ကောင်းကင် နဂါး အရိုး။
Vol. 155 Ch. 2163
“ ဒီကောင်က နည်းနည်းတောင် မနေနိုင်တော့ဘူး၊ တိုက်ပွဲ ရလာဒ်ကို ချက်ချင်း ကြေငြာခိုင်းနေတယ်။ ”
“ ဟား ဟား ဟား ... ဒါက ကောင်းကင် နဂါးသခင် ဘွဲ့ပဲ၊ ပြီးတော့ နဂါးပြာ သခင် ဘွဲ့ပါ ထပ်ရဦးမယ်။ ”
“ ရိုးရိုးသားသား ပြောရရင်၊ ယဲ့ချင်းရှန် ဘယ်လို အနိုင်ရခဲ့လဲ ဆိုတာ ငါ မသိတော့ဘူး။ ”
“ ဒီကောင်က ဒဏ္ဍာရီလာ ဓားသမားပဲ၊ သူ့မှာ အလင်းမူလဆိုတဲ့ ဓားရှိတယ်၊ အဲဒါက အာကာသ တာအိုကို ထိတွေ့နေပြီ။ ”
လင်းယွန် စကားကို ကြားပြီးနောက် နဂါးတောင်ပေါ်တွင် ဆွေးနွေးမှုများ ဖြစ်ပွား လာတော့သည်။
မုရွယ်လင်မှာ အေးစက်နေ သော်လည်း စိတ်ထဲ၌ ပျော်ရွှင်နေ မိ၏။ ယွဲ့ဝေဝေ သည်သာ ဤအကြောင်းကို ကြားသိသော် သူမ ဝမ်းသာ ပေမည်။
သို့သော် အကြောင်း တစ်ခုခုကြောင့် အနည်းငယ် ဝမ်းနည်း ကြေကွဲကာ နာကျည်း လာမိ၏။
“ သူတော်စင် အကြီးအကဲ ... မင်းမှာ ပြောစရာ ရှိသေးလား။ ”
မုရွယ်လင် အနားရှိ အင်ပါယာ အရာရှိ ဇီလင်က အနည်းငယ် စိုးရိမ်ဟန်ဖြင့် မေးမြန်း လာသည်။
သွေးလဂိုဏ်းနှင့် ဝိညာဉ် နတ်မိစ္ဆာ မိသားစုအပေါ် သူမ ကြောက်လန့်ဆဲ ဖြစ်၏။ ထို့ကြောင့် နဂါးပြာ မှတ်တမ်းကို အမြန် အဆုံးသတ်ချင်သည်။
ထိုနှစ်ဖွဲ့ထက် စာသော် နာမည်ကောင်း မရှိသော ယဲ့ချင်းရှန် ချန်ပီယံ ဖြစ်လာခြင်းသည် အကောင်းဆုံး ဖြစ်ချေ၏။
အနည်းဆုံးတော့ ကောင်းကင် တာအို ဂိုဏ်းနှင့် အင်ပါယာသည် သေလောက်သော ရန်သူများ မဟုတ်ချေ။
ဤနဂါးသခင်များကို စုဆောင်းရန် နတ်နဂါးအင်ပါယာ အနေဖြင့်၊ အရင်းအမြစ်များ ထုတ်သုံးရ သည်မှာ ထိုက်တန်၏။
၎င်းတို့သည် ဉာဏ်ကြီးရှင်များ ဖြစ်ကြ သဖြင့် အချို့ကို အင်ပါယာထံ ဆွဲသွင်းခေါ်ကာ ဩဇာအာဏာ အပေါ် ချဲ့ထွင်နိုင်ပေမည်။
သည့်အပြင် ဤနဂါးပြာ မှတ်တမ်း၌ အခြားသော အသုံးဝင်သည့် အရာများ ရှိနေ သေးသည်။ ယင်းကို အင်ပါယာမှ အသုံး မပြုနိုင်သည်မှာ နှမျောစရာ ဖြစ်၏။
“ စိန်ခေါ်မယ့်သူ မရှိရင် ... ကောင်းကင် နဂါးသခင်ဘွဲ့ကို ကောင်းကင် တာအိုဂိုဏ်းက ယဲ့ချင်းရှန် ပိုင်တယ်၊ မကျေနပ်ရင် ပြန်ကောင်း လာတဲ့အထိ စောင့်ပြီး သူနဲ့ တိုက်ပါ။ ”
ယဲ့ချင်းရှန် ဒဏ်ရာရ သွားကြောင်း မည်သူမဆို ပြောနိုင်ပြီး ပြန်လည် ကောင်းမွန် စေရန် အချိန် အနည်းငယ် ကြာနိုင်၏။
ထို့ကြောင့် လူတိုင်းက အခွင့်အရေး ယူရန် စဉ်းစားကြ သော်လည်း မုရွယ်လင်မှ စကားဖြင့် ပိတ်ပစ် လိုက်ချေပြီ။
“ ကောင်းပြီ ... ချန်ပီယံကို ကန့်ကွက်မှု မရှိတဲ့ အတွက် နဂါးပြာ မှတ်တမ်း အဆုံးသတ် လိုက်မယ် ... အောင်မြင်သူတွေ အတွက် ဆုလက်ဆောင်တွေ ထုတ်ပေးမယ်။ ”
မုရွယ်လင်မှ လူတိုင်းကို စဉ်းစားချိန် မပေးတော့ဘဲ ကြေငြာ လိုက်တော့သည်။
“ နတ်နဂါး ရောင်ဝါ ... ။ ”
နဂါးပြာ မှတ်တမ်းစာအုပ် တောက်ပလျက် နဂါးတောင်ပေါ်တွင် ကြီးမားသော ဖြစ်ရပ်တစ်ခု စတင် ဖြစ်ပွားလာသည်။
နဂါးအမြီး၊ နဂါးခန္ဓာ သို့မဟုတ် နဂါး လက်သည်း မည်သည့် အစိတ်အပိုင်းပင် ဖြစ်စေ မြေပြင်မှ နဂါးရောင်ဝါများ သိပ်သည်းစွာ သိုင်းခြုံလာ တော့၏။
လူတိုင်း ထိုနဂါး ရောင်ဝါ အတွင်း၌ နစ်မြုပ်လျက် ကိုယ်လုံး ကိုယ်ပေါက် ပေါ်တွင် ပြောင်းလဲမှု အချို့ ခံစားလိုက်ရသည်။
နဂါးတောင်မှ လူတိုင်း ရောင်ဝါကို သန့်စင်နေကြသည်။ သို့သော် ပမာဏနှင့် အရည် အသွေးမှာ ကွဲပြားချေ၏။
နဂါးခေါင်းရှိ ပလ္လင်များမှာ အကျိုးကျေးဇူး အရရှိဆုံး ဖြစ်သည်။ နဂါး ရစ်ပတ်နေ သကဲ့သို့ ခံစားနေရ၏။ အားလုံး စိတ်လှုပ်ရှား လာကြပြီး နဂါးရောင်ဝါကို စုပ်ယူခြင်း၌ နစ်မြုပ်ကုန် တော့သည်။
ပျက်စီးသွားသော ကောင်းကင် နဂါး စင်မြင့်ရှိ လင်းယွန် သည်သာ ထိတ်လန့် နေ၏။ သူ့နဂါးရောင်ဝါသည် အခြားသော နတ်နဂါး များနှင့် ယှဉ်သော် ဖျော့တော့နေချေပြီ။
နဂါးသခင် ကိုးပါးသည် နဂါး ရောင်ဝါကို သန့်စင်နိုင်ရုံသာမက သက်ဆိုင်ရာ နဂါး ဝိညာဉ် အကြွင်းအကျန်လည်း ရရှိနေသည်။
ကူရှယန် အနားရှိ နဂါးပြာသည် အသန်မာဆုံးနှင့် အကြွင်းအကျန် ဝိညာဉ်မှာ အထင်ရှားဆုံး ဖြစ်သည်။
( ဒါဆို ... ငါ့ကောင်းကင် နဂါးကရော ဘယ်မှာလဲ။ )
လင်းယွန်မှ စိတ်မသက်မသာ ဖြစ်နေချိန်တွင် ပျက်စီးနေသော ကောင်းကင် နဂါးစင်မြင့်မှာ ပြန်လည် ပေါင်းစပ်လာ၏။
ဤသည်မှာ ကောင်းကင် နဂါး သွေးမှ ထွက်လာသော ကောင်းကင် နဂါး ဝိညာဉ် အကြွင်းအကျန် ဖြစ်သည်။
ထိုကောင်းကင် နဂါးသည် တန်ခိုးကြီးပြီး မွန်မြတ်သော ရောင်ဝါကို ပေးသည်။ သို့သော် သူက လင်းယွန်ကို ကြည့်ကာ တောင်းပန်နေ သကဲ့သို့ ပြုမူပြ နေ၏။
ထို့ကြောင့် လင်းယွန် တစ်ယောက် စိတ်နှလုံး နာကျင်ခဲ့ရသည်။ အဘယ့်ကြောင့် ကောင်းကင် နဂါးသည် သူ့ရောင်ဝါကို မပေးနိုင် ကြောင်း ရှင်းပြနေခြင်း ဖြစ်သည်။
ဤကောင်းကင် နဂါး ဝိညာဉ်သည် အလွန်ပင် အားနည်းနေ၏။ မူလ အစီစဉ်တွင် ၎င်းအတွက် မပါရှိချေ။
နတ်နဂါးသခင် ကိုပါး အတွက်သာ နဂါးရောင်ဝါနှင့် နဂါးဝိညာဉ်ကို စီမံထားခဲ့သည်။ ထို့ကြောင့် ကောင်းကင် နဂါး သခင် ထွက်ပေါ် လာသော အခါ သူ့ရောင်ဝါနှင့် ဝိညာဉ်ကို မပေးနိုင်ခြင်း ဖြစ်သည်။
အပြစ်သား တစ်ယောက်လို သူ့ထံ ကြည့်နေသော ထိုကောင်းကင် နဂါး ဝိညာဉ် အကြွင်း အကျန်ကြောင့် လင်းယွန်မှ သက်ပြင်းချ လိုက်သည်။
“ ကောင်းပြီ ... မင်း ပြန်လို့ရပြီ ... ။ ”
၎င်းကို စုပ်ယူခြင်း မပြုတော့ဘဲ နဂါးပြာ မှတ်တမ်းထံ ပြန်ကာ အနားယူရန် ခွင့်ပြုလိုက် မိ၏။ သို့သော် ကောင်းကင် နဂါးက နဂါးပြာ မှတ်တမ်းသို့ မပြန်ဘဲ၊ လင်းယွန် အနားတွင် ရစ်ဝဲနေ ခဲ့သည်။
များမကြာခင် နဂါးရောင်ဝါ ကြိုးမျှင် တစ်မျှဉ်မျှ ထွက်ပေါ်လာပြီး စင်မြင့် တစ်ခုလုံး အပေါ် လွှမ်းခြုံတော့သည်။
ယင်းက သက်ရှိတစ်ကောင် အလား လင်းယွန် ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်လာပြီး နေရာအနှံ့ လှည့်လည်လေသည်။
ဒဏ်ရာများ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာကာ အကန့်အသတ် မရှိသော သွေးသား စွမ်းအင်ကို ရရှိလာ၏။
“ အရမ်း မိုက်တယ်။ ”
စကားလုံးဖြင့် ဖော်မပြနိုင်သော ကျေနပ် နှစ်သိမ့်မှု တစ်ခု ပေပင်။ ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာပြီး၊ ကျင့်ကြံမှု သည်လည်း တိုးလာခဲ့၏။
အဆုံးတွင် ထိုကောင်းကင် နဂါး ရောင်ဝါကြိုးမျှဉ်သည် ခရမ်းရောင် နန်းတော် အတွင်း ဝင်လာသည်။
၎င်းက ငွေရောင် ရူရ်များ ပါရှိသော ရွှေရောင်စက်လုံး အဖြစ် ပြောင်းလဲသွားတော့ ၏။
( ဒါက ဘာလဲ ... ။ )
ဤပုတီးစေ့ အရွယ် ရွှေရောင် အလုံးလေးသည် ကြယ်ဓား အထွတ်အထိပ် ကဲ့သို့ ကြောက်စရာ ကောင်းလွန်းချေပြီ။
လင်းယွန် မျက်လုံးဖွင့် လိုက်သောအခါ ကောင်းကင် နဂါးသည် မှိန်ဖျော့လျက် နဂါးပြာ မှတ်တမ်းထံ ပြန်သွား၏။
ကောင်းကင်ပေါ် ခေါင်းမော့ ကြည့်လိုက်သော အခါ မုရွယ်လင် ကြည့်နေမှန်း မြင်လိုက်ရသည်။
( အဲဒါက နဂါးမူလပဲ ... ၊ သူက တခြား နဂါးမူလတွေနဲ့ မတူဘူး၊ ကောင်းကင် နဂါးရဲ့ နဂါးမူလပါ။ )
မုရွယ်လင်မှ သူသာ ကြားနိုင်ရုံ အသံ ပေးပို့လာသည်။ ယင်းကြောင့် လင်းယွန် ခမျာ အတွေးနက် သွား၏။ ကောင်းကင် နဂါး၏ နဂါးမူလသည် ထူးခြား ရပေမည်။
“ ဘယ်လောက်တောင် ... အစွမ်းထက် လိုက်တဲ့ နဂါးရောင်ဝါလဲ၊ ဒီနဂါးရောင်ဝါ တွေက ငါတို့ တွေ့ဖူးတဲ့ နဂါးရောင်ဝါ တွေနဲ့ ... ကွဲပြား ပါပေတယ်၊ ငါ့ရဲ့ ... ကိုယ်လုံး ကိုယ်ပေါက် ကိုတောင် သန့်စင်နိုင် လိုက်ပြီ။ ”
“ ဟုတ်တယ် ... ၊ ငါ့ရဲ့ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်တောင် အရင်ထက် အများကြီး ပိုသန်မာ လာတယ်။ ”
“ အရေးအကြီး ဆုံးက နဂါး ဝိညာဉ် အပိုင်းအစတွေပဲ၊ သူတို့က စိတ်ဝိညာဉ်ကို သန်မာစေပြီး၊ နတ်ဆိုးတွေ ရန်က ကာကွယ် ပေးတယ်၊ သူတော်စင်မူလ ဖန်တီးတဲ့ အခါ အများကြီး အထောက်အကူ ရတယ်။ ”
“ ဘယ်လောက်တောင် မနာလို စရာ ကောင်းလိုက်လဲ၊ အနာဂတ်မှာ ကောင်းကင် မူလအဆင့်ကို ရောက်ဖို့ ... သူတို့က ပိုပြီး လွယ်ကူလာ လိမ့်မယ်၊ ဒါက ငါတို့နဲ့ ... သူတို့တွေကြား ကွာခြားချက် ပါပဲ။ ”
“ ကောင်းကင် မူလအဆင့်က အန္တရာယ် ရှိတယ်၊ အခုလို နဂါးဝိညာဉ်နဲ့ နှစ်ခြင်း ခံယူပြီး မှတော့ သိသိသာသာ လွယ်ကူသွားပါပြီ။ ”
“ နဂါး လက်သည်းပေါ်က လူတွေတောင် နဂါးဝိညာဉ်ရဲ့ ဗတ္တိဇံအလင်းကို ခံယူနိုင်ခဲ့ကြပြီ သူတို့က နဂါးဝိညာဉ် မရပေမယ့် ကံကောင်း သွားတယ်။ ”
နဂါးဝိညာဉ် အကြွင်းအကျန်သည် နဂါးသခင်များ အတွက်သာ ဖြစ်၏။ ထို့ကြောင့် နဂါးခေါင်းနှင့် အနီးဆုံး ဖြစ်သော လက်သည်းမှ လူများမှာ ၎င်းကို မရသော်မှ အလင်းဖြင့် နှစ်ခြင်းခံ လိုက်ရသည်။
“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ နဂါးရောင်ဝါလဲ၊ ပိုလျှံနေတဲ့ ပမာဏကို သွေးနဲ့ ခြင်ဆီတွေ ထဲမှာ သိုလှောင် ပေးတာ ပါလား၊ အနာဂတ်မှာ အကျိုးရှိ ဦးမယ်။ ”
ကျိကျစ်ရှီမှ ပြောသည်။ သူမသည် ကောင်းကင် နဂါး စင်မြင့်ရှိ လင်းယွန်ထံ မကြာ မကြာ ကြည့်၏။
“ သူက ဘာလို့ ... နဂါးရောင်ဝါ မရတာလဲ။ ”
ပိုင်ရှုရင်က၊
“ ကောင်းကင် နဂါး စင်မြင့်က အရမ်း ထူးခြားလွန်းတယ်၊ နဂါးပြာ မှတ်တမ်း စာအုပ် ထဲမှာ သူ့ရောင်ဝါ မရှိဘူး ထင်တယ်။ ”
-ဟု မြင်သည်ကို ပြန်ပြောလိုက်၏။
“ ဒါ ... ဖြစ်နိုင်တယ်။ ”
ရှင်းယန်မှ မျက်မှောင်ကြုတ် လေသည်။ ဤသို့သာဆိုက လင်းယွန်အတွက် တရားမျှတမှု မရှိချေ။
သူတို့သာ မကဘဲ လူတိုင်း လင်းယွန်ထံ အာရုံစိုက်လာကြပြီ ဖြစ်၏။ သူတို့ အချင်းချင်း ဆွေးနွေးမှုများပင် ပြုလုပ်လာကြသည်။
လင်းယွန်သည် ကောင်းကင် နဂါး၏ နဂါးမြစ်ကို ပိုင်ဆိုင်ထားပြီး ဖြစ်ကြောင်း သူတို့ မသိဘဲ၊ သနားလာ နေမိသည်။
ကောင်းကင် နဂါးသခင်သည် ရာထူး အမြင့်ဆုံးဖြစ်ပြီး အကျိုးကျေးဇူးမှာ အခြား နဂါးသခင်များထက် သာလွန်သင့်၏။
နတ်နဂါး အငွေ့အသက်များ သန့်စင် ပြီးနောက် မုရွယ်လင်က ဒုတိယ ဆုလာဘ်များ ဖြန့်ဝေပေးသည်။
“ နဂါးအမြီးက လူတိုင်း ... နဂါးသွေး ဆယ်လုံး ရရှိမယ်၊ နဂါးခန္ဓာ ပေါ်က လူတိုင်း နဂါးသွေး (၁၀)လုံး အပြင် ... စစ်မှန်သော နဂါးသွေး တစ်စက်စီ ရရှိမယ်၊ ...
... လက်သည်းက လူတွေ အတွက် ... အပေါ်က ဆုလာဘ် နှစ်မျိုးအပြင် စစ်မှန်သော နဂါးအရိုး ရမယ်။ ”
ဤနေရာ အရောက်တွင် လူတိုင်း ထံမှ အာမေဋိတ်သံများ ထွက်ပေါ် လာတော့၏။ နဂါး သွေးလုံး၊ နဂါးသွေးနှင့် နဂါးအရိုး တို့သည် ခွန်အားကို များစွာ မြှင့်တင်နိုင်သည်။
နဂါးပြာ မှတ်တမ်းတွင် ပါ၀င်နိုင် သူတိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဉာဏ်ကြီးရှင် သို့မဟုတ် တပည့်ကြီးများ ဖြစ်၏။
၎င်းတို့တွင် အရင်းအမြစ်များ ပေါကြွယ်ဝ သော်လည်း နဂါးသွေးနှင့် နဂါးအရိုးများ ကဲ့သို့ ရတနာများကို လိုချင်တိုင်း မရနိုင်ချေ။
မုရွယ်လင်က လူတိုင်းကို လျစ်လျူရှုကာ နဂါးသခင် ကိုးပါးထံ ကြည့်သည်။
“ နဂါးသခင် ကိုးပါးက နဂါးသွေး အလုံး တစ်ရာ၊ နတ်နဂါး သွေးတစ်စက်နဲ့ သက်ဆိုင်ရာ နဂါးအရိုးအပြင် ... သခင်ဘွဲ့ကိုပါ ရရှိမယ်။ ”
လူတိုင်းက နဂါးသခင် ကိုးပါးထံ မနာလိုစိတ်ဖြင့် ကြည့်မိကြသည်။
“ နဂါးပြာ အရိုး။ ”
ကူရှယန်က သူ့ရှေ့မှ သေတ္တာကို ကြည့်ပြီးနောက် အသက်ပြင်းပြင်း ရှူကာ ဖွင့်ချလိုက်၏။
အခြားသော ဆုလာဘ်များသည် ဤနဂါးပြာအရိုးဖြင့် ယှဉ်ပါက အမှိုက်များသာ ဖြစ်သည်။ နဂါးပြာ အရိုးကို အလွန် လိုအပ်ချေ၏။
အဘယ်ကြောင့် ဆိုသော် သူသည် နိမ့်ကျသော နယ်မြေမှ လာခဲ့ သောကြောင့်၊ ခွန်လွန် နယ်မြေရှိ ပါရမီရှင်များနှင့် ယှဉ်ပါက အုတ်မြစ် အားနည်းပေသည်။
ဤနဂါးပြာ အရိုးသည် ထိုခြားနားချက်ကို ဖာထေးနိုင်သည်။ ကောင်းကင် တာအို လက်သီး အပေါ် နဂါးပြာ အရိုးဖြင့် ခွန်အားပေးသော် မယုံနိုင်ဖွယ် ရလာဒ် ထွက်ပေါ်နိုင်၏။
အနာဂတ်တွင် ချီလင် သူတော်စင် အရိုးတွေ့ရှိပါက ၎င်းဖြင့် လဲလှယ် နိုင်ပေမည်။ ယင်းကို တွေးမိပြီးနောက် လင်းယွန်ထံ လှမ်းကြည့် မိသည်။
ဤလူငယ်သည် ပျက်ချော်ချော် နိုင်သော်လည်း သူ့အပေါ် ရက်ရော ချေ၏။ ကျေးဇူးအကြွေး တင်သွားပြီ ဖြစ်သည်။
တစ်ဆက်တည်း မှာပင် ကောင်းကင် နဂါး သခင် ရရှိမည့် ဆုလာဘ်ကို တွေးမိပြီးနောက် ချက်ချင်း စိတ်လှုပ်ရှား လာသည်။
ကောင်းကင် နဂါးအရိုးကို ပေးမည်လော။ အဓိပ္ပါယ် မရှိချေ။ ကောင်းကင် နဂါးသွေးကိုပင် သွေးလဂိုဏ်းမှ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူတော်စင် အကြီးအကဲတွင် ကောင်းကင်နဂါး အရိုး တစ်ခု ပိုင်ဆိုင်ထားရန် မဖြစ်နိုင်ဟု တွက်ချက်နိုင်၏။
***