ရေကမီးကိုနိုင်တယ်
Vol. 63 Ch. 1251
အထွတ်အမြတ်သားရဲချပ်ဝတ်တန်ဆာနှင့်ယှဉ်လျှင် နတ်အဆင့် ချပ်ဝတ် တန်ဆာသည် ပို၍လှပသည်။ ရိုးရှင်းပြီး မထင်ပေါ်သောပုံစံများသည် ရေဒီဇိုင်း ကဲ့သို့ ချပ်ဝတ်တန်ဆာ၏မျက်နှာပြင်ပေါ်တွင် စီးဆင်းနေသည်။ ဤချပ်ဝတ် တန်ဆာ၏ ကာကွယ်ရေးခွန်အားကို မည်သူမှ သံသယမဝင်ကြပေ။
ပေထင်းဟွမ်၏မျက်နှာကို ငွေရောင်မျက်နှာဖုံးဖြင့် ထပ်မံဖုံးအုပ်လေ၏။ အထွတ်အမြတ်သားရဲသို့အဆင့်တက်ပြီးနောက် အဖြူရောင်မွေးပွလုံးများသည် ၁၃၆ လုံးထိ တိုးပွားသွားပြီး မမြင်နိုင်သည့်လုပ်ဆောင်မှုရှိလာသည်။ ထိုအချိန် တွင် သူတို့သည် ပေထင်းဟွမ် စစ်မြေပြင်တစ်ခုလုံးပေါ်မှ လှုပ်ရှားမှုတိုင်းကို ရှင်းလင်းစွာမြင်နိုင်ရန် စစ်မြေပြင်၏ထောင့်တိုင်းတွင် တိုးတိတ်စွာ ဖြန့်ကျက် ထားပြီဖြစ်သည်။
“အပင်သားရဲတွေလား” ပေထင်းဟွမ်၏မျက်နှာပေါ်မှ သားရဲများကို ကြည့်ပြီး အပလောကလိပ်သည် အလန့်တကြားနှင့် ထခုန်မတတ်ပင် “အပင် သားရဲက ဘယ်တုန်းက အထွတ်အမြတ်သားရဲထိ အဆင့်တက်သွားတာလဲ”
၃၃ ကောင်းကင်ဘုံ၌ပင်လျှင် အထွတ်အထိပ်စွမ်းအားရှင်မှလွဲပြီး စာချုပ်သားရဲ ပိုင်ဆိုင်လိုသည့် သာမန်ကျင့်ကြံသူများသည် တောင်းဆိုရန်မဖြစ်နိုင်ပေ။ အပင် သားရဲအဆင့်တက်ရန်မှာ အလွန်ခက်ခဲပြီး နှစ်ပေါင်းတစ်ထောင်အတွင်းတွင် ကြီးထွားသည်မှာ အလွန်ရှားပါးသည်။ သို့သော် ၎င်း၏အရည်အချင်းသည် တိရစ္ဆာန်နှင့် သားရဲများပင် လိုက်မမှီနိုင်ပေ။ သို့သော် တိရစ္ဆာန်သားရဲ ကျင့်ကြံ သူများသည် သူတို့၏စာချုပ်ဝေစုကို အပင်သားရဲစာချုပ်အတွက် အလဟဿ မဖြစ်လိုကြပေ။
ပေထင်းဟွမ်ကဲ့သို့ သားရဲမှလွဲ၍ပင်။
အပင်သားရဲသည် အထွတ်အမြတ်သားရဲအဆင့်သို့ အဆင့်တက်သွားရာ အပလောကလိပ်ကြီးသည် ခံစားရကြပ်လာသည်။ ဤသားရဲသည် ပေထင်းဟွမ်၏ မျက်နှာကိုဖုံးအုပ်ထားသလောက် မရိုးရှင်းသည်ကို သူ ကောင်းစွာသိသည်။ သို့သော် သူသည် အပင်သားရဲများနှင့် တစ်ခါမှရင်မဆိုင်ဖူး ပေ။ မျိုးစိပ်ကိုပင်မမြင်ဖူးသည့် ဤအပင်သားရဲ၏ အရည်အချင်းများကိုလည်း မသိပေ။
ကျို့ယန်သည် မီးတိမ်တိုက်ဖိနပ်အဖြစ်ပြောင်းကာ ပေထင်းဟွမ်၏ ခြေချင်းဝတ်ကို ရစ်ပတ်ရာ ပေထင်းဟွမ်သည် အရှိန်နှုန်းကို စဉ်းစားနေရန်မလို တော့သည့်ပုံပင်။ ထို့ကြောင့်ပင် သူမသည် မိုးကြိုးသွား သို့မဟုတ် လျှပ်စီးကို မရွေးချယ်ခြင်းပင်။ ပေထင်းဟွမ်၏ခြေထောက်တွင် အနီရောင်မြူခိုးနင်းထား ပြီး သူမအား မီးတောက်စစ်နတ်ဘုရားနှင့်တူစေသည်။ သူမ၏လက်ထဲမှ ဓားပျော့သည် ပင်လယ်လိပ်အား ညှာတာမှုကင်းစွာ ချိန်ရွယ်လေသည်။
“ရှန့်ဟောက်လား” ပင်လယ်လိပ်သည် ပေထင်းဟွမ်၏ခြေထောက်ကို စိုက်ကြည့်လေသည်။ သူ အသက်ရှင်လာသည်မှာ နှစ်ပေါင်းမည်မျှရှိသနည်း။ သေချာပေါက်ပင် ပေထင်းဟွမ်၏ခြေထောက်ပေါ်မှ မီးတိမ်တိုက်ဖိနပ်တွင် ဖုံးအုပ်နေသော မီးအမျိုးအစားကို သူသိသည်။
ပေထင်းဟွမ်၏နည်းလမ်းများကြောင့် ထိတ်လန့်သွားသော်လည်း အပ လောကပင်လယ်လိပ်ကြီးသည် ပေထင်းဟွမ်၏ဓားပျော့အပေါ်တွင်ရှိနေသော ကိုးရောင်အလင်းမီးတောက်ကိုမြင်သောအခါ ကျယ်လောင်စွာရယ်မောလေ သည်။ ထိုအသံသည် အားလုံး၏နားစည်ကို နာကျင်စွာတုန်ခါစေသည် “အရှင်မ ဟွမ်ကျို့ အရင်တုန်းက မင်းက အစီအရင်သခင်ဆိုတာကို လောင်ကွေ့မှတ်မိပါ တယ်၊ ဒြပ်စင်ငါးခုကို ထုတ်နိုင်ပြီးတော့ တစ်ခုချင်းစီကိုလည်း အခြေခံကျကျ ထိန်းချုပ်နိုင်တယ်လေ၊ အခု ရေကမီးကို ထိန်းနိုင်တယ်ဆိုတာကို ဘာလို့မေ့နေ တာလဲ၊ လောင်ကွေ့ကို ရေထဲပြန်လွှတ်ချင်ရင်လည်း ဒီအတိုင်းပဲပြောလိုက်ပါ”
“ဟင်း အဘိုးကြီး မင်းက ငါ့ရဲ့ရွှေရောင်မီးတောက်လုံးကို တကယ် အထင်သေးတာပဲ” ကျို့ယန်သည် ဒေါသထွက်လွန်းသဖြင့် ပေထင်းဟွမ်၏ အသိစိတ်ပင်လယ်ထဲမှ စောဒကတက်လေသည် “ငါဘယ်လောက်တော်လဲဆို တာဒီအဘိုးကြီးကို ပြလိုက်”
အပလောကလိပ်ကြီး၏စကားများကိုကြားပြီနောက် ချုံချီတို့သည် မျက်မှောင်ကြုတ်လေသည်။ ရေသည် မီးကိုနိုင်သည်။ အပလောကလိပ်ကြီး သည် ရေအရည်အချင်းရှိသောသားရဲဖြစ်ကာ သူ၏ရေအရည်အချင်းသည် သာမန်ရေမဟုတ်ဘဲ အပလောကနတ်ရေစင်ဖြစ်သည်။ ၎င်းသည် နတ်မီစာရင်း တွင် ပထမအဆင့်ရှိသော ကျို့ယန်လောက် မလွှမ်းမိုးနိုင်သော်လည်း ရှန့်ရွှေ စာရင်းရှိ ရေမျိုးစိတ်ထဲတွင် အဆင့် ၁၀ အတွင်းဝင်သည်။
မင်ဟိုင်ရှန့်ရွှေသည် တဆန်းကျို့ယန်၏အဆင့်နှင့်မယှဉ်နိုင်သော်လည်း ဒြပ်စင်ငါးခု၏ တစ်ခုနှင့်တစ်ခု ထိန်းချုပ်နိုင်သည့် အထွတ်အထိပ်စည်းမျဉ်းသည် ဖြိုဖျက်၍မရပေ။ ချုံချီသည် ပေထင်းဟွမ်ကို သတိပေးချင်သည်။ သို့သော် ပေထင်းဟွမ်၏ အေးစက်သော နှာမှုတ်သံကိုကြားလိုက်ရသည်။ သူမ၏ အဟုန် သည် သက်တန့်တစ်စင်းလိုပင် “ခွန်အားရှိခြင်းရဲ့ရှေ့မှောက်မှာဆိုရင် အပြန်အလှန်ဖြစ်ပေါ်ပြီး ထိန်းချုပ်နိုင်တာတွေက အသုံးမဝင်ဘူး