လိပ်အိုကြီး လုပ်လိုက်တော့
Vol. 63 Ch. 1250
အရှင်မဟုတ်လား။ ၃၃ ကောင်းကင်ဘုံတွင် အထွတ်အထိပ်အုပ်စိုးသူ နေရာသခင်တစ်ယောက်သာ အရှင်မဟုခေါ်ထိုက်သည်။ အပလောကလိပ် ကြီးမှ ပေထင်းဟွမ်အား 'အရှင်မ' ဟုခေါ်ရသည့် အကြောင်းအရင်းမှာ လွန်ခဲ့သည့်နှစ်တစ်သောင်းက ယန်းမိုထျန်း၏ဧကရီဖြစ်ခဲ့သော သူမ၏ အဆင့်အတန်းကြောင့်ဖြစ်သည်။ နောက်ဆုံးရလဒ်အနေနှင့် လွန်ခဲ့သည့် နှစ် တစ်သောင်းက ဟွမ်ကျို့သည် ယန်းမိုချန်းမျိုးနွယ် နတ်မိစ္ဆာဧကရာဇ်၏ ဇနီး ဖြစ်လာခဲ့သည်။
“လိပ်အိုကြီး လုပ်လိုက်တော့”
ပေထင်းဟွမ်သည် ကန်အထက်တွင် လေပေါ်ရပ်ရင်း လေများကို အေးခဲ သွားစေလောက်သည့် အေးစက်သောအသံဖြင့် ပြောလေသည်။ သူမသည် ဓားထိပ်ဖျားကိုမြှောက်လိုက်ရာ လေနှင့်တိမ်တိုက်များသည် ကန်တစ်ခုလုံးကို ဖြတ်သွားကာ လေထုသည် အလွန်အမင်းတင်းမာသွားလေသည်။
ယန်ယဲ့သည် ကစားပွဲတစ်စိတ်တစ်ပိုင်းကို စီမံခဲ့သူဖြစ်သည်။ လိပ်အိုကြီး ကို ဆွဲဆောင်ရန် ပေထင်းဟွမ်ကျရှုံးခဲ့သော်လည်း သူ ဖန်တီးထားသည့် အခြေအနေပေါ် မည်သည့်သက်ရောက်မှုမှမရှိပေ။ ပေထင်းဟွမ်၏ အနာဂတ် ခရီးလမ်းပိုလွယ်ကူအောင်လုပ်ရန် သူ့တွင် တခြားနည်းလမ်းများလည်းရှိသည်။
သည်လိုဆိုလျှင် အနည်းငယ်တော့ အခက်တွေ့ရုံသာရှိမည်။ ပေထင်းဟွမ် တစ်ချက်လှုပ်ရှားလိုက်သည်နှင့် အရှုံးမရှိနိုင်သည်ကို သူလည်း ယုံကြည်သည်။
ပေထင်းဟွမ် ရွှေ့ပြောင်းလိုက်သော ကောင်းကင်နှင့်မြေကြီးစွမ်းအား၏ ဖိနှိပ်မှုအောက်တွင် ကန်ရေသည် မိုးပေါ်သို့ လှိမ့်တက်လာကာ အပလောက လိပ်ကြီးကို ရစ်ပတ်လေသည်။ အေးစက်သည့် နူးညံ့သောမိန်းကလေးအတွက် သူရင်ခုန်မိသည်။ သူသည် ဤမိန်းကလေးကို အနိုင်ရရန် ခုန်ပေါက်ရတော့မည့် ပုံပင်။
“အရမ်းကောင်းတယ် အရှင်မဟွမ်ကျို့၊ ငါလည်းအကောင်းဆုံးလုပ် ပြီး ညှာတာနေမှာမဟုတ်ဘူး၊ ဆုတောင်းဖို့သာပြင်ထားတော့”
အပတပင်လယ်လိပ်နတ်ဘုရားသည် သူ ဘာမှမပြောင်းလဲနိုင်သည်ကို သိ၍ အဆုံးတွင် စကားတစ်ခွန်းထပ် ထည့်ပြောပြီး ယဉ်ကျေးစွာအဆုံးသတ် လေသည်။ ထိုအခိုက်အတန့်တွင် ကမ္ဘာတစ်ခုလုံးမှရောင်ဝါကို တစ်စုံတစ်ခုမှ ဆွဲဆောင်လိုက်သလိုဖြစ်သွားကာ အဘက်ဘက်မှ အပလောကလိပ်ကြီးဆီသို့ သွားနေကြပြီး အပလောကလိပ်နားတွင် ကြီးမားသောရောင်ဝါဖြစ်စေသည်ကို အားလုံးခံစားမိလိုက်ကြသည်။
တောင်ကြီးတစ်တောင်လိုဖြစ်နေသည့်ပင်လယ်လိပ်သည် ယခုအခါ အဖြူရောင်မြူခိုးများဖြင့် အဝိုင်းခံနေရပြီး သူ့အား နတ်ဘုရားတစ်ပါးလိုဖြစ်စေ သည်။
အရှင်ကြီးအဆင့်စွမ်းအားရှင်အနေနှင့် အပလောကပင်လယ်လိပ်နတ် ဘုရားသည် ဝိညာဉ်စွမ်းအားကိုရွှေ့ပြောင်းရာတွင် ပေထင်းဟွမ်ထက်ပင် သာလွန်သည်။ ထိုမြင်ကွင်းကိုကြည့်ပြီး ချုံချီနှင့်တခြားသူများသည် ပေထင်းဟွမ်အတွက် ချွေးအေးများပြန်စေသည်။ သူတို့၏မျက်လုံးများသည် လက်နောက်ပို့ကာရပ်နေသော ယန်ယဲ့ဆီသို့ မသိစိတ်မှရောက်သွားရာ လေအဝှေ့တွင် ရွှေရောင်ပီအန်းပန်းဝတ်ရုံသည်လွင့်ပါနေပြီး ရှည်လျားသော ငွေရောင်ဆံပင်သည်လည်း ရောင်ဝါကြောင့် ရှုပ်ထွေးသွားသည်ကိုတွေ့လိုက်ရ သည်။
သူ၏မျက်ခုံးများသည် တင်းကြပ်နေပြီး ခရမ်းရောင်မျက်အိမ်တစ်စုံသည် ထူထဲသောနှင်းမြူအလွှာရိုပုံပေါ်ပြီး ပေထင်းဟွမ်အား စူးစိုက်ကြည့်နေသည်မှာ သူ စိတ်လှုပ်ရှားနေသည်ကိုမြင်နိုင်လေသည်။
“ရှင့်စကားတွေနဲ့ လက်လျော့အောင်လုပ်ချင်တယ်ဆိုရင် အိပ်မက်သွား မက်နေလိုက်တော့”
ပေထင်းဟွမ်သည် အေးစက်စွာနှာမှုတ်လိုက်ပြီး ရုတ်တရက် ခန္ဓာကိုယ် ထဲမှ နတ်စွမ်းအားကိုဆင့်ခေါ်လိုက်ရာ ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်ဖျော့ နတ်စွမ်းအားအလွှာရစ်ဝဲနေကာ ရွှေရောင်အလင်းတန်းသည် တစ်ခုပြီးတစ်ခု လက်လာပြီး ကြီးမားသော ခေါင်းသုံးလုံးပေါ်လာလေသည်။
သားရဲသုံးကောင်ထဲမှ တစ်ကောင်၏ ရင်းနှီးလှသည့် အသွင်အပြင်ကို ကြည့်ပြီး အပလောကပင်လယ် လိပ်ကြီးသည် အလန့်တကြားနှင့်နောက်သို့ တစ်လှမ်းဆုတ်ပြီး အနီရောင် ဆံပင်ခပ်တိုတို၊ သွေးရောင်မျက်လုံးများနှင့် လက်ထဲမှ အနီရောင် ဓားကောက် ကိုင်ဆောင်ထားသည့်လူကို မယုံနိုင်စွာ ကြည့်လေသည်။ “အဂူးလား”
မှန်သည်။ ၎င်းသည် အဂူးဖြစ်သည်။ ပေထင်းဟွမ်သည် အပလောက လိပ်ကြီးအား တစ်ချက်ကြည့်ကာ ကျယ်လောင်စွာ အော်လိုက်သည် “အဂူး တစ်ကိုယ်လုံးကို ချပ်ဝတ်တန်ဆာပြောင်းမယ်၊ ရှောင်ထန်းနဲ့ကျို့ယန်က တစ်စိတ်တစ်ပိုင်းပြောင်းမယ်”
မှော်သားရဲများ၏ခန္ဓာကိုယ်သည် ငွေရောင်အလင်းတန်းများဖြင့် ရစ်ပတ် ကာ ပေထင်းဟွမ်ဆီသို့ လာကြလေသည်။ ချက်ချင်းဆိုသလိုပင် ပေထင်းဟွမ် ၏ ခန္ဓာကိုယ်ကို သွေးနီရောင် ထူးခြားသောချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ပြီးသွား လေသည်။