Chapters

ကြမ်းလိုက်တာ

Vol. 63 Ch. 1255

ကြမ်းလိုက်တာ

Vol. 63 Ch. 1255

မောက်မာလိုက်တဲ့မိန်းကလေးပဲ။

သူမသည် အရှင်ကြီးခွန်အားရှိသည့်သားရဲကို သူမ၏ စာချုပ်သားရဲအဖြစ် လိုချင်သည်။ သို့သော် မောက်မာနေဆဲဖြစ်ကာ ပုန်ကန်သည့်စိတ်အပြည့်နှင့် ဖြစ်သည်။ သို့သော် ထိုစကားများကိုပြောပြီးနောက်တွင် သူမသည် ထိုစကား များပြောရန် ထိုက်တန်သည်ဟု အပလောကပင်လယ်လိပ်ကြီး ဝန်ခံရပေတော့ မည်။

သူမသည် မည်သူနည်း။ သူမသည် ဖန်ဆင်းရေးနတ်ဘုရား၏သွေးသား အနောက်တောရိုင်းက မင်းသမီးဖြစ်ခဲ့ပြီး ကစဥ့်ကလျားနတ်အရင်းအမြစ်မှ ရွေးချယ်ထားသည့်လူဖြစ်ကာ ၃၃ ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်မှ ကြင်ယာတော်အဖြစ် တင်မြှောက်ချင်သူဖြစ်ကာ ယန်းမို့ထျန်းမျိုးနွယ်ဧကရာဇ် ၏ ချစ်သူလည်းဖြစ်သည်။

အရေးအကြီးဆုံးမှာ အရှင်မဟွမ်ကျို့ဟု ပြောလျှင် ၃၃ ကောင်းကင်ဘုံ တစ်ခုလုံးတွင် မည်သူမှ လက်မထောင်ပြီး မချီးကျူးဘဲမနေနိုင်ပေ။ ပြိုင်ဘက် ကင်း ကျော့ရှင်းသည်။

“ကောင်မလေး အများကြီးမပြောနဲ့လေ မင်းရဲ့လက်ရှိသားရဲကို မှီခိုလိုက် ရုံနဲ့တင် ကိုးရောင်အထွတ်အထိပ်က မင်းနဲ့စာချုပ်တည်ထောင်ရင်တောင် ခွန်အားက နတ်ဘုရားအဆင့်သားရဲ အရည်အချင်းပဲရှိတာပဲ” ပင်လယ်လိပ်ကြီးပြောလေ သည် “ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ မင်းက နတ်ဘုရားတစ်ပါးထက် မသာလွန် ဘူး”

သူပြောလိုက်သောအခါ ချုံချီပင်လျှင် လိပ်အိုကြီးကို သွားရိုက်ချင်မိလေ သည်။ ပေထင်းဟွမ်သည် ဒေါသမထွက်ပေ။ သူမသည် နှုတ်ခမ်းထောင့်ကိုဆွဲ ပြီး သဲ့သဲ့ပြုံးလေသည်။ သူမ၏မျက်လုံးများသည် အေးစက်နေပြီး စကားတစ် ခွန်းမှမပြောတော့ဘဲ လက်ထဲမှဓားပျော့ကို မြင့်မြင့်မြှောက်ကာ ကြည်လင်စွာ အော်ဟစ်လိုက်သည်။

“ဝမ်ကျန်းထျန်းတိမေ့”

လှုပ်ရှားမှုစတင်လာသည်။ ပေထင်းဟွမ် စိတ်အေးလက်အေးမဖြစ်ဟု မည်သူမှ တွေးမထားပေ။ ထိုအချိန်တွင် ကောင်းကင်အထက်၌ မရေမတွက်နိုင် သော ဓားပျော့များသည် ကိုးရောင်မီးတောက်နှင့်အတူ တောက်ပလာပြီး အားလုံး၏ဦးခေါင်းအထက်တွင် တွဲလောင်းကျနေလေသည်။ ပေထင်းဟွမ် အတွေး၏လှုပ်ရှားမှုနှင့်အတူ ဓားပျော့အားလုံးသည် အတူစုဝေးကာ နောက်ဆုံး တွင် ပြန်လည်စူးစိုက်လာပြီး ငွေချည်မျှင်ကဲ့သို့ ပါးလွှာသည့်အေးစက်သော အလင်းသည် ပင်လယ်လိပ်ဆီသို့ ခုတ်ချသည်ကိုသာ မြင်ရလေသည်။

“သေစမ်း”

အပလောကပင်လယ်လိပ်ကြီး၏မျက်လုံးထဲတွင် ငွေရောင်ချည်မျှင်သည် ပိုပိုပြီးတောက်ပလာသည်။ မီးတောက်များသည် ငွေချည်အား အငွေ့ပျံစေပြီး ပတ်ပတ်လည်မှလေသည် မီးတောက်ကြောင့် အငွေ့ပျံသွားလေသည်။ ထို အခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးကြားမှ အပူချိန်သည် နေဆယ်စင်း ကဲ့သို့ မြင့်နေသည်။ ကန်ရေပြင်ပေါ်တွင် မြူခိုးများ တလှိမ့်လှိမ့်တက်လာပြီး အမြဲတမ်းအေးစက်နေသော ပင်လယ်ကြီးကို မသက်မသာဖြစ်စေလေသည်။

ထိုငွေချည်ကိုကြည့်ပြီး ချုံချီနှင့်တခြားသူများသည် မျက်လုံးများ ကျဉ်းမြောင်းမိကြလေသည်။ ထိုခုတ်ချက်နှင့်အတူ ကမ္ဘာတစ်ခုလုံးမှ ဝိညာဉ်စွမ်းအင်သည် အငွေ့ပျံသွားပြီး တခြားနေရာများမှ ဝိညာဉ်စွမ်းအင်သည် ခြေချင်းလိမ်နေသည်။ ရလဒ်အနေနှင့် လေဟာပြင်တစ်ခုလုံး ပြိုလဲသည့် အလား ချုံချီနှင့်တခြားသူများသည် ကြီးမားသောလေလှိုင်းလုံးကြီးကြောင့် လှုပ်ခါသွားပြီး အလောတကြီး နောက်ပြန်ဆုတ်လေသည်။

“ကြမ်းလိုက်တာ” ပိုင်ဇီသည် သက်ပြင်းချမိလေသည်။

ပင်လယ်လိပ်ကြီးသည် ပထမဆုံးအကြိမ်အနေနှင့် ပေထင်းဟွမ်ကြောင့် သတိလက်လွတ်ဖြစ်သွားကာ လိပ်ခွံပေါ်တွင် အမှတ်အသားကျန်နေခဲ့သည်။ ထိုအမှတ်အသားမှာ ကိုးရောင်နိဗ္ဗာန်မီးကြောင့် ဖြစ်ပေါ်လာခြင်းပင်။ ဒုတိယ အကြိမ်ထိပင် ပေထင်းဟွမ်၏ခွန်အားမှာ သန်မာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ရန်သူကို အထင်သေးမိခဲ့ရာ သူ ဒဏ်ရာရခဲ့သည်။

ဤအချိန်တွင် လိပ်ခေါင်းသည် မည်မျှပင် နှေးကွေးစေကာမူ နတ်ဘုရား ဓားအဆင့်သာရှိသည့် ဤလူဝင်စားမိန်းကလေးသည် အထင်သေး၍မဖြစ်တော့ သည်ကို သိလာသည်။

အပလောကနတ်လိပ်သည် ပါးစပ်ဟပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ကောင်းကင်နှင့်မြေကြီးကြားမှ ဝိညာဉ်စွမ်းအင်သည် သူ၏ပါးစပ်ထဲသို့ တိုးဝင် လာပြီး သူ့ဆီသို့ လျင်မြန်စွာရွေ့လျားသွားလေသည်။ ၎င်းသည် ကြီးကြီးလာ ကာ အဖြူရောင်ငွေအလင်းနှင့် ထူးဆန်းသည့် ကမ္ပည်းစာသည် လိပ်ခွံပေါ်တွင် ပေါ်လာသည်။ ကမ္ပည်းစာသည် ဖြည်းဖြည်းချင်းလှည့်ပတ်နေပြီး နောက်ဆုံး တွင် ပိုပိုမြန်လာလေသည်။

“ဒီ ဒီအဘိုးကြီးက တကယ်ပဲ ဆက်ခံတဲ့အရည်အချင်းကို သုံးလိုက်တာ လား” ရွှမ်ဝူနှင့် အပလောကလိပ်ကြီးသည် မျိုးနွယ်တူရာ ဤဆက်ခံသည့် အရည်အချင်းကို သူ ကောင်းကောင်းသိသည် “ဒါကပေမင်း ပုံသေနည်းပဲ၊ ဧကရီ တောင့်ခံနိုင်မှာမဟုတ်ဘူး”