Chapters

မင်းမှာ ဒီခွန်အားရှိလားကြည့်တာပေါ့

Vol. 63 Ch. 1249

မင်းမှာ ဒီခွန်အားရှိလားကြည့်တာပေါ့

Vol. 63 Ch. 1249

ကောင်းတယ် အရမ်းကောင်းတယ်။

အပလောကပင်လယ်လိပ်သည် ပေထင်းဟွမ်ကို ဤအခြေအနေတွင် မြင်လိုက်ရသောအခါ ဒေါသထောင်းခနဲထွက်သွားလေသည်။ သူသည် ပင်မတိုက်ကြီးသို့ လာခဲ့သည့် ကြောင်မဟုတ်သလို ခွေးမဟုတ်ပေ။ သူ၏ ခွန်အားသည် ၃၃ ကောင်းကင်ဘုံတွင် အရှင်ကြီးခွန်အားအဆင့်သို့ရောက်ပြီး ဖြစ်၏။ ပင်မတိုက်ကြီးတွင်ပင် သူ၏ခွန်အားကို ဖိနှိပ်ခံထားရသော်ငြား ပေထင်းဟွမ် တွေးနိုင်လောက်သည့်အရာမဟုတ်ပေ။

သူမသည် သူ့ကို သိမ်းသွင်းချင်နေသဖြင့် ပေထင်းဟွမ်တွင် လှည့်ကွက် မည်မျှရှိနေသည်ကို သူ ကြည့်ချင်မိသည်။

“ယန်ယဲ့ ငါ့ကိုရန်စတာ မင်းရဲ့ အမျိုးသမီးနော်၊ သူမက ပြန်ဝင်စားပြီး ရှုပ်ထွေးသွားတာထင်တယ်၊ ငါ့ခွန်အားကို မင်းလည်းကောင်းကောင်းသိပါတယ် မင်းမိန်းကလေးကိုမတားရင် ငါတို့တိုက်ခိုက်တဲ့အချိန်ကျ ငါကပဲ ဗီလိန်လိုမျိုး လုပ်နေသလိုမဖြစ်ဖို့ မျှော်လင့်ပါတယ်” အပလောကလိပ်ကြီးသည် တုံးအခြင်း မရှိပေ။ သူသည် ကြိုတင်ကာကွယ်ထားခြင်းပင်။ ယန်ယဲ့သည် သူ၏မိန်းကလေး အရိုက်ခံရသည်ကိုမြင်ရချိန်၌ လှုပ်ရှားလာပါက သူသည် သူတို့နှစ်ယောက်၏ အစားထိုးခြင်းကိုခံလိုက်ရနိုင်သည်။

“ဟင်း လိပ်ကြီး အနိုင်လိုချင်ရင် ရအောင်ယူလေ ဘာမဟုတ်တာတွေ လာပြောနေတာလဲ၊ ရှင့်ကိုနှစ်တွေအများကြီးမတွေ့ရတာတောင် ဥလေးတစ်ဥ တောင်မဥနိုင်ဘူး၊ ရှင် လိပ်မဆိုရင်ကို လေးစားမိဦးမယ်” ပေထင်းဟွမ်သည် ယန်ယဲ့၏ရင်ခွင်ထဲမှထွက်ကာ လက်ထဲမှဓားပျော့ကိုလှုပ်ယမ်းပြီး ဓားထိပ်ဖြင့် အပလောကလိပ်ကြီးကို ချိန်ရွယ်လေသည် “ငါ့ရဲ့ စာချုပ်သားရဲဖြစ်ဖို့ အခွင့်အရေးပေးလိုက်မယ် ဒါမှမဟုတ် ငါ့နေရာထဲမှာနေပြီး သွေးပေးမှာလား”

“အာ.. စာချုပ်သားရဲဟုတ်လား၊ မင်းက ကောင်းကင်ကိုမသွားဖူးဘူးလား မင်းရဲ့ စာချုပ်သားရဲဖြစ်ပေးရမယ်ပေါ့၊ ခမ်းနားတဲ့အရှင်ကြီးကို ဘယ်လိုများ ပြောလိုက်တာလဲ”

“အရှင်ကြီးဟုတ်လား” ပေထင်းဟွမ်သည် နှာမှုတ်လေသည် “အရှင်ကြီး က အံ့ဩစရာကောင်းလို့လား အရှင်ကြီးကိုအရင်ကမြင်ဖူးပါတယ် လာလျှောက် ရွှီးနေတာလား”

ဤမေးခွန်းကို မည်သူကများ ယခုလိုဖြေသနည်း။ ချုံချီနှင့်တခြားသူများ သည် ပေထင်းဟွမ်အား စိုက်ကြည့်နေကြသည်။ လက်ရှိဧကရီသည် နတ်ဘုရား အဆင့်သာရှိသေးသည်ကို သိထားရမည်။ သူမသည် အထွတ်အထိပ်အုပ်စိုးသူကို အမှန်တကယ်ပင် အထင်သေးနေသည်။ နတ်မိစ္ဆာဧကရီတစ်ယောက်သာ ဤကဲ့သို့စကားမျိုးကို ပြောနိုင်လိမ့်မည်။

ထိုအချိန်တွင် ယန်ယဲ့သည် ပေထင်းဟွမ်၏ကျောပြင်ကိုကြည့်နေကာ သူ၏ ခရမ်းရောင်မျက်အိမ်ထဲတွင် ပေထင်းဟွမ်၏ပုံရိပ်ရောင်ပြန်ဟပ်နေလေ သည်။ သူမ မည်သူနှင့်ရင်ဆိုင်ပါစေ၊ သူမ မည်သည့်အရာမျိုးလုပ်ပါစေ၊ သူသည် အမြဲတစေယခုလိုပုံစံဖြစ်မည်ပင်။ သူမအနောက်တွင် ရပ်တည်ပြီး သူမကို စောင့်ကြပ်ပေးမည်၊ သူမ၏ ကျောထောက်နောက်ခံဖြစ်ပေးမည်။

သူသည် သူမ၏အမျိုးသားဖြစ်ပြီး သူမသည် သူ၏အမျိုးသမီးဖြစ်သည်။

ဓားပျော့သည် လေကိုခွင်းရာ အသ့များထွက်လာပြီး စူးရှလွန်းသဖြင့် လေဟာနယ်ပါ တုန်ခါသွားသည်။ ပေထင်းဟွမ်သည် ကန်ထဲမှတဖြည်းဖြည်း တက်လာသည့် လိပ်ကြီးကို တည်ငြိမ်သောမျက်နှဦထားဖြင့်ကြည့်နေသည်။ သူမ၏ရင်ထဲတွင် အစောလေးက ဖြစ်လာခဲ့သည့် မီးတောက်မှာ ပဲ့တင်ထပ်နေ တုန်းပင်ဖြစ်သည်။ ယန်ယဲ့ သူမကိုပြောလိုက်သည်မှာ “သူ့ကိုရိုက်ပြီး စာချုပ် တည်ထောင်ပြီးတော့ စာချုပ်သားရဲလုပ်လိုက်တော့”

ယန်ယဲ့သည် ထိုလိပ်ကြီးကို နှစ်ပေါင်းထောင်ချီ မွေးမြူလာပြီး အကြောင်းမဲ့ မွေးမြူခဲ့ခြင်းမဟုတ်ပေ။ ဤလိပ်အိုကြီးသည် ၃၃ ကောင်းကင်ဘုံ မှလာပြီး ဘုံ ၄ ဘုံနှင့်မစိမ်းလှရာ ကိစ္စအများအပြားသိထားသည်မှာတော့ ထင်ရှားလှသည်။ အရေးအကြီးဆုံးမှာ အရှင်ကြီးအဆင့်သည် သူမ၏စာချုပ် သားရဲဖြစ်လာလျှင် သူမ၏စွမ်းအားမှာ နတ်ဘုရားဘုရင်အဆင့်မဖြစ်သေးလျှင် တောင် အနည်းဆုံးတော့ နတ်ဘုရားထိပ်ဆုံးအဆင့်ရောက်နိုင်သည်။

သူမ နတ်ဘုရားထိပ်ဆုံးအဆင့်သို့ရောက်လျှင်... ပေထင်းဟွမ်သည် ထိုအကြောင်းကိုတွေးရုံနှင့်တင် သွေးများဆူပွက်လာသည်။ ပင်ဖန်းနှင့် ကွမ်ယန်းတို့ ပူးပေါင်းလိုက်မည်ဆိုလျှင်တောင် သူမ မကြောက်ပေ။

“အရှင်မဟွမ်ကျို့ မင်းကိုမတွေ့တာ နှစ်ပေါင်းအများကြီးရှိပြီပဲ” လိပ်အိုကြီးသည် ကန်နှင့်ပေထင်းဟွမ်တို့အကြား လေပေါ်တွင်ရပ်နေသည်။ သူ၏မျက်လုံးထဲမှအကြည့်သည် ထိုအချိန်တွင် အလွန်လေးနက်နေသည် “အရှင်ကြီးခွန်အားရှိတဲ့ အဘိုးကြီးက ဒီနေ့သေမှာမဟုတ်ဘူး၊ နတ်ဘုရား အဆင့်တက်ခါစ ကလေးနဲ့တွေ့တာပေါ့၊ ငါ့ကို မင်းရဲ့စာချုပ်သားရဲဖြစ်စေချင် ရင် မင်းမှာခွန်အားရှိမလားလို့ ကြည့်ကြတာပေါ့”