Chapters

ကိုးရောင်နိဗ္ဗာန်မီးစွမ်းအားကို ပေါင်းစည်းခြင်း

Vol. 63 Ch. 1246

ကိုးရောင်နိဗ္ဗာန်မီးစွမ်းအားကို ပေါင်းစည်းခြင်း

Vol. 63 Ch. 1246

လိပ်အိုကြီးသည် အသင့်မဖြစ်သေးသည်မှာ ထင်ရှားလှသည်။ အကြောင်း မှာ သူတို့၏အစဉ်အလာအရ မတိုက်ခိုက်ခင်တွင် အနည်းဆုံးတော့ တစ်ယောက်နှင့်တစ်ယောက်မိတ်ဆက်ရသည်။ သေသွားလျှင်တောင် မည်သူ့ လက်ထဲတွင် သေသည်ကို သိထားရမည်ဖြစ်သည်။ ထို့အပြင် အပလောကလိပ်ကြီး သည် သူမအား 'ရှောင်ဟွမ်ကျို့' ဟုခေါ်နေသည်မှာ လက်ရှိတွင် သူမ မသိလျှင် တောင် လွန်ခဲ့သည့်နှစ်တစ်သောင်းက မိတ်ဆွေဟောင်းဖြစ်နိုင်သည်။

မိတ်ဆွေများအကြားတွင် အထင်လွဲမှုရှိလျှင် ပေါ့ပေါ့ပါးပါးဖြေရှင်းတတ် ကြသည်။

သို့သော် ပေထင်းဟွမ်သည် သာမန်အမြင်နှင့် ကတ်ကစားတတ်သော လူကိုမမြင်ဖူးပေ။ သူမသည် နတ်စွမ်းအားရစ်ပတ်ထားသော ဓားဖြင့်ခုတ်ချ လိုက်သည်။ ၎င်းတွင်တောက်လောင်နေသော ကိုးရောင်နိဗ္ဗာန်မီးသည် လေဟာပြင် တစ်ခုလုံးကို တစ်ဝက်နီးပါးပြတ်သွားစေသည်။ နတ်စွမ်းအင်လှိုင်း တံပိုး ကျရောက်လာပြီး ကောင်းကင်တစ်ခွင်တွင် လေများတိုက်ခတ်လာကာ အပလောကလိပ်အောက်ရှိ ရေကန်မှာ ကြီးမားသောလှိုင်းကြီးဖြစ်လာပြန်သည်။ ဤကြီးမားသောလှိုင်းကြီး နတ်စွမ်းအားနှင့်ထိသောအခါ ရေခိုးရေငွေ့ဖြစ်ပြီး မိုးပေါ်သို့လွင့်ပျံတက်လေသည်။

လေများတိုက်ခတ်ပြီး မိုးနှင့်ရေခိုးရေငွေ့အကြားတွင် နတ်စွမ်းအား ရစ်ပတ်နေသည့်ဓားပျော့သည် လေထုကိုခွင်းကာ အပလောကလိပ်၏ ခေါင်းကို အားပါပါခုတ်ချလေသည်။

လှုပ်ရှားမှုမရှိတော့ပေ။ အရိုးရှင်းဆုံး သတ်ဖြတ်မှုကိုရှောင်လွှဲမရပေ။ ၎င်း သည် လိပ်အိုကြီးကို ရှောင်လွှဲမရအောင်ဖြစ်စေသည်။ ဤအချိန်တွင် ဓားကို ကာရန် သူ၏လက်ကိုမြှောက်ရန်ပင် နောက်ကျသွားလေပြီ။ လိပ်အိုကြီးသည် ထိတ်လန့်သွား၏။ သူသည် အသက်မဲ့လူများကိုမြင်ဖူးသော်လည်း ဤကဲ့သို့ အသက်ကင်းမဲ့သည့်လူမျိုးကို မတွေ့ဖူးပေ။ ဤအရာသည် လူသတ်နေခြင်း မဟုတ်ဘဲ ထင်ရာစိုင်းနေခြင်းပင်။

ဒီကောင်မလေး။ ဘာတွေဒေါသထွက်နေတာလဲ။ သူမက သူ့ဂူကို ဖြိုချခဲ့ တာကို သူ စောဒကတက်လို့တောင်မရဘူးလား။ ဟင်း ဒါ ငါ့ဦးနှောက်ကိုဖျက်ဖို့ ပြန်ဝင်စားတာပဲဖြစ်ရမယ်။

သို့သော် ဤအချိန်တွင် လိပ်အိုကြီး စောဒကတက်လျှင်လည်း အသုံးမဝင် တော့ပေ။ ထို့ကြောင့် သူသည် လိပ်ခွံထဲသို့ခေါင်းလျှိုဝင်လိုက်သည်။ ဓားချက် သည် လိပ်ခွံပေါ်သို့ ကျလေသည်။

ချွင်း။

ကျယ်လောင်သောအသံနှင့်အတူ ဓားပျော့သည် အလွန်အမင်းမာကြော သည့် ရှေးဟောင်းအဆင်ရှိသည့် လိပ်ခွံနှင့်တိုက်မိလေသည်။ အမှောင်ကဗ္ပည်း စာတစ်ခုသည် ရုတ်တရက် လိပ်ခွံပေါ်တွင်ပေါ်လာပြီး အလင်းအဖြစ်ပြောင်း ကာ လေထဲတွင်ပျောက်ကွယ်သွားလေသည်။ ကောင်းကင်နှင့်မြေကြီးကို တိမ်တိုက်မည်းများလွှမ်းမိုးနေပြီး အားကောင်းသောလေတိုက်ခတ်လာသည်။ နှစ်ပေါင်းထောင်ချီ ရှိလာသော ရှေးသစ်ပင်များသည် စွမ်းအင်လှိုင်းကြောင့် အမှုန့်ဖြစ်သည်အထိကြေသွားကာ မိုးပေါ်လွင့်သွားလေသည်။ ကန်ဘေးမှ မြက်ခင်းများသည်လည်း တစ်လွှာချင်းစီမြောက်ကာ သဲနှင့်ကျောက်တုံးများ ပျံနေသည်မှာ ကမ္ဘာအဆုံးသတ်ကိုရောက်လာသလိုပင်။

ကြမ်းတမ်းစွာတိုက်ခိုက်နေရာ ချုံချီတို့လေးယောက်မှာ မလှုပ်မရှားနိုင် ဖြစ်နေကြသည်။ လိပ်ခွံပေါ်မှ ကဗ္ပည်းစာပေါ်လာသည်မှာ ဓားတစ်ချက်တည်း နှင့် ပင်လယ်လိပ်၏ခွန်အားကို ပြသခိုင်းလိုက်သည်ကို သူတို့သိလိုက်ကြသည်။ ပေထင်းဟွမ်၏ဓားထဲမှ စွမ်းအားသည် မယှဉ်နိုင်လောက်အောင်ပင် အားကောင်းလှသည်။

“မိုးနတ်မင်းရေ ကိုးရောင်နိဗ္ဗာန်မီး ပေါင်းစပ်မှုရဲ့စွမ်းအားလား၊ ငါသာ ဧကရီနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ပင်မတိုက်ကြီးမှာတော့ အနိုင်ရနိုင်ခြေမရှိဘူး” ယနေ့တိုက်ပွဲသာ သူနှင့်ဆိုပါက အပြင်းအထန်ဒဏ်ရာရမည့်သူမှာ ပေထင်းဟွမ်မဟုတ်ဘဲ သူသာဖြစ်လိမ့်မည်။

“နှစ်တစ်ဝက်” ပိုင်ဇီလည်း ခေါင်းခါမိသည်။ သူ၏ကိုယ်ပိုင်မျက်လုံးနှင့် တွေ့လျှင်တောင် ဤအချိန်တွင်မြင်ရသည့်အရာများကို ယုံနိုင်မည်မဟုတ်ပေ “ငါ မှတ်မိပြီ၊ ငါတို့သူမကို ပထမဆုံးတွေ့တုန်းက သူမမှာ စွမ်းအားအတက်အကျမရှိဘူးဘေ အဲတုန်းက အလိုက်ခံရပြီး အမှိုက်လို့အခေါ်ခံ နေရတာ”

“ကြည့်ရတာ အပလောကလိပ်ကလည်း အခု အဲဒါကိုမသိလိုက်တာဖြစ်မယ်” ရွှမ်ဝူသည် လိပ်အိုကြီး၏ကျောပြင်ကိုညွှန်ပြကာ သူပင် သတိမထားမိသည့် အသံနေအသံထားနှင့် ကြောက်ရွံ့မှုကိုပြသလေသည်။

အားကောင်းပြီးမယှဉ်နိုင်သည့် ခွန်အားနှစ်ခု တိုက်မိပြီးနောက် သူတို့သည် စတင်ပျောက်ကွယ်သွားလေသည်။ အားလုံးသည် ရွှမ်ဝူ၏ လက်ချောင်းညွှန်ရာ လိပ်အိုကြီး၏ကျောပြင်ကို လိုက်ကြည့်လေသည်။