← Chapters

လူငယ်ဆိုတာ နုပျိုမှုကို ပြန်မရနိုင်ဘူး။

Vol. 155 Ch. 2168

လူငယ်ဆိုတာ နုပျိုမှုကို ပြန်မရနိုင်ဘူး။

Vol. 155 Ch. 2168

တာအို နန်းတော်ရှိ အဆောက်အဦး များသည် ကြယ်ပွင့်ကဲ့သို့ တောက်ပ ခမ်းနား ထည်ဝါစွာ လေသည်။

နန်းတော် ပင်မ ခန်းဆောင်တွင်၊ သတ်ဖြတ်ခြင်း မဟာသူတော်စင်၊ မူလနဂါး မဟာ သူတော်စင်၊ လက်သီး တစ်ထောင် မဟာ သူတော်စင်နှင့် ကျောက်စိမ်းဓား သူတော်စင်တို့ ထိုင်နေသည်။

လီတာ့ယန်က လက်သီး တစ်ထောင် မဟာ သူတော်စင် နောက်၌ တိတ်ဆိတ်စွာ ရပ်နေ၏။

“ လက်သီး တစ်ထောင် ... ငါတို့မှာ ဘာအထောက် အထားမှ မရှိဘူး၊ ဒါပေမယ့် သေချာတာ ကတော့ ... အဲဒီ မိန်းကလေးက သွေးလဂိုဏ်းရဲ့ သန့်ရှင်းသော သမီးတော်ပဲ၊ နတ်သမီးတောင် ဖြစ်နိုင်တယ်။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြောသည်။ ဝမ်မူယန်သည် ယင်-သူတော်စင် ခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီး၊ မျက်နှာ တစ်ထောင်ကို ကျင့်ကြံထား၏။

ရလဒ်အနေနှင့် သက်သေ မရှိချေ။ ဝမ်မိသားစုသည် ရှေးဟောင်း သူတော်စင် မျိုးနွယ်တစ်ခု မျှသာ မဟုတ်ဘဲ၊ ယင်-နန်းတော်ကို အမြစ် တွယ်ထားသည်။

ဆိုလိုသည်မှာ ၎င်းတို့သည် ကောင်းကင်တာအို ဂိုဏ်း၌ မြင့်မားသော အခွင့် အာဏာကို ရယူထား နိုင်၏။

နန်းတော် (၂)လုံး၊ ခြံဝင်း (၃)ခုနှင့် တောင်ထိပ် (၇၂)နှစ်ခု အနက်၊ နန်းတော်သည် ခိုင်မာသော အုတ်မြစ်မျိုး ပိုင်ဆိုင် ထားသည်။

လင်းယွန်၏ သတိ ပေးချက်ကြောင့် အမျိုးသမီး မဟာသူတော်စင် နှစ်ပါးမှ ဝမ်မူယန် အကြောင်း လာရောက် ဆွေးနွေးခြင်း ဖြစ်သည်။

လက်သီး တစ်ထောင် မဟာ သူတော်စင်က လေးနက်သော အမူအရာနှင့်၊

“ လူတိုင်းက ဒါကို သိပါတယ်၊ ဒါပေမယ့် ဝမ်မိသားစုမှာ ဘယ်နှစ်ယောက် ပါဝင်နေတယ် ဆိုတာ ကိုတော့ ငါတို့ မသိဘူး၊ ဒါထက် ပိုပြီး ကြောက်စရာ ကောင်းတဲ့ အရာ တစ်ခု ရှိသေးတယ်၊ ...

... နဝမမြောက် သမီးတော်က သွေးလဂိုဏ်းနဲ့ ဝိညာဉ် နတ်မိစ္ဆာ မိသားစု ပူးပေါင်းပြီး ... နတ်ဘုရား သင်္ချိုင်း တောင်တန်းကို၊ ...

... ဦးတည်နေတယ်လို့ အရှေ့ဘက် ပျက်စီးမြေရဲ့ မြင့်မြတ်မြေ (၆)ပါးကို သတင်း ပေးလာတယ်။ ”

“ ဒါ ... နတ်ဘုရား သင်္ချိုင်း တောင်တန်းကိုလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ၊ အဲဒီ သွေးဘုရင်နဲ့ ... ဆက်နွယ်နေတယ်လို့ မပြောနဲ့။ ”

မူလနဂါး မဟာ သူတော်စင်မှ ထိတ်လန့်တကြား ရေရွတ် လိုက်သည်။

“ သွေးဘုရင်က ဘယ်သူလဲ ... ။ ”

လီတာ့ယန်က မေး၏။ ကျောက်စိမ်းဓား သူတော်စင်မှ သူ့ကို တစ်ချက် လှည့်ကြည့်ပြီး၊

“ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က ... ဧကရာဇ် ကိုးပါးအပြင် ... ဘုရင်သုံးပါး ဆိုတာ ရှိတယ်၊ ဘုရင် သုံးပါးက အတိုင်းအတာ တစ်ခု အထိ အားကောင်းတယ်၊ ...

... သွေးလဂိုဏ်းချုပ်ကို သွေးဘုရင်လို့ လူသိများတယ်၊ သူက ဧကရာဇ် ကိုးပါး မပေါ်မီ ကျော်ကြားခဲ့ပြီး ခွန်လွန်ကို အုပ်စိုးခဲ့တယ်၊ ...

... အဲဒီတုန်းက သွေးလဂိုဏ်း အလံကို နေရာတိုင်းမှာ မြင်တွေ့ရပြီး၊ ပြိုင်ဘက်ကင်း ဂိုဏ်းအဖြစ် ထင်ရှားလာတယ်၊ အဆုံးမှာ ...

... တောင်ပိုင်း ဧကရာဇ်က အနိုင်ယူပြီး၊ နတ်ဘုရား သင်္ချိုင်း တောင်တန်းမှာ ပိတ်လှောင် ပစ်လိုက်ရတယ်။ ”

လီတာ့ယန်မှာ ထိတ်လန့်သွားပြီး၊

“ တောင်ပိုင်း ဧကရာဇ် တောင်မှ သူ့ကို မသတ်နိုင်ဘူးလား။ ”

-ဟု အံ့ဩသွားတော့သည်။

ဖြစ်နိုင်ခြေကို တွေးမိသော်လည်း၊ ထိုထင်မြင်ချက်သည် အလွန် ကြောက်စရာ ကောင်းချေ၏။ ထင်ဝံ့ခြင်း မရှိချေ။

ဆိုလိုသည်မှာ ဧကရာဇ် တစ်ပါးပင် မသတ်နိုင် သောကြောင့် နတ်ဘုရား ဖြစ်နိုင်၏။ နတ်ဘုရား များကို အခြားသော နတ်တစ်ပါး သာလျှင် သတ်နိုင်သည်။

အိုင်းရစ်ဓား သူတော်စင် သည်သာ သူတော်စင် နယ်ပယ်ဖြင့် နတ်ဘုရား တစ်ပါးကို သတ်နိုင်ခြင်း ဖြစ်၏။ ခွန်လွန်၌ ထိုသို့သော စွမ်းဆောင်နိုင်သူ ဒုတိယလူ မရှိချေ။

“ တကယ် ပဲလား။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင်မှ စိုးရိမ်သော လေသံဖြင့် ပြောသည်။ သွေးဘုရင် အလောင်းကို ပိတ်လှောင် ထားသည့် နေရာသည် ရှုပ်ထွေး၏။

ရှေးဟောင်း နတ်ဘုရား ပိတ်လှောင်ခြင်း အစီရင် တစ်ခုပင် ရှိသည်ဟု ကြားသိထားသည်။ ထို့ကြောင့် တောင်ပိုင်း ဧကရာဇ်မှ ထိုအရပ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မူလ နဂါး မဟာ သူတော်စင်မှ စိုးရိမ်သော လေသံဖြင့်၊

“ ဒါသာ အမှန်ဆိုရင် ... နတ်ဘုရား သင်္ချိုင်းမှာ ဖိနှိပ်ထားတဲ့ ... ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်စုတွေ အားလုံး ... သွေးဘုရင်နဲ့အတူ ရှင်သန် ထမြောက် လာပြီး ...

... အရှေ့ဘက် ပျက်စီးမြေ တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားမယ်၊ ဒါဆို ကောင်းကင် တာအို ဂိုဏ်းက ပထမဆုံး ပစ်မှတ်ပဲ။ ”

သွေးဘုရင် ရှင်ပြန် ထမြောက်ခြင်းဖြင့် နတ်ဘုရား သင်္ချိုင်းကို ပိတ်ထားသော တံဆိပ် အပေါ် ချိုးဖျက် ပစ်နိုင်၏။ ထို့ကြောင့် ဤကိစ္စ များမှာ ဖြစ်နိုင်ခြေ မြင့်မားလေသည်။

မူလနဂါး မဟာ သူတော်စင်က လက်သီး တစ်ထောင် မဟာ သူတော်စင်ထံ ကြည့်ကာ၊

“ ငါတို့ အခု ဆုံးဖြတ်ချက် ချသင့်တယ်။ ”

-ဟု ပြောလိုက်သည်။

လက်သီး တစ်ထောင်မှာ တိတ်ဆိတ် သွား၏။ ကောင်းကင် တာအိုဂိုဏ်း သည်သာ အရာရာ ဖြစ်သည်။

မိသားစု လေးစု အပါအဝင်၊ ယဲ့မိသားစု၏ လုပ်ဆောင်ချက်များကို မကြိုက်ဘဲ ၎င်းတို့နှင့် ခွဲခွာခဲ့၏။

မဟုတ်သော် ယဲ့မိသားစုသည် ပို၍ အတင့်ရဲ ကြပေလိမ့်မည်။ ကောင်းကင် တာအို ဂိုဏ်းတွင် ဂိုဏ်းချုပ် မရှိသောကြောင့် စည်းမျဉ်းများ အရ အချို့သော ဆုံးဖြတ်ချက်များ ချမှတ်ရ ခက်နေ၏။

တာအို ယန် နန်းတော်သည် သူ့ လက်အောက်တွင် ရှိပြီး၊ ငရဲသစ်ခွခြံဝင်း ကိုမူ ကျောက်စိမ်းဓား သူတော်စင်မှ ထိန်းချုပ်၏။

သည့်အပြင် သတ်ဖြတ်ခြင်း မဟာ သူတော်စင်သည် တော်ဝင် သမီးတော် ခြံဝင်းကို ပိုင်ဆိုင်ကာ၊ မူလနဂါး မဟာ သူတော်စင် သည်လည်း ရှိသည်။

ထို့ကြောင့် ယုတ္တိဗေဒ နည်းအရ ဝမ်မိသားစုနှင့် ယင်-နန်းတော်ကို နှိမ်နင်းရန် လုံလောက်သည်ထက် ပိုနေ၏။

သို့သော် ကျန်သော မျိုးနွယ်စုများသည် လက်မခံဘဲ ပါဝင်လာ ပါက ကောင်းကင် တာအို ဂိုဏ်းကြီး ပြိုကွဲသွား နိုင်သည်။

လက်သီး တစ်ထောင် မဟာ သူတော်စင်မှ သက်ပြင်းချလျက်၊

“ ပြောရတာ လွယ်တယ်၊ ဂိုဏ်းချုပ် မရှိသရွေ့ ဒီပြဿနာကို ... ငါတို့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ ဝမ်မိသားစုကို တိုက်ခိုက်ရင် ကျန်းနဲ့ပိုင် မိသားစုက၊ ...

... သူတို့အလှည့် လာမယ်ဆိုတာ သိနေကြတယ်၊ ရပ်ကြည့်နေမှာ မဟုတ်ဘူး၊ ပြီးတော့ သွေးဘုရင် ရှင်ပြန်ထမြောက် လာရင်တောင် ...

... လျစ်လျူရှုပြီး ... ကောင်းကင် တာအို ဂိုဏ်းကြီး ပြိုကွဲသွားအောင် သူတို့ ကူညီပေး လိမ့်မယ်။ ”

သည်ကိစ္စ အတွက် ဖြေရှင်းချက် မရှိ တော့ကြောင်း လူတိုင်း သိသည်။ ဤမျှ လွယ်ကူနေပါက သူတို့ အရေးယူပြီးတာ ကြာပြီ ဖြစ်၏။

“ နဝမမြောက် သမီးတော်နဲ့ ... လက်တွဲနိုင်မယ်လို့ ထင်လား။ ”

လီတာ့ယန်မှ အစမ်းသဘော မေးကြည့်သည်။ မဟာ သူတော်စင် လေးပါး၏ မျက်နှာများ ပြောင်းလဲသွား၏။ မည်သူမျှ ပြန်မဖြေချေ။ အချိန် အတော်ကြာ ပြီးနောက်၊ မူလနဂါး မဟာ သူတော်စင်က၊

“ နတ်နဂါး အင်ပါယာက ကောင်းကင် တာအိုဂိုဏ်းကို ... ဖျက်ဆီး ပစ်ချင် နေတာ ဖြစ်နိုင်တယ်။ ”

-ဟု သုံးသပ်လိုက်သည်။

လက်သီး တစ်ထောင် မဟာ သူတော်စင်က မျက်မှောင်ကြုတ်ကာ၊

“ နဝမမြောက် သမီးတော်က လွယ်တဲ့ လူတော့ မဟုတ်ဘူး၊ အရှေ့ဘက် ပျက်စီးမြေကို ရောက်ရှိလာတဲ့ နေ့မှာပဲ၊ သူမရဲ့ သွေးတပ်ရင်း အမိန့်ကို နာခံဖို့ ... မြင့်မြတ်မြေ (၆)ပါးကနေ အမည်ခံ သူတော်စင်တွေ တောင်းခံခဲ့ဖူးတယ်။ ”

“ ဒါဆို ... ငါတို့ ယဲ့ချင်းရှန် ကြီးပြင်းလာတဲ့ အထိ စောင့်ရမှာလား။ ”

“ ဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲ။ ”

မူလနဂါး မဟာ သူတော်စင် အမေးကို လက်သီး တစ်ထောင် သူတော်စင်မှ ခေါင်းညိမ့် ပြကာ၊

“ စီနီယာ တျန်ရှင်းက ပြောတယ် ... ၊ ယဲ့ချင်းရှန်က ဧကရာဇ်ဓားကို မြင်ခဲ့ရပြီး ပြန်ယူ နိုင်ဖို့ နီးစပ်တယ်တဲ့ ... သူ့မှာ ကံကြမ္မာ ရှိပုံပဲ၊ ကောင်းကင် တာအိုကို သူ့ပခုံးနဲ့ ခံနိုင်ရည် ရှိမယ် ထင်တယ်၊ သူသာ ...

... ဧကရာဇ်ဓားကို ပြန်ယူ နိုင်ခဲ့မယ် ... ဆိုရင် ကာကွယ်သူ နှစ်ယောက်ကို ဆင့်ခေါ်ပြီး သူ့စကား နားထောင်ခိုင်းလို့ ရတယ်။ ”

ကောင်းကင် တာအို ဂိုဏ်း၏ ဓားနှစ်လက်သည် နတ်ဘုရား လက်ရာ နှစ်ခု အဖြစ် ကျော်ကြားချေ၏။

သို့သော် အရှေ့ဘက် ပျက်စီးမြေကြီး အန္တရာယ် မကျရောက် မချင်း ထိုဓားနှစ်လက်မှ ထွက်လာမည် မဟုတ်ချေ။ ယင်းသည် လူတိုင်း မသိနိုင်သော လျှို့ဝှက်ချက် ဖြစ်၏။

ဆိုလိုသည်မှာ ကောင်းကင် တာအိုဂိုဏ်း ဖျက်ဆီးခံရလျှင်ပင် လှုပ်ရှားလာမည် မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။

“ ဒါကို သူသဘောတူမှာ မဟုတ်ဘူး။ ”

ယဲ့ကူဟန်မှ ဝင်ရောက် ကန့်ကွက် လိုက်သည်။ သူသည် အမှောင်ရိပ်ထဲ ငြိမ်သက် စွာဖြင့် ရပ်နေသောကြောင့် သူရှိကြောင်း သတိထားမိမည် မဟုတ်ချေ။

“ ဒါပေမယ့် ယဲ့ချင်းရှန်က အရှေ့ဘက် ပျက်စီးမြေ တစ်ခုလုံးမှာ အရည်အချင်း အရှိဆုံး လူတစ်ယောက်ပဲ။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ပြောကြား လိုက်သည်။

“ ကျွန်တော်တို့က ဒီဝန်ကို သယ်ဖို့ လုံလောက်ပါတယ်၊ လူငယ်လေး တစ်ယောက် အပေါ် ခက်ခဲအောင် မလုပ်ပါနဲ့...

... ကောင်းကင် တာအိုကို ... ဒီလူအိုကြီး ယဲ့ကူဟန်တောင် မထမ်းဝံ့တာ ... ဒါဆို ဘာလို့ သူ့ကို အတင်းအကြပ် ခိုင်းနေရတာလဲ၊ စီနီယာ တျန်ရှင်းနဲ့ ဒီကိစ္စကို ဆွေးနွေးပြီးပြီ၊ ...

... ဒီတာဝန်ကို ... လူငယ်လေး တစ်ယောက်က ထမ်းစရာ မလိုဘူး၊ ခေတ်တိုင်း မရေမတွက် နိုင်တဲ့ အင်အားကြီး ဂိုဏ်းတွေ တစ်ခုပြီး တစ်ခု ... ပျက်စီး နေခဲ့တာ ... ဘယ်သူများ ဂရုစိုက်လို့လဲ၊ ...

... ပန်းတွေ ပြန်ပွင့် နိုင်ပေမယ့် လူငယ် တစ်ယောက်ကတော့ သူ့ရဲ့ နုပျိုမှုကို ပြန်မရနိုင် ပါဘူး၊ ကျွန်တော်တို့လို လူအိုကြီးတွေ သေပြီးရင် ...

... သူနဲ့ ရိုးသား ဖြောင့်မတ်ခြင်း အကြောင်းကို စိတ်ရှင်းရှင်း ပြောနိုင်ပါပြီ၊ လူငယ်ဆိုတာ လူငယ်လိုပဲ နေပါစေ။ ”

ယဲ့ကူဟန် စကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွား၏။ မူလ နဂါး မဟာ သူတော်စင်မှ အေးစက်သော အသွင်ဖြင့်၊

“ ယဲ့ချင်းရှန် ... ငါတို့ကို မင်းရဲ့ မျိုးဆက် နှစ်ဆက် စီနီယာလို့ သတ်မှတ် နိုင်တယ်၊ ငါတို့ ရှေ့မှာ မင်းကိုယ်မင်း လူအိုကြီးလို့ မသုံးနှုန်းမိပါစေနဲ့ ...

... လက်သီး တစ်ထောင် မဟာ သူတော်စင်ဆိုတာ မင်းရဲ့ ယဲ့မျိုးနွယ်စုထဲက စီနီယာ တစ်ယောက် ဖြစ်နေတုန်းပဲ။ ”

-ဟု ငေါက်ငမ်း လိုက်သည်။

“ မှန်တယ်... ဘယ်သူ အသက်ကြီး နေလို့လဲ၊ ငါတောင် အသက်မကြီး သေးဘူး။ ”

သတ်ဖြတ်ခြင်း မဟာသူတော်စင်မှ ယဲ့ကူဟန်ကို စိုက်ကြည့်ကာ ပြေကြားတော့၏။ ကျောက်စိမ်းဓား သူတော်စင် သည်လည်း ယဲ့ကူဟန်၏ အသုံးအနှုန်းအပေါ် ပျော်ပုံ မရချေ။

“ တောင်းပန်ပါတယ် ... စီနီယာ။ ”

ယဲ့ကူဟန်က ပြုံးပြီး တောင်းပန်လိုက်၏။

“ ဒါပေမယ့် ပြောရမယ်ဆိုရင် ယဲ့ကူဟန် ပြောတာ မှန်တယ်၊ ပြီးတော့ သူက ကောင်းကင် တာအို ဂိုဏ်းဝင် မဟုတ်ဘူး။ ”

ဤနေရာရှိ မည်သူမဆို လင်းယွန်၏ အထောက် အထားကို သိထားကြသည်။ သို့တိုင် သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ လင်းယွန် နာမည်ကို ရှောင်ပြောလေသည်။

“ ယဲ့ကူဟန် ... မင်း ငယ်ငယ်တုန်းက ဘောင်းဘီထဲမှာ အပေါ့သွားတဲ့ အချိန် မြင်ပြီး ထဲက ... မင်းကို သန်မာတယ်လို့ ... ငါ မထင်ခဲ့ဘူး၊ ထားတော့ ပန်းတွေ ...

... ပြန်ပွင့်နိုင်ပေမယ့် နုပျိုမှုကို ပြန်မရ နိုင်ပါဘူး၊ လူငယ်ဆိုတာ လူငယ် တစ်ယောက် လိုပဲ ရှင်သန်သင့်တယ်၊ ငါတို့ထဲက ဘယ်သူများ သူ့ရဲ့စီနီယာ မဟုတ်လို့လဲ။ ”

ယဲ့ကူဟန်မှ သူ့ နောက်ကြောင်းကို ဖော်ထုတ် ခံလိုက်ရသော အခါတွင် ရှက်ရွံ့စွာ ပြုံးလိုက်လေသည်။

“ ဆရာ ... စကားလုံး နှစ်လုံးရဲ့ အလေးချိန်ကို ထမ်းချင်ပါတယ်၊ တပည့်ကို ကောင်းကင် တာအို ဂိုဏ်းမှာ မွေးတာမို့ ကောင်းကင် တာအိုဂိုဏ်းမှာပဲ သေပါရစေ။ ”

လီတာ့ယန်မှ ဝင်ပြောသည်။

“ လုယူဖို့ မကြိုးစားနဲ့ ... မင်းမှာ ပိုင်ဆိုင်ခွင့်ရှိတယ် ဆိုရင် ထွက်ပြေးတာတောင် မလွတ်ဘူး။ ”

“ တပည့် မပြေးဘူး။ ”

“ ကောင်းပြီ ... လောလောဆယ်တော့ အဲဒါကို ဘေးဖယ် ထားရအောင်၊ သတိတော့ ထားကြပါ၊ တာအို နန်းတော်၊ တော်ဝင် သမီးတော် ခြံဝင်းနဲ့၊ ...

... ငရဲသစ်ခွ ခြံဝင်းကို ငါတို့ သန့်စင်ဖို့ အချိန်တန်ပြီ၊ ဒီအတွက် ... မျိုးနွယ်စု လေးခု ထင်ချင်သလို ထင်ကြပါစေ။ ”

“ ငါ သဘောတူတယ်။ ”

“ လုပ်သင့်တာ ကြာပြီ။ ”

“ မှန်တယ် ... ဒုက္ခကြုံတဲ့ အခါ ကိုယ့်အိမ်ကိုယ် မီးရှို့ချင်နေတဲ့ လူတွေကို ဖယ်ထုတ်ပစ်ရမယ်။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင် စကားကို ကန့်ကွက်မည့်သူ မရှိချေ။ ပြီးနောက် ဒုတိယ အကြောင်းအရာထံ ဆက်သွားကြ၏။

“ နောက်တစ်ခုက ... တျန်ရွှမ်ဇီ ကိစ္စပဲ၊ အရှေ့ဘက် ပျက်စီးမြေကို သိမ်းယူမဲ့ အစီစဉ်ကို သူ စတင်နေပြီ၊ ပထမဆုံး ပစ်မှတ်က အနန္တ လျှပ်စီး ဂိုဏ်းပဲ။ ”

ဤတစ်ကြိမ်၌ မူလ နဂါး မဟာ သူတော်စင်က ပြုံးပြီး၊

“ ဒီလူချောလေး တကယ်လာပြီလား။ ”

-ဟု ရေရွတ် လိုက်တော့သည်။

“ သူ သည်းမခံနိုင်တော့ဘူး ထင်တယ်၊ ဒါပေမယ် သူ့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို ဖုံးကွယ်ထားတယ်၊ တကယ်တော့ နယ်မြေ သိမ်းချင်လို့ မဟုတ်ဘူး၊ ...

... အကြောင်းပြချက် အနေနဲ့ ဒါကို သုံးနေတာ၊ ရည်ရွယ်ချက် အမှန်က တိုက်ပွဲတွေ ကနေ ... အဆင့် ချိုးဖြတ်ဖို့ ကြိုးစားနေတာ။ ”

နောက်ဆုံးတွင် သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ စိတ်အနှောက် အယှက် ဖြစ်နေ သည့် သူမအတွေးကို ထုတ်ပြော လိုက်တော့သည်။

ထိုစကားကြောင့် လက်သီး တစ်ထောင် မဟာ သူတော်စင်က ယဲ့ကူဟန်ထံ ပြန်ကြည့် လိုက်ကာ၊

“ ကြည့်ပါဦး ... မင်းတို့ နှစ်ယောက်က အဲဒီတုန်းက အရှေ့ဘက် ပျက်စီးမြေရဲ့ ဘီလူး နှစ်ကောင် မဟုတ်လား၊ အခုကော ... ။ ”

-ဟု မေးခွန်း ထုတ်လေသည်။

“ နှစ်တစ်ထောင် အတွင်းမှာ ... သူက ခွန်လွန်ရဲ့ အသန်မာဆုံး ပါရမီရှင်လို့ ... ဆရာ ပြောခဲ့ဖူးတယ်၊ ဒါဆို ... သူနဲ့ ပြိုင်ဖို့ ဘယ်သူ အရည်အချင်း ရှိမှာလဲ။ ”

ယဲ့ကူဟန်မှ ကူကယ်ရာမဲ့စွာ ပြုံးပြီး အကြောင်းပြချက် ပေးလိုက်သည်။

“ ဟမ့် ... ။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင်က မကျေမနပ်ဖြင့် ဆက်ပြောရန် ပြင်နေစဉ်၊ တစ်စုံ တစ်ရာကို သတိထားမိ သွားကာ နန်းတော် အပြင်သို့ မျှော်ကြည့်ပြီး၊

“ ကောင်လေး ရောက်လာပြီ။ ”

-ဟု ဆိုလိုက်တော့သည်။

***

All Chapters