အမှောင်ပင်လယ်ကြေးမုံ
Vol. 63 Ch. 1252
လွှမ်းမိုးနိုင်လိုက်တာ။
ပေထင်းဟွမ်တွင် ဤအရည်အချင်းရှိသည်။ မည်သည့်အခြေအနေမျိုး တွင်မဆို၊ မည်မျှပင် အခြေအနေသည် သူမအတွက် နှစ်ခြိုက်ဖွယ်ရာမရှိစေကာ မူ သူမသည် စိတ်ဓာတ်ကိုထိန်နိုင်ကာ ယုံကြည်မှုခိုင်မာသည်။ ထိုအရာများ သည် လမ်းတစ်လျှောက် သူမကို ရှေ့သို့တိုးရန်ခွင့်ပြုပေးသည်။
သူမပြောသည့်စကားများကို ကြားပြီးနောက် ယန်ယဲ့သည် မျက်ခုံးများ ပြေလျော့သွားပြီး မျက်လုံးများသည် နူးညံ့လာသည်။ ခရမ်းရောင်မျက်အိမ်ထဲ တွင် တောက်ပသောစီးကြောင်းများရှိနေသည်။ ဤမိန်းကလေးသည် သူ၏ မိန်းကလေးဖြစ်ကာ သူနှင့်အတူ ရင်ဘောင်တန်းနိုင်သော တစ်ဦးတည်းသော မိန်းကလေးဖြစ်သည်။
ထိုအချိန်တွင် အပြင်မှပွဲကြည့်ပရိသတ် ၅ ယောက်သည် စစ်မြေပြင်မှ တပ်ဆုတ်ကြသည်။ မျက်လုံးငါးစုံသည် စစ်မြေပြင်ရှိ လူတစ်ယောက်နှင့် လိပ် တစ်ကောင်ကို စိုက်ကြည့်နေသည်။
ပေါများသောရောင်ဝါအလွှာသည် အရာဝတ္ထုကဲ့သို့ဖြစ်လာပြီး အပလောကလိပ်အား အကြမ်းခံချပ်ဝတ်တန်ဆာကဲ့သို့ရစ်ပတ်ပြီး လိပ်ခံအား ထူထဲသောအလွှာအဖြစ် ဖုံးအုပ်လေသည်။ သူသည် ရှေ့တစ်လှမ်းတိုးကာ လေထဲတွင် စူးရှစွာအော်ဟစ်လိုက်ရာ အာလုံး၏မျက်အိမ်သည် ရုတ်တရက် လှုပ်ခါသွားလေသည်။ လိပ်သည် ရုတ်တရက် လျင်မြန်စွာပင် ပေထင်းဟွမ်ဆီ သို့ လှမ်းသွားသည်ကို သူတို့မြင်လိုက်ရသည်။
ဘုန်း ဘုန်း ဘုန်း
ရူးသွပ်နေသောဝိညာဉ်စွမ်းအင်သည် ကောင်းကင်တစ်ခွင်လှိမ့်တက်သွား ပြီး အပလောကပင်လဘ်လိပ်နတ်ဘုရား၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားရာ လိပ်၏ကျောခွံသည် ထိုးဖောက်မြင်နိုင်သော အဖြူရောင်ကျောက်စိမ်းကဲ့သို့ မမြင်နိုင်လောက်အောင်ဖြစ်သွားလေသည်။ ကျောက်စိမ်းအဖြူထိပ်တွင် အဖြူ ရောင်ကျောက်စိမ်းအလင်းစီးဆင်းနေလေသည်။
ပင်လယ်လိပ်နတ်ဘုရားပြလိုက်သော လက်ကို ချုံချီနှင့်တခြားသူများမြင် သောအခါ သူတို့၏မျက်လုံးများသည် ဂုဏ်တက်လာပြီး ရင်များအကြမ်းတရမ်း ခုန်လာသည်။ ဤလိပ်အိုကြီးသည် အမှန်တကယ်ပင် သည်းခံနိုင်စွမ်းရှိသည်။
“ဒီလိပ်အိုကြိးက မင်ဟိုင်ရွှမ်ကျင်းရဲ့ အရည်အချင်းကို ဆက်ခံထားတာ၊ သူ့ရဲ့ခုခံမှုက အရမ်းအားကောင်းတာ တိုက်ခိုက်မှုစွမ်းအားကလည်း မနည်းဘူး၊ ဒီအဘိုးကြီးက တကယ်ပဲ ခွန်အားနဲ့တိုက်ခိုက်ဖို့အသင့်ဖြစ်နေတာပဲ” ထိုမြင်ကွင်းကိုကြည့်ပြီး ပိုင်ဇီသည် အံ့ဩလွန်း၍ပြောမိလေသည်။
“ဒီအဘိုးကြီး ဘာလို့အဲလောက်မရှက်တတ်ရတာလဲ၊ သူက နှစ်ပေါင်းသောင်းချီနေလာခဲ့တာ ဧကရီက အခုမှ ၁၅ နှစ်တောင်မပြည့်သေးဘူး” ပီဖုန်းသည် တခြားအရာများထက် အနည်းငယ်စိတ်တိုနေလေသည်။ ပေထင်းဟွမ်သည် သူမ၏စာချုပ်သားရဲဖြစ်ရန် ဖိအားပေးနေသည်ကို သူတို့ လုံးဝမေ့လျော့နေခဲ့သည်။
ထိုအချိန်တွင် ပေထင်းဟွမ်၏နေရာထဲမှသားရဲများသည် ခေါင်းထွက်ပြီး ကြည့်ကြလေသည်။ ပင်လယ်လိပ်ကြီး၏လိပ်ခွံသည် အနက်ရောင်မှ ကျောက်စိမ်းဖြူရောင်ပြောင်းသွားသည်ကိုမြင်သောအခါ အံ့ဩမိကြလေသည်။ “ဟား ဟား လိပ်ခွံထူထူကြီးက ခံနိုင်မယ်လို့ထင်နေတာလား၊ သခင်က သူ့လိပ်ခွံကို ဘယ်လိုခွဲမလဲကြည့်လိုက်”
တစ်ဖက်တွင် ပေထင်းဟွမ်သည် ထိုရန်စကားများကို ရိုးရှင်းစွာ လျစ်လျူ ရှုထားသည်။ သူမသည် လက်ထဲမှ ဓားကိုကိုင်ပြီး ကျောက်စိမ်းရောင်လိပ်ကို ကြည့်နေသည်။ သူ၏ခန္ဓာကိုယ်ကို ပေါများသောရောင်ဝါဖြင့် ဝန်းရံထားပြီး အထည်နှင့်တူသော ချပ်ဝတ်တန်ဆာအလွှာဖြင့် ကာကွယ်ထားသည်။ စူးရှ သော ကိုးရောင်အလင်းသည် ပေထင်းဟွမ်၏မျက်လုံးထဲတွင် အရောင်လက် လာပြီး ကိုးရောင်မီးတောက် တောက်လောင်နေသည်မှ မရေတွက်နိုင်သော မြားများထွက်လာသည့်အတိုင်းပင်။
ထိုအချိန်တွင် ပင်လယ်လိပ်ကြီးမှု ထုတ်လွှတ်လိုက်သောစွမ်းအင်သည် သူမဆီသို့ ရေစီးကြောင်းအလား ထွက်လာပြီး ပေပေါင်းထောင်ချီမြင့်သော ကန် ရေပြင်ကို လှုပ်နှိုးရာ ကန်အောက်ခြေပေါ်လာကာ ပေများစွာကျယ်သော အက်ကြောင်းထွက်လာလေသည်။
ပင်လယ်လိပ်၏အရှိန်သည် ပိုပိုပြီးမြန်လာကာ ပေထင်းဟွမ်ဆီသို့ ကြီးမားသောကျောက်စိမ်းကဲ့သို့ တိုးဝင်လေသည်။ ကြီးမားသော စွမ်းအင်သည် လေဟာနယ်ကို ကွဲသွားစေပြီး လေကိုခွင်းသည့် စူးရှသည့်အသံကိုဖြစ်ပေါ်စေ သည်။ ပေထင်းဟွမ်၏မျက်လုံးများသည် ထိုပင်လယ်လိပ်ကြီးကို စိုက်ကြည့်နေ သည်။ ကြီးမားသောစွမ်းအင်ဖိအားအောက်တွင် ပေထင်းဟွမ်၏ ရှည်လျား သောဆံပင်နှင့် မီးတောက်မြေခွေးအမြီးသည် နောက်တွင်လွင့်ပျံနေသည်။
သူမ ဝတ်ဆင်ထားသည့် ဖိနှိပ်မှုကြောင့်သာမဟုတ်လျှင် သူမသည် မျက်လုံးပင်ဖွင့်နိုင်မည်မဟုတ်ဘဲ မျက်နှာအရေပြားပင်လျှင် စူးရှသောလေ ကြောင့် ခြစ်ရာဖြစ်သွားနိုင်သည်။