ရက်စက်တဲ့လူ၊ ညှိနှိုင်းမှုမရှိ
Vol. 63 Ch. 1257
ပင်လယ်လိပ်သည် ငြင်းတော့မည်အပြုတွင် ပေထင်းဟွမ်၏ အပြုအမူကို ရှင်းလင်းစွာမြင်လိုက်ရာ သူ၏ပဲစေ့မျက်လုံးများသည် လှုပ်ခါသွား၏။ ယန်ယဲ့ အပါအဝင် ချုံချီနှင့်တခြားသူများသည် အလိုလိုပင် နောက်ဆုတ်သွားကြသည် ကို သူမြင်လိုက်ရသည်။ ထင်ရှားစွာပင် ပေထင်းဟွမ် နောက်လုပ်မည့်အရာကို သူတို့အားလုံးမြင်လိုက်ရသည်။
သူမသည် လက်တစ်ဖက်စီတွင် မီးတောက်လုံးများကို ကိုင်ဆောင်ထား ပြီး ဘယ်ဘက်လက်တွင် ရွှေရောင်မီးတောက်လုံးရှိပြီး ညာဘက်လက်မှာ ကိုးရောင်နိဗ္ဗာန်မီးတောက်လုံးရှိနေသည်။ ဤမိန်းကလေးသည် ကောင်းကင် နှင့်မြေကြီးမှ ဤမီးတောက်နှစ်ခုကို ပေါင်းစပ်လိုက်မည်ကို မကြောက်ပေ။ သူမသည် ဤမီးတောက်နှစ်ခုကို မည်သို့အောင်နိုင်ရမည်ကို သိနေသည်လား။
မီးတောက်နှစ်ခု ဆန့်ကျင်ပြီး ပေါက်ကွဲပါက... နေဦး။ ဒီရူးနေတဲ့ မိန်းကလေးက မီးတောက်နှစ်ခုနဲ့ သူ့ကို သေအောင်ထိ ဖောက်ခွဲမလို့လား။
“ဖြည်းဖြည်း ဖြည်းဖြည်း”
လက်တစ်ဖက်စီတွင် မီးတောက်လုံးများကို ကိုင်ပြီး ပေါင်းစပ်ရန် သင့်ဖြစ် နေသည့် ပေထင်းဟွမ်ကိုကြကြည့်ပြီး အပလောကလိပ်ကြီးသည် အသက်ရှူသံ မတည်ငြိမ်သည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူသည် ကန်မှထွက်လာပြီး ပေထင်းဟွမ်အားပြောလေသည် “ကောင်မစုတ်လေး မင်းက ငါ့ကို စာချုပ် သားရဲအဖြစ်မလိုချင်တော့ဘူးလား၊ ငါက အရှင်ကြီးနော် မင်း ငါ့ကို ထိန်းကျောင်းနိုင်မယ်လို့ထင်လား”
“မထင်ပါဘူး” ပေထင်းဟွမ်သည် နှုတ်ခမ်းထောင့်ကိုကွေးတွန့်ကာ ဖြည်းဖြည်းချင်းပြုံးလေသည်။ မထင်မှတ်စွာပင် သူမသည် အပလောကလိပ် အား နွေးထွေးမှုမရှိသည့် ရက်စက်သောမျက်လုံးများဖြင့် စိုက်ကြည့်လေသည် “အခုစိတ်ပြောင်းသွားပြီ မင်းရဲ့ ဆန္ဒကိုဘယ်လိုလုပ် မလိုက်လျောဘဲနေတော့ မလဲ၊ မင်းကို စာချုပ်တည်ထောင်ချင်လားတဲ့၊ မင်းကို ငါ့စာချုပ်သားရဲအဖြစ် မလိုချင်မှတော့ ကောင်းကောင်းလေးတိုက်ခိုက်ကြတာပေါ့”
အပလောကလိပ်ကြီးသည် ရုတ်တရက် ပေထင်းဟွမ်၏စကားများကို နားမလည်ပေ။ ဒီမိန်ကလေးက ပြန်ဝင်စားတဲ့အတောအတွင်းမှာ စိတ်မနှံ့တဲ့ရောဂါ မခံစားရတာ သေချာရဲ့လား။ ယန်ယဲ့ကရော ဒီကောင်မလေး မှာ စိတ်ရောဂါရှိနေတာသိလား။ ခဏနေ သူ့ကို စာချုပ်သားရဲအဖြစ်လိုချင် လိုက် ခဏနေ မလိုချင်လိုက်နဲ့။
ပင်လယ်လိပ်၏ ထိတ်လန့်သော မျက်လုံးများအောက်တွင် ပေထင်းဟွမ် သည် ထူးဆန်းသောနည်းလမ်းဖြင့် မီးတောက်နှစ်ခုကို ပေါင်းစပ်ပြီးလေသည်။ ကျောက်စိမ်းကဲ့သို့ ဖြူစွတ်သော သူမ၏လက်သည် ညင်သာစွာပင် မီးတောက် ကို ထိုးဆိတ်လသေည်။ တစ်ဝက်မှာ ကိုးရောင်မီးတောက်ဖြစ်ပြီး ကျန်တစ်ဝက် မှာ အနီရဲရဲမီးဖြစ်သည်။ အလယ်ရှိ ကြိုးမျှင်ခပ်ဖျော့ဖျော့သည် မီးတောက်နှစ်ခု ကို ချိတ်ဆက်လိုက်ပုံရကာ တစ်ဖက်တွင် ပန်းတစ်ပွင့်ပုံစံပြောင်းလဲလေသည်။
ပီအန်းပန်းသည် အလွန်လှပသည်။ သို့သော် အပလောကပင်လယ်လိပ် သည် ဤအခိုက်အတန့်တွင် လေးစားရလောက်အောင် မတုံးအပေ။ သူ၏ ပဲစေ့ မျက်လုံများသည် တဖြည်းဖြည်းကျယ်လာပြီး မျက်အိမ်မှာလည်းကျယ်လာကာ ပေထင်းဟွမ်၏လက်မှလွတ်မြောက်လာပြီး သူ့ဆီသို့ ဦးတည်လာသော ကလေးလက်သီးဆုပ်အရွယ်အစားရှိသည့် ပီအန်းပန်းကို ကြည့်လေသည်။
“သွားတော့”
ပေထင်းဟွမ်၏အသံသည် တိုးညင်းစွာထါက်လာသည်။ ထိုပီအန်းပန်း ထွက်သွားပြီးနောက် ပေထင်းဟွမ် အနည်းငယ် အားနည်းနေပြီဖြစ်သည်။ သူမ သည် လေထဲတွင်ပေါလောပေါ်နေပြီး ယန်ယဲ့၏ပုံရိပ်သည် တစ္ဆေတစ်ကောင် ကဲ့သို့ ပျံပြီး သူမအား ရင်ခွင်ထဲသို့ထည့်ထားလိုက်လေသည်။ ထိုအချိန်မှပင် သူသည် ထိုထူးခြားသည့်ပီအန်းပန်းကို ကြည့်ရန်အချိန်ရတော့သည်။
ပေထင်းဟွမ်သုံးခဲ့သည့်နည်းလမ်းမှာ သန့်စင်သောမြို့ကို ဖျက်ဆီးခဲ့သည့် နည်းဖြစ်သည်ကို ယန်ယဲ့သိသည်။ ပေထင်းဟွမ်တစ်ယောက်သာ ဤအလွန် ထူးခြားသည့်နည်းပညာကိုသိသည်။ ယနေ့ သူတည်ဆောက်ခဲ့သည့်ကမ္ဘာသည် ဤကောင်မလေးကြောင့် ပျက်စီးသွားမည်ကို သူ ကြောက်သည်။
သို့သော် သွေးနားထင်ရောက်နေသော အပလောကပင်လယ်လိပ်လိုလူ မျိုးသည် ဤကဲ့သို့ခြိမ်းခြောက်သည့်နည်းလမ်းနှင့်မှ အောင်နိုင်လိမ့်မည်။
“အာ.. ပြဿနာကောင် ငါက မင်းရဲ့ စာချုပ်သားရဲလုပ်ပါမယ်လို့ ကတိ ပေးပြီးပြီလေ ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ” အပလောက ပင်လယ်လိပ်သည် များစွာခံစားနေရပြီဖြစ်သည်။ ၎င်းသည် ပေထင်းဟွမ် ယခု လို ညှိနှိုင်းမှုမရှိ စိတ်လိုက်မာန်ပါလုပ်သည်ကို မခံစားနိုင်ပေ။
သူ အော်ဟစ်လိုက်သည်။ ပြီးနောက် တစ်ဖက်မှ ပန်းသည် လေတိုက် သည်နှင့် လက်ဆေးကန်တစ်လုံးစာ ကြီးထွားလာသည်ကို မြင်လိုက်ရသည်။ သူသည် သူ၏ဆက်ခံခြင်းနယ်ပယ်ကို ထုတ်ပြရမည်ဖြစ်ရာ ခေါင်းမှာ လိပ်ခွံထဲသို့ တိုဝင်သွားလေသည်။ တစ္ဆေပင်လယ်နတ်၏ရေသည် ရေကဲ့သို့ပင် ပီအန်းပန်းဆီသို့ ထိုးထွက်သွားလေသည်။