← Chapters

အောင်မြင်ခြင်း၊ နဂါးမှ ချောက်ထဲသို့ ခုန်ချခြင်း

Vol. 63 Ch. 1243

အောင်မြင်ခြင်း၊ နဂါးမှ ချောက်ထဲသို့ ခုန်ချခြင်း

Vol. 63 Ch. 1243

သေချာကြည့်မည်ဆိုပါက ရွှေရောင်အမြုတေထဲတွင် တစ်စုံတစ်ရာရှိနေ ပုံပေါက်သည်။ ထိုထဲတွင် ပုတီးလုံးတစ်လုံး မြှုပ်ဝင်နေပုံပေါက်ကာ ပုတီးလုံး ထဲတွင် အသွင်မပေါ်သေးသည့် လူဆိုးတစ်ယောက်ရှိနေသည်။ ယခုအချိန်တွင် ပေထင်းဟွမ်သည် ထိုပြောင်းလဲမှုကို သတိမထားမိပေ။

နတ်စွမ်းအား၏နောက်ဆုံးအလင်းတန်း အကြောသို့ပြန်လာကာ အရူး တစ်ပိုင်းပြေးလွှားနေသော ရွှေရောင်သက်စောင့်ဆေး၏ စုပ်ယူခြင်းကိုခံလိုက်ရ လေသည်။

မင်သည် အသက်ရှူကာ ကိုးရောင်နိဗ္ဗာန်မီးကို ပြန်ဆွဲယူလိုက်သည်။ ဤ လုပ်ငန်းစဉ်သည် မင်အတွက် အားအကုန်သော်လည်း သူ၏စိတ်ထဲတွင် ဒေါသ ထွက်စေသည်။ သူသည် လုပ်ငန်းစဉ်တစ်ခုလုံးတွင် နာကျင်မှုမခံစားရသော် လည်း ပေထင်းဟွမ်ထက် ပိုပင်ပန်းနေသလိုပင်။

“ဟွမ် ငါ မင်းကို ဂုဏ်ယူတယ်၊ မင်း အပတ်တကုပ်ကြိုးစားပြီးတော့ နတ်စွမ်အားနဲ့ ကိုးရောင်နိဗ္ဗာန်မီတွေကို လုံးဝပြီးပြည့်စုံအောင် ပေါင်းစပ်နိုင် လိမ့်မယ်လို့ထင်မထားဘူး” မင်သည် အသက်ရှူထုတ်ပြီး သူ၏ပုံမှန်အေးစက် စက်နိုင်သောအသံကို ဖုံးကွယ်ကာ ဂုဏ်ယူစွာဖြင့်ကြည့်လေသည် “မင်းက ငါ့ကိုးရောင်အထွတ်အထိပ်အုပ်စိုးသူရဲ့ စာချုပ်ရှင်သခင်ဖြစ်ထိုက်ပါတယ်၊ ဟွမ် မင်းက ကမ္ဘာပေါ်မှာ ငါ့ရဲ့စာချုပ်သခင်ဖြစ်ဖို့ အထိုက်တန်ဆုံးပဲ”

ပေထင်းဟွမ်သည် အလွန်ပျော်ရွှင်မိသည်။ ကိုးရောင်နိဗ္ဗာန်မီးနှင့် ပေါင်းစပ်ပြီးနောက် ပင်ဖန်းနှင့်ထပ်မံတိုက်ခိုက်နိုင်မည်ဟု ခံစားလာရသည်။ သူမသည် အရင်ကလို ပြုသမျှမနုတော့ဘဲ လှုပ်ရှားမှုတိုင်းသည် သေစေ လောက်သည်။ ပင်ဖန်းကို အပြတ်အသတ်အနိုင်ယူမည်ဆိုလျှင်တောင် မဖြစ်နိုင်စရာအကြောင်းမရှိပေ။

ရွှေရောင်သက်စောင့်ဆေးသည် အမြင့်ဆုံးအမြန်နှုန်းနှင့်ပြေးနေဆဲပင် ဖြစ်သည်။ ရွှေရောင်သက်စောင့်ဆေး၏ လှုပ်ရှားမှုတိုင်းကို ပေထင်းဟွမ် ခံစား နိုင်လေသည်။ ကိုးရောင်နိဗ္ဗာန်မီးသည် ရွှေရောင်သက်စောင့်ဆေး၏ အတွင်း ကျဆုံးအပိုင်းသို့ ကျုံ့ဝင်သွားလေသည်။ မီးတောက်ချုံ့သည့်လုပ်ငန်းစဉ် အတွင်းတွင် ရွှေရောင်အမြုတေသည် ရွှေရောင်ဖျော့အဖြစ်ပြန်ပြောင်းသွားလေ သည်။ သို့သော် ရွှေရောင်အမြုတေ၏အလယ်တွင် ကိုးရောင်မီးအစုအပုံပေါ် လာသည်ကို ပေထင်းဟွမ်မြင်နိုင်လေသည်။

“ဟင်” ပေထင်းဟွမ်သည် အံ့ဩနေလေသည်။ သူမသည် အပြင်မှ ဝိညာဉ် စွမ်းအင်ကို စုပ်ယူပြီး အကြောထဲသို့ထည့်ကာ သွေးကြောကို နတ်စွမ်းအင် အဖြစ်သို့ ပြောင်းရန်ကြိုစားလေသည်။ ထိုနတ်စွမ်းအားအလင်းတန်းသည် ရွှေ ရောင်အမြုတေအဖြစ်ပြောင်းချိန်တွင် မီးတောက်အစုအပြုံသည် ရုတ်တရတ် နတ်စွမ်းအားအဖြစ် ပေါက်ကွဲထွက်လေသည်။

“ဟွမ် အံ့ဩစရာမရှိဘူး၊ ကိုးရောင်နိဗ္ဗာန်မီးကို ပေါင်းစပ်ပြီးတာနဲ့ မင်းရဲ့နတ်စွမ်းအားထဲမှာ မီးတောက်အစေ့ သူ့အလိုလိုဖြစ်လာမှာပဲ၊ နောက်ပိုင်း မင်းစုပ်ယူလိုက်တဲ့ နတ်စွမ်းအားအလင်းတန်းကို ကစဥ့်ကလျား နတ်အရင်းအမြစ်က သန့်စင်ပေးသွားမှာ၊ ကိုးရောင်နိဗ္ဗာန်မီးအစေ့နဲ့ မင်း ပေါင်းစပ်လိုက်တဲ့ မိုးကြိုးနဲ့လျှပ်စီးအပါအဝင်ဆိုရင် မင်းရဲ့ နတ်စွမ်းအား နည်း နည်းက တခြားလူရဲ့နတ်စွမ်းအားထက် ၁၀ ဆသာတယ်လို့ ပြောကြတယ်၊ အဲဒါက မင်းရဲ့တိုက်ခိုက်ရေးအားကို တိုးတက်ဖို့အတွက် အထောက်အကူကြီး ဖြစ်မှာပဲ” မင်သည် ဂုဏ်ယူစွာဖြင့် ပြောလေသည်။

အသက်စာချုပ်အရ ပေထင်းဟွမ် အားကောင်းလေလေ မင် အားကောင်း လာလေဖြစ်သည်။

သူမသည် မျက်လုံးများကို ရုတ်တရက်ဖွင့်လာပြီး ကိုးရောင်အလင်းသည် သူမ၏မျက်လုံးများထဲတွင် အရောင်လက်လာသည်။ သူမသည် မိုးကြိုးနှင့် လျှပ်စီးအရိပ်အယောင်ကို ခပ်ဖျော့ဖျော့မြင်ရလေသည်။ ဤအလင်းတန်းသည် အားမကောင်းသည့်သူနှင့် ထိပ်တိုက်တွေ့လျှင် တစ်ဖက်လူကို တိုက်ရိုက်သတ် နိုင်မည်စိုးရသည်။ ထို့အပြင် အားကောင်းသောစွမ်းအင်ပါဝင်နေရာ အထင် သေး၍မရနိုင်ပေ။

“ဟား ဟား ဟား ငါလုပ်နိုင်သွားပြီ”

ဤအခိုက်အတန့်တွင် သူမ မည်မျှပျော်ရွှင်ရသည်ကို ဖော်ပြ၍မရနိုင်ပေ။ သူမသည် ဖန်ဆင်းရေးနတ်ဘုရား၏ လက်နက်ရစဉ်အချိန်ကထက် ပိုပျော်ရွှင်မိ လေသည်။ ထို့အပြင် ဤအရာသည် သူမ၏ကိုယ်ပိုင်ကြိုးစားအားထုတ်မှု ကြောင့်ရလာခြင်းဖြစ်သည်။

မိုးပေါ်သို့မှော်ကြည့်ကာ ရယ်မောရာ ယန်ယဲ့နှင့်ကိုယ်ရံတော်လေးဦးက သည် မခံနိုင်တော့ဘဲ ငါးယေက်သား အလျင်အမြန်ပင် နောက်ဆုတ်မိကြ သည်။ ထိုမိန်းကလေးသည် ပန်းပေါ်မှထခုန်ကာ မိုးပေါ်သို့နစ်ဝင်သွားသည်ကို သာ မြင်နေသည်။ ကန်ကိုမျက်နှာချင်းဆိုင်ပြီး သူသည် လက်ခုတ်တီးလိုက်၏။

ကိုးရောင်အလင်းတန်း၏ နတ်စွမ်းအားကို သယ်ဆောင်ပြီး ၎င်းသည် သူမ၏လက်ဖဝါးပေါ်မှ လွတ်ထွက်သွားသည်မှာ ကိုးရောင်မီးတောက်နှင့်ပါလာ သည့် ကြီးမားသောနဂါးကဲ့သို့ပင် ချောက်ထဲသို့ထိုးဝင်သွားကာ ရှေ့မှကန်ထဲသို့ ဝင်သွားလေသည်။

ဘုန်း..

ကန်မျက်နှာပြင်တွင် မီးနဂါးခုန်ဝင်မှပင် လှုပ်ရှားမှုအနည်းငယ်ဖြစ်ပေါ် သွားပြီး မျက်နှာပြင်တစ်ခုလုံးသည် ပလုံစီသွားပြီးနောက် လေပြေကဲ့သို့ ငြိမ်ကျ သွားလေသည်။

All Chapters