ဘယ်လောက်အတိုင်းအတာထိ ခွန်အားက ကြီးထွားနေဦးမှာလဲ
Vol. 63 Ch. 1242
ပေထင်းဟွမ်သည် ဤအခိုက်အတန့်တွင် ရင်ထဲ၌ဖြစ်ပေါ်နေသော ပီတိ ကို မဖော်ပြနိုင်တော့ပေ။ သာမန်လူများ ရင်ဆိုင်ရသည့် မခံမရပ်နိုင်နာကျင်မှု နှင့် သူမ ကျခဲ့သည့်ချွေများသည် ဤအခိုက်အတန့်တွင် ဘာမှမဟုတ်တော့ ပေ။ ကိုးရောင်မီးတောက်များသည် နတ်စွမ်းအားဆီတွင် ပေါ်ပေါက်လရာ ပေထင်းဟွမ်ကို အလွန်ပင် အူလှိုက်အသည်းလှိုက်ဖြစ်စေသည်။ ဤမီးတောက် အလင်းတန်းသည် သူမအပိုင်ဖြစ်နေသည်ကို ကောင်းစွာသိပြီးဖြစ်သည်။ သူမသည် မီးတောက်များကို သန့်စင်ကာ သူတို့ထဲသို့ နတ်စွမ်းအားဖြင့် ပေါင်းစည်းခဲ့သည်။ အနာဂတ်တွင် မီးတောက်စွမ်းအားသည်လည်း သူမ၏ ပိုင်ဆိုင်မှု လုံးလုံးလျားလျားဖြစ်လာတော့မည်ပင်။
သေးငယ်သောပမာဏဆိုလျှင်တောင် သူမ၏အကြောထဲမှ တခြားနတ် စွမ်းအားများနှင့် မယှဉ်နိုင်စရာမရှိပေ။ ၎င်းတွင်ပါဝင်သည့် ကြောက်မက်ဖွယ် ကောင်းသောစွမ်းအားသည် ကောင်းကင်နှင့်မြေကြီး၏ အမြင့်ဆုံးမီးစွမ်းအား၏ ပျက်စီးခြင်းစွမ်းအားကို ပိုင်ဆိုင်သည်။ ထိုအရာကပင် ပေထင်းဟွမ်အား အဆုံးစွန်ထိကြိုးစားရန် ဆန္ဒဖြစ်စေသည်။
သို့သော် ယခုအချိန်သည် အချိန်ကောင်းမဟုတ်ပေ။ သူမသည် နတ်စွမ်းအင်အလင်းတန်းကို ပေါင်းစပ်မှုပြီးဆုံးပြီဖြစ်၏။ နတ်စွမ်းအား အားလုံး နှင့် ကိုးရောင်နိဗ္ဗာန်မီးတို့ကို သန့်စင်ရတော့မည်ဖြစ်သည်။
သို့သော် ပထမဆုံးအကြိမ်အောင်မြင်သည်နှင့် နောက်ပိုင်းသည် ပိုလွယ်ကူသွားပြီဖြစ်သည်။
အကြောထဲတွင် နတ်စွမ်းအားအလင်းတန်း လည်ပတ်ပြီးနောက် ၎င်းကို ရွှေရောင်အမြုတေမှ စုပ်ယူသွားပြီး ရွှေရောင်အမြုတေထဲသို့ဝင်သွားလေ၏။ ရွှေရောင်အလင်းတန်းသည် အရောင်အနည်းငယ်ပြောင်းလဲသွားသည်ကို မြင် နိုင်လေသည်။
ပေထင်းဟွမ်သည် အကြောထဲမှ နတ်စွမ်းအားကို ကမန်းကတန်း ရွှေ့ပြောင်းလေသည်။ ပြင်းထန်သော နာကျင်မှုမှာ ရိုက်ခတ်လာပြန်သည်။ ခန္ဓာကိုယ်ထဲမှ သွေကြောဖြစ်စေ၊ ဝိညာဉ်ပင်လယ်ဖြစ်စေ နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ သေဆုံးသည်ထက် ပိုဆိုးသည့်ခံစားချက်သည် အုပ်စိုးသူ တချို့ပင် မခံနိုင်ကြပေ။ သို့သော် ပေထင်းဟွမ်သည် အစမှအဆုံးထိ နည်းနည်း မှ ညည်းညူခြင်းမရှိ ရုတ်ခြည်းခံစားနေရသည်။
အချိန်မည်မျှကြာသွားသည်မသိပေ။ ပေထင်းဟွမ်၏ ခန္ဓာကိုယ်သည် ကိုးရောင်နိဗ္ဗာန်မီးနှင့် ပေါင်းစပ်ပြီးနောက် ပြောင်းလဲလာသည်။ သူမ ထိုင်နေ သည့် ပန်းပင်လယ်သည် ပျက်စီးနေပြီဖြစ်ကာ သမသည် ကောင်းကင်နှင့် မြေကြီးထဲသို့ ရောနှောဝင်သွားသည့်ပုံပေါက်သည်။
သူမကို စိုက်ကြည့်နေကြသည့် ချုံချီနှင့်တခြားသူများပင် ရံဖန်ရံခါတွင် အိပ်မွေ့ချခံလိုက်ရသကဲ့သို့ ပေထင်းဟွမ်မှာ သူတို့၏မျက်စိရှေ့တွင် ပျောက်ကွယ်သွားလေသည်။
ကိုးရောင်နိဗ္ဗာန်မီးသည် ကောင်းကင်နှင့်မြေကြီး၏မီးဖြစ်သည်။ ကိုးရောင်နိဗ္ဗာန်မီးနှင့် သန့်စင်ပြီးနောက် ပေထင်းဟွမ်သည် ကောင်းကင်နှင့် မြေကြီးနှင့် ပိုနီးစပ်လာသည်။ ၎င်းသည် အနာဂတ် တိုက်ပွဲများတွင် ကောင်းကင်နှင့်မြေကြီးစွမ်းအားကို ရွှေ့ပြောင်းရာတွင် အကျိုးအမြတ်ကြီးဖြစ် နိုင်သည်။
“ကောင်းကငနဲ့မြေကြီးမီး ပီသတယ်၊ ကိုးရောင်နိဗ္ဗာန်မီးနဲ့ ပေါင်းစပ်ပြီး ရင် နတ်မိစ္ဆာဧကရီရဲ့ခွန်အားက ဘယ်လောက်ထိ ကြီးထွားသွားမလဲမသိဘူး” ပိုင်ဇီသည် ခေါင်းကို ဖြည်းဖြည်းခါယမ်းလေသည်။ သူသည် နှစ်ပေါင်းများစွာ နေလာပြီးဖြစ်ရာ ဤကဲ့သို့ရူးသွပ်သောလူကို တစ်ခါမှမမြင်ဖူးပေ။ သူမသည် ဤကဲ့သို့ နာကျင်မှုမျိုးကို ခံနေရသည်။
ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားသည် ထပ်မံလောင်ကျွမ်းထွက်လာသည်။ သို့သော် နတ်စွမ်းအားသည် သွေးကြောထဲမှ လည်ပတ်မှုကို လောင်ကျွမ်း ပြီးနောက် အကြောဆီသို့ ပြန်သွားလေသည်။ ၎င်းသည် အလွန်အမင်းရှုပ်ထွေး၊ နာကျင်ပြီး ပျင်းရိဖွယ်ကောင်းသော လုပ်ငန်းစဉ်ဖြစ်သည်။ သန်မာသူနှင့် အားအကောင်းဆုံးလူများသာ ဤနာကျင်မှုကို ခံနိုင်ရည်ရှိကာ ဤလုပ်ငန်းစဉ် ကို နောက်ဆုံးထိ လုပ်နိုင်သွားလေသည်။
ကောင်းကင်နှင့်မြေကြီးကြားမှ ဝိညာဉ် လှိမ့်ဝင်လာပြန်သည်။ ပေထင်းဟွမ်သည် ကောင်းကင်နှင့်မြေကြီး၏ရောင်ဝါကို စတင်စုပ်ယူလေ၏။ ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားကို အားဖြည့်ပြီးနောက် ပေထင်းဟွမ်သည် ကိုးရောင်နိဗ္ဗာန်မီးနှင့် ပေါင်းစပ်မှုကို ပြန်စတင်ပြန်သည်။ ပေါင်းစပ်မှုအပြီးတွင် ရက်ပေါင်းမည်မျှ ကုန်ဆုံးသွားသည်ကို မသိတော့ပေ။
ထိုအချိန်တွင် ပေထင်းဟွမ်၏အကြောထဲတွင် မင်နှင့်ကစဥ့်ကလျားနတ် အရင်းအမြစ်တို့သည် ထောင့်တစ်ခုတွင် ပုန်းအောင်းနေရသည်။ တကယ်တော့ ရွှေရောင်သက်စောင့်ဆေး၏အရောင်သည် ပြောင်းလဲသွားပြီဖြစ်ကာ ပေါများ သော ကိုးရောင်မီးတောက်သည် ရွှေရောင်သက်စောင့်ဆေးကို လုံးလုံးလျားလျား လွှမ်းမိုးလေသည်။ ရွှေရောင်သက်စောင့်ဆေး၏ မြန်ဆန် သောလှည့်ပတ်မှုနှင့်အတူ မီးတောက်များဝင်သွားပြီး ဘီးပုံစံပြောင်းသွားလေ သည်။ ထိုအချိန်တွင် လည်နေသော ရွှေရောင်သက်စောင့်ဆေးသည် သွေးကြောထဲတွင် လည်ပတ်ပြီးနောက် နတ်စွမ်းအားကို ဆက်ပြီးစုပ်ယူလေ ၏။ ပေထင်းဟွမ်၏ခန္ဓာကိုယ်ထဲမှ ခွန်အားသည်လည်း နည်းနည်းချင်းစီ တိုးတက်လာသည်။