နှစ်ပေါင်းထောင်ချီ၊ ဘယ်သူ့ ငါ့ကိုမမှတ်မိဘဲနေရဲတာ လဲ
Vol. 63 Ch. 1244
သို့သော် မကြာခင်တွင် ကန်မျက်နှာပြင်အထက်၌ ကန်အောက်ခြေသို့ နဂါးစစ်စစ်ဝင်သွားသည့်အတိုင်း အရိပ်အမြွက်ကျန်ခဲ့လေသည်။ ထိုအချိန်တွင် မီးဖိုကြီးတစ်ခုမှ ကန်ကိုမီးမြှိုက်လိုက်သကဲ့သို့ ကန်မျက်နှာပြင်တွင် မရေတွက် နိုင်သောမြူခိုးများ အငွေ့ပျံလေသည်။ အပေါ်ပိုင်းမှ ကင်လိုက်သည်နှင့် တူနေ ပန်သည်။ မြူခိုးသည် မိုးပေါ်သို့ထိုးတက်သွားကာ ပူပြင်းလှသောအပူချိန်ကို သယ်ဆောင်သွာပြီး ကန်မျက်နှာပြင်ကို ရေပူစမ်းကဲ့သို့ဖြစ်စေသည်။
ချုံချီနှင့်တခြားသူများသည် အဝေးမှပင် မသက်မသာ ပူပြင်းသော အပူ ချိန်ကိုခံစားမိလေသည်။
“မိုးနတ်မင်းရေ ဒါက ကိုးရောင်နိဗ္ဗာန်မီးရဲ့ ပေါင်းစပ်ပြီးတော့ ထွက်လာ တဲ့ စွမ်းအားလား” ဤနတ်စွမ်းအားသည် လူတစ်ယောက်ကို ရစ်ပတ် ချည်နှောင်လိုက်ပါက မည်သို့ဖြစ်မည်ကို ချုံချီ မတွေးရဲလောက်အောင်ပင်။ ထိုလူ အကင်ခံရမည်ကိုပင် စိုးရလေသည်။
ဝါး..
ကန်၏မျက်နှာချင်းဆိုင်ဘက်တွင် သောင်ပြင်မှ ပေအနည်းငယ်အကွာ အဝေးတွင် အံ့အားသင့်လောက်စရာ နတ်စွမ်းအား၏ အတက်အကျသည် ကန်၏တစ်ဝက်လောက် မြင့်တက်လာသလိုပင်။ ထိုလှိုင်းများသည် မီတာတစ် ရာနီးပါးမြင့်နေသည်ကို ချုံချီတို့မြင်နေရသည်။ ထိုမြင်ကွင်းသည် ရူးသွပ်နေ သော နဂါးတစ်ကောင်သည် ကန်ပေါ်မှခုန်တက်လာသကဲ့သို့ထင်ရပြီး ကန်၏ ဘေးနှစ်ဖက်တွင် ရေတံခွန်လောင်းချလိုက်သကဲ့သို့ ခမ်းနားသော နတ်စွမ်းအင် သည် မုန်တိုင်းတစ်ခုလိုပင် ပတ်ပတ်လည်အား လူးလှိမ့်တက်လာလေသည်။
သို့သော် ကန်ရေသည် ကျမသွားပေ။ နတ်စွမ်းအားအထက်တွင် ကိုးရောင်နိဗ္ဗာန်မီးသည် ကန်ရေ၏တစ်ဝက်နီးပါးကို ခြောက်သွေ့သွားအောင် လောင်မြိုက်နေကာ လေထဲတွင်ရေခိုးရေငွေ့များ ပျံတက်လျက်ရှိသည်။ နောက်ဆုံးတွင် အားလုံးသည် ရေခိုးအဖြစ်ပြောင်းလဲကာ ကောင်းကင်ဆီသို့ ဦးတည်လျက်ရှိလေသည်။
ထိုအချိန်တွင် ယန်ယဲ့ပင်လျှင် ထိုမြင်ကွင်းကိုကြည့်ပြီး မှင်တက်မိသည်။
ကောင်းကင်ပေါ်တွင်ပျံတက်နေသည့် မိန်းကလေးကို ကိုးရောင်အလင်း လိုက်ကာဖြင့် ကာထားလေသည်။ ထိုအချိန်တွင် ကိုးရောင်နိဗ္ဗာန်မီးသည် သူမ ကို ရစ်ပတ်ထားပြီး ပေထောင်ချီမြင့်သောလှိုင်းများမှာ ကန်အထက်တွင် တက်လာသော်လည်း သူမအနားသို့ မကပ်နိုင်ပေ။ သူမသည် ကိုးရောင် တိုက်ခိုက်ရေးဝတ်စုံဝတ်ဆင်ထားသည့် စစ်နတ်ဘုရားနှင့်တူပြီး ကန်အား ရက်စက်စွာစိုက်ကြည့်နေလေသည်။
ရက် ၂၀ အတွင်းမှာပင် သူမ၏ခွန်အားသည် ဤအဆင့်သို့ကြီးထွားလာခဲ့ သည်။ ထိုအချိန်တွင် သူ ကိုယ်တိုင်မြင်တွေ့ရသော်လည်း မယုံကြည်နိုင်သေး ပေ။
လုပ်ငန်းစဉ်အစမှအဆုံးထိ လူငါးယောက်မှ သူမကို စောင့်ကြပ်နေသည် ကို ပေထင်းဟွမ်သိသည်။ ထိုအချိန်တွင် ကန်မျက်နှာပြင်မှ ရေခိုးရေငွေ့များ မြင့်တက်လာပြီး နတ်စွမ်းအားအတက်အကျသည် ကန်ဘေးမှနှစ်ပေါင်းထောင် ချီသက်တမ်းရှိသစ်ပင်များကို ဖျက်ဆီးကာ ကန်အောက်ခြေသည် သူမ၏ ရိုက်ခတ်မှုကြောင့် ပြိုကျလုနီးပါးဖြစ်ပြီး ပေထင်းဟွမ်၏ စိတ်မှာလည်း မယုံနိုင်လောက်သော ပျော်ရွှင်မှုနှင့် ယုံကြည်မှုတို့ရရှိကာ စိတ်ဓာတ်မြင့်တက် လာခဲ့သည်။
“တစ်နေ့ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကို ဖြိုချမယ်၊ တစ်နေ့ ငါ့တပ်ဖွဲ့က ၃၃ ကောင်းကင်ဘုံကို ပြားအောင်လုပ်မယ်၊ ငါ ပေထင်းဟွမ် ပြန်လာပြီဆိုတာ ဒီကမ္ဘာကလူတွေကိုပြောချင်တယ်၊ ငါ့ကိုဘယ်သူမမှတ်ဘဲနေရဲလဲကြည့်ကြ တာပေါ့” ပေထင်းဟွမ်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ခေါင်းကို အသာညိတ်ကာ ယန်ယဲ့ဆီသို့ကြည့်လေသည် “ဒီအမျိုးသားက ငါ့အပိုင်ပဲ ငါ ပြန်လာပြီ၊ သူ့ကို ဘယ်သူမှအနိုင်မကျင့်စေရဘူး၊ ကောင်းကင်နဲ့မြေကြီး စည်းမျဉ်းဆိုရင်တောင် အနိုင်ကျင့်ခွင့်မပြုဘူး”
ပေထင်းဟွမ်၏မျက်လုံးထဲမှ ပြတ်သားမှုများကိုခံစားမိသဖြင့် ယန်ယဲ့ သည် မအောင့်နိုင်တော့ဘဲ ပေထင်းဟွမ်ဆီသို့ သွားကာ ပေထင်းဟွမ်အား ရင်ခွင်ထဲထည့်လိုက်သည်။ သူမ၏ခန္ဓာကိုယ်မှ ချွေးများကျနေဆဲပင်ဖြစ်သည်။ သူမသည် ရက်ပေါင်း ၂၀ ကျော်ကြာအောင် ရေမချိုးရသေးသဖြင့် အနံ့ဆိုးများ ထွက်နေဆဲဖြစ်သည်။ သို့သော် ယန်ယဲ့သည် ဘာအနံ့မှမရသလိုပင်။ သူသည် မျက်စိမှိတ်ကာ ပေထင်းဟွမ်၏ပခုံးပေါ်သို့ မေးတင်ထားလေသည်။ သူသည် ဘာမှမပြောသော်လည်း ထိုအချိန်တွင် ပေထင်းဟွမ်၏ ရှုပ်ထွေးနေသော ခံစားချက်များကို တိတ်ဆိတ်သွားစေသည်။
ပေထင်းဟွမ်သည်လည်း သူ့ကို ပွေ့ဖက်ခွင့်ပြုထားသည်။ သူမ ကန်ဘေး တွင်မည်မျှကြာအောင် လေ့ကျင့်စေကာမူ သူသည် သူမ၏ဦးခေါင်းအထက်တွင် စောင့်ပေးပြီး သူမအား အတန်ကြာအောင် စောင့်ကြည့်နေခဲ့သည်။ သူမ နာကျင်နေချိန်တွင် သူလည်း ဆိုးဆိုးဝါးဝါးခံစားရလေသည်။