ အနန္တ လောင်မြိုက်ခြင်း၊- ဗတ္တိဇံ အလင်း။ ”

ဤအရာက လူတိုင်းကို ကြောက်လန့် သွားစေ၏။ ကောင်းကင် တာအိုးဂိုဏ်းမှ တပည့် များမှာ အသက်မရှူ တော့ချေ။ ရလာဒ်အပေါ် မကြည့်ရဲ ဖြစ်လာကြ၏။

သို့သော် စူးရှသော အလင်းရောင် ပျောက်ကွယ် သည့်တိုင် လင်းယွန်က ရပ်လျက် ရှိနေသေးသည်။ လူအများ ယူဆ သကဲ့သို့ ပြိုကွဲသွားခြင်း မရှိချေ။

ဆိုလိုသည်မှာ လင်းယွန်မှ တိုက်ခိုက်မှုကို ပိတ်ဆို့ထားသဖြင့် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတော့သည်။

“ ဒါ ... ။ ”

မြင်ကွင်းမှာ မယုံနိုင် စရာ ဖြစ်သည်။ လင်းယွန်က ညာလက်ဖြင့် ကူရှယန် လက်သီး အပေါ် ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။

တျန်ကူကို သတ်ခဲ့သော ကူရှယန် လက်သီးသည် ခွန်အား မရှိသကဲ့သို့ သူ့လက်၌ ပေါ့ပေါ့ပါးပါး ဖမ်းယူ ခံထားရသည်။

ဓားသမား တစ်ယောက်သည် ဤမျှ သန်မာသော ကိုယ်လုံး ကိုယ်ပေါက် ရှိနေလိမ့် မည်ဟု မထင်သဖြင့် အသံများ တိတ်ဆိတ် ကုန်သည်။

နောက်ဆုံးတွင် ငွေမျက်လုံး နတ်မိစ္ဆာ တျန်ကူပင် ဤတိုက်ခိုက်မှုကြောင့် ရုပ်ခန္ဓာ ပြာကျသွား ရခဲ့ရ မဟုတ်လော။

“ မင်း ... ။ ”

ကူရှယန် အံ့ဩသွား၏။ မမျှော်လင့် ထားချေ။ နှုတ်ခမ်း ထောင့်စွန်းတွင် သွေးများ ပေကျံနေသော လင်းယွန်ကို ကြည့်မိ၏။

“ အခုချိန်ထိ ... ငါ့ရဲ့ ခွန်အား တစ်ဝက်လောက်ကိုပဲ သုံးရသေးတယ်လို့ ပြောနေတာကိုး ... ဘာလို့ မယုံကြတာလဲ၊ လူတိုင်းမှာ ဒေါသ ရှိတယ်၊ ...

... မင်းက ဘယ်သူမို့ ... မထိုက်တန်ဘူး ပြောရတာလဲ၊ ငါက ... ငါ့ကိုယ်ငါ ပန်းသင်္ချိုင်း ဆိုရင် ... ငါက ပန်သင်္ချိုင်းပဲ။ ”

ရုတ်တရက် လင်းယွန် ခန္ဓာကိုယ်မှ ပြာမှုန်သော နဂါးရောင်ဝါများ ကောင်းကင်ပေါ် ပျံတက်လာ တော့သည်။

မိုးပြာနဂါး နတ်ခန္ဓာ၏ စွမ်းအားအပြည့် ထုတ်လွှတ်လိုက်ခြင်း ဖြစ်သဖြင့်၊ ဆံပင်ရှည်များ တဖျပ်ဖျပ် လွင့်ကုန်၏။

“ ဟား ဟား ဟား ... ။ ”

“ ဝှစ် ... ။ ”

ရယ်မောသံနှင့် အတူ နဂါးသွေးများ ပွက်ပွက်ဆူလာပြီး ခြေဖျားဖြင့် ကြမ်းပြင်ပေါ် စောင့်နင်းလျက် ကူရှယန်ကို လက်သီးမှ ကိုင်ပစ် လိုက်တော့သည်။

“ ခရစ် ... ။ ”

နတ်ခန္ဓာ၏ ဖိအားကြောင့် ကောင်းကင် နဂါးစင်မြင်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ လေသည်။

“ လျှပ်စီး ချီလင် သူတော်စင် ခန္ဓာနဲ့ ပတ်သတ်ပြီး ... ဘာမှလည်း အထင်ကြီးစရာ မရှိပါလား၊ ဓား ... ။ ”

ကူရှယန်ကို ပစ်ထုတ် ပြီးနောက် လေပေါ်ပျံဝဲလျက် လက်လှိုင်းဖြင့် ဓားခေါ်ယူ လိုက်သည်။

“ ငါ့နာမည် ပန်းသင်္ချိုင်း ... ၊ ပန်းတွေနဲ့ လူတေွကို မြှုပ်နှံပေးတယ်။ ”

ပန်းသင်္ချိုင်းကို ဖမ်းဆွဲလျက် ကြွေးကြော်သံပြုကာ၊

“ ကူရှယန် ... ကောင်းကင်လမ်း ချန်ပီယံတွေရဲ့ ဂုဏ်သရေကို ငါစောင့်ရှောက် ပါရစေ။ ”

-ဟု ပြောကြား လိုက်သည်။

ထိုစကားကြောင့် ကူရှယန်မှ ရပ်ခြေ ငြိမ်အောင် ထိန်းပြီး ပြန်မော့ကြည့် လိုက်ရာ၊ ယဲ့ချင်းရှန်ဟူသည် ပန်းသင်္ချိုင်း ဖြစ်နေမှန်း မြင်လိုက်ရတော့သည်။

***

All Chapters