← Chapters

ကောင်းကင် တာအို လက်သီး။

Vol. 155 Ch. 2161

ကောင်းကင် တာအို လက်သီး။

Vol. 155 Ch. 2161

ယဲ့ချင်းရှန်ထံမှ ထွက်လာသော ရောင်ဝါသည် ပန်းသင်္ချိုင်းကဲ့သို့ သူရဲကောင်း ဆန်နေ၏။

ယခု အချိန်တွင် လူတိုင်း ပန်းသင်္ချိုင်း ဖြစ်နိုင်သည် ဟူသော စကားအပေါ် နားလည် လာသည်။

“ ဟိတ် ... ။ ”

ယင်းကြောင့် မှင်တတ်နေစဉ် လင်းယွန် ဓားဖျားဖြင့် သူ့နဖူးကို ချိန်ရွယ်ကာ ပျံသန်းလာ တော့၏။

ထိုဓားသည် အသက် အန္တရာယ်ကို ခြိမ်းခြောက် နေ၏။ ဉာဏ်ကြီးရှင်များ ကြား၌ ရလဒ်ကို အသက် တရှိုက်စာ အတွင်း ပြောင်းလဲနိုင်သည်။

အာရုံများနေ သဖြင့် မရှောင်တိမ်း နိုင်တော့ဘဲ လျှပ်စီး ချီလင် ခန္ဓာကိုယ်ကို အသက်သွင်း လိုက်ရ၏။

“ ချီလင် ခန္ဓာ ... ။ ”

ခန္ဓာကိုယ် ဖောင်းကားလျက် မရဏ ရောင်ဝါများ ထွန်းလင်းပြီး အကြေးခွံများ ဖြစ်ပေါ် လာသည်။

ဓားဖျားသည် သူ့နဖူး မရောက်ခင် မမြင်နိုင်သော စွမ်းအင် တစ်ခုမှ တားဆီးခဲ့ တော့၏။

“ ချလွမ် ... ။ ”

ရုတ်တရက် တုန့်ပြန် ရိုက်ခတ်မှုကြောင့် လျှပ်စီးများ လက်လျက် ပန်းသင်္ချိုင်း လွင့်စင် ပြုတ်ကျ သွားသည်။

“ ချီလင် သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်က ကြောက်စရာ ကောင်းလွန်း ပါလား။ ”

နဂါးတောင် အပြင်ဘက်ရှိ လူအုပ်မှာ အံ့အားသင့် သွား၏။ ယဲ့ချင်းရှန်သည် ကစားပွဲ အပေါ် ထိန်းချုပ်နိုင်ပြီဟု သူတို့ ထင်ခဲ့သည်။

သို့သော် ချီလင် ခန္ဓာကိုယ်၏ အကြေးခွံ များမှာ လက်တွေ့ဆန် လွန်းသဖြင့် ရလာဒ် မပြောင်းနိုင် ဖြစ်နေ၏။

ဤအခိုက် အတန့်တွင် ကူရှယန်မှ ကြောက်ရွံ့ ထိတ်လန့်စရာ ကောင်းသော ရောင်ဝါကို ပေးစွမ်းလာသည်။

“ မင်း ... ကစားချင် တာလား၊ ကောင်းပြီ ငါမင်းနဲ့ ကစားမယ်၊ ဒါပေမယ့် အလေးအနက် ထားတာ ပိုကောင်းမယ်၊ မဟုတ်ရင် ... မင်း သေသွား နိုင်တယ် ယဲ့ချင်းရှန် … ။ ”

ကူရှယန်က လင်းယွန်ကို ကြည့်ကာ ပြောကြားလိုက်သည်။ သူ့မျက်နှာ ပေါ်တွင် တောက်ပသည့် အဆင်းများ လင်းလာ၏။

လင်းယွန် ခန္ဓာကိုယ်၌ နဂါးသွေးများ ဆူပွက်လာသည်။ မိုးခြိမ်းသံများ ညံလျက် နဂါး ဟောက်သံများ ထွက်လာ၏။

မျက်လုံးများ အတွင်း၌ လျှပ်စီးများ လက်နေကာ နဂါး ရောင်ဝါကြီး လွင့်ထွက်သွား လေသည်။

နတ်ခန္ဓာသည် ဤလောကကြီး၏ တားမြစ်ချက် ဖြစ်၏။ အဆုံးတွင် မိုးပြာနဂါး၏ စွမ်းအားကို ပိုင်ဆိုင်ခြင်း ဖြစ်သည်။

ပြင်းထန်သော မိုးလေဝသသည် လင်းယွန်တစ်ဝိုက်တွင် ငွေ့ရည်ဖွဲ့ လာခဲ့၏။ များမကြာခင် ကောင်းကင်မှ မိုးသည်း ထန်စွာ ရွာသွန်းလာ တော့သည်။

ဤသည်မှာ မိုးပြာနဂါး နတ်ခန္ဓာ၏ ထိတ်လန့်ဖွယ် ကောင်းသော ဖြစ်စဉ်များ ဖြစ်ချေပြီ။

လင်းယွန် ခန္ဓာကိုယ် တွင်လည်း နဂါး အကြေးခွံများ ထွက်ပေါ်လာပြီး အကြေးခွံများ ပြန့်ကျဲလာ၏။

လက်ဖြင့် တောင်များကို အလွယ်တကူ ဖြိုခွဲနိုင်မည့် ပေါက်ကွဲစေသော စွမ်းအားများ ပေးစွမ်းသည်။

ကူရှယန်နှင့် ယှဉ်သော် သူ့ နတ်ခန္ဓာ ကိုယ်လုံး ကိုယ်ပေါက်သည် ပို၍ ပြင်းထန်သည့် ဖိအားများ ပေးစွမ်းချေ၏။

“ အစကတော့ ... သာမန် သူတော်စင် ခန္ဓာကို အသုံးပြုပြီး ... မင်းနဲ့ ကစားဦး မလို့ပဲ၊ ဒါပေမယ့် ငါ မလုပ်ချင်တော့ဘူး။ ”

“ ဒါဆို ... နဂါး တစ်ကောင်ကို ငါသတ်ရမှာပေါ့။ ”

“ ပြောတာ ကောင်းပေမယ့် ... မင်းမလုပ်နိုင်မှာ စိုးရတယ်။ ”

လင်းယွန်က ခြေထောက်ကို ပုတ်ကာ ချက်ချင်း ပျောက်ကွယ်သွား၏။ ကူရှယန်သည် လက်သီးထိုးသည်ကို ကြိုက်သဖြင့် လက်သီး ဖြင့်သာ ကစားရန် ဆုံးဖြတ်ထားသည်။

သူ့လက်သီးချက်ကြောင့် လေထုမှာ ဖိသိပ်ခံရပြီး ပေါက်ကွဲ သွားသည်။ ကူရှယန်က ဂရုမစိုက်ချေ။

“ ဘောင်း ... ။ ”

မထီမဲ့မြင် အမူအရာဖြင့် လင်းယွန် လက်သီးကို သူ့လက်သီးနှင့် ပြန်လည် ထိုးနှက် လိုက်သည်။

“ ဝုန်း ... ။ ”

လက်သီးနှစ်လုံး တိုက်မိ သွားခဲ့သော အခါတွင် ကျယ်လောင်သည့် ပေါက်ကွဲသံ တစ်ခု ပဲ့တင်ထပ် လာ၏။

“ ဖျပ် ဖျပ် ... ။ ”

ကူရှယန်မှ အပြုံးတစ်ပွင့်ဖြင့် နောက်သို့ ခြေနှစ်လှမ်း ဆုတ်ခွာမိသည်။

နတ်ခန္ဓာသည် တန်ခိုးကြီးမား သော်လည်း ဓားသမား တစ်ယောက်မှ လက်ဗလာဖြင့် သူ့ကို တိုက်ခိုက်ရန် ကြံရွယ်ခြင်းသည် သေခြင်းတရား အပေါ် ဆွဲဆောင်ခြင်း မည်၏။

“ လာ ဦး မယ် ... ။ ”

ကူရှယန် မျက်လုံး၌ တိုက်ပွဲဝင် ဆန္ဓများ တောက်လောင် လာသည်။ ဤသို့ ကျေနပ်စရာ ကောင်းသည့် တိုက်ပွဲ တစ်ပွဲကို မတိုက်ရတာ ကြာပြီ ဖြစ်၏။

မျိုးဆက်တူအတွင်း တိုက်ခိုက်သည့် အခါတိုင်း သူ့ကိုယ်သူ ထိန်းကာ ခွန်အားကို အပြည့်အဝ ထုတ်ဖော်စရာ မလိုခဲ့ချေ။

ယခုချိန်တွင် စိတ်ရှိသမျှ အစွမ်းကုန် သုံးလျက် ပြိုင်ဘက်ကို သတ်ပစ်ရန် ကြိုးစား နိုင်ပြီ ဖြစ်သည်။

“ ဟိတ် ... ။ ”

ထိပ်တိုက် တွေ့ဆုံမှုတိုင်း တုန်လှုပ် ချောက်ချားဖွယ် လှိုင်းလုံးကြီးများ ထွက်ပေါ် လာတော့သည်။

ဤမြင်ကွင်းသည် နဂါးတောင်ပေါ်ရှိ လူတိုင်း၏ ဦးရေပြားကို ထုံကျင် သွားစေခဲ့၏။ နှလုံးသားများ ပေါက်ကွဲလုနီးပါး ပေပင်။

လက်နက်မဲ့ တိုက်ပွဲသည် ဤမျှ ကြီးမားသော ရုန်းရင်း ဆန်ခတ်မှုကို ဖန်တီးရန် မည်မျှ ပြင်းထန်မှန်း တွေးဆနိုင်၏။

“ ယဲ့ချင်းရှန်က နည်းနည်း အံ့သြစရာ ကောင်းတယ် မဟုတ်လား ... သူလို ဓားသမား တစ်ယောက်က ... နတ်ခန္ဓာကို အမှန်တကယ် ရယူနိုင်ခဲ့တယ်။ ”

နတ်ဘုရား ကိုယ်လုံး ကိုယ်ပေါက်သည် ကြောက်စရာ ကောင်းမှန်း သိကြသောကြောင့် လူတိုင်း လေးနက်သော အမူအရာများ ထုတ်ဖော် လာကြ၏။

လက်သီး တစ်ထောင် မဟာ သူတော်စင်သည်ပင် ထိတ်လန့်မှု အပေါ် မဖုံးကွယ် ထားနိုင်တော့ချေ။

ယဲ့ချင်းရှန်သည် မူလ နဂါး မဟာ သာတော်စင်၏ သွန်သင်ချက်များ အောက်၌ ဤနတ်ဘုရား ကိုယ်လုံး ကိုယ်ပေါက်ကို ရယူနိုင်ခဲ့ပုံရသည်။

သို့သော် ဓားသမားသည် ဓားသမားသာ ဖြစ်သောကြောင့် ဤတိုက်ပွဲကို လက်ဗလာဖြင့် အနိုင်ယူရန် လွယ်ကူမည် မဟုတ်ချေ။

ကူရှယန်၏ ကောင်းကင် တာအို လက်သီးသည် ဒဏ္ဍာရီဆန်ကြောင်း သတိ ပြုမိပြီး ဖြစ်သည်။

ကံကောင်းခြင်း မရှိပါက ယင်းကို လေ့ကျင့်ရန် ကြိုးစားသော် သေခြင်းတရားနှင့် ရင်ဆိုင်ရပေ လိမ့်မည်။

ကြည့်နေဆဲ မှာပင် ကူရှယန်၏ လက်သီးများက လင်းယွန် ညာဘက် ပခုံးပေါ် ကျရောက်သွား၏။

“ ဘုန်း ... ။ ”

လျှပ်စီးများ ပေါက်ကွဲမှု ဖြစ်ပွားကာ ပခုံးအရိုးကို မြင်လိုက် ရတော့သည်။ ဒဏ်ရာ တဝိုက် အသားစများ စုတ်ပြဲကုန်၏။

လင်းယွန်က အဝေးသို့ လွင့်စဉ် နေရာမှ နဂါးအမြီးကဲ့သို့ ကန်ချက်တစ်ချက်ကို ကူရှယန် ရင်ဘတ်ပေါ် ပေးပို့ခဲ့လိုက်သည်။

“ ဝှီး ... ။ ”

လေထုအလယ် တစ်ပါတ်ဂျွမ်း ပစ်လျက် အဟုန်ကို ပယ်ဖျက်မိ၏။ နဂါး အကြေးခွံများ ကွဲအက်လျက် ခန္ဓာကိုယ်ပေါ်၌ သွေးများ စွန်းထင်းကုန်သည်။

ကူရှယန် သည်လည်း သူ့ထက် သာလွန် ကောင်းမွန်ခြင်း မရှိချေ။ ပြင်းထန်သော ဒဏ်ရာများ ရရှိသွားသည်။

နဂါး တောင်တန်း အပြင်ဘက်မှ စောင့်ကြည့်နေသော ကျင့်ကြံသူ အများအပြား သည်လည်း တိုက်ပွဲကိုကြည့်ကာ တုန်လှုပ်သွား ကြသည်။

ထိပ်တန်း ကိုယ်လုံး ကိုယ်ပေါက် ပိုင်ဆိုင်ထားသည့် ဘီလူး နှစ်ကောင်ကြား တိုက်ပွဲတစ်ပွဲ ဖြစ်ချေ၏။

အကယ်၍သာ တစ်စုံ တစ်ယောက်သည် ၎င်းတို့၏ တိုက်ခိုက်ခြင်း ခံရသော် အပိုင်းပိုင်း ကွဲသွားပေ လိမ့်မည်။

ကူရှယန်က သူ့နှုတ်ခမ်းမှ သွေးများကို သုတ်နေစဉ် မျက်လုံးများ နီရဲပြီး ထူးဆန်းသော ရောင်ဝါများဖြင့် ပြည့်နှက်လာ၏။

မျက်ဝန်း၌ အထင်သေး ရိပ်များ ပျောက်ကွယ်လာပြီး၊ လေးစားမှု အရိပ်အမြွက် များဖြင့် အစားထိုး လာတော့သည်။

“ ဓားမပါဘဲ ... ၊ ငါ့ကို ဒီလောက်ထိ တွန်းအား ပေးနိုင်ဖို့က တကယ် မလွယ်ပါဘူး။ ”

ကူရှန်ယန်မှာ အမှန်ပြောခြင်း ဖြစ်၏။ အထူးသဖြင့် ယဲ့ချင်းရှန်သည် လက်ဗလာဖြင့် သူ့ကိုတိုက်ရန် ရွေးချယ်ခဲ့သောကြောင့် ကျေနပ်စရာ ပေပင်။

လင်းယွန် သည်လည်း အသက် ပြင်းပြင်းရှူလျက် သူ့ခန္ဓာရှိ နဂါးသွေးများကို ပွက်ပွက်ဆူ စေလိုက်သည်။ သို့မှသာ ကူရှယန် ချန်ခဲ့သော လျှပ်စီးကို ဖြေရှင်းနိုင်ခဲ့၏။

ကူရှယန်သည် သန်မာချေ၏။ နတ်ခန္ဓာကိုယ်ကို ထုတ်ပြပြီး သည့်တိုင် မနှိမ်နှင်း နိုင်ခဲ့ပေ။

“ ဒါပေမယ့် မင်းက ... ပန်းသင်္ချိုင်းလို ဟန်ဆောင်တာ စိတ်ရှုပ်စရာပဲ၊ ကစားပွဲကို အမြန် အဆုံးသတ် ကြရအောင်။ ”

လင်းယွန်၏ နတ်ခန္ဓာကိုယ် ပြန်လည် ကောင်းမွန်နှုန်းသည် သူ့ထက် ပိုမိုအားကောင်း သည်ကို တွေ့ရှိလိုက်ရသည့် အတွက် ကူရှယန် မှ တိုက်ပွဲအပေါ် မဆွဲချင်တော့ချေ။

နောက်အခိုက် အတန့်တွင် ကြောက်မက်ဖွယ် လျှပ်စီးများ ထွက်ပေါ်ပြီး ကောင်းကင်နှင့် မြေကြီးကြား သွေးရောင်များ ပြည့်နှက် သွား၏။ သွေးလွှမ်း နေသော ရည်ရွယ်ချက် ဖြစ်သည်။

ချီလင် ရောင်ဝါက ထိုကောင်းကင်နှင့် မြေကြီး အတွင်းရှိ သွေးရောင်ဝါဖြင့် ပေါင်းစပ် သွားခဲ့၏။

ယင်းကြောင့် လေထု ဖိအား ပြောင်းလဲ သွားပြီး၊ ရုတ်တရက် အသက်ရှူ ကျပ်လာသည်။ ကူရှယန် မျက်ဝန်းထဲ၌ လျှပ်စီးများ လက်လာပြီး၊

“ ဒါက ငါ့ရဲ့ နောက်ဆုံး ဝှက်ဖဲပဲ ... မင်း ခံနိုင်ရည် ရှိမယ် ဆိုရင် ကောင်းကင် နဂါး သခင် ဘွဲ့ကို ... ငါစွန့်လွှတ်လိုက်မယ်။ ”

-ဟု ဆိုလိုက် တော့သည်။

‘သတ်’ဟူသည့် ရှေးဟောင်း အက္ခရာက ကောင်းကင်မှ ဆင်းသက် လာ၏။ ကောင်းကင် နဂါး စင်မြင့်ပေါ် ရောင်ဝါတစ်ခု ဖုံးလွှမ်းလာပြီး၊ ပြင်ပကမ္ဘာနှင့် ခွဲထုတ်ပစ် လိုက်သည်။

“ ကောင်းကင် တာအို လက်သီး ။ ”

ကူရှယန်မှ လက်သီးဆုပ်ကာ အော်ဟစ် လိုက်၏။ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ သူ့ လက်သီး၌ စုစည်း လာလေသည်။

သိပ်သည်း လွန်းသဖြင့် ထောင်းဏန်းခန့် ရှိသော လူအုပ်ကြီးမှ ‘သတ်ပစ်’-ဟု အော်ဟစ် နေသကဲ့သို့ အသံများ ကြားလာရသည်။

“ ဟိတ် ... ။ ”

လင်းယွန်ထံ ဦးတည်ပြီး လျင်မြန်စွာ ပြေးလွှားလျက် ပြင်းထန်သော လက်သီးများ ပစ်လွှတ် လိုက်တော့သည်။

လက်သီးသည် လင်းယွန်ကို သီးခြား ခွဲထုတ်ပစ်၏။ ဖိအားများကို လုံးလုံးလျားလျား ခံစားလိုက်ရ သဖြင့် လင်းယွန် မျက်နှာ လေးနက်လာသည်။

ဤလက်သီးတွင် သတ်ဖြတ် လိုသည့် ရည်ရွယ်ချက် ပါရှိသောကြောင့် တံဆိပ် (၇)ခု ချက်ခြင်း ဖန်တီးလိုက်သည်။

“ အဓိပတိ နဂါး လက်သီး။ ”

“ ဘုန်း ... ။ ”

“ ခရစ် ... ။ ”

ထို့ကြောင့် ကူရှယန်၏ လက်သီးသည် အဓိပတိ နဂါး တံဆိပ်အပေါ် ကျဆင်း သွား၏။ တံဆိပ် အက်ကွဲကာ လင်းယွန် နှုတ်ခမ်းမှ သွေးများ စီးကျလျက် လွင့်ပျံသွားသည်။

ကူရှယန်၏ လက်သီး အတွင်း ပါရှိသော စွမ်းအားသည် တာအို သုံးထောင် အထက်တွင် ရှိနေပုံရ သောကြောင့်၊ အဓိပတိ နဂါး တံဆိပ် ဖြင့်ပင် ရင်ဆိုင်ရန် နည်းလမ်း မရှိဟု ခံစားမိ၏။

“ ဒါက ကောင်းကင် တာအို လက်သီးရဲ့ စွမ်းအားလား။ ”

“ မဟုတ်သေးဘူး ... ဒီလက်သီးက ချီလင်ရောင်ဝါနဲ့ တုပထားတာ၊ ဒါတောင် မင်းနဲ့ ဆက်ဆံဖို့ လုံလောက်ပါပြီ။ ”

ကူရှယန်က သူ့မေးခွန်းကို ဂုဏ်ယူစွာ ပြန်ဖြေ၏။ အဆုံးတွင် ယဲ့ချင်းရှန်ကို အနိုင်ယူ နိုင်ပြီ ဖြစ်သောကြောင့် ပြုံးလျက် နောက်ထပ် လက်သီးတစ်ချက် ပစ်လွှတ်ရန် ပြင်သည်။

ရက်စက် ကြမ်းကြုတ်သော သားရဲကြီး တစ်ကောင်ကဲ့သို့ လက်သီး အနားရှိ လေထုမှာ ဖျစ်ဖျစ်မြည် လာတော့၏။

မရဏ သူတော်စင် ရောင်ဝါ၊ ချီလင် ရောင်ဝါနှင့် ကောင်းကင် တာအို စွမ်းအား အပါအဝင် မဟာတာအို နှစ်ပါးကို ခွန်အား ပေးထားသည်။

ထို့ကြောင့် ကြောက်စရာ ကောင်းသော မြင်ကွင်းမျိုး ဖြစ်ပေ၏။ သူတော်စင် အဆင့် တန်ခိုးရှင်များပင် ထိတ်လန့် ကုန်သည်။

“ ချီလင်ရဲ့ ဒေါသ ... ။ ”

အဆုံးတွင် လက်သီးနှင့် အတူ ရာပေါင်းများစွာသော ချီလင်များ ကောင်းကင်မှ ဆင်းသက်လာ တော့၏။

***

All Chapters