Chapters

တိုက်ပွဲ၊ နတ်ဘုရား၏ခွန်အား

Vol. 63 Ch. 1253

တိုက်ပွဲ၊ နတ်ဘုရား၏ခွန်အား

Vol. 63 Ch. 1253

ထေင်းဟွမ်၏ပါးစပ်မှ အော်သံထွက်လာသည်နှင့် ခြေဖျားထိပ်သည် ရုတ်တရက်လေထဲတွင် ထောက်လိုက်ရာ သူမ၏ပုံရိပ်သည် စူးရှသောမြား အဖြစ် ပြောင်းသွားလေသည်။ သူမ၏မျက်လုံးများသည် စူးရှပြီး လက်ထဲမှ ဓားပျော့သည် မီးကြာပွတ်ကဲ့သို့လောင်ကျွမ်းနေကာ သူမဆီသို့အပြေးလာနေ သည့် ပင်လယ်လိပ်ကြီးကြောင့် လှုပ်ခါသွားလေသည်။

မည်သည့်ထူးခြားဆန်းပြားသည့်တိုက်ကွက်မပါဘဲ ခွန်အားနှင့်သာ ထိပ်တိုက်ရင်ဆိုင်ချိန်တွင် ပေထင်းဟွမ်သည် ဓားနတ်ဘုရားသာဖြစ်ပြီး ပင်လယ်လိပ်ကြီးကို လေဟာနယ်မှ ဖိနှိပ်ထားသော်လည်း သူသည် ပေထင်းဟွမ်ထက် သန်မာတုန်းပင်။ အပလောကနတ်ဘုရားလိပ်၏ အားအကောင်းဆုံးအရဆိုလျှင် ကာကွယ်ရေးပင်။ ချုံချီနှင့်တခြားသူများပင် ၎င်း၏တိုက်ခိုက်ရေးစွမ်းအားကို ရှောင်ရှားရန် အကောင်းဆုံးကြိုးစားရသည်။

ပွဲကြည့်ပရိသတ်ငါးယောက်လည်း ထိုအချိန်တွင် အကြည့်စူးရှလာသည်။ ယန်ယဲ့သည် မျက်လုံးကိုပိုမှေးကြည့်ကာ သူ၏အန္တရာယ်များသည့် အမူအရာ သည် လူတစ်ယောက်နှင့် ပိုက်ကွန်ကဲ့သို့လှုပ်ခါနေသည့်လိပ်အပေါ်သို့ ရောက် နေသည်။ သူ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်မှာ လူအများကို စိတ်သက်သာစေသည်။ ပေထင်းဟွမ်သာ အနည်းငယ်ဒဏ်ရာရလျှင် သူသည် ပင်လယ်လိပ်၏သေရေးရှင်ရေးကိုဂရုမစိုက်ဘဲ လက်သီးဖြင့်ထိုးမည်ဖြစ်၏။

ကိုးရောင်မီးတောက်များသည် လေထဲတွင် လှပစွာကွေးနေပြီး ပွင့်လန်း သော မီးတောက်များသည် ဓားပျော့မှ ပန်းများသဖွယ်ဖြာထွက်လာပြီး ဓား အရိပ်များသည် ဓားပျော့မှ လျင်မြန်စွာကွဲကွာလေသည်။ သူ၏ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားနယ်ပယ် ပေါက်ကွဲပြီးနောက် သူတို့သည် တစ်ယောက်နှင့် တစ် ယောက် ပြင်းထန်စွာတိုးဝှေ့ကြလေသည်။

လိပ်ခွံမှ ဓားအလင်းများ မည်မျှထွက်လာသည်ကိုပင် မရေတွက်နိုင် လောက်အောင်ပင်။ သို့သော် ဤအခိုက်အတန့်တွင် ချုံချီနှင့်တခြားသူများ၏ မျက်နှာများသည် စိုးရိမ်မှုအပြင် အံ့ဩမှုများဖြစ်ပေါ်လာသည်။ ပေထင်းဟွမ် သည် ဓားနတ်ဘုရားသခင်သဖြစ်သော်လည်း သူမ၏အရည်အချင်းများသည် အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည်။

ပေထင်းဟွမ်၏ ဓားပျော့သည် ကမ္ဘာမြေဝိညာဉ်စွမ်းရည်ရှိရာ ပေထင်းဟွမ်သည် ထိုကမ္ဘာမြေဝိညာဉ်စွမ်းအင်ကိုသုံးပြီး မရေမတွက်နိုင်သော ဓားချက်ဖြင့် ပင်လယ်လိပ်ခွံကို ခွဲလေသည်။ ရေစက်ကဲ့သို့ဖြတ်ကျလာသည်မှာ ထိုဝိညာဉ်စွမ်းအင်အလွှာကို မထိုးဖောက်နိုင်သော်လည်း အပလောကလိပ်ကြီး သည် ခံစားချက်မကောင်းနိုင်တော့ပေ။

ပင်လယ်လိပ်၏ကျောပေါ်သို့ နောက်ဆုံးဓားချက်မှာ မိုးကြိုးခွန်အားနှင့် အတူကျလာချိန်တွင် အားလုံးသည် 'ခွက်' ဆိုသည့်အသံကိုသာ ကြားလိုက်ရ လေသည်။ ပေထင်းဟွမ်၏မျက်လုံးများသည် ပို၍ခက်ထန်လာသည်။ သူမ သည် ဘယ်ဘက်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ထူထဲသော ကိုးရေင်မီးတောက်မှဖြစ်ပေါ်လာသော နတ်စွမ်းအင်သည် သူမ၏လက်သီးဆုပ် အားရစ်ပတ်ကာ ပင်လယ်လိပ်ကြီး၏မျက်နှာဆီသို့ ရင်ဆိုင်လေသည်။ ဦးခေါင်းသည် ကြမ်းတမ်းစွာပေါက်ကွဲလေသည်။

ဘုန်း...

ဤအခိုက်အတန့်တွင် ကမ္ဘာတစ်ခုလုံးတုန်ခါသွားကာ ၎င်းသည် သေရေး ရှင်ရေးရိုက်ချက်ကြီးပင်။ ပင်လယ်လိပ်ကြီးမှာ အရင်ကအကြိမ်မည်မျှပင် အကန်ခံရပါစေ ပေထင်းဟွမ်သည် သူ၏လိပ်ခွံကိုခွဲရန် ဓားပျော့ကိုသာ အသုံး ပြုခဲ့သည်။ ထိုအခါမှပင် အသုံးဝင်တော့သည်။

ထိုအခိုက်အတန့်တွင် လေဟာနယ်သည် ပုံပျက်နေပြီး ကျိုးပဲ့နေပြီဖြစ် သည်။ ကောင်းကင်အထက်တွင် တွင်းနက်ကြီးပေါ်လာသလိုပင်။ ရှုပ်ထွေး သောစီးကြောင်းသည် တွင်းနက်ကိုထိုးဖောက်ဝင်ရောက်ပြီး အချိန်နှင့်နေရာ မတူညီသော ခက်ထန်သည့်စွမ်းအင်သည် ထိုနေရာအား အားလုံးနီးပါးရှင်းလု နီးပါးပင်။

အပလောကလိပ်သည် ရွေးချယ်စရာမရှိတော့ဘဲ ခန္ဓာကိုယ်ထဲမှ စွမ်းအင်ကို လှုံ့ဆော်ကာ သူ့ရှေ့တွင် အလင်းဒိုင်းကာအဖြစ်ကာလိုက်လေ၏။ ပေထင်းဟွမ်၏လက်သီးဆုပ်တွင် စွမ်းအင်မည်မျှ သယ်ဆောင်လာသနည်း။ အပလောကပင်လယ်လိပ်သည် အသိဆုံးဖြစ်သည်။ လိပ်ခွံထူထဲလျှင်တောင် သူ၏ခန္ဓာကိုယ်ပေါ်သို့ လက်သီးဆုပ်အရောက်မခံနိုင်ပေ။

ပေထင်းဟွမ်၏လက်သီးဆုပ် ရောက်လာပြီး အလင်းတံတိုင်းကို ထိမိလေ သည်။ အလင်းတံတိုင်းသည် ပေထင်းဟွမ်၏လက်သီးဆုပ်ပေါ်မှ မီးတောက်နှင့် ထိမိသောအခါ အစိမ်းရောင်မြူခိုးအဖြစ်ပြောင်းသွားပြီး ကာကွယ်နိုင်စွမ်းမရှိ တော့ပေ။ ထိပ်ဆုံးနတ်ဘုရားဧကရာဇ်၏ နတ်စွမ်းအားကို ကိုးရောင်မီးတောက် မှလောင်ကျွမ်းသွားပြီး အလင်းတံတိုင်းပေါ်တွင် ကြီးမားသောတွင်းနက်ကြီး ဖြစ်ပေါ်လာသည်။

ပေထင်းဟွမ်၏လက်သီးဆုပ်သည် ကာကွယ်မှုမရှိ လိပ်အိုကြီးကို ထိုးမိ လေသည်။