← Chapters

အရှုံးဘယ်တော့မှမပေး၊ ပထမဆုံးတိုက်ပွဲတွင် အနိုင်ရ ခြင်း

Vol. 63 Ch. 1241

အရှုံးဘယ်တော့မှမပေး၊ ပထမဆုံးတိုက်ပွဲတွင် အနိုင်ရ ခြင်း

Vol. 63 Ch. 1241

သေချာပေါက်ပင် သူမ၏နတ်စွမ်းအားသာ အဆုံးထိ လောင်ကျွမ်းပြီး သွေးကြောလည်ပတ်မှုသာ မပြီးမြောက်ပါက သူမ တောင့်ခံရသည့်နာကျင်မှု နှင့် အားစိုက်ထုတ်မှုတို့သည် အလဟဿဖြစ်သွားပေရော့မည်။

ထိုအကြောင်းကိုလည်း ပေထင်းဟွမ် စိတ်ထဲမှကောင်းကောင်းသိသည်။ သို့သော် သူမသည် မကြောက်ပေ။ သူမတွင် သာမန်လူများရှိလေ့မရှိသည့် သတ္တိရှိရုံတင်သာမကဘဲ ရူးသွပ်မှုလည်းရှိသည်။ သူမအတွက် ဤကမ္ဘာတွင် မလိုချင်သည့်အရာသာရှိမည်၊ မရနိုင်သည်အရာဟူ၍မရှိပေ။

ကျရှုံးလျှင် ဒုတိယအကြိမ်ကြိုးစားနိုင်သည်။ ဒုတိယအကြိမ်လည်း ကျရှုံး လျှင် တတိယအကြိမ်ရှိသည်။ သူမ မသေသရွေ့ မည်သည့်နာကျင်မှုမျိုးကိုမဆို လက်ခံနိုင်သည်။

ဤပြတ်သားမှုသည် ပေထင်းဟွမ်၏ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအား ထပ်မံ လောင်ကျွမ်းခံရပြီး ရွှေရောင်အမြုတေမှေးမှိန်သွားလျှင်တောင် သူမ မကြောက် ပေ။

မင် ထုတ်လွှတ်လိုက်သည့်စွမ်းအင် အရှိန်နှုန်းသည် အကန့်အသတ်ရှိ၏။ ၎င်းသည် ပေထင်းဟွမ် ခန္ဓာကိုယ်ထဲမှ လှုံ့ဆော်ပြီး သွေးကြောများကို ကိုးရောင်နိဗ္ဗာန်မီး၏ လောင်မြိုက်မှုကို အမှီမလိုက်နိုင်ပေ။ သို့သော် မီးတောက် မြို့တစ်မြို့လုံးတွင် မရှိမဖြစ်အရာမှာ ဝိညာဉ်စွမ်းအင်ဖြစ်သည်။ မင်၏ အထောက်အပံ့နှင့်၊ ကစဥ့်ကလျားနတ်အရင်းအမြစ်တို့တွဲဖက်လိုက်သောအခါ ကြီးမားသောစုပ်ခွက်ကြီးတစ်ခုလိုပင် ပေထင်းဟွမ်၏ အကြောထဲသို့ ပတ်ဝန်း ကျင်မှ ဝိညာဉ်စွမ်းအားများကို စုပ်ယူကာ နတ်စွမ်းအင်အဖြစ်ပြောင်းပြီး သွေးကြောများထဲသို့ ဖြတ်သွားစေကာ ခန္ဓာကိုယ်ထဲမှ ခွန်အားကို အားဖြည့် ပေးလေသည်။

ရွှေရောင်အမြုတေသည် ထပ်မံတောက်ပလာကာ ခန္ဓာကိုယ်ထဲမှ ခွန်အားထပ်မံတိုးလာပြီးနောက် ပေထင်းဟွမ်သည် စတင်ပေါင်းစပ်လေတော့ သည်။

အမှောင်ကိုးရောင်နိဗ္ဗာန်မီးသည် ပေထင်းဟွမ်၏သွေးကြောများထဲတွင် လောင်ကျွမ်းလေသည်။ ပေထင်းဟွမ်သည် အရင်ကအကြိမ်ပေါင်းများစွာ တွေ့ကြုံပြီးနောက် သည်အချိန်တွင် သူမသည် အကြောထဲမှ နတ်စွမ်းအားကို ရွှေ့ပြောင်းရန်တုံ့ဆိုင်းမနေတော့ပေ။ ပုံမှန်အားဖြင့် သူမ၏ခန္ဓာကိုယ်ထဲမှ သွေးကြောများဆီသို့ ပန်းထွက်သွားလေသည်။

အချိန်မည်မျှကြာသွားသည်တော့မသိပေ နေဝင်နေထွက်အကြိမ်များစွာ ဖြစ်ပြီးနောက် ယန်ယဲ့နှင့် ကိုယ်ရံတော်လေးယောက်တို့သည် ကောင်းကင်နှင့် မြေကြီးတို့အကြားတွင်ရပ်ကာ ကမ်းတစ်ဖက်မှ ပန်းပင်လယ်ထဲရှိ မိန်းမကလေး၏မျက်နှာမှာ ချွေးထွက်လိုက်၊ စိုလိုက်ခြောက်လိုက်ဖြစ်နေသည် ကို ကြည့်နေကြသည်။

ချုံချီနှင့်တခြားသူများသည် ပေထင်းဟွမ်၏ ဇွဲလုံ့လကို လေးစားမိလေ၏။ အစမှအဆုံးထိ သူမ၏တင်းကြပ်သောနှုတ်ခမ်းများကိုသာမြင်နေရပြီး မျက်လုံး များသည် တစ်ချိန်လုံးမှိတ်ထားသော်လည်း သူမ၏မျက်နှာသည် ပြတ်သားမှု ကြောင့် လျော့မသွားလို ခံပြင်းမှုအရိပ်အယောင်မရှိပေ။

“ကောင်းကင်နဲ့မြေကြီးကြားမှာ ဒီလိုဝိညာဉ်မျိုးက ဘယ်တော့မှ အရှုံးမပေးဘူး၊ ဘယ်တော့မှလက်မလျော့မယ့်ဇွဲမျိုး၊ ငါ တစ်ယောက်တည်းဆီ မှာပဲမြင်ဖူးတယ်၊ အဲဒါသခင်ပဲ” ချုံချီသည် အသက်ကိုပြင်းပြင်းရှူကာ ခေါင်းကို အဝေးသို့လွှဲလိုက်သည်။ သူသည် ပေထင်းဟွမ်အား မကြည့်ရဲပေ။ မိန်းကလေး တစ်ယောက် ချွေးအေးများပျံနေပြီး နာကျင်မှုကို ခံနေရသည်ကို သူ မကြည့် ရက်ပေ။

ထပ်ခါထပ်ခါဖြစ်ပြီးနောက် ပေထင်းဟွမ်သည် နောက်ဆုံးတွင် နာကျင်မှု ကို ထုံသွားသလိုပင်။ ပီအန်းပန်းသည် ကန်လေထဲတွင် မီးကဲ့သို့ပွင့်လန်းနေရာ မှ ယခုအခါ စတင်ညှိုးနွမ်းလေသည်။ ရက်ပေါင်းမည်မျှကြာသွားသည်မသိပေ ပေထင်းဟွမ်၏ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအင်အလင်းတန်းသည် ကိုးရောင်နိဗ္ဗာန် မီး၏လောင်ကျွမ်းခြင်းကိုခံပြီးနောက် သွေးကြောတစ်ခုလုံး၏ လည်ပတ်မှု ပြီးစီးသည်နှင့် အကြောဆီသို့ပြန်ကာ ရွှေရောင်အမြုတေထဲသို့ တိုးဝင်သွားလေ သည်။

နတ်စွမ်အားအလင်းတန်း၏ထပ်ပိုင်းတွင် ကိုးရောင်မီးတောက်သည် အကြောထဲသို့ဝင်သွားသည်နှင့် လောင်ကျွမ်းရာ အကြောတစ်ခုလုံး တုန်ယင် လာပြီး ပေထင်းဟွမ်အား ကြီးစွာသောနာကျင်မှုကို ဖြစ်စေလေသည်။ တစ်ချိန် တည်းမှာပင် ပေထင်းဟွမ်သည် ၎င်းထဲမှ ကြောက်စရာကေင်းသောစွမ်းအင်ကို ခံစာမိပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေသော နတ်စွမ်းအားအလင်းတန်းပင်လျှင် ကြောက်စရာကောင်းနေသည်ကို ခံစားမိလေသည်။

ဤခံစားချက်သည် ပေထင်းဟွမ်အား ကြက်သွေးကဲ့သို့ စိတ်လှုပ်ရှားစေ သည်။

ပထမဆုံးတိုက်ပွဲတွင် အနိုင်ရသွားလေပြီ။ ပေထင်းဟွမ်သည် နိဗ္ဗာန်မီး၏ အလင်းတန်းကို စိုက်ကြည့်ရာ ရွှေရောင်အလင်းဖျော့အဖြစ်ပြောင်းသွားပြီး နတ် စွမ်းအားကို ပိုလေးနက်စေသည်။ ရွှေရောင်ဖျော့နှင့် ကိုးရောင်တို့ပေါင်းစပ် လိုက်ရာ ကြယ်တစ်ပွင့်ကဲ့သို့ လင်းလက်လသည်။ နတ်စွမ်းအားအထက်တွင် အလင်းခပ်ဖျော့ဖျော့လောင်ကျွမ်းနေသည်။

၎င်းသည် ကိုးရောင် လောင်စာပင်။

All Chapters