← Chapters

လူသေရင် ပိုင်ဆိုင်မှုတွေကို ထားခဲ့ရတယ်။

Vol. 155 Ch. 2169

လူသေရင် ပိုင်ဆိုင်မှုတွေကို ထားခဲ့ရတယ်။

Vol. 155 Ch. 2169

လင်းယွန် တစ်ယောက် ပင်မခန်းမထဲ ဝင်ရောက်လိုက်သော အခါ မဟာ သူတော်စင် လေးပါးကို တပြိုင်တည်း မြင်လိုက်ရသဖြင့် အံ့ဩသွားသည်။

သည့်အပြင် လီတာ့ယန်လည်း ရှိနေ၏။ လက်သီး တစ်ထောင် မဟာ သူတော်စင်သည် သူ့ဘက်တွင် ရှိနေကြောင်း သက်သေပင်။

“ လက်သီး တစ်ထောင် မဟာ သူတော်စင်ကို နှုတ်ခွန်းဆက်ပါတယ်။ ”

လင်းယွန်မှ ဦးညွှတ်လိုက်သည်။

“ ယဲ့ချင်းရှန် ... အခု မင်းဟာ ကောင်းကင်နဂါး သခင်ပဲ၊ ဒါက အချည်းနှီးသော ခေါင်းစဉ် မဟုတ်ဘူး၊ ခွန်လွန် နယ်မြေမှာ ဧကရာဇ် တွေက လွဲပြီး၊ ဘယ်သူမှ မင်းရဲ့ ဦးညွှတ်မှုကို လက်ခံနိုင်မှာ မဟုတ်ဘူး၊ ...

... မင်းဟာ ဂိုဏ်းရဲ့ ဘုန်းတန်ခိုးကို ထင်ရှားစေတယ်၊ ဒါပေမယ့် မေးစရာ ရှိတယ်၊ ဧကရီကို မင်း ဘာလို့ ငြင်းပယ်ခဲ့ တာလဲ။ ”

ထိုမေးခွန်းကြောင့် လင်းယွန်မှ အံ့သြသွားကာ ယဲ့ကူဟန်ကို လှမ်းကြည့်လိုက် မိသည်။ ယဲ့ကူဟန်က ပြုံးပြ၏။

“ ဒီတပည့်မှာ ... ဆရာ ရှိပါတယ်။ ”

“ မူလနဂါး မဟာ သူတော်စင်၊ မင်းက တပည့်ကောင်း တစ်ယောက်ကို ခေါ်သွားတာပဲ၊ ကောင်းပြီ ယဲ့ချင်းရှန် ... ငါ့တပည့်က မင်းကို အရင်က ပြောဖူးပါတယ်၊ ဂိုဏ်းက မင်းကို သန့်ရှင်းသော သားတော် ရာထူးပေးဖို့ ရည်ရွယ်ချက်ရှိတယ် ဆိုတာ ...

... တာအို နန်းတော်ရဲ့ သခင်ဖြစ်တဲ့ ငါ့အနေနဲ့ ... ဒီရာထူးကို တရားဝင် ခန့်အပ်မယ်၊ မင်းဆန္ဒရှိ သလား၊ ဒီရာထူးကို လက်ခံလိုက်ရင် ဂိုဏ်းရဲ့ လျှို့ဝှက် ပညာရပ် ရမယ်။ ”

မြင့်မြတ်မြေ များတွင် သန့်ရှင်းသော သားတော်များသာ ရွေးနိုင်သော လျှို့ဝှက်ပညာ အချို့ ရှိသည်။ ကောင်းကင် တာအို ဂိုဏ်းသည် ရှေးခေတ်ကတည်းက တည်ရှိခဲ့ပြီး ထိုအစွမ်း ထက်သော ပညာရပ် မြောက်များစွာ ရှိ၏။

သို့သော် လိမ်ညာ လှည့်ဖျား လိုခြင်း မရှိသဖြင့် လင်းယွန်မှ ယဉ်ကျေးစွာ ငြင်းသည်။ ယင်းကြောင့် လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ဆက်မပြော တော့ဘဲ၊

“ ကောင်းပြီ ... ဒါဆို မင်းဘာလိုချင်လဲ၊ လျှို့ဝှက် နည်းစနစ်က လွဲရင် ... မင်း လိုချင်တာ အကုန်ရမယ်။ ”

-ဟု မိန့်ကြား လာ၏။

“ တပည့် ... အဋ္ဌမတန်း စစ်မှန်သော နဂါး သူတော်စင် သွေးရည်ကြည် လိုချင်ပါတယ်၊ အရေအတွက် ကတော့ နည်းနည်းများတယ်။ ”

အဋ္ဌမတန်း အဆင့် စစ်မှန်သော နဂါး သူတော်စင် သွေးရည်ကြည်သည် အဖိုးတန်၏။ ထိုအချိန်က အကျိုးဆောင် အမှတ်များဖြင့် သတ္တမတန်း သွေးရည်ကြည် ကိုသာ လဲလှယ်နိုင်ခဲ့သည်။

ဤသည်မှာ ဖီးနစ် သစ်ပင် အတွက် ပေပင်။ အနည်းဆုံး ကီလိုဂရမ် (၂၅,၀၀၀) လိုအပ်သဖြင့် များပြားသည်ထက် ပိုနေ၏။

“ ဟား ဟား ဟား ... ။ ”

သူ ပြောပြီးချိန်၌ လက်သီး တစ်ထောင် သူတော်စင်က အမျိုးသမီး မဟာသူတော်စင် နှစ်ပါးထံ ကြည့်ကာ အတူ ရယ်မောသည်။

“ ကောင်းကင် နဂါး သခင်ဆိုတဲ့ ... ၊ မင်းဘွဲ့ရဲ့ တန်ဖိုးကို သိလား၊ အခြားဂိုဏ်းတွေ ဆိုရင် ... အဖိုးတန် ရတနာတွေ ... မင်းကို ပေးမှာ သေချာတယ်။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင်က မုတ်ဆိတ်မွေးကို ပွတ်သပ် လိုက်၏။ မူလ နဂါး မဟာ သူတော်စင်မှ ပြုံးသည်။

“ ငါ့တပည့်က ရိုးသားတယ်။ ”

“ ကောင်းပြီ ... ဒါဆိုရင် မင်းအတွက် အဋ္ဌမတန်း နဂါး သွေးရည်ကြည် အိုးတစ်ဝက်နဲ့ နဝမတန်း သွေးရည်ကြည် ကီလိုဂရမ် (၅၀၀၀) ပြင်ဆင်ပေးမယ်။ ”

ဤသည်မှာ မယုံနိုင်ဖွယ် ပေပင်။ လင်းယွန် တစ်ယောက် စကားမပြောနိုင် ဖြစ်လာ၏။

( ငါ ... လန့်ပြီး သေတော့မယ်။ )

ခရမ်းငယ်က ဓားသေတ္တာထဲမှ ထအော်သည်။

“ ဒါဆို မင်းအဆင်ပြေပြီ မဟုတ်လား ထားလိုက်လို့ ရပြီ ... မင်း သူတော်စင် ဖြစ်ရင် နတ်သွေးတစ်စက် ငါ ထပ်ပေးမယ်။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ပြုံးကာ ပြောသည်။ ဤသည်မှာ မြင့်မြတ်မြေ များ၏ အခြေခံအုတ်မြစ် ဖြစ်၏။

သန့်ရှင်းသော သားတော် ရာထူး လက်ခံသော် မည်မျှ ထပ်မံ ရရှိနိုင်ဦးမည်ကို တွေးမရချေ။ သူ့အတွေးကို မြင်နေ သကဲ့သို့ လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ပြုံးပြီး၊

“ ကောင်းကင် တာအို ဂိုဏ်းဟာ ... တစ်ချိန်တုန်းက ခွန်လွန်နယ်မြေမှာ ဌာနခွဲတွေ ဖွင့်ပြီး၊ ဧကရာဇ်တွေ မွေးထုတ် ပေးနိုင်ခဲ့တယ်၊ အဲဒီတုန်းက ငါတို့က ပြိုင်ဘက်ကင်းပဲ၊ ...

... ဒါကြောင့် ငါတို့က မင်း မြင်သလောက် မရိုးရှင်းဘူး၊ အခု .. မင်းစကားကို ပြင်ဖို့ အချိန်မီ သေးတယ်၊ သန့်ရှင်းသော သားတော် ဆိုရင် ဒီထက် များပြားတဲ့ အရင်းအမြစ်တွေ မင်း ထပ်ရလိမ့်မယ်။ ”

“ ကျေးဇူးတင်ပါတယ် ... တပည့် ဆုံးဖြတ်ချက်ကို မပြောင်းတော့ ပါဘူး။ ”

“ ကောင်းပြီ ... တခြား လိုအပ်တာ ရှိရင် ထပ်ပြောနိုင်တယ်။ ”

“ ဒါဆို လုံလောက်ပါပြီ။ ”

လင်းယွန်မှ ပြောသည်။ လက်သီး တစ်ထောင် မဟာသူတော်စင်သည် ရက်ရော လွန်းသဖြင့် ထိတ်လန့်လာ၏။ အဆုံးတွင်၊ အဌမတန်း နဂါး သွေးရည်ကြည်သည် အညစ်အကြေး လုံးဝ မပါဝင်ချေ။

၎င်းကို သန့်စင်ရန် သူတော်စင် ဆယ်ပါးပင် လိုအပ်ပေသည်။ စစ်မှန်သော နဂါးသွေးထက် ပို တန်ဖိုးရှိ၏။

နဝမတန်း သွေးရည်ကြည် ကိုမူ တစ်ကြိမ် တစ်ခါမျှပင် မတွေးခဲ့ဖူးချေ။ နတ်သွေး တစ်စက် ကိုလည်း ထပ်မံ ရရှိပေဦးမည်။ ဤသည်မှာ နတ်ဘုရားများ ခွန်လွန်၌ ရှိသည် ဟူသော သက်သေ ပေပင်။

ကောင်းကင် တာအိုဂိုဏ်းသည် ရှေးဦးခေတ် နတ်ဘုရားများ တိုက်ပွဲသို့ ဝင်ရောက် ခဲ့သည်ဟု အဓိပ္ပါယ် ရသည်။ မဟုတ်ပါက နတ်သွေးကို ရနိုင်စရာ အကြောင်း မရှိချေ။

“ ယဲ့ချင်းရှန် ... မင်းက ကောင်းကင် တာအိုဂိုဏ်းကို ငုံ့ကြည့် နေတာလား၊ ဘာလို့ မပြောတာလဲ၊ လက်သီး တစ်ထောင် မဟာ သူတော်စင်ကို မျက်နှာသာ ပေးပါ။ ”

မူလ နဂါး မဟာ သူတော်စင်မှ အပြစ်တင် ကြိမ်းမောင်းလိုက်၏။

“ မဝံ့ပါဘူး။ ”

ဤအခြေအနေမျိုး တစ်ကြိမ်မျှ မကြုံဖူးသောကြောင့် လင်းယွန် တစ်ယောက် ရှက်ရွံ့စွာ ပြုံးလိုက်သည်။ သူ မည်သည့် အရာကို တောင်းရမည်မှန်း မသိချေ။

“ နဂါးနေနှင့်လ တံဆိပ် အပြည့်အစုံ ရှိပါသလားဗျ။ ”

“ ဒါက နည်းနည်း ဒုက္ခဖြစ်မယ်။ ”

တုန့်ဆိုင်းစွာ မေးမိသော လင်းယွန် မေးခွန်းအပေါ် လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ချက်ချင်း ပြန်ဖြေသည်။

ထို့ကြောင့် သူ့တောင်းဆိုချက် များသွား သည်ဟု လင်းယွန်မှ ထင်လိုက်သည်။ မူလ နဂါး မဟာ သူတော်စင်က ဝင်ရှင်းပြ၏။

“ ငါတို့မှာ မပြည့်စုံတဲ့ ကိုယ်ခံပညာတွေ အများကြီးရှိတယ်၊ တချို့က ရတနာတွေ ဖြစ်ပြီး အများစုမှာ အသုံးချလို့ မရဘူး၊ အားလုံးကို ခွဲခြားဖို့ ဆိုတာကလည်း ...

... ဂိုဏ်းအတွက် အခက်တွေ့ရတယ်၊ ဒါကြောင့် ဂိုဏ်းက အထူးအဆန်း မဟုတ်ရင် အဲဒါကို အာရုံစိုက်မှာ မဟုတ်ဘူး။ ”

လင်းယွန်မှာ တိတ်ဆိတ် သွားသည်။ နဂါးနေနှင့် လတံဆိပ်သည် အလွန် အဆင့် နိမ့်ပါး သောကြောင့် ဂိုဏ်းအတွင်း၌ ပစ်ထား ခဲ့ကြောင်း နားလည်လိုက်၏။

“ နတ်ဘုရား အရိုးပေါ်မှာ ... ရေးထွင်း ထားတဲ့ သိုင်းပညာမျိုး .. ဒါမှမဟုတ် နတ်ဘုရား ပစ္စည်း အပိုင်းအစ ပေါ်မှာ ရေးထွင်းထားတဲ့ ပညာရပ်မျိုး ... ဒီလို ထူးခြားတဲ့ ကိုယ်ခံ ပညာတွေကိုသာ သိမ်းဆည်းတယ်၊ ...

... အဲဒါတွေက မပြည့်စုံရင်တောင်မှ ကမ္ဘာကြီးကို အကြီးအကျယ် တုန်လှုပ်သွားစေ လိမ့်မယ် မဟုတ်လား။ ”

မူလနဂါး မဟာ သူတော်စင် စကားကို လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ခေါင်းညိမ့်သည်။

“ နဂါးနေမင်းနဲ့ လဆေးအိုး ဆိုတဲ့ ... အပိုင်းအစ တစ်ခု ရှိတယ် ဆိုတာ ... ငါမှတ်မိပြီ၊ နတ်ဘုရား စစ်မြေပြင်ကနေ စီနီယာ တစ်ပါး ရခဲ့တာ၊ နောက်မှ ငါ ရှာပေးမယ်။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင်မှ သတိရသွားပြီး ကတိ ဝင်ပေးသည်။ သို့မှသာ လင်းယွန် တစ်ယောက် ပြုံးရွှင်လာ၏။

“ ကျေးဇူးတင်ပါတယ်၊ လက်သီး တစ်ထောင် မဟာ သူတော်စင် ... ။ ”

သူ့ခံစားချက်ကို ဖော်ပြရန် စကားလုံး ရှာမတွေ့တော့ချေ။ ဆုလာဘ်များသည် အလွန် ရက်ရောသဖြင့် အသက်ရှူ ကြပ်လာ၏။

“ နောက်ထပ် ဘာလိုချင်သေးလဲ။ ”

အသက်ရှူ ကြပ်သည်သာမက တွေးခေါ်နိုင်စွမ်းပင် ရုတ်တရက် ဆုံးရှုံးသွား တော့၏။ ထပ်တောင်းရ ဦးမှာလား။

ထပ်မံ တောင်းဆိုတော့မည့် အချိန်တွင် ယဲ့ကူဟန်မှ ပြုံးပြီး အချက်ပြလာသဖြင့် စိတ် လျော့လိုက်သည်။

“ ဟုတ်ကဲ့ လုံလောက်ပါပြီ၊ တခြားဘာမှ မလိုတော့ ပါဘူး။ ”

“ ကောင်းပြီ ... သုံးရက် အတွင်း လီတာ့ယန်နဲ့ ... မင်းဆီ နဂါးသွေးရည်ကြည် ပို့ပေးလိုက်မယ်။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ကတိပေးလာ၏။ ယဲ့ကူဟန်က ထရပ် လိုက်ပြီး၊

“ ကျွန်တော် ... သူ့ကို အရင် လိုက်ပို့ လိုက်ပါဦးမယ်၊ အရေးကြီးတဲ့ ကိစ္စတွေ ဆက်ပြီး ဆွေးနွေးကြပါဗျ။ ”

-ဟု နှုတ်ဆက် လိုက်တော့သည်။

“ ယဲ့ချင်းရှန် ... ။ ”

ဤအရာကို မြင်သော အခါတွင် ကျောက်စိမ်းဓား သူတော်စင်က အရာဝတ္ထု တစ်ခုကို ပစ်ပေးလာ၏။

ရွှေရောင် ကျောက်စိမ်းတုံး တစ်တုံး ဖြစ်သည်။ လေးလံပြီး မည်သည့်အရာ ဖြစ်မှန်း မသိချေ။

“ ပိုးစုန်းကြူး နတ်ဓားရဲ့ ... တတိယ ပုံစံတွေပဲ၊ ဒါပေမယ့် ... ငါမင်းကို ကိုယ်တိုင် မသင်ပေးနိုင် တော့ဘူး။ ”

“ ကျေးဇူးတင်ပါတယ် သခင် ... သိုင်းအဒေါ်။ ”

ရုတ်တရက် သခင်မ ဟူသော နာမ်စားကို ချက်ချင်း ပြောင်းလဲ လိုက်ရသည်။

“ အခု သွားလို့ရပြီ။ ”

လင်းယွန်ကို ပခုံးပုတ်က ယဲ့ကူဟန်မှ ခေါ်ငင်လာခဲ့သည်။

“ အခုထိ မင်းအာရုံကို ... ပြန်မရ သေးဘူးလား။ ”

ယဲ့ကူဟန်က နန်းတော်မှ ထွက်လာ ပြီးနောက် နတ်နဂါး သစ်သီးတစ်လုံကို ထုတ်ယူ ကိုက်ဝါးကာ ပြုံးလျက် မေး၏။

“ အင်း ... နည်းနည်း။ ”

လင်းယွန်မှ ခေါင်းညိတ်သည်။

“ မင်းက ... ထပ်လိုချင်သေးတာလား။ ”

“ ဟုတ်ကဲ့ ... ။ ”

အရင်းအမြစ်များသည် အသုံးမဝင် သေးသော်မှ သိမ်းထားနိုင် ပေ၏။

“ ဟ ... ။ ”

ယဲ့ကူဟန်က ခေါင်းကို ဒေါက်ခနဲ ခေါက်လိုက်ပြီး၊

“ မင်း ... ဂိုဏ်းတစ်ခုလုံးကို အိတ်ထဲ ထည့်မလို့လား၊ ဒါက သန့်ရှင်းသော သားတော် တစ်ပါးတောင် မရနိုင်တဲ့ ပမာဏပဲ။ ”

“ ဟမ် ... ။ ”

လင်းယွန် တစ်ယောက် မျက်လုံးပြူးကာ အသိပြန်ဝင်လာ၏။

“ အဋ္ဌမတန်း နဂါး သွေးရည်ကြည် အိုးတစ်ဝက်လောက်နဲ့တင် ကောင်းကင် တာအို ဂိုဏ်းရဲ့ အရင်းအမြစ် ဆယ်ပုံတစ်ပုံ ရှိတယ်။ ”

“ ဒီလောက်တောင်လား။ ”

လင်းယွန်မှ လန့်သွား၏။ သို့သော် တစ်နေရာရာ၌ မှားယွင်းနေမှန်း ခံစားမိပြီး၊ ‘ဒါဆို ဘာလို့ပေးတာလဲ၊’-ဟု ပြန်မေး လိုက်မိ၏။

“ လူတစ်ယောက် သေသွားရင် သူ့ပိုင်ဆိုင်မှုတွေကို ယူသွားလို့ ရလား။ ”

“ ကောင်းကင် တာအိုဂိုဏ်း ဒုက္ခရောက် နေလို့လား။

“ အဲဒီလိုတော့ ... မဟုတ်သေး ပါဘူး၊ ဒါပေမယ့် ဘယ်သူမှ စိတ်အေး လက်အေး မနေ နိုင်တာ သေချာတယ်၊ ဒါပေမယ့် စိတ်ရှင်းရှင်း ယူပါ၊ မင်း မယူဘူးဆိုရင် မျိုးနွယ်စု လေးခုက သူတို့ကို သေချာပေါက် ယူလိမ့်မယ်။ ”

“ ကျွန်တော့်ကို ပေးတာရော ... သူတို့ သဘောတူပါ့မလား။ ”

“ သေချာတာပေါ့ ... သဘော မတူဘူး၊ နောက်ဆုံးတော့ ဒါက သူတို့ရဲ့ အသားတွေကို လှီးဖြတ်ပြီး ... သွေးကို သောက်တာနဲ့ အတူတူပဲ မဟုတ်လား။ ”

ယဲ့ကူဟန်မှ လှောင်ပြုံးဖြင့်၊

“ ဒါပေမယ့် မင်းလည်း မဆိုးပါဘူး၊ ကောင်းကင် နဂါးသခင် ဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့ ပါးစပ်တွေကို ပိတ်လိုက်နိုင်တယ်၊ မကျေနပ်ရင် ကောင်းကင်နဂါး သခင်ဘွဲ့ အတွက်၊ သူတို့ရဲ့ မျိုးဆက်သစ်တွေက စိန်ခေါ်လို့ ရပါတယ်။ ”

-ဟု ပြောကြား လိုက်သည်။

“ ညီလေး ... မင်းက ငါ့အချစ်တွေနဲ့ ထိုက်တန်တယ်၊ ငါတို့ဆရာ သိရင် ပျော်မယ်လို့ ငါယုံတယ်၊ ဆရာ ဧကရာဇ် ဖြစ်လာတဲ့ အချိန် ဧကရီနဲ့ စကားပြောတဲ့ အခါ ... မျက်နှာပွင့်မှာ သေချာတယ်။ ”

“ အစ်ကိုကြီး ... ငါ နားမလည်တာ တစ်ခုရှိတယ်၊ ကောင်းကင် တာအို ဂိုဏ်းက ဒီလောက် ခိုင်မာတဲ့ အုတ်မြစ်မျိုး ရှိနေတာ သူတော်စင် တပည့်တွေကို ဘာလို့ ... အရင်း အမြစ်တွေ ထပ်မပေး ရတာလဲ။ ”

ယဲ့ကူရှန်မှ သက်ပြင်းချ လိုက်ပြီး၊

“ ကောင်းကင်တာအို ဂိုဏ်းက တကယ့် ဉာဏ်ကြီးရှင်တွေ လိုတယ်၊ သာမာန် မဟုတ်တဲ့ ဘီလူးတွေထဲက ဘီလူးတွေပဲ၊ ...

... မဟုတ်ရင် ... အရင်းအမြစ်တွေ ဘယ်လောက် ပေးပေး ... အသုံးဝင် လာကြမှာ မဟုတ်ဘူး၊ သူတို့က ဘေးဥပဒ်တောင် ဖြစ်လာနိုင်တယ်၊ ဥပမာ ... ။ ”

“ ကျွန်တော့် လိုလား။ ”

လင်းယွန်က ဟာသ တစ်ခု အနေဖြင့် သူ့ကိုယ်သူ ဉာဏ်ကြီးရှင် နေရာဖြင့် ခိုင်းနှိုင်း လိုက်သည်။ သို့သော် ယဲ့ကူဟန်မှာ ပြုံးခြင်း မရှိဘဲ လေးနက်ဟန်နှင့်၊

“ တျန်ရွှမ်ဇီ လို ... ။ ”

-ဟု ဆက်ပြော လိုက်တော့၏။

***

All Chapters