လက်သီး တစ်ထောင် မဟာ သူတော်စင်။
Vol. 155 Ch. 2167
လင်းယွန်မှ သူမ ပြောသည်ကို ကြားပြီးနောက် မပြုံးဘဲ မနေနိုင်တော့ချေ။ ဆုစီယာကို သူမထက် ခေါင်းပိုကြီးသည်ဟု တကယ် ပြောရဲချေ၏။
“ ကောင်းပြီ ... မလှုပ်နဲ့ ... ကျစ်ဆံမြီး ကျစ်ပေးမယ်၊ အိုင်းရစ်ပန်းကို မင်း ဘယ်မှာ ရှာတွေ့ခဲ့တာလဲ။ ”
“ ဟမ့် ... ဘာလို့ ပြောရမှာလဲ၊ ငါ့မှာ ကိုယ်ပိုင် နည်းလမ်းတွေ ရှိတယ်၊ အိုင်းရစ်ပန်း ဆိုတာ အသိဉာဏ် ရှိတယ်၊ ပျံသန်းနိုင်ပြီး လျှပ်စီးစွမ်းအင်ကို၊ ...
... ထိန်းချုပ်နိုင်တယ်၊ ဟမ့် ... အမည်ခံ သူတော်စင် တောင် သူ့ကို ... အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ”
သူမသည် ထိုအကြောင်းကို ပြောနေစဉ် ဂုဏ်ယူဟန် အပြည့်ရှိ၏။ သို့သော် သက်ပြင်းချ လိုက်ကာ၊
“ ဒါပေမယ့် ... ဖီးနစ်သွေး မရှိတော့လို့ နှမျောစရာပါပဲ၊ မဟုတ်ရင် ... ငါ သူတော်စင် ဖြစ်ခွင့်ရမှာ။ ”
-ဟု ညည်းတွား လိုက်တော့သည်။
“ ဖီးနစ်သွေးလား ... ဒါက နတ်ဖီးနစ်တောင်မှာ ရှိမယ်လို့ ထင်လား။ ”
လင်းယွန်မှ မေးသည်။
“ မသေချာဘူး ... နတ်ဖီးနစ်တောင်ကို မရောက်ဖူးသေးတော့ ... ဘယ်လို နေရာမျိုးလဲ ဆိုတာ မသိဘူး၊ ဒါပေမယ့် နတ်ဖီးနစ်တွေမှာ တစ်ချိန်က လူသား ကျေးကျွန်တွေ ...
... ရှိခဲ့ဖူးတယ်၊ သူတို့က နတ်ဖီးနစ်တွေ အပေါ်၊ မျိုးဆက်ပေါင်းများစွာ စောင့်ကြပ် သစ္စာ ရှိကြတယ်၊ ဒါကြောင့်မို့ နတ်ဖီးနစ်တွေက သူတို့ကို ဖီးနစ်သွေးနဲ့ ...
... ဖီးနစ် အမွေတွေ ထောက်ပံ့ပေးတယ် ... ကံကောင်းရင် သူတို့မှာ နတ်ဖီးနစ်သွေး အချို့ ရှိနေ နိုင်တယ်။ ”
ခရမ်းငယ်မှု စိတ်အား ထက်သန်လာ၏။ နတ်ဖီးနစ်တောင်သည် ကျေးကျွန်များ ဖြစ်က သူမအတွက် အခွင့်အရေး ရှိနိုင်မည်။
“ ငါ သိချင်တာ တစ်ခု ရှိသေးတယ်၊ ခွန်လွန်က နတ်သားရဲတွေ ဘယ်ကို ရောက်ကုန် တာလဲ၊ စစ်မှန်သော နဂါးနဲ့ ချီလင်တွေက တိုက်ပွဲမှာ မျိုးတုန်းကုန်တာလား။ ”
လင်းယွန်မှ အကြောင်းအရာ ပြောင်းသွားပြန်၏။
“ နတ်သားရဲ တွေက ... အစတည်းက ခွန်လွန်မှာ မရှိဘူး၊ သူတို့ ကတိပေးထား လို့သာ လာခဲ့ကြတာ၊ ဒါကြောင့် တိုက်ပွဲအပြီးမှာ သူတို့ ပြန်ကုန်ကြတယ်၊ ...
... ပြီးတော့ ခွန်လွန်မှာ ... နတ်ဘုရား မရှိဘူး၊ အိုင်ရစ်ဓား သူတော်စင်က နတ်ဘုရား တွေကို သတ်ပြီး၊ ခွန်လွန်ကို စောင့်ပေးခဲ့တာ။ ”
အိုင်းရစ်ဓား သူတော်စင်၏ ဝိညာဉ် အကြွင်းအကျန် တစ်ခုကို နတ်ဘုရား သင်္ချိုင်း တောင်တန်း၌ လင်းယွန် မြင်ဖူးသည်။
၎င်းသည်သာ အသက် ရှင်နေသေးပါက မည်မျှ အစွမ်းထက်မည်ကို စိတ်ကူး မယဉ်နိုင် တော့ချေ။ ၎င်းသည် နဂါးပြား ဘိုးဘေး၏ အမွေဆက်ခံသူ ဖြစ်၏။
“ ပြန်ရအောင်။ ”
“ ဆုစီယာကို မစောင့်တော့ဘူးလား၊ ငါလည်း နင်တို့နှစ်ယောက်ကို မနှောင့်ယှက်ချင် ပါဘူး၊ နင်က ပွင့်ပွင့် လင်းလင်း မပြောတော့ ... ”
လင်းယွန်က အတွေးများ ရုတ်သိမ်းကာ ဂိုဏ်းသို့ ပြန်ရန် ပြင်သည်။ ခရမ်းငယ်မှ ဘေးဘီ ဝဲယာကို ကြည့်ကာ အားနာဟန်ဖြင့် ပြော၏။
“ မဟုတ်ဘူး ... သူ့မှာ ကိစ္စရှိတယ်၊ ငါ့ဆီ ခဏလာတွေ့တာ။ ”
သူ့အပြစ်ကြောင့် လင်းယွန်သည် ဆုစီယာနှင့် မျက်နှာချင်း မဆိုင်ဝံ့ချေ။ သို့သော် ထင်သလောက် ဆိုးရွားခဲ့ခြင်း မရှိသဖြင့် စိတ်လက် ပေါ့ပါးသွားသည်။
နတ်ဘုရား သင်္ချိုင်း တောင်တန်း အပြင်ဘက်တွင် ပိုင်လိရွှမ်နှင့် လွင့်မျောနေသော ရေခွက်က ဆုစီယာ ပြန်အလာကို စောင့်မျှော် နေခဲ့သည်။
“ ယဲ့ချင်းရှန်က ဘယ်သူလဲ ... ။ ”
ပိုင်လိရွှမ်က လွင့်မျောနေသော ရေခွက်ကို မေးသည်။
“ ကောင်းလိုက်တဲ့ ဝိုင် ... ဒီကလေးမက သူရတဲ့ ထောင်စုနှစ် မီးလျှံကို တကယ်ပေးခဲ့ တာပဲ၊ စိတ်ဝင်စားဖို့ ကောင်းတယ်။ ”
“ လွင့်မျောနေသော ရေခွက် ... မင်း ဒါကို စိတ်မဆိုးဘူးလား၊ နဝမမြောက် သမီးတော်က ဒီလူကို အကြိမ်ကြိမ် ကူညီပြီး ... သူ့မိန်းမ ကိုတောင် ကာကွယ်ခိုင်းတယ်။ ”
ဝိုင်သောက် မပျက်သော လွင့်မျောနေသော ရေခွက်ကို ကြည့်ကာ ပိုင်လိရွှမ် တစ်ယောက် ဒေါသ ထွက်လာ၏။
“ ငါ့ကို ဝိုင်ကောင်းကောင်း မပေးရင် သေချာပေါက် သင်ခန်းစာ ပေးမှာပါ။ ”
“ ဟား ဟား ဟား ... ၊ ဒါဆို မင်းက ဝိုင်နဲ့ လာဘ်ထိုးတာ ခံလိုက်ရတာကိုး။ ”
“ အရင်ကလည်း ... သူ ငါ့ကို ဒီလိုပဲ ပေးတယ်။ ”
ပယင်း နယ်မြေ မဟာချင် အင်ပါယာ၌ မျောက်ဝိုင်များစွာ လင်းယွန်မှ ပေးဖူးသည်ကို ရည်ရွယ်ချေ၏။ ထို့နောက် ပိုင်လ်ရွှမ်ကို ပြန်ကြည့်ကာ၊
“ သူ့ကို စိတ်မဆိုးနဲ့ ... တကယ်တော့ မင်းလည်း သူ့ကို သိပါတယ်။ ”
-ဟု နှစ်သိမ့်မိသည်။
အမှန်တွင် သူ့ထက် မည်သူမျှ ဒေါသ ထွက်နိုင်မည် မဟုတ်ချေ။ တိမ်လွှာဓား ဂိုဏ်း၌ လင်းယွန် ပြောခဲ့သော စကားသည် သူ့ နှလုံးသားကို ကွဲကြေစေခဲ့၏။
ပိုင်လိရွှမ်၏ နာကျည်းမှု ဟူသည် သူနှင့်စာသော် ရယ်စရာ အဆင့်၌သာ ရှိသည်။
“ ငါ သူ့ကို သိတာလား ... ။ ”
ပိုင်လိရွှမ် မျက်နှာ ပြောင်းသွားပြီး၊
“ လင်းယွန်လား။ ”
-ဟု ရေရွတ် လိုက်သည်။
“ ဒီလောက် ကြာသွားတာတောင် ... မင်းသူ့ကို မမေ့သေးဘူးကိုး ... ဘာလို့ သူ့ကို အရင်ဆုံး သတိရ သွားတာလဲ၊ ငါမင်းကို အကြံပေးပါ့ရစေ ... သူက မင်း ဘယ်တော့မှ လိုက်မမီနိုင်တော့တဲ့ လူတစ်ယောက်ပဲ။ ”
“ မင်း သေချင်နေတာလား ... လွင့်မျောနေသော ရေခွက်။ ”
လွင့်မျောနေသော ရေခွက် စကားက သူ့ နှလုံးသားကို ထိုးသော ဓားတစ်လက်လို ပေပင်။ ပြင်းစွာ နာကျင်စေ၏။
သို့သော် ပိုင်လိရွှမ် တစ်ယောက် ချက်ချင်း ငြိမ်သက် သွားသည်။ ထို့ကြောင့် ယဲ့ချင်းရှန်၏ မျက်ဝန်းများဖြင့် ရင်းနှီးကြောင်း ခံစားရခြင်း ဖြစ်ချေ၏။ အံ့ဩစရာ မရှိတော့ချေ။
( လင်းယွန် ... ငါမင်းကို မီအောင် လိုက်ပြမယ်။ )
( ပိုင်လိရွှမ် ... မင်းငါ့ကို လိုက်နိုင်မှာ မဟုတ်ဘူး။ )
တစ်ချိန်က သူတို့ နှစ်ဦးပြောခဲ့သော စကားများ ဖြစ်၏။ လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လျက် နစ်မျောသွားသည်။
“ အခု ... ငါတို့ စကား ကြည့်ရအောင်၊ ဝိညာဉ်နတ်မိစ္ဆာ မိသားစုက တောင်ပိုင်းဒေသရဲ့ မှော်ဂိုဏ်းနဲ့ အလောင်း တံခါးထက် ကိုင်တွယ်ရ ပိုခက်ခဲတယ်၊ ဂရုမစိုက်ရင် ငါတို့ အသက် ဆုံးရှုံးနိုင်တယ်။ ”
လွင့်မေျာနေသော ရေခွက်က အကြောင်း အရာကို ပြောင်းလဲ လိုက်တော့၏။ ပိုင်လိရွှမ်မှ အသိပြန်ဝင်လာပြီး သက်ပြင်းချ လိုက်သည်။
“ ဒါက အရမ်း လွန်နေပြီ မဟုတ်လား ... နဝမမြောက် သမီးတော်က တောင်ပိုင်းဒေသကို ငြိမ်ဝပ်သွားအောင် လုပ်ပေးပြီးတာနဲ့ ... နားချိန် မပေးဘဲ၊ ဒီနတ်ဘုရား သင်္ချိုင်း တောင်တန်း ဆီကို တာဝန်ပေးဝံ့တယ်။ ”
သွေးတပ်ရင်းသည် ဤနှစ်များ အတွင်း အင်ပါယာအနှံ့ လှည့်ပတ် ပြေးလွှား တိုက်ပွဲဝင် နေခဲ့ရသည်။
ရန်သူတိုင်းသည် ခက်ခဲသော ပြိုင်ဘက်များ ဖြစ်၏။ ဆုစီယာအတွက် အနားယူရန် အချိန်ပင် မရှိခဲ့ချေ။
ဤကာလ အတွင်း သွေးတပ်ရင်း၏ ဂုဏ်သိက္ခာမှာ မြင့်မားခဲ့ သော်လည်း၊ ရန်သူကို အမြစ် မဖြုတ်နိုင်သည့် အတွက် ပြီးပြည့်စုံသော နိုင်ပွဲများ ဖြစ်မလာဟု ပြောနိုင်၏။
“ တောင်ပိုင်း ဧကရာဇ် ကွယ်လွန်တာ စောလွန်းတယ်၊ အင်အားကြီးတဲ့ ရန်သူတွေကို မဖယ်ရှား နိုင်သေးခင် ... သူတို့က နတ်နဂါး အင်ပါယာကို ထူထောင်ခဲ့ကြတာ အမှားပဲ၊ လွန်ခဲ့သော နှစ်ပေါင်း ...
... သုံးထောင် ကျော်က အမြစ်ပြတ် မသုတ်သင်ရသေးတဲ့ ရန်သူတွေနဲ့ မြင့်မြတ်မြေ တွေက ... အခုတော့ ဒုက္ခ ဖြစ်စေပြီ။ ”
လွင့်မျောနေသော ရေခွက်မှ ခေါင်းညိမ့်ကာ ပြောကြား လိုက်သည်။
“ အဲဒါကို ... မင်းတို့ စိတ်မချမ်းသာဘူးလား။ ”
ရုတ်တရက် အနက်ရောင် ဝတ်လုံနှင့် ဝါးခမောက် ဆောင်းထားသည့် ဆုစီယာ ပြန် ရောက်လာ၏။
“ အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်။ ”
လွင့်မျောနေသော ရေခွက်နှင့် ပိုင်လိရွှမ်မှာ ချက်ချင်း ဒူးတစ်ဖက်ထောက် အရိုအသေပေး လိုက်သည်။
“ ထ ... ။ ”
သို့မှသာ သက်ပြင်းချ မိပြီး ပြန်လည် ထရပ်လိုက်ကြ၏။ လွင့်မျောနေသော ရေခွက်၏ မျက်နှာမှာ အေးခဲလုနီးပါး ဖြစ်နေသည်။
“ မင်း ထပ်သောက်ပြန် ပြီလား။ ”
ဆုစီယာမှ မေးသည်။ ချက်ချင်းပင် လွင့်မျောနေသော ရေခွက် တစ်ယောက် တုန်ရီ လာ၏။
“ အရှင်မင်းကြီး ... နောက်နေတာလား၊ ငါတို့ရှေ့မှာ စစ်ပွဲတွေ ကြုံရတော့မယ်၊ ငါဘာလို့ သောက်ရမှာလဲ၊ အေ့ ... ။ ”
သို့သော် သူ့စကားကို သူ့ပါးစပ်မှ သစ္စာ ဖောက်လေသည်။ ကျယ်လောင်သော လေချဉ် တက်သံကြောင့် မျက်နှာပျက် သွား၏။
ဆုစီယာမှ ဆက်မပြော တော့ဘဲ လွင့်မျောနေသော ရေခွက် လက်မှ ဝိုင်အိုးကို လှမ်းယူ၏။
ဤသည်မှာ ထောင်စုနှစ် မီးလျှံများ ဖြစ်သဖြင့် လွင့်မျောနေသော ရေခွက်က အိုးကို နောက်ဆုတ် လိုက်မိသည်။
“ တကယ် ... တကယ် မသောက်ပါဘူး။ ”
“ ဒါဆို မင်းအစား ငါသောက်မယ်။ ”
ဆုစီယာက ပြောသည်။ ယင်းကြောင့် လွင့်မျောနေသော ရေခွက်ကို ပို၍ ကြောက်ရွံ့ သွားစေ၏။
ဆုစီယာမှ စကားများများ မပြောတော့ဘဲ၊ ဝိုင်အိုးကို မော့သောက်လိုက်သည်။
“ အဟွတ် ... ဟွတ် ... ၊ သွေးလ သားတော်ရဲ့ ခြေရာကို တွေ့ပြီလား။ ”
“ မတွေ့သေးဘူး ... အဲဒီလူက ပါးနပ် ကောက်ကျစ်လွန်းတယ်၊ ငါတို့ ရောက်သွားတဲ့ အတွက် ထွက်မလာ တော့ဘူး။ ”
လွင့်မေျာနေသော ရေခွက်မှ သူမ မျက်နှာကို ခိုးကြည့်ကာ ပြန်ဖြေ၏။
“ ဌာနခွဲ အချို့ကိုတော့ ... ခြေရာခံ မိထားတယ်၊ ဒါပေမယ့် သူဌာနခွဲမှာ ရှိနေလဲ ... မသိပါဘူး။ ”
ဝိညာဉ် နတ်မိစ္ဆာ မိသားစုနှင့် သွေလ ဂိုဏ်းတို့ အတူတကွ မပူးပေါင်း သရွေ့ နတ်နဂါး အင်ပါယာ အတွက် အဆင်ပြေ၏။ ၎င်းတို့သာ ပူးပေါင်းသော် ဒုက္ခ ဖြစ်ပေလိမ့်မည်။
“ ဒါဆို တစ်ယောက်ချင်းစီကို သတ်ပြီး ... သူ့ကိုရှာ ... ဒီည ... ။ ”
ဆုစီယာမှ နှုတ်ခမ်းတွင် ပေကျံနေသော ထောင်စုနှစ် မီးလျှံကို လက်ခုံဖြင့် သုတ်ဖယ်ကာ သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်ကို ထုတ်ဖော် လိုက်တော့သည်။
“ နားလည်ပါပြီ ... ။ ”
နှစ်ရက် အကြာတွင် ကောင်းကင် တာအို ဂိုဏ်းသို့ လင်းယွန် ပြန်ရောက် လာသည်။ ဂိုဏ်း အတွင်း၌ သူ့ကျော်ကြားမှုသည် လီတာ့ယန် ထက် သာလွန်နေ၏။
အရှေ့ဘက် ပျက်စီးမြေ၏ ကြယ် နှစ်ဖော်သည် ‘ခေတ်’ကုန်သွားချေပြီ။ လက်ရှိ ခေတ်သည် ‘သန့်ရှင်းသော သမီးတော် သတ်သူခေတ်’ ဖြစ်၏။
ထိုစကားများက လင်းယွန်ကို ပြုံးမိစေသည်။ မရဏ မိုးကြိုး တောင်ထိပ်သို့ ပြန်ရောက်သော တောင်ထိပ်သခင်မှ သူ့ကို စောင့်ဆိုင်းနေ၏။
“ ဟား ဟား ဟား ... ယဲ့ချင်းရှန် မင်းက မရဏ မိုးကြိုး တောင်ထိပ်ကို ဂုဏ်ကျက်သရေ ဆောင်ခဲ့တာပဲ၊ အခုဆို လူတိုင်းက ငါတို့ တောင်ထိပ်ကို ဝင်ဖို့ ကြိုးစားနေကြပြီ၊ ...
... ဂိုဏ်းကလည်း အရင်းအမြစ်တွေ တိုးပေးလာတယ်၊ လီတာ့ယန်နဲ့ ... လက်သီး တစ်ထောင် မဟာ သူတော်စင်က ... မင်း ပြန်ရောက်လာရင် လာတွေ့ဖို့ ... ငါ့ကို မှာထားတယ်။ ”
လက်သီး တစ်ထောင် မဟာ သူတော်စင် ဟူသည့် အမည်ကြောင့် လင်းယွန်မှ စိုးရိမ်စိတ် ဝင်လာ၏။ ၎င်းသည် ယဲ့မိသားစု၏ အစစ်အမှန် ကျွမ်းကျင်သူ ဖြစ်သည်။
( ငါ့ အထောက်အထားကို ... သိသွားတာလား။ )
သို့သော် ၎င်းသည် ယဲ့မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိသေးဘဲ လီတာ့ယန် ဆရာ ဖြစ်နေ၏။
ဤသည်မှာ လီတာ့ယန် ပြောသော ဆုလာဘ်များနှင့် ဆက်စပ် နေနိုင်မည်ဟု တွေးဆ မိလာသည်။
“ ဒီလောက်အထိ စိတ်ရှုပ်ခံ မနေပါနဲ့ ... ၊ လက်သီး တစ်ထောင် မဟာ သူတော်စင်က ဂိုဏ်းမှာ အဆင့်အတန်း မြင့်မားပြီး အမြင့်ဆုံး အာဏာရှိသူ နှစ်ဦးထဲမှ တစ်ဦးပဲ၊ ...
... အခုလည်း သူက မင်းရဲ့ အထောက်အထားကို ပြန်ပြီး ဆုံးဖြတ် ပေးဖို့ ဖြစ်မယ် ထင်ပါတယ်။ ”
တောင်ထိပ်သခင်က လင်းယွန် ပခုံးကို ပုတ်လျက်၊
“ သန့်ရှင်းသော သားတော် ရာထူးကို ပေးနိုင်ဖွယ် ရှိတယ်၊ မင်းမှာ ဘွဲ့အမည် လိုရင် မရဏမိုးကြိုး သားတော်ဘွဲ့ ခံယူလိုက်။ ”
-ဟု ဂုဏ်ယူစွာ ပြောကြား လာသည်။
လင်းယွန်သည် သန့်ရှင်းသော သားတော် ရာထူးကို တစ်ကြိမ် ငြင်းဆိုထား သောကြောင့် ပြုံးလိုက်မိသည်။
“ ဟုတ်ကဲ့ ... တာအို နန်းတော်ကို သွားလိုက်ပါမယ်။ ”
“ ကောင်းပြီ ... ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ကျေနပ်သွားလေသည်။ ထို့နောက် စကားစမြည် ပြောလျက် ပြန်လည် ထွက်ခွာသွားတော့၏။
***