ကျားကို ခွေးအနိုင်ကျင့်ခြင်း
Vol. 63 Ch. 1247
အမှောင်လိပ်၏အခွံပေါ်တွင် ရှေးဟောင်းအလင်းလက်လာပြီး ပေထင်းဟွမ်၏ဓားပေါ်လာသည်နှင့် ထိုကမ္ပည်းစာများသည် ကာဆီးခဲ့သည်။ သို့သော် ၎င်းသည် နက်ရှိုင်းသောအမှတ်အသားတစ်ခုဖြစ်သွားစေသည်။ လိပ်ခွံပေါ်တွင် မီးလောင်ရာနှင့် အမှတ်ကြီးတစ်ခုရှိနေပြီး ၎င်းသည်အထူးတလည် အကျည်းတန်စေသည်။
အပလောကလိပ်သည် ပေထင်းဟွမ်၏ဓားချက်ကိုခံလိုက်ရပြီးနောက် သူမ၏နတ်စွမ်းအင်ထဲရှိ ကိုးရောင်နိဗ္ဗာန်မီးကြောင့် လောင်ကျွမ်းသည်မှာ ထင်ရှားလှသည်။
ကမ္ဘာတစ်ခုလုံးတွင် ထိုပြင်းထန်သောတိုက်မှု၏ ပဲ့တင်သံထပ်နေတုန်း ပင်ဖြစ်သည်။ တစ်လှိုင်းပြီးတစ်လှိုင်း ဗုံတီးသံကဲ့သို့ အားလုံး၏ နှလုံးသားထဲ ဝင်သွားပြီး ရင်တုန်သွားစေကာ မတည်ငြိမ်လောက်အောင်ဖြစ်စေသည်။
ပေထင်းဟွမ်သည် အပလောကလိပ်၏ဇစ်မြစ်ကိုမသိသော်လည်း ချုံချီနှင့် တခြားသူများသိကြသည်။ ဤလိပ်အိုကြီးသည် မရေတွက်နိုင်လောက်အောင် နှစ်ပေါင်းသောင်းချီနေလာခဲ့ပြီး ၃၃ ကောင်းကင်ဘုံတွင် အရှင်ကြီးအဆင့်ဖြစ်ခဲ့ ဖူးသည်။ လိပ်အိုကြီးသည် တစ်စုံတစ်ယောက်၏ အပြစ်ဖို့ခြင်းကိုခံရပြီးနောက် အချိန်နှင့်နေရာရှုပ်ထွေးမှု၏ ဆွဲချခြင်းကိုခံခဲ့ရကာ ယန်ယဲ့တို့မှ ကယ်ထားခြင်း ဖြစ်သည်။ ယခု ၃၃ ကောင်းကင်ဘုံတွင် သူ့ရှေ့၌ မောက်မာသည့်သူ နည်းပါး လွန်းသည်။
၎င်းသည် အဖြေဖြစ်သည်။ ကျားသည် လေဟာနယ်ထဲကျလာပြီး ခွေး၏ အနိုင်ကျင့်ခြင်းကိုခံနေရသည်။
“အာ.. ယန်ယဲ့ ဟေ့ကောင် မင်းက တကယ် ဒီအတိုင်းရပ်ပြီးတော့ ဘာမှ မလုပ်ဘဲနေတော့မှာလား” ပင်လယ်လိပ်ကြီး သတိပြန်ဝင်လာချိန်တွင် သူ၏ ကျောပြင်၌ မီးလောင်ရာရှိနေသဖြင့် ဒေါသကြောင့် တုန်ယင်နေပြီဖြစ်သည်။ ဤပိန်ပိန်ပါးပါးမိန်းကလေးသည် သူ့ကို ယခုလို အနိုင်ကျင့်ရဲသည်။ သို့သော် ဤအခိုက်အတန့်တွင် သူနှင့်ပေထင်းဟွမ်တို့ ထပ်မျက်နှာချင်းဆိုင်ရမည်ဆိုပါ က သူ အနည်းငယ်အရှက်ရမည်ဖြစ်သည်။
ဤမိန်းကလေးတွင် အလွန်ထူးဆန်းသည့်အရာရှိသည်။ သူမ၏ဝိညာဉ် စွမ်းအင်သည်လည်း အလွန်ထူးဆန်းသည်။ မီးတောက်ရောယှက်နေသည့် နတ်စွမ်းအားရှိသူကို တစ်ခါမှမကြားဖူးပေ။
ယန်ယဲ့သည် လိပ်အိုကြီးကို သဲ့သဲ့ကြည့်ကာ ပေထင်းဟွမ်ဆီသို့ ပျံသွား လေသည် “ဟွမ်အာ ဒီအဘိုးကြီးက လင်းရှောင်ပန်းကိုစားဖူးတယ်၊ လင်းရှောင် ပန်းက သူ့သွေးထဲမှာရှိတယ်၊ အဲဒါကို ကျိုးပဲ့သွားတဲ့ဝိညာဉ်ကို သန့်စင်တဲ့နေရာ မှာသုံးလို့ရတယ်၊ သူ့ဆီက သွေးပုလင်းနည်းနည်းလောက် ဘာလို့မတောင်း တာလဲ၊ ခုနက မင်းကို မလေးမစားလုပ်မိတဲ့အတွက် ပြန်တောင်းပန်ခိုင်းလိုက် လေ”
ဘာ
ချုံချီတို့ မြေပေါ်မှမထခင်တွင် ယန်ယဲ့၏စကားများကိုကားသောအခါ ကြောက်လန့်လွန်းကာ ခြေလက်များပျော့ခွေပြီး မြေပေါ်သို့ထပ်မံလဲကျလေ သည်။ သခင်၏ ဇနီးအပေါ်အလိုလိုက်မှုသည် ပိုပိုပြီးဆိုးလာပုံပင်။ ဒီလိုမျိုးဟာ ရှိသေးတာလား။ နှစ်ပေါင်းများစွာတွင် သခင်၏ကျေးဇူးကိုပြန်ဆပ်ရန်အတွက် အပလောကလိပ်ကြီးသည် သခင်၏ခြိမ်းခြောက်မှုကိုခံရပြီး လွတ်လပ်မှုမရှိခဲ့ပေ။ ယခု အပလောကလိပ်၏သွေးမှာကောင်းနေသဖြင့် အနာဂတ်တွင် ဧကရီကို ဝိညာဉ်ဆေးသန့်စင်ခိုင်းနေပြန်သည်။
ဝိညာဉ်ခွဲဆေး၊ နာမည်အတိုင်းပင် ဤဆေးသည် နတ်ဘုရားအဆင့်မှ ဝိညာဉ်အဆင့်သို့တက်ရာတွင် အထောက်အပံ့ဖြစ်စေသည်။ ၎င်းတွင်ပါဝင် သည့် စွမ်းအင်သည် မတွေးနိုင်လောက်အောင်ပင်။ လင်းရှောင်ပန်းကဲ့သို့ အထွတ်အမြတ်ပစ္စည်းကို ဝိညာဉ်ခွဲဆေးသန့်စင်ရာတွင်သုံးသည့် အဓိကဆေး ပစ္စည်းဖြစ်သည်။
လင်းရှောင်ပန်းမှာ ပျောက်ကွယ်နေခြင်းမဟုတ်ဘဲ ဝိညာဉ်နတ်ဘုရား မျိုးနွယ်မှ ထိန်းချုပ်ထားခြင်းဖြစ်သည်။ ယခု ပတ္တမြားကမ္ဘာတစ်ခုလုံးတွင် လင်းရှောင်ပန်းကို ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ အနောက်ဥယျာဉ်တွင်သာ တွေ့နိုင်လေသည်။
ထိုအချိန်က ပင်လယ်လိပ်သည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ လင်းရှောင် ပန်းကို ခိုးယူရန် တစ်စုံတစ်ယောက်မှ အကွက်ဆင်ခဲ့ပြီး အချိန်နှင့်နေရာ စီးဆင်းမှုအရှုပ်အထွေးထဲသို့ ကျရောက်ခဲ့သည်။
ယန်ယဲ့ပြောသည့်စကားကိုကြားပြီးနောက် အပလောကပင်လယ်လိပ်နတ် ဘုရားသည် လိပ်ခွံတစ်ခုလုံး တုန်ယင်သွားလောက်သည်အထိ ဒေါသထွက်လေ သည်။ သူသည် အခွံထဲမှခေါင်းပြူထွက်ပြီး မျက်စိရှေ့မှလူသည် ယန်ယဲ့ ဖြစ်သည်ကို မယုံနိုင်သည့် ရှုပ်ထွေးသောမျက်နှာထားဖြင့် ကြည့်လေသည် “ယန်ယဲ့ မင်း ဒီလိုလုပ်လို့မရဘူးလေ မင်း မိန်းမအတွက်နဲ့ သူငယ်ချင်းကို သစ္စာဖောက်လို့မရဘူးလေ မင်း မင်း မင်း...”
လိပ်နတ်ဘုရားစကားမဆုံးခင်မှာပင် ပေထင်းဟွမ်သည် စကားဖြတ်ပြော လေသည် “ပြောဖို့ခက်တယ်၊ နေရာလွတ်ထဲမှာထည့်ပြီး လိုရင်သွေးထုတ်သုံး မှာပေါ့ လွယ်ပါတယ်”