← Chapters

ယန်ယဲ့က ကျွန်မလူပဲ သူ့အပေါ်အကြွေးတင်နေတာ ကျွန်မအပေါ်အကြွေးတင်နေတာပဲ

Vol. 63 Ch. 1248

ယန်ယဲ့က ကျွန်မလူပဲ သူ့အပေါ်အကြွေးတင်နေတာ ကျွန်မအပေါ်အကြွေးတင်နေတာပဲ

Vol. 63 Ch. 1248

လောဘကြီးသည့်လူများကိုမြင်ဖူးသော်လည်း ဤမျှလောက် လောဘ ကြီးသူကို တစ်ခါမှမမြင်ဖူးပေ။

ချုံချီနှင့်တခြားသူများသည် မယုံကြည်နိုင်ကြပေ။ သူတို့ရှေ့မှ သခင်မလေးသည် သူတို့သိသည့် သခင်လေး ၉၊ နောက်ပိုင်းတွင် သခင်မလေး ၉ သာဖြစ်သည်။ သူတို့၏ဧကရီမှန်ပါရဲ့လား။ သူမဆိုဆိုသည်မှာ အပလောက ပင်လယ်လိပ်အား ဆေးအဖြစ်သုံးကာ လိုအပ်လျှင် သွေးယူမည်ဆိုပါက ပင်လယ်လိပ်မှာ အသက်ရှင်နေလျှင် မည်သို့အသုံးဝင်တော့မည်နည်း။

“မင်း မင်း မင်း အပုပ်နံ့ထွက်နေတဲ့မိန်းကလေး ငါ့မှာစွမ်းအားမပြရသေး ဘူးလေ၊ ငါက အနိုင်ကျင့်ဖို့လွယ်တယ်လို့ထင်နေတာမလား” ထိုလိပ်ကြီးမှာ ခုန်နိုင်လိမ့်မည်ဟု မယုံနိုင်ပေ။ သူသည် ရှေ့လက်မြှောက်ကာ ပေထင်းဟွမ် အား ကျိန်ဆဲလေသည် “ယန်ယဲ့ ငါ့ကိုကယ်လိုက်လို့သာ သည်းခံလိုက်တာ၊ မင်း ငါ့ကို ဓားနဲ့ခုတ်တာ ငါ မင်းနောက်ကို မလိုက်နိုင်ဘူး၊ မင်းက မင်းကိုယ်မင်းပဲ ဂရုစိုက်တတ်တာ၊ အခုမင်းရဲ့အကန့်အသတ်ရှိသေးတာလား”

“ယန်ယဲ့က ရှင့်အသက်ကိုကယ်ခဲ့မှတော့ ကျွန်မက အပြစ်လိုခံစားနေရဖို့ မလိုတော့ဘူးပဲ၊ ရှင့်အသက်ကိုကယ်ခဲ့တဲ့အတွက် ပြန်ပေးဆပ်ရမှာပေါ့၊ ရှင် သေရမယ်လို့ ကျွန်မမပြောပါဘူး ဒါပေမဲ့ ရှင့်ဆီက သွေးနည်းနည်းပဲလိုချင်တာ ကို ငြင်းဆန်ရဲတယ်လား” ပေထင်းဟွမ်၏မျက်လုံးများသည် စူးရှနေသည်။ ဤ လိပ်၏ သန်မာမှုသည် အဂူးထက်မလျော့သည်ကို သူမ ခံစားမိသည်။ သူမ ဆုံးဖြတ်ပြီးသားဖြစ်သည်။

“ဟွမ်အာ သူက အမှောင်နတ်မိစ္ဆာဘုံကိုရောက်ဖူးတယ်၊ သူ့ကို အမှောင် နတ်မိစ္ဆာဘုံကိုသွားဖို့ ဆွယ်ရင် သူက မင်းအတွက အထောက်အကူဖြစ်မှာပဲ၊ တကယ်တော့ ပတ္တမြားကမ္ဘာတစ်ခုလုံးမှာ သူ့လောက်သင့်တော်တဲ့ လမ်းပြ မရှိတော့ဘူး” ယန်ယဲ့သည် သူမဘေးမှ ဆီလောင်းရန်မမေ့ပေ။

ချုံချီနှင့်တခြားသူများသည် စကားမပြောနိုင်လောက်အောင်ပင် မှင်တက် နေလေသည်။ လိပ်အိုကြီးသည်လည်း ယန်ယဲ့အား ကြည့်နေသည်။ လွန်ခဲ့သည့်နှစ်တစ်ထာင်က ယန်ယဲ့ ဤလိပ်ကြီးကို ကယ်တင်ခဲ့ပြီး ယနေ့အထိ ဤနေရာတွင်ချုပ်ခဲ့သည်ကို သူတို့ မတွေးမိခြင်းဖြစ်မည်။

ဤလူသည် နှစ်ပေါင်းသောင်းချီ.. မဟုတ်ပေ နှစ်ပေါင်းသောင်းချီကျော်၊ သူ အမှောင်မိစ္ဆာဘုံမှထွက်ပြီး အနောက်တောရိုင်းမှ မင်းသမီးဟွမ်ကျို့နှင့် တွေ့ ကတည်းကပင် ရင်ခွင်ထဲမှမိန်းကလေးအတွက် အရာအားလုံးလုပ်ခဲ့သည်။

ယန်ယဲ့သည် ထိုအရာကိုထည့်မတွက်တော့ပေ။ ယခု အပလောကပင်လယ် လိပ်ကြီးသည် သူ့ဘာသာသူကယ်တင်ရတော့မည်။ ပေထင်းဟွမ်ကိုအနိုင်ရရန် အလွန်ခက်ခဲသည်ကိုလည်း သိသည်။ ဤမိန်းကလေးသည် ယန်ယဲ့၏ မိန်းကလေးဖြစ်နေရာ လှည့်ကွက်များစွာရှိနိုင်သည်။ ပင်မတိုက်ကြီးတွင် သူ့ကို ဖိနှိပ်ထားသည့် ဘုံများစွာရှိသည်။ သူ ပေထင်းဟွမ်ကိုအနိုင်ရလျှင်တောင် ယန်ယဲ့ကို နိုင်မည်မဟုတ်ပေ။

နှစ်ပေါင်းများစွာတွင် သူသည် မပြောင်းမလဲခုခံခဲ့သည်။ ယန်ယဲ့ သူ့ကို ဘာမှမလုပ်ခဲ့သော်လည်း သူနှင့်ယန်ယဲ့ကြားမှ ကွာခြားမှုကို တခြားသူများ မမြင်လျှင်တောင် သူ့စိတ်ထဲတွင် ရှင်းလင်းစွာသိသည်။

“မိန်းကလေး ယန်ယဲ့က ငါ့ကိုကယ်ခဲ့တာကိုလည်းသိတယ်၊ ငါ့အသက်ကို ကယ်ခဲ့တဲ့ယန်ယဲ့ကို အကြွေးတင်နေတာ၊ ငါ မင်းကိုအကြွေးတင်နေတာ မဟုတ်ဘူး၊ ဒီကျေးဇူးကို ပြန်ဆပ်ခိုင်းဖို့ ဘာများအခွင့်ရှိလို့လဲလို့ မေးပါရစေ” ၎င်းသည် သွားပင်ငေါထွက်မတတ်ပင်။

ပေထင်းဟွမ်သည် နှာမှုတ်လေသည်။ သူမသည် လေပေါ်တွင် ရပ်တန့် နေပြီး သူမ၏အနီရောင်စကတ်တိုတိုသည် လေနှင့်အတူလွင့်ပါနေကာ ကျောက်စိမ်းနှင့်တူသော ခြေထောက်များသည် ကိုးရောင်အလင်းခပ်ဖျော့ဖျော့ တောက်ပနေသည် “ရှင်က ယန်ယဲ့အပေါ်မှာ အသက်ကြွေးတင်နေတာကို တော့သိတာပဲ၊ ကျွန်မကိုလည်းသိမှတော့ ယန်ယဲ့က ကျွန်မလူဆိုတာသိသင့် တယ်၊ သူ့အပေါ်မှာ အကြွေးတင်တာက ကျွန်မပေါ်မှာအကြွေးတင်တာပဲ”

အရှက်မဲ့လိုက်တဲ့မိန်းကလေးပဲ။

ပင်လယ်လိပ်သည် စိတ်ထဲမှ ကျိန်ဆဲလေသည်။ သို့သော် သူသည် အသံ ထွက်ပြီးမပြောရဲပေ။ ယန်ယဲ့၏ စင်ကြယ်မှုကိုကြည့်လျှင် ထိုဝန်ခံချက်ကို ကြားပြီးနောက် သူ့မျက်နှာတွင် ကျေနပ်ပြုံးရှိနေပြီး မျက်စိထဲမှ ဖုံးဖိမရသော အချစ်စိတ်များသည် ပင်လယ်လိပ်ကြီးကို မီးမြှိုက်ခံရတော့မည်ဟု ပြောနေ သလိုပင်။

ယန်ယဲ့၏မျက်နှာသည် ပေထင်းဟွမ်၏မျက်နှာကို နူးညံ့စွာပွတ်သပ် လိုက်သည်။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် အနံ့ထွက် နေသော်လည်း သူသည် သူမကိုမလွှတ်ပေးချင်ပေ။ ပေထင်းဟွမ်သည် သူ၏ လက်ကိုကိုင်ထားပြီး စူးရှသောမျက်လုံးများသည် အပလောကလိပ်ကြီးကို စိုက်ကြည့်နေသည် “ရှင် ဆန္ဒမရှိဘူးဆိုတာသိတယ်၊ အရမ်းကောင်းတယ် ဆန္ဒ မရှိဘူးဆိုရင်လည်း ဆန္ဒရှိလာတဲ့အထိ ရိုက်ရုံပေါ့”

All Chapters