ကောင်မဟုတ်လေး ငါ မင်းကိုသတ်မယ်
Vol. 63 Ch. 1254
အဖြူရောင်ဝိညာဉ်စွမ်းအား၏ ကြီးမားသောအစိတ်အပိုင်းသည် လိပ်အို ကြီးဆီမှ ပန်းမိုးများကဲ့သို့ ဖြာကျကာ မိုးသီးများအဖြစ် မြေကြီးပေါ်သို့ကျချိန် တွင် အပေါက်ကြီးများဖြစ်လေ၏။ အပလောကလိပ်ကြီး၏ရေသည် ကမ္ဘာပေါ်တွင် အအေးဆုံးရေဖြစ်သည်။ သူ့ပတ်ပတ်လည်မှ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်ကို စုခဲပြီးနောက် သူသည် အပလောက၏နတ်ရေကို ခဲပြီး ကြီးမားသောချပ်ဝတ်တန်ဆာအဖြစ်ပြောင်းလေသည်။
ထိုအချိန်တွင် ထိုရောင်ဝါချပ်ဝတ်တန်ဆာသည် ပေထင်းဟွမ်၏ ဓားချက် ကြောင့် တစ်ချက်တည်းနှင့် လုံးလုံးလျားလျားကွဲကြေသွားလေသည်။
ချုံချီနှင့်တခြားသူများသည် မျက်စိရှေ့တွင်မြင်နေရသော မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်လေသည်။ ပေထင်းဟွမ်မှ လိပ်အိုကြီး၏ အကြမ်းခံသော တံတိုင်းကို ဖျက်ပြီးနောက် လိပ်အိုကြီး၏ ပေထင်းဟွမ်၏လက်ချက်ဖြင့် မိုးပေါ် မှ မြေကြီးထိ ကျသွားပြီး မြေပေါ်သို့ နောက်ပြန်လန်ကျရာ ကန်ထဲတွင် ကြီးမားသောလှိုင်းများ မြင့်တက်လာလေသည်။
ဝါး
“ဟင်း” ချုံချီနှင့်တခြားသူများသည် လေးလံစွာဖြင့် လေကို ရှိုက်သွင်း လိုက်သည်။ ပေထင်းဟွမ်၏ လှုပ်ရှားမှုသည် အလွန်ကြမ်းတမ်းသည်။
ဒါက မိန်းကလေးရောဟုတ်ရဲ့လား။ လေးယောက်သားသည် ပေထင်းဟွမ်အား ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်လေသည်။ ဤကဲ့သို့ ကြမ်းတမ်းသောမိန်းကလေးအား လက်ထပ်လျှင် သူတို့သခင် အဆင်ပြေပါမည် လား။
ထိုအချိန်တွင် ယန်ယဲ့သည် မျက်မှောင်ကြုတ်နေပြီး သူ၏မျက်လုံးထဲ ဒေါသအလွှာပေါ်လာကာ ပေထင်းဟွမ်အား စိုက်ကြည့်လေသည်။ အပလောက လိပ်ကြီး လေပေါ်မှ ပြုတ်ကျပြီး ကန်အောက်ခြေနှင့်ရိုက်မိသည့်အချိန်ထိ ပေထင်းဟွမ်မှာလည်း ခက်ခဲခဲ့သည်။ သူမ၏ပုံရိပ်သည် လေထဲတွင် လှုပ်ခါနေ ပြီး အရှေ့အနောက်ယိုင်သွားသော်လည်း နောက်လန်မကျအောင် တောင့်ခံနေ တုန်းပင်ဖြစ်သည်။
သို့သော် သူမသည် လက်မြှောက်ပြီး သူမ၏နှုတ်ခမ်းများကို ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။ နှုတ်ခမ်းတွင် သွေးစီးကြောင်းကျန်နေသေး သည်ကို ယန်ယဲ့အပါအဝင် ချုံချီတို့ မြင်နေရတုန်းပင်။
“ဟွမ်အာ” ယန်ယဲ့၏ တိုးညင်းပြီး အေးစက်သည့်အသံသည် ကန်အထက် တွင်ပေါ်လာကာ ပေထင်းဟွမ်သည် ယန်ယဲ့အားတစ်ချက်ကြည့်လိုက်၏။ သူမ သည် ယန်ယဲ့၏မျက်လုံးထဲမှ ထိခိုက်နာကျင်မှုကိုမြင်လိုက်ရလေသည်။ သို့သော် သူမ၏မျက်လုံးထဲတွင် သတိပေးသည့်အရိပ်အယောင်ကျန်နေဆဲဖြစ် ပြီး သူမသည် ယန်ယဲ့အား မလှုပ်ရှားစေချင်ပေ။ သူမသည် အပလောက ပင်လယ်လိပ်နတ်ဘုရားကို အောင်နိုင်ပြီး ဖျောင်းဖျသည့်နေရာတွင် သူမ၏ ကိုယ်ပိုင်ခွန်အားကိုမှီခိုချင်သည်။
ထိုအချိန်တွင် ကန်သည်အနီရောင်ပြောင်းသွားသည်။ အနီရောင်လှိုင်းလုံး ကြီးများသည် တစ်လွှာပြီးတစ်လွှာ လှိမ့်တက်လာသည်။ ထိုမြင်ကွင်းကိုကြည့် ပြီး ချုံချီနှင့်တခြားသူများသည် ကန်ဆီသို့ ပြေးကြလေသည်။ သူတို့သည် ထင်ယောင်ထင်မှားမြင်လိုက်ရသလို ထင်လိုက်ကြ၏။ သို့သော် ကြီးမားသော ကန်၏ မူလက ကြည်လင်သောရေသည် သွေးနီရောင်စွန်းသွားလိမ့်မည်ဟု မျှော်လင့်မထားကြပေ။
ထိုသွေးသည် ပြောဖို့မလိုအောင်ပင် ပင်လယ်လိပ်၏သွေးပင်ဖြစ်သည်။
“ကောင်မစုတ်လေး ငါ မင်းကိုသတ်မယ်” ပင်လယ်လိပ်သည် ကန်ထဲမှ ခုန်ထွက်လာပြီး မိုးပေါ်တွင် ပေထင်းဟွမ်နှင့် တစ်တန်းတည်းရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် အထူဆုံးလိပ်ခွံအလွှာပင်လျှင် အက်ကွဲသွားပြီး သွေး များသည် မိုးကဲ့သို့စီးကျလာသည်။ သူ၏ဝိညာဉ်စွမ်းအင်ဒိုင်းကာကို ဖျက်ရန် အတွက် ပေထင်းဟွမ်တွင် ဤကဲ့သို့အရည်အချင်းမျိုးရှိလိမ့်မည်ဟု သူ မထင် ထားခဲ့ပေ။
သူ၏အပလောကပင်လယ်နတ်ရေဖြင့် ခဲလိုက်သော ရေခဲအလွှာရောင်ဝါ ဒိုင်းကာသည် သူ၏ခန္ဓာကိုယ်ကိုဖုံးအုပ်လေသည်။ ရေခဲအလွှာအဖျက်ခံလိုက်ရ ချိန်တွင် သူ၏ခန္ဓာကိုယ်သည် ကြီးမားသောအင်အားကြောင့် ပြိုကွဲသွားပြီဖြစ် သည်။
သေစေလောက်သော ဒဏ်ရာများမဟုတ်သော်လည်း တချို့အသား ဒဏ်ရာများသည် အပလောကပင်လယ်လိပ်ကြီးအား မသက်မသာဖြစ်စေ၏။ ကြီးမားသောလိပ်ကြီးသည် တောင်ကြီးတစ်လုံးကဲ့သို့ဖြစ်နေရာ သွေးများသည် အတန်ကြာသည်အထိ အထွက်မရပ်သေးပေ။ သို့သော် ဤမချမ်းမြေ့ဖွယ်ရာ အခြေအနေသည် လူများကို ထိတ်လန့်စေသည်။
“ငါ့ကိုသတ်ချင်တာလား၊ အဲဒါက မင်းရဲ့အစွမ်းအစရှိလားဆိုတဲ့အပေါ်မှာ မူတည်တယ်” ပေထင်းဟွမ်သည် နှုတ်ခမ်းထောင့်မှ နောက်ဆုံးလက်ကျန် သွေးကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည် “တစ်နေ့ ငါ ၃၃ ကောင်းကင်ဘုံကို ပြန် မယ်၊ တစ်နေ့ ငါပိုင်ဆိုင်ခဲ့တာတွေ အကုန်ပြန်ယူမယ်၊ ငါ့ဂုဏ်၊ ငါ့ဂုဏ်သရေ၊ မင်းက အရှင်ကြီးဖြစ်တာနဲ့ပဲ ဟုတ်လှပြီထင်နေတာလား၊ ဟင်း အခု ငါမို့လို့သာ မဟုတ်ရင် မင်းက ငါ့စာချုပ်သားရဲဖြစ်ဖို့ ထိုက်တန်တယ်လို့ထင်နေတာလား”