လက်ခံပြီလား
Vol. 63 Ch. 1256
ယန်ယဲ့သည် ကောင်းကင်စာအုပ်နှင့်တူသော မရှင်းလင်းသည့် ထိုကမ္ပည်းစာများကိုကြည့်ပြီး မျက်လုံးခရမ်းရောင်မှာ မုန်တိုင်းမလာခင် ကောင်းကင်ကဲ့သို့ ပို၍နက်မှောင်လာကာ လျှပ်စီးဖျော့ဖျော့ရှိနေသလိုထင်ရ၏။ သူ၏ခန္ဓာကိုယ်မှ အန္တရာယ်များသောရောင်ဝါ တဖြည်းဖြည်းမြင့်တက်လာ သည်။
အပလောကလိပ်ကြီးသည် မိုးပေါ်မှပေထင်းဟွမ်အား သနားသည့် အကြည့်ဖြင့် ကြည့်လေသည်။ သူမသည် သွေးနီရောင် နတ်ဘုရားအဆင့် သားရဲမှ အသွင်ပြောင်းထားသော ပြောင်မြောက်သည့်တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ မီးတောက်မြေခွေး၏ အနီရဲရဲအမြီး ကိုးချောင်းသည် သူမ၏အနောက်တွင် လွင့်နေပြီး အချိန်နှင့်နေရာကို ဖြတ်လာ သကဲ့သို့ သူမကို ဆင်ယင်ပေးလေသည်။ မီးတောက်နတ်ဘုရားမအတိုင်း သူမ ၏ အသံသည် အက်ကွဲကွဲနှင့် ကောင်းကင်နှင့်မြေကြီးအကြားတွင် ထွက်ပေါ် လာသည်
“မြောက်ပိုင်းအမှောင် မုန်တိုင်းခုတ်ချက်”
ပေထင်းဟွမ်၏မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ အေးစက်သော အလင်းသည် ထက်ရှသောဓားတစ်ချောင်းကဲ့သို့ ထူးဆန်းသည့်ကမ္ပည်းစာများ ကို ဖြတ်သွားလေသည်။ သူမသည် အေးစက်စွာနှာမှုတ်လိုက်ကာ ခန္ဓာကိုယ်ထဲ မှ ရွှေရောင်အမြုတေကို လှုံ့ဆော်ပြီး ငွေချည်ထဲသို့ အားကောင်းသော နတ် စွမ်းအားကို ထပ်ထပ်ထည့်လိုက်လေသည်။ ဆက်ခံခြင်းအရည်အချင်းသည် မည်သို့တတ်နိုင်မည်နည်း။ အပလောကပင်လယ်လိပ် နတ်ဘုရားသည် ရှေး သားရဲဆိုလျှင်တောင် မည်သို့တတ်နိုင်မည်နည်း။
ဤပင်မတိုက်ကြီးတွင် နဂါးပင်လျှင် သူမခြေရင်းရှေ့တွင် ပြားပြားဝပ်ရ သည်။
ကမ္ပည်းစာသည် လိပ်ခွံပေါ်တွင် မနားတမ်းလှည့်နေကာ နောက်ဆုံးတွင် ဘီးတစ်လုံးကဲ့သို့ ကောင်းကင်ဆီသို့ရွေ့လျားသွားပြီး လိပ်အိုကြီးဖြတ်လိုက် သည့် ငွေချည်နှင့် သွားဆုံလေသည်။ နောက်ဆုံးတွင် တစ်ခုနှင့်တစ်ခု ပြင်းထန် စွာတိုက်မိလေသည်။
ကျစ် ကျစ် ကျစ် ကျစ်
ကမ္ပည်းစာသည် စွမ်းအင်နှင့်ဓားပြောင်းပြီး ငွေချည်ပြတ်သွားသည့် အခိုက်အတန့်တွင် လှိုင်းတွန့်များဖြစ်ပေါ်လာသည်။ မီးတောက်၏လောင်ကျွမ်း မှုကြောင့် အသံများထွက်ပေါ်လာကာ ရုတ်တရက်ဆိုသလိုပင် ပင်လယ်လိပ်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားပြီး ပဲစေ့မျက်လုံးတစ်စုံပေါ်လာ၏။ တစ်ခါတစ်ခါတွင် စွမ်းအင်မှအသွင်ပြောင်းထားသော ဘီးလုံးကို ကမ္ပည်းစာမှ ထောက်ပံ့ပေးထားပြီး ပေထင်းဟွမ်၏ ငွေချည်ကို သယ်ဆောင်မသွားနိုင်သည် ကိုမြင်နေရသည်။
ငွေချည်သည် ဘီးလုံးအား လျင်မြန်စွာ ထိုးဖောက်ပြီး ကမ္ပည်းစာသည် လည်း ဖတ်ရခက်လောက်အောင်ပင် လောင်ကျွမ်းလေသည်။ ၎င်းသည် အပ လောကလိပ်ကြီးဆီသို့ အဟုန်ဖြင့်ထိုးဝင်သွားပြီး လိပ်ခွံကို ကြမ်းတမ်းစွာ ဝင်တိုက်လေသည်။
“အား”
အက်ကွဲပြီး ကျောချမ်းစရာအသံသည် ကောင်းကင်ကိုဖြတ်သွား၏။ ထို အခိုက်အတန့်တွင် အပလောကပင်လယ်လိပ်ကြီး၏ ကျောဘက်အခံတွင် မှန်တစ်ချပ်ကွဲသွားသကဲ့သို့ အက်ကြောင်းများပေါ်လာသည်။ နှင်းပုံစံ အက်ကြောင်း ထွက်လာသည်မှာ အလွန်ပင် ဝမ်းနည်းစရာကောင်းလေသည်။
“ကျွတ်”
ချုံချီသည် ကျောမချမ်းဘဲမနေနိုင်ပေ။ သူသည် ကြက်သီးထစွာဖြင့် လက်ကိုတင်းတင်းပိုက်ထားသည်။ ထိုအခိုက်အတန့်တွင် သူ၏စိတ်ထဲတွင် တစ်ခုခိုင်မာသွားသည်။ ဤဘဝတွင် သခင်၏အမိန့်ကို ဖီဆန်ရမည်ဆိုလျှင် တောင် ဧကရီအား မနာခံဘဲမနေရဲပေ။
ဤမိန်းကလေးသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလေသည်။
ပိုင်ဇီနှင့်တခြားသူများသည် လိပ်အိုကြီး၏အခွံပေါ်မှ ဖော်မပြနိုင်လောက် အောင်ဖြစ်နေသော အက်ကြောင်းများကို ရှင်းလင်းစွာမြင်လိုက်ရချိန်တွင် နှလုံး မှာတုန်ယင်သွားလေသည်။ သူတို့လည်း ချုံချီနှင့်တူညီစွာပင် တွေးမိလိုက်ကြ ၏။
နတ်မိစ္ဆာဧကရီအရှင်မ၏ တိုက်ခိုက်ရေးစွမ်းအားသည် အမှန်တကယ်ပင် ကြမ်းတမ်းသည်။
“အာ..” အပလောကလိပ်ခွံသည် ဓားချက်ကြောင့် ပြုတ်ကျသွားသည်။ ဓားပျော့သည် သူ၏အသွေးနှင့်အသားကို ထိုးဖောက်မသွားသော်လည်း လိပ်ခွံ ကွဲအက်သွားသည်။ အပလောကလိပ်ကြီးသည် ဤကဲ့သို့နာကျင်မှုမျိုး တစ်ခါမှ မခံစားဖူးပေ။ ပြင်းထန်သောနာကျင်မှုသည် သူ၏တစ်ကိုယ်လုံးကို တွန့်လိမ် သွားစေသည်။
ကန်ထဲမှရေသည် သူ၏တစ်ကိုယ်လုံးကို ဖုံးအုပ်ဝါးမျိုနေပြီဖြစ်သည်။ ပင်လယ်လိပ်သည် ခေါင်းမော့ကြည့်ရာ ပေထင်းဟွမ်၏မျက်လုံးထဲမှ အေးစက် သောအကြည့်ကို မြင်နိုင်လေသည်။ ဒီမိန်းကလေးက ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။
“အရှုံးပေးပြီလား” ဤကြီးမားသောတိုက်ကွက်ထုတ်ပြီးနောက် ပေထင်းဟွမ်၏ အသားအရေမှာ အနည်းငယ်ဖျော့တော့လာသည်။ သူမကိုယ် တိုင်မှာလည်း ခံစားရမကောင်းတော့ပေ။ သို့သော် သူမသည် အပလောက ပင်လယ်လိပ်ထက်ပင် ပို၍ယုံကြည်ချက်ရှိနေသည်။ ထိုယုံကြည်ချက်သည် သူမ၏ လှည့်ကွက်ကိုသုံးရာတွင် ထောက်ပံ့ပေးရန်လုံလောက်သည်။ သူမ၏ လက်များသည် လေထဲတွင် အဆက်မပြတ်ပြောင်းလဲနေပြီး ထူးဆန်းသည့် ဟန်အမူအရာများ ပြုလုပ်လေသည်။