← Chapters

တာအို နားလည်မှု စင်မြင့်။

Vol. 155 Ch. 2170

တာအို နားလည်မှု စင်မြင့်။

Vol. 155 Ch. 2170

လင်းယွန်၏ အပြုံးများ ပျောက်ကွယ် သွားသည်။ ထို့နောက် သူက လေးနက်သော အမူအရာဖြင့်၊

“ အစ်ကိုကြီး ... မင်းတောင်မှ သူနဲ့ မယှဉ်နိုင်ဘူလား။ ”

-ဟု မေးလိုက်၏။

“ သူက လူတိုင်းသိတဲ့ ပါရမီရှင် တစ်ယောက်ပဲ၊ မဟုတ်ရင် နှစ်ပေါင်း ငါးရာ အတွင်းမှာ မဟာ သူတော်စင် တွေနဲ့ ... ယှဉ်နိုင်ပါ့ မလား၊ ငါတို့တုန်းက ...

... ခွန်လွန်က အခုလိုမျိုး ... မဟုတ်ဘူး၊ ဝိညာဉ် စွမ်းအင်တွေ အပြည့်အဝ မနိုးထနိုင်လို့ ရတနာတွေလည်း အများကြီး ပေါ်မလာ နိုင်သေးဘူး။ ”

“ ဒါက ကွာခြားမှု ရှိလို့လား။ ”

“ ဟုတ်တယ် ... ကွာခြားမှု ရှိတယ်၊ အရင်တုန်းက ဉာဏ်ကြီးရှင် တစ်ယောက် ဘယ်လောက်ပဲ အစွမ်းထက် နေပါစေ နှစ်တစ်ရာ အတွင်း ...

... သူတော်စင် ဖြစ်လာဖို့ ခက်ခဲတယ် အခုတော့ ဒီခေတ်မှာ ရှိတဲ့ ဝိညာဉ်စွမ်းအင်တွေ ပြောင်းလဲ သွားပြီး၊ လူတိုင်းရဲ့ ကျင့်ကြံမှု အရှိန်တွေ မြင့်လာကြတယ်၊ ...

... ဥပမာ မြင့်မြတ်သော ရွှေမီးတောက် ကြာပန်းလို ရတနာတွေ နေရာအနှံ့မှာ မွေးဖွား နေကြပြီး ရွှေခေတ် ရောက်လာတယ်၊ အသက် တစ်ရာနဲ့ ငါးဆယ်အတွင်း သူတော်စင် သခင်တွေ ကိုတောင် တွေ့လာနိုင်ပြီ၊ ...

... ပြီးတော့ နဂါးပြာ မှတ်တမ်းရဲ့ အသွင်အပြင်က အလွန် ခမ်းနားတဲ့ ပါရမီရှင် များစွာကို မွေးဖွား ပေးလိမ့်မယ်၊ ကြွယ်ဝတဲ့ ခေတ်က အရာရာကို စောရောက်စေတယ်။ ”

“ စောရောက် စေတာလား။ ”

လင်းယွန်မှ အံ့ဩသွားသည်။

“ ဟုတ်တယ် ... ခွန်လွန်ရဲ့ ကောင်းကင် တာအိုက အန္တရာယ်ကို သတိပြု သွားမိတဲ့ အခါ၊ ခေတ်ကို ပရမ်းပတာ ဖြစ်လာအောင် အရှိန် မြှင့်ပေးတယ်၊ ဒါက ကောင်းကင် တာအိုရဲ့ အလုပ်လုပ်ပုံပဲ။ ”

ယခင်က ထိုစကားကို ကြားဖူးခဲ့ သော်လည်း၊ လင်းယွန်မှ လေးလေး နက်နက် မတွေးတော မိချေ။

စီနီယာ တျန်ရှင်း စကားအရ သာယာဝ ပြောသော ခေတ်သို့ ရောက်ရှိ လာခြင်းသည် ခေတ်ကို ပရမ်းပတာ ဖြစ်စေမည်။

ဤခေတ်သည် လှပပြီး စိတ်လှုပ်ရှားဖွယ် ကောင်းကာ၊ သူရဲကောင်းများ အတွက် ဇာတ်ခုံ ဖြစ်ပေ၏။

သို့သော် လူများစွာ၏ အသက်ကို ဆုံးရှုံးစေနိုင် သောကြောင့် ကြေကွဲဖွယ် ခေတ် တစ်ခုလည်း ဖြစ်ပေလိမ့်မည်။

“ ငါမင်းကို ကောင်းကင် စက်ဝန်း ဘုံကျောင်းဆီ ခေါ်သွားမယ်၊ မင်းရဲ့ ကျင့်ကြံမှု နည်းနည်း နိမ့်ပါးသေးတယ်၊ ဆုလာဘ်တွေ မရခင် သုံးရက်လောက် အချိန်ရတယ်၊ ...

... ပြင်ပလောကရဲ့ သုံးရက်က ... ကောင်းကင် စက်ဝန်း ဘုံကျောင်းမှာ နှစ်နှစ်ပဲ၊ တာအိုကို နားလည်ပြီး မရဏ မူလအဆင့်အထိ မြှင့်တင်ဖို့ လုံလောက်လိမ့်မယ်။ ”

ယဲ့ကူယန် စကားကို လင်းယွန်မှ ငြင်းဆန်မည် မဟုတ်ချေ။ သူတို့ လမ်းလျှောက် လာစဉ် အပြာရောင် ၀တ်စုံဖြင့် လူငယ် တစ်ယောက် မျက်နှာချင်းဆိုင် အရပ်မှ လျှောက်လှမ်း လာနေသည်။

လူငယ်က ဖော်ရွေသော အပြုံးမျိုးဖြင့် လိုလျောညီထွေ ပုံရှိကာ ယဲ့ကူဟန်ကို ဦးညွှတ် လာ၏။

“ အသူရာ မြစ်ဓား သူတော်စင်ကို နှုတ်ခွန်းဆက်ပါတယ်။ ”

“ သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်းရဲ့ သန့်ရှင်းသော သားတော်၊ မင်း ကျင့်ကြံရာ ကနေ ထွက်လာပြီလား။ ”

ယဲ့ကူဟန်မှ ထိုလူငယ်ကို မှတ်မိသဖြင့် ရပ်လိုက်သည်။

( ဝိညာဉ်တော် ခြံဝင်းရဲ့ သားတော်လား။ )

လင်းယွန်က လူငယ်ကို ကြည့်မိ၏။ ကောင်းကင် တာအိုဂိုဏ်း၌ နန်းတော် (၂) လုံး ခြံဝင်း (၃) ခုနှင့် တောင်ထိပ် (၇၂)လုံး ရှိသည်။

သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်းသည် အလွန် လျှို့ဝှက် ဆန်းကြယ်ပြီး ဝိညာဉ်ရေးရာ ရူရ်များကို အထူးပြု ကျွမ်းကျင်၏။

သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်းတွင် အဖိုးတန် ရတနာမြေ များစွာ ရှိသည် ဟူသော ကောလဟာလများပင် ရှိသည်။

၎င်းတို့သည် လျှို့ဝှက် ဆန်းကြယ်ပြီး ပြင်ပ ကမ္ဘာနှင့် ထိတွေ့ ဆက်ဆံခဲသည်။ ထိုခြံဝင်း၏ သားတော်သည် တံခါးပိတ် ကျင့်ကြံနေပြီး၊ ဝိညာဉ်ရေးရာ လမ်းကြောင်း အပေါ် လျှောက်လှမ်းနေ၏။

အသက် (၁၆)နှစ်ဖြင့် သန့်ရှင်းသော သားတော် ဖြစ်လာပြီး ကောလာဟလများစွာ ထွက်ပေါ် ခဲ့သည်။

“ အတိအကျတော့ မဟုတ်ပါဘူး၊ လက်သီး တစ်ထောင် မဟာ သူတော်စင်က ကျွန်တော့်ကို ဆင့်ခေါ်ထား လို့ပါ။ ”

သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော်က ပြုံးပြီး ပြန်ဖြေသည်။ ထို့နောက် သူက လင်းယွန်ထံ ကြည့်ပြီး၊

“ ဒါက ကောင်းကင် နဂါးသခင် ဖြစ်သင့်တယ် ယဲ့ချင်းရှန် ဟုတ်တယ် မလား ... ငါမင်းအကြောင်း ကြားဖူးပါတယ်။ ”

“ မင်းက မြှောက်ပင့် လွန်းပါပြီ။ ”

သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း၏ သားတော်သည် ယဉ်ကျေးလွန်း သောကြောင့် လင်းယွန်မှ ပြန်လည် ပြုံးပြလိုက်ရသည်။

“ အရင် သွားလိုက်ဦးမယ်။ ”

သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော်မှ ခေါင်းညိတ် နှုတ်ဆက်ကာ ထွက်ခွာ သွားခဲ့သည်။

လင်းယွန်က ကြယ်ဓားဖြင့် ၎င်းနောက်ကျောကို စစ်ဆေး ကြည့်မိ၏။ လူငယ်၏ ပတ်ဝန်းကျင်၌ တောက်ပသော ကြယ်များ ကဲ့သို့ ရူရ်များ လိမ်ယှက် နေသည်ကို မြင်လိုက်ရသည်။

“ သူက တကယ် ဆန်းကြယ်တယ်၊ ခန္ဓာကိုယ်ကို သူတော်စင် ရူရ်တွေနဲ့ ကွယ်ဝှက် ထားပုံရတယ်၊ အမြင်နိုင်ဘူး။ ”

လင်းယွန်မှ တုန်လှုပ် ခြောက်ခြားသွား၏။

“ သူ့ရဲ့ ကျင့်ကြံမှုက မမြင့်ပါဘူး၊ လောက နိယာမ နယ်ပယ် အထွတ်အထိပ်ပဲ ရှိသေးတယ်၊ ဒါပေမယ် ရူရ်တွေ အပေါ် ... နားလည်ထားမှုက ကောင်းကင် မူလအဆင့်၊ ...

... အမည်ခံ သူတော်စင် ကိုတောင် မကြောက်ဘူး၊ ဒီအချက်အရ သူက မင်းထက် ပို သန်မာတယ်။ ”

ယဲ့ကူဟန် စကားကြောင့် လင်းယွန် အာရုံက ကျင့်ကြံမှုထံ ပြန်ရောက် လာသည်။

“ ကောင်းကင် မူလ အဆင့် အမည်ခံ သူတော်စင်က အားကောင်းလား။ ”

“ သေချာတာပေါ့ ... ကောင်းကင် မူလ အဆင့်ကို သူတော်စင်လို့ ယူဆနိုင်တယ်၊ သူမှာ အဆင့် သုံးဆင့် ရှိပြီး၊ သူတော်စင် မီးလျှံကို ထင်ရှားစေရမယ်၊ ...

... ဒါက သူတော်စင် ရောင်ဝါကို မြင့်မြတ်သော မီးလျှံ အဖြစ် (၃၆)ကြိမ် အသွင် ပြောင်းခြင်းပဲ၊ ဒါကြောင့် သူ့ဖိအားက ကောင်းကင် (၃၆)လွှာ ...

... ဆင်းသက်လာ သလိုပဲ၊ မရဏ မူလအဆင့်က ဘယ်သူတစ်ယောက်မှ ခံနိုင်ရည် မရှိဘူး။ ”

ကောင်းကင်မူလ အဆင့်ရှိ အမည်ခံ သူတော်စင် တစ်ပါသည် ကြောက်မက်ဖွယ် ကောင်းကြောင်း လင်းယွန် သိသည်။

သို့သော် ဤသို့ မရဏ မူလအဆင့်ရှိ အမည်ခံ သူတော်စင် တစ်ပါးကို အလွယ်တကူ ချေမှုန်း နိုင်လိမ့်မည်ဟု မထင်ခဲ့ချေ။

“ သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်းရဲ့ သားတော်က ကောင်းကင် မူလအဆင့် အမည်ခံ သူတော်စင်ကို ဘာလို့ ရင်ဆိုင်နိုင်တာလဲ။ ”

“ သူက နတ်ရူရ်နဲ့ ရေးဆွဲထားတဲ့ ရှေးဟောင်း သူတော်စင် ပုံကြမ်းကို သန့်စင် နိုင်ခဲ့တယ်၊ ဒါက အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေမယ့် ကောင်းကင် မူလ ဖိအားကို လွယ်လွယ် ခုခံနိုင်တယ်။ ”

ယဲ့ကူဟန်က သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း၏ သားတော် အပေါ် ချစ်ခင်ခြင်း များဖြင့် ပြည့်နှက်နေသည်။

“ ပြီးတော့ ရှေးဟောင်း သူတော်စင် ပုံကြမ်းကို ... ဆယ်နှစ်ကြာအောင် အချိန်ပေးပြီး ထပ်လေ့လာနေတယ် ... ဒါက သူ ဘယ်လောက် အထိ စိတ်ရှည်လဲ ဆိုတာ မြင်နိုင်တယ်၊ ...

... လက်သီး တစ်ထောင် မဟာ သူတော်စင်က သူ့ကို အရှေ့ဘက် ပျက်စီးမြေရဲ့ ကောင်းကင်အဆင့် အငယ်ဆုံး ဝိညာဉ်ရေးရာ ဆရာသခင် ဖြစ်နိုင်တယ်လို့ ဆိုထားတယ်။ ”

ထိုစကားကို ကြားသောအခါ လင်းယွန် တစ်ယောက် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက် မိသည်။

သူသည်လည်း ယခင်က ဝိညာဉ် ရေးရာ ရူရ်များကို လေ့ကျင့်ခဲ့သဖြင့် ပုံဆွဲနည်းများကို သိရှိထားသည်။

ထို့ကြောင့် လုပ်ငန်းစဉ်သည် မည်မျှ ငြီးငွေ့ဖွယ် ကောင်းသည်ကို သဘာဝ ကျကျ သိချေ၏။

သူတော်စင် ပုံကြမ်းများသည် ရှုပ်ထွေး နေရုံသာမက အကြာကြီး စိုက်ကြည့်ခြင်းဖြင့် ခေါင်းကိုက် စေသည်။

ဆိုလိုသည်မှာ ဝိညာဉ် ရေးရာ နတ်ပန်းချီကား တစ်ချပ်အပေါ် ဆယ်နှစ်ကြာ နားလည်မှု ရယူနေသည့် သန့်စင်နေသော ဝိညာဉ်တော် ခြံဝင်း၏ သားတော်သည် လျှော့တွက်၍ မရချေ။

သူတို့ နှစ်ယောက် အဝေးသို့ ရောက်သွားသော အခါတွင် သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း သားတော်က လင်းယွန်ထံ ပြန်လှည့်ကြည့်ကာ၊

“ ဒါဆို သူက ယဲ့ချင်းရှန်လား ... ကောလဟာလတွေနဲ့ မတူပါလား။ ”

-ဟု ရေရွတ် လိုက်တော့သည်။

ထိုအချိန်တွင် လင်းယွန်နှင့် ယဲ့ကူဟန် တို့သည် ကောင်းကင်စက်ဝန်း ဘုံကျောင်း ထံသို့ ဦးတည် နေခဲ့ကြ၏။

ဘုံကျောင်းသည် အချိန်-အာကာသ ရတနာ တစ်ခု ဖြစ်သည်သာမက၊ ရတနာ မျိုးစုံနှင့်အတူ သိုင်းပညာရပ် များစွာ သိမ်းဆည်းထားသည်။

ဘုံကျောင်းကို စောင့်ထိန်းသူသည် ကောင်းကင်ဘုံ သူတော်စင် သခင်ရီ ဖြစ်၏။ ၎င်းက ယဲ့ကူဟန်ကို မြင်သဖြင့် လှမ်းထွက် လာခဲ့သည်။ လျစ်လျူမရှု ဝံ့ချေ။

“ ဟမ့် ... သတ္တမ အဆင့်မှာ တစ်ယောက်ယောက် ရှိနေသလား။ ”

ယဲ့ဂူဟန်က အံ့သြစွာ မေးလိုက်သည်။ ဘုံကျောင်း၏ ပထမ သုံးဆင့်တွင် ရတနာများ သိမ်းဆည်းပြီး စတုတ္ထနှင့် ပဉ္စမ အဆင့်သည် အချိန်-အာကာသ နယ်မြေ ဖြစ်၏။

သတ္တမအဆင့်သည် ဘုံကျောင်း၏ အဓိက နယ်မြေ ဖြစ်ကာ၊ သန့်ရှင်းသော သားတော်နှင့် သမီးတော်များပင် တက်ရောက်ခွင့် မရှိချေ။

“ ယင်-နန်းတော် သခင်က ဝမ်မူယန်ကို လာပို့သွားတာပါ၊ သူမက ရှေးဟောင်း ဝိညာဉ်ရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့တော့ စည်းကမ်းအရ နေခွင့်ရသွားပါတယ်။ ”

ကောင်းကင်ဘုံ သူတော်စင် သခင်ရီမှ ခေါင်းငုံ့ကာ ပြန်ဖြေသည်။

“ ဟမ့် ... ဝမ်မိသားစုက ကောင်းကင် စက်ဝန်း ဘုံကျောင်းကို သူတို့ ပိုင်တယ်လို့များ ထင်နေကြတာလား။ ”

ယဲ့ကူဟန်မှ ရေရွတ်လိုက်သည်။ သတ္တမအဆင့်ကို အသုံးပြုရန် နတ်သလင်း ကျောက်များ လိုအပ်၏။

အတွင်း၌ အချိန် စီးဆင်းမှုသည် ပို၍ နှေးကွေးပြီး၊ ဝိညာဉ် စွမ်းအင်မှာ သိပ်သည်း ချေပြီ။

သူတော်စင် တာအိုကို နားလည်ရန် အကောင်းဆုံး နေရာဖြစ်၏။ သူ သည်ပင် လင်းယွန်ကို ပဉ္စမ အဆင့်သို့သာ ပို့ဆောင် နိုင်သည်။ စိတ်မချမ်းသာ စရာ ဖြစ်၏။

ကောင်းကင်ဘုံ သူတော်စင် သခင်ရီက ခေါင်းငုံ သွားသည်။ ထိုအကြောင်း အရာ အပေါ် မှတ်ချက် မပြုဝံ့ချေ။

သုံးယောက်သား ပဉ္စမအဆင့်သို့ တက်ရောက် လိုက်ကြ၏။ ဤနေရာရှိ ဝိညာဉ် စွမ်းအင်သည် သိပ်သည်းပြီး နေရာတိုင်း၌ သူတော်စင် စွမ်းအင်လုံးများကို တွေ့မြင် နိုင်သည်။

အံ့သြဖွယ် ကောင်းသော ကမ္ဘာငယ် တစ်ခုနှင့် တူ၏။ သူ့ဓားသေတ္တာ အတွင်းရှိ အိုင်းရစ် လျှို့ဝှက် နယ်မြေကို ပြုပြင်ပြီးသော် အလားတူ ကမ္ဘာငယ်မျိုး ရရှိနိုင်သည်။

လျှို့ဝှက်နယ်မြေ၏ အလယ်ဗဟိုတွင်၊ လက်ဖဝါးအရွယ် စေတီ ပုထိုးများစွာ ပါရှိသည့် ဧရာမ စင်မြင့်ကြီး တစ်ခုရှိနေ၏။

၎င်းပတ်ပတ်လည်၌ ပြိုးပြက်နေသော သူတော်စင် ရောင်ဝါများ တောက်ပ နေသည်။

“ ဒါက တာအို နားလည်မှု ရယူနိုင်တဲ့ စင်မြင့်ပဲ၊ အဲဒီ စေတီပုထိုး တွေက ကောင်းကင် (၃၆)လွှာ အထက်က ကြယ်တွေနဲ့၊ ...

... ချိတ်ဆက် နေတယ်၊ သူ့ဘေး ပတ်ပတ်လည်က ဓားဝိညာဉ်တွေပဲ၊ ယဲ့ချင်းရှန် အသူရာ မြစ်ဓား သူတော်စင်ကို ... မင်း ကျေးဇူးတင်ရမယ်။ ”

ကောင်းကင်ဘုံ သူတော်စင် သခင်ရီက ပြုံးပြီး ရှင်းပြလာသည်။

“ သန့်ရှင်းသော သားတော်တောင် ... ဒီတာအို နားလည်မှု စင်မြင့်ကို အလိုရှိ သလို တက်နိုင်ခြင်း မရှိဘူး။

-ဟု ထပ်မံ ဖြည့်စွက် ရှင်းပြလိုက်၏။

တာအို နားလည်မှု စင်မြင့်သည် ထူးထူးခြားခြား ဖြစ်ပြီး၊ မြစ်များကဲ့သို့ စီးဆင်း နေသော သူတော်စင် တာအိုများ ဝိုင်းရံ ထားသည်။

“ ဒီမှာ အချိန် စီးဆင်းမှုက ... အရမ်း မြန်တယ်၊ သူ့ခြောက်လက ပြင်ပမှာ တစ်ရက်ပဲ၊ မရဏ မူလအဆင့်ကို ရောက်ဖို့ ... အလျင်လိုနေစရာ မလိုဘူး၊ ...

... အရင်ဆုံး မင်းရဲ့ ကျင့်ကြံမှုကို တည်ငြိမ်အောင် ခြောက်လတိတိ အချိန်ယူပါ၊ ငါဒီမှာ စောင့်နေမယ်။ ”

ယဲ့ကူဟန်မှ ပြောကြားလိုက်သည်။ ယင်းကြောင့် လင်းယွန်က နားမလည်နိုင် ဖြစ်လာ၏။

“ ကျွန်တော့်ကို ဘာလို့ စောင့်မှာလဲ။ ”

“ တော်ဝင် ဓားကျမ်းကို သင်ပေးရမယ့် အချိန်ရောက်ပြီ ... မင်း သူတော်စင် တာအိုကို ဆုပ်ကိုင်နိုင်မဲ့ အချိန်ကို စောင့်ဖို့ ... ဆရာက ညွှန်ကြားထားတယ်။ ”

လင်းယွန်မှာ အနည်းငယ် စိတ်လှုပ်ရှား လာသည်။

“ အစ်ကိုကြီး ... ငါတို့ ဆရာ တစ်ခုခု ဖြစ်သွားတာလား။ ”

“ မဟုတ်ဘူး ... ဆရာ ကောင်းပါတယ်၊ သွားတော့ ... တာအို နားလည်မှု စင်ပေါ် တက်၊ ဒါက မင်းအတွက် အခွင့်အရေးပဲ၊ မင်းရဲ့ ဓား ကိုတောင် အောင်မြင်မှု ရနိုင်တယ်။ ”

ယဲ့ကူဟန်က ပြုံးပြီး လင်းယွန် မျက်ဝန်းများကို ရှောင်ကာ၊ တာအို နားလည်မှု စင်မြင့်ထံ ကြည့်လိုက်၏။ ဆရာသခင် အကြောင်း ပြောလိုပုံ မရချေ။

လင်းယွန်က မမေးတော့ဘဲ၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ကျက်လိုက်သည်။ စေတီ (၃၆)ဆူ တို့သည် ဖယောင်းတိုင်များ ကဲ့သို့ သိမ်မွေ့သော ရောင်ခြည်တော်များ တောက်လောင်လာ၏။

ရုတ်တရက် မည်းမှောင် နေသော ပတ်ဝန်းကျင်သို့ လွင့်မျောသွားကြောင်း သတိ ထားမိ လိုက်သည်။ ထူးခြားသော အာကာပြင် အတွင်း ရောက်ရှိ လာပုံရ၏။

ထိုအမှောင် အာကာပြင် အလယ်တွင် ကောင်းကင် နန်းတော်ကို မှုန်ဝါးဝါး မြင်နိုင်ပြီး ထိုအရပ်၌ တီးမှုတ် ကခုန် နေကြသော အလှ တရားများကို အဝေးမှ မြင်နိုင်သည်။

“ ဒါက တကယ့်ကို မှော်ဆန်တာပဲ။ ”

အိပ်မက်ထဲတွင် ဆီမီးခွက် ထွန်းဖူးသဖြင့် လက်ရှိ အခြေအနေမှ ချက်ချင်း ရုန်းထွက်ရန် သတိဝင်လာ၏။ ဖျားယောင်း သွေးဆောင် နိုင်မှုသည် ကြောက်စရာ ပေပင်။

“ ငါ့ရဲ့ ကျင့်ကြံမှုကို ... အရင် စုစည်းရမယ်။ ”

ကောင်းကင် နန်းတော်ရှိ ရွှင်မြူးနေသော အမျိုးသမီးများကို လျစ်ချူရှုကာ တရားထိုင်ရန် ပြင်လိုက်သည်။

သို့သော် မျက်လုံး မှိတ်လိုက်သည်နှင့် နားရွက်နား၌ လူတစ်ယောက်၏ တိုးညှင်းသော ရယ်မောသံကို ကြားလိုက်ရ တော့၏။

“ ဘယ်သူလဲ။ ”

***

All Chapters