နှုတ်ဆက်ပွဲ ... ။
Vol. 155 Ch. 2165
မုရွယ်လင် ပြောသည်ကို ကြားပြီးနောက် ခရမ်းငယ်မှ စိတ်လှုပ်ရှား လာသည်။
( ဟီးဟီး ... နင့်ရဲ့ ရည်စားဟောင်းက တော်တော် စိတ်ချရတယ်၊ ကောင်းကင် နဂါး သွေးဆိုတာ ရှေးခေတ်တည်းက ရှားပါးတဲ့ ရတနာပဲ။ )
( မင်း ... ဘယ်သူ့ အကြောင်း ပြောနေတာလဲ။ )
( ဟဲဟဲ ... နင် ဘာလို့ သူ့ကို ကျေးဇူး မတင်တာလဲ။ )
လင်းယွန်က ခရမ်းငယ်ကို လျစ်လျူရှု လိုက်သည်။
“ ကျေးဇူးတင်ပါတယ် သူတော်စင် အကြီးအကဲ ... ။ ”
“ ကောင်းကင်နဂါး သွေးကို အချိန် အတိုင်းအတာတစ်ခု အထိ အာဟာရ ဖြည့်ပေး ရမယ်၊ ဒါကြောင့် ... နောင်မှာ မင်းဆီ ငါ လာပေးမယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
အမှန်တွင် လူတိုင်း ကောင်းကင် နဂါးသွေး အပေါ် အာရုံစိုက် နေကြသဖြင့် သူ့ကို မပေးရန် ဆုံးဖြတ် လိုက်ပုံရသည်။
အထူးသဖြင့် အရာရှိ ဇီလင် တစ်ယောက် မကျေမနပ် ဖြစ်သွား သည်ကို လင်းယွန် သိ၏။ သို့တိုင် ဂရုမစိုက်ချေ။
မုရွယ်လင်က နဂါးသခင် များကို လှည့်ကြည့်ပြီး၊ နဂါးပြာ မှတ်တမ်း ပြီးဆုံး သွားကြောင်း ကြေငြာလိုက်သည်။
ဤနေရာရှိ လူတိုင်းသည် ပါရမီရှင်များ ဖြစ်ကြရာ၊ သည်ရတနာများဖြင့် လျင်မြန်စွာ ထမြောက် လာကြပေ လိမ့်မည်။
“ နဂါးပြာ မှတ်တမ်းက ... ဒီမှာပဲ ပြီးဆုံးသွားပြီ၊ ဒါက အမည်ခံ သူတော်စင်တွေ အတွက် ပွဲတစ်ပွဲပါ၊ မကြာခင် သူတော်စင်တွေ အတွက် ရည်ရွယ်တဲ့ ပွဲတစ်ပွဲ လာပါလိမ့်မယ်၊ ...
... ဒါကြောင့် နဂါးပြာ ရတနာသိုက် သော့ဖွင့်ပေးတဲ့ အချိန် ... အားလုံး သူတော်စင် နယ်ပယ် ရောက်နေဖို့ မျှော်လင့်ပါတယ်။ ”
မုရွယ်လင်က လေးနက်သော လေသံဖြင့် ပြောကြားလိုက်သည်။
“ နဂါးပြာ ရတနာသိုက်ကို ... နဂါးပြာ ဘိုးဘေး ချန်ထားခဲ့တာလို့ ... ငါ ကြားဖူးတယ်၊ တစ်ခါတည်း မြင်ခွင့်မရတာ နှမျောစရာ။ ”
“ အဲဒီအချိန် ပါဝင်သူတိုင်းက သူတော်စင်တွေ ဖြစ်နေရင် ဘယ်လောက် တောင် ခမ်းနားလိုက်မလဲ။ ”
“ ဟဲဟဲ ... မှန်တယ်၊ ဒါက သာယာဝ ပြောတဲ့ ခေတ်ရဲ့ အစပဲ၊ အနာဂါတ်မှာ နတ်နဂါး သခင် ကိုးပါးရဲ့ ... အောင်မြင်မှုတွေက တွေးကြည့်လို့ မရနိုင်ဘူး။ ”
“ သာယာဝပြောတဲ့ ခေတ်ကို သူတို့ ဦးဆောင်ကြလိမ့်မယ် ... ယဲ့ချင်းရှန် ငြင်းခဲ့တာ နှမျောစရာ ကောင်းတယ်။ ”
လူတိုင်းအတွက် စိတ်လှုပ်ရှားစရာ အခြေအနေဖြင့် ပြီးဆုံးသွားသည်။ ဤပွဲသည် ယဲ့ချင်းရှန် အပေါ် မီးမောင်း ထိုးပြခဲ့ချေ၏။
ကောင်းကင် တာအိုဂိုဏ်း၏ လူယုတ်မာ ဓားသမား တစ်ဦးသည် ကောင်းကင် နဂါးသခင် ဘွဲ့ကို ရရှိသွားချေပြီ။
မည်သူမျှ မမျှော်လင့် ထားသော ရလာဒ် ဖြစ်သည်။ သို့သော် ဧကရီကို စော်ကား ခဲ့သဖြင့် သူတော်စင် မဖြစ်ခင် လဲကျသွားနိုင်၏။
ပြိုင်ပွဲကြီး ပြီးဆုံးသွား သော်လည်း၊ ယဲ့ချင်းရှန်ကို ဗဟိုပြုသော လှိုင်းမှာ ရပ်တန့် မသွားချေ။
“ မူလ နဂါး မဟာသူတော်စင် တပည့်က တကယ် ခေါင်းမာတယ်၊ ဧကရီ ဘယ်လောက် ကြောက်စရာ ကောင်းလဲဆိုတာ ... သူ မသိဘူးလား။ ”
သူတို့ အမြင်အရ ၎င်းကို သဘော မတူသည်မှာ သဘာဝ မကျသော ကိစ္စ ဖြစ်နေ သည်။
ယဲ့ချင်းရှန် သည်သာ ဧကရီကို ရွေးသော် အင်ပါယာ အနေဖြင့် ကောင်းကင် တာအိုဂိုဏ်း အပေါ် အကြွေးတင်သွားမည် ဖြစ်သည်။
“ ဝှစ် ... ။ ”
ကူရှယန်က ပလ္လင်ပေါ်မှ ခုန်ဆင်းပြီး လင်းယွန်ရှေ့ ရောက်လာသည်။
“ ယဲ့ချင်းရှန် ... ။ ”
“ အင်း ... ။ ”
လင်းယွန်မှ ခေါင်းညိမ့်၏။
“ မင်းကို အကြွေးတင် သွားပြီ၊ ပြီးတော့ မင်းကိုယ်မင်း ပန်းသင်္ချိုင်းနဲ့ နှိုင်းယဉ်တဲ့ အပေါ် ဝေဖန်မိတဲ့ အတွက် တောင်းပန်တယ်။ ”
ကူရှယန်သည် ရိုးသားသူ ဖြစ်ပြီး ယဲ့ချင်းရှန်သည် သူ့ကိုယ်သူ ပန်းသင်္ချိုင်းနှင့် ယှဉ်ရန် ကြိုးစားနေသည်ဟု ထင်မြင်ကာ စိတ်မချမ်းသာခဲ့ချေ။
ယခုမူ လင်းယွန်၏ အရည်အချင်းကို သိမြင်ပြီးနောက် တောင်းပန်ရန် ဆင်းလာခြင်း ဖြစ်သည်။
“ စိတ်ထဲမထားနဲ့ ... ငါ မင်းကို ရည်ရွယ်ချက် ရှိရှိ လှည့်စားနေတာ ... ။ ”
လင်းယွန်မှ ပြုံးကာ ပြောလိုက်သည်။
“ ဘာကိုလဲ ... ။ ”
“ ဘာကိုလဲ ဆိုတော့ ... မင်းအရင်က ပန်းသင်္ချိုင်းကို မြင်ဖူးလား၊ မင်း သူ့ကို ဘာလို့ ဒီလောက် စိတ်ပူနေ ရတာလဲ၊ သူက မင်းကိုတောင် သိတာ မဟုတ်ဘူး။ ”
လင်းယွန်က စိတ်ဝင်တစား မေးသည်။ တစ်ဖက်လူသည် သူ့ကိုယ်သူထက် ပန်းသင်္ချိုင်း အပေါ် ပို၍ တန်ဖိုးထားနေ၏။
“ ငါတို့ မတွေ့ဖူးပေမယ့် ... သန်မာတဲ့ လူတွေကို လေးစားသင့်တယ် မဟုတ်လား၊ ငါတို့က နိမ့်ကျတဲ့ နယ်မြေက လာတာမို့ ...
... သဘာဝ အတိုင်း ဂုဏ်သိက္ခာကို အတူတကွ ကာကွယ်ရမယ်၊ ကောင်းကင်လမ်း အဆုံးကို ရောက်ဖို့ ဘယ်လောက် ခက်ခဲလဲ မင်း မသိနိုင်ဘူး ...
... ငါတို့ အတွက် ... ခွန်လွန်မှာ ခြေချဖို့ဆိုတာ စိန်ခေါ်မှု တစ်ရပ်ပဲ၊ ငါတို့ထဲက ဘယ်သူမှ အနား မယူဝံ့ဘူး၊ တကယ်တော့ ကောင်းကင်လမ်း ချန်ပီယံ ဆိုတာ ... မင်းတို့ ထင်သလောက် မလွယ်ဘူး။ ”
ခွန်လွန်မှ လူထုသည် ကောင်းကင်လမ်း၌ ကြီးကျယ်သော ကံကြမ္မာ ရရှိပြီး သူတို့ ရှင်သန် ထမြောက်ခဲ့ သည်ဟု ထင်ကြ၏။
လက်တွေ့တွင် သူတို့အတွက် မည်မျှ ခက်ခဲကြောင်း သူတို့သာ အသိဆုံး ဖြစ်သည်။ လင်းယွန်က ကူရှယန်ကို ကြည့်ပြီး၊
“ ငါလည်း အဲ့ဒါကို သိပါတယ်။ ”
-ဟု အရိပ်အမြွက် ဆိုလိုက်သည်။
“ မဟုတ်ဘူး ... မင်း မသိဘူး။ ”
ကူရှယန်မှ ပြုံးလိုက်သည်။ လင်းယွန် စကားထဲရှိ ထူးခြားမှုကို သူ သတိ မထားမိချေ။
“ ကောင်းပြီ ... ကမ္ဘာကြီးက ကျယ်ပြော ပေမယ့် အနာဂတ်မှာ .. ငါတို့ ပြန်ဆုံကြမယ်။ ”
လင်းယွန်က ငြင်းခုံ မနေတော့ချေ။
“ မင်းကို အကြွေးတစ်ခု တင်နေပြီ၊ ဒီနဂါးပြာသခင် ဆုလာဘ်က ငါ့ကို အကူအညီ ရတယ်၊ ကျေးဇူး အများကြီး တင်ပါတယ်။ ”
ကူရှယန်မှ လေးနက်စွာ ပြောကြား၏။ ထိုစဉ်က သူသည် စိတ်ပျက် လက်ပျက် ဖြစ်ပြီး နဂါးတောင်မှ ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။
ယဲ့ချင်းရှန် သည်သာ နဂါးပြာ ပလ္လင်ထံ ပြန်လည် ပို့ဆောင်ခြင်း မရှိက ဤအခွင့်အရေး အပေါ်၊ လက်လွှတ် ရပေမည်။
“ ငါ့ကို ... ကျေးဇူး တင်စရာ မလိုပါဘူး၊ နဂါးပြာ ပလ္လင်က မင်းပိုင်တာပဲ ... အခုတော့ ခွင့်ပြုပါဦး။ ”
လင်းယွန်က လက်ဝှေ့ယမ်းပြီး ထွက်ခွာသွားသည်။ ယဲ့ချင်းရှန်သည် စိတ်နေ စိတ်ထား ပေါ့ပျက်ပျက် နိုင်သော်လည်း၊ ၎င်းအပြုအမူ အပေါ် မည်သူမှ တုပနိုင်မည် မဟုတ်ကြောင်း ကူရှယန် သိလိုက်၏။
“ သန့်ရှင်းသော သမီးတော် သတ်သူက မျှော်လင့် ထားသလိုပါပဲ။ ”
ထိုအချိန်တွင် လင်းယွန်က လျှောက်လှမ်းနေလျက်မှ ယဲ့ဇီလင်ထံ အကြည့် ကျဆင်းသွားသည်။
( စီနီယာ အစ်မ ... ဓားဂိုဏ်းကို ငါထားခဲ့မယ်။ )
( အဲဒါကို စိတ်မပူနဲ့။ )
တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မျက်ဝန်းများဖြင့် စကားပြောနေခြင်း ဖြစ်သည်။ သူတို့၏ ဆက်ဆံရေးသည် စကားများများ ပြောရန် မလိုအပ်ချေ။
“ ကောင်းကင် နဂါးသခင်ကို ဂုဏ်ပြုပါတယ်။ ”
အန်းလျူယွင်က သူမ အသံကို ပေးပို့ လာသဖြင့် ယဲ့ဇီလင်နှင့် အကြည့်ရပ် သွားသည်။
“ အဆင်ပြေရဲ့လား။ ”
လင်းယွန်မှ စိုးရိမ်စိတ်ဖြင့် မေးလိုက်၏။
“ ဟီး ... အဆင်ပြေ ပါတယ်၊ သခင်ငယ်ရဲ့ မိတ်ဆွေတွေက လျူယွင်ကို ဂရုစိုက် ကြတယ်၊ လျူယွင်ကို စိတ်မပူနဲ့။ ”
လင်းယွန်တွင် တွေ့ဆုံရမည့် လူများစွာ ကျန်နေသေး သဖြင့် သူမ အတွက် အချိန်ဖြုန်း မိခြင်း မဖြစ်စေလိုချေ။ လင်းယွန်က ခေါင်းညိတ် လိုက်သည်။
( နတ်ဘုရား သင်္ချိုင်း တောင်တန်းရဲ့ လေစီးကြောင်း တောင်ထိပ်မှာ ငါစောင့်နေမယ်။ )
ရုတ်တရက် ဆုစီယာ အသံ ထွက်ပေါ်လာသည်။ ချက်ချင်း လန့်ဖျပ်သွားပြီး ခေါင်းမော့ ကြည့်လိုက်သည်။ သို့သော် မည်သူ့ကိုမျှ မတွေ့ရတော့ချေ။
“ ယဲ့ချင်းရှန် ... ။ ”
လီတာ့ယန်၊ ကျိကျစ်ရှီ၊ ရှင်းယန်နှင့် ပိုင်ရှုရင်တို့ ဦးဆောင်ပြီး ကောင်းကင် တာအို ဂိုဏ်း၏ သူတော်စင် တပည့်များ ရောက်ရှိ လာသည်။
လီတာ့ယန်မှ ညည်းတွား နောက်ပြောင် လိုသော လေသံဖြင့်၊
“ မင်းက ... ကောင်းကင် နဂါး သခင် ... ဘွဲ့ကိုရယူဖို့ ငါတို့ဆီကနေ အများကြီး ဖုံးကွယ် ထားခဲ့တာပဲ။ ”
-ဟု ပြောကြား လိုက်သည်။
“ ကံကောင်း ခဲ့တာပါ၊ စီနီယာ အစ်ကိုလီလည်း မိုးပြာနဂါး သခင် ဖြစ်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်။ ”
“ ဘယ်လို စကားမျိုး ပြောရမယ် ဆိုတာ မင်းတကယ် သိတယ်၊ ကူရှယန်နဲ့ ငါ တိုက်မယ် ဆိုရင်တောင် အနိုင်ရဖို့ (၃၀%)ပဲ အခွင့်အရေး ရှိတယ်၊ ရော့ ... ဒီမှာ မင်း ယူနိုင်တယ်။ ”
လီတာ့ယန်က မိုးပြာ နဂါး အရိုးကို လင်းယွန်ထံ လွှဲပေးပြီး ပြုံးလိုက်သည်။
“ မင်းသိမ်းထားလို့ ရတယ်၊ ဒီမိုးပြာ နဂါး အရိုးက ငါ့အတွက် သိပ်အသုံးမဝင်ဘူး၊ မင်းက မိုးပြာနဂါး နတ်ခန္ဓာ ရှိတဲ့အတွက် သုံးလို့ ရတယ်။ ”
“ မလိုတော့ဘူး ... ကြိုက်တဲ့ နတ်နဂါး အရိုးကို ရွေးချယ်ခွင့် ရှိနေတယ်လို့ ဧကရီက ပြောထား ပါတယ်။ ”
“ ယဲ့ချင်းရှန် ... နင်က တော်တော် ချစ်ဖို့ ကောင်းတာပဲ၊ အခုချိန်အထိ ဆုတွေအကြောင်း တွေးနေတုန်း ပဲလား၊ ဟား ဟား ဟား ။ ”
ကျိကျစ်ရှီမှ ရယ်လိုက်သည်။
“ သူတော်စင် အကြီးအကဲက ကတိ ပေးထားဆယ်၊ ဧကရီ ငြင်းမှာ မဟုတ်ဘူး။ ”
“ ဧကရီက သူ့စကားတွေကို သဘာဝ အတိုင်း ပြန်ပြင်မှာတော့ မဟုတ်ဘူး၊ ဒါပေမယ့် တစ်နှစ် အတွင်းလား ဒါမှမဟုတ် ဆယ်နှစ် အတွင်းလား ဆိုတာ ဘယ်သူ သိမလဲ၊ ...
... အနည်းဆုံးတော့ ဒီဆုလာဘ်တွေကို နင်ဘယ်တော့ ရနိုင်မယ် ဆိုတာ မသိနိုင်ဘူး မဟုတ်လား။ ”
“ ခြောက်လအတွင်း ငါရလိမ့်မယ် ... လောင်းကြေး ထပ်ရဲလား။ ”
လင်းယွန်က ပြုံးပြီး စိန်ခေါ်လိုက်သည်။ ကျိကျစ်ရှီမှ မကြာသေးမီက ရှုံးနိမ့်ခဲ့ရ သည်ကို ပြန်သတိရပြီး တိတ်ဆိတ်သွား၏။
“ အစ်ကိုလီ ... ၊ ငါတကယ် မလိုအပ်ပါဘူး၊ သိမ်းထားပါ၊ ကျေးဇူး တင်ပါတယ်။ ”
လင်းယွန်က လီတာ့ယန်ကို ကြည့်ကာ ပြောကြား လိုက်သည်။
“ ကောင်းပြီ ... ဒါပေမယ့် မင်းကို ကောင်းကင် တာအိုဂိုဏ်းက ဆုချတဲ့ အခါ မငြင်းပါနဲ့။ ”
“ ဒါတော့ အမှန်ပဲ။ ”
ထိုကမ်းလှမ်းမှုကို ငြင်းဆိုရန် အကြောင်း မရှိသောကြောင့် လင်းယွန်မှ ပြုံးကာ ကတိပြု လိုက်သည်။
အားလုံးက နဂါးတောင်မှ ဖယ်ခွာကာ တစ်ယောက်ကို တစ်ယောက် နှုတ်ဆက် စကား ပြောနေကြ၏။
ခွန်လွန်သည် ကျယ်ပြောလှ သဖြင့် အနှစ်တစ်ရာ အတွင်း အချင်းချင်း ပြန်တွေ့ရန် မလွယ်ကူချေ။
ကျိကျစ်ရှီက လူတိုင်းကို နှုတ်ဆက်ပြီး နတ်ဖီးနစ် တောင်သို့ ဖိတ်ကြား လေသည်။ နတ်ဖီးနစ်တောင်သည် ရှည်လျားသော သမိုင်းကြောင်း ရှိ၏။
“ မင်းသမီးလေး၊ မင်းငါ့ကို ကတိ ပေးခဲ့တာကို မမေ့နဲ့။ ”
လင်းယွန်မှ ပြောသည် ။
“ မမေ့ပါဘူး၊ နင်လည်း နတ်ဖီးနစ် တောင်ကို လာဖို့ မမေ့နဲ့။ ”
ကျိကျစ်ရှိကလည်း ပြုံးပြသည်။ နောက်ဆုံးတွင် လင်းယွန် နားထဲသို့ သူမ၏ အသံကို တိတ်တဆိတ် ပေးပို့လာ၏။
( ဖီးနစ် နှလုံးသား သီချင်းကို နားထောင်ချင်သေးတယ်၊ ပန်းသင်္ချိုင်းက ငါ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ် မဟုတ်လား။ )
လင်းယွန်က ခေါင်းညိတ်သည်။
“ ဒါဆို ကတိ တစ်ခုပဲ ... ။ ”
ကျိကျစ်ရှီက မျက်စိတစ်ဖက် မှိတ်ပြ လိုက်ပြီး လူတိုင်းထံ လက်ဝှေ့ယမ်း ပြကာ ထွက်ခွာ သွားတော့သည်။
လီတာ့ယန်က လင်းယွန်ကို ကြည့်ပြီး၊
“ မင်းက ... တကယ် အထင်ကြီးစရာပဲ၊ သူ့ကို ‘မင်းသမီးလေး’လို့ ခေါ်တဲ့ ... ဘယ်သူ့ကို မဆို ယဉ်ကျေးတာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းကိုတော့ ပြုံးပြီး နှုတ်ဆက်သွားတယ်။ ”
-ဟု ပြောကြား လာတော့သည်။
လင်းယွန်က ပြုံးရုံသာ ပြုံးပြီး ထိုအကြောင်းကို ဆက်မပြောချေ။ မဟုတ်သော် တစ်စုံ တစ်ယောက် ကြားသွားပါက ပြဿနာ တတ်နိုင်မည်။
“ အစ်ကိုလီ လေစီးကြောင်း တောင်ထိပ်က ဘယ်မှာလဲ။ ”
လီတာံယန်ကို မေးမြန်း ပြီးနောက် ကောင်းကင် တာအိုဂိုဏ်းမှ တပည့်များကို နှုတ်ဆက်ကာ ချက်ချင်း ထွက်ခွာမိသည်။
ထိုအရပ်၌ ဒေါသ ထွက်နေသော သူ့အမျိုးသမီး ရှိသည်။ အချိန်ကြာမြင့်စွာ စောင့်ခိုင်းခြင်းဖြင့် အရိုက် ခံရနိုင်၏။
***