Chapters

ဒီလိပ်အိုကြီးကိုသေအောင်ထိ ကင်လိုက်

Vol. 63 Ch. 1258

ဒီလိပ်အိုကြီးကိုသေအောင်ထိ ကင်လိုက်

Vol. 63 Ch. 1258

ပင်လယ်နတ်ရေသည် ညသန်းခေါင်ထက်ပင် ပို၍မည်းနက်သည်။ ၎င်း သည် ကောင်းကင်နှင့်မြေကြီးအလင်းနှင့်အတူ တောက်ပနေသော ပီအန်းပန်း ကို ရစ်ပတ်လေသည်။ ထို့ကြောင့်ပင် ထိုလူများသည် ၎င်း၏အရောင်ကို ရှင်းလင်းစွာမမြင်ရပေ။ ထိုအရာကိုကြည့်ပြီး ချုံချီနှင့်တခြားသူများသည် မျက်အိမ်များ တွန့်သွားမိသည်။ အပလောက၏နတ်ရေသည် အပလောက လိပ်၏နတ်ရေဖြစ်သည်ကို သူတို့သိကြသည်။

အပေလောကလိပ်သည် ၎င်း၏ဘဝတွင် နတ်ရေအကုန်လုံး ထုတ်သုံးရန် ဖိအားပေးခံနေရသည်။ ဤတိုက်ပွဲတွင် ပေထင်းဟွမ်ရှုံးလျှင်တောင် ဂုဏ်ယူစရာဖြစ်သည်။

ထို့အပြင် အပလောကလိပ်သည် အရှင်ကြီးအဆင့် မှော်သားရဲဖြစ်သည်။ နှစ်ပေါင်းများစွာကြပြီးနောက် အထွတ်အထိပ်အဆင့်သို့ မတက်လျှင်တောင် ၎င်း၏ ခွန်အားသည် အရှင်ကြီးအဆင့်ကို ပြီးမြောက်နေပြီဖြစ်သည်။ အထွတ်အထိပ်သို့ ရောက်ရန် ခြေလှမ်းတစ်ဝက်သာလိုတော့သည်။

ပေထင်းဟွမ်သည် ဓား ၁ လက်နတ်ဘုရားသာဖြစ်သေးကာ နတ်ဘုရား အဆင့်သို့တက်ခဲ့သည်မှာလည်း တစ်လပင်မပြည့်သေးပေ။

ပေထင်းဟွမ်သည် ယန်ယဲ့၏ရင်ခွင်ကိုမှီထားသည်။ သူမ၏ကျဉ်းမြောင်း နေသော မျက်လုံးများသည် မှောင်မိုက်သောည၏ကြယ်များကဲ့သို့ တောက်ပ နေပြီး အပလောကရေသည် တစ်ဖက်ရှိပန်းအားရစ်ပတ်နေသည်ကို စိုက်ကြည့် နေသည်။ သူမ၏နှာခေါင်းထဲမှ ဟင်းခနဲသက်ပြင်းချသံထွက်လာပြီး အထင် သေးသည့် အမူအရာသည် သူမ၏ အတွေးများကို ရှင်းပြနေသည်။ သူမသည် မင်ဟိုင်ရှန့်ရွှေကို အလေးအနက်မထားပေ။

“အဲဒီကိုးရောင်နိဗ္ဗာန်မီးက သာမန်ကိုးရောင်နိဗ္ဗာန်မီးလို့ထင်ရင် သူရှုံးမှာ ပဲ” ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးလိုက်သည်။

“အင်း” ယန်ယဲ့သည် ပေထင်းဟွမ်၏အကြည့်နောက်လိုက်ရာ အပလောက၏ အဆုံးမရှိမည်းနက်သောညနှင့်တူသည့် လှိုင်းအလွှာတွင် တစ်စုံတစ်ရာမှ ထိုးဖောက်ထွက်လာသကဲ့သို့ ရေလှိုင်းမြင့်တက်လာပြီး မြူခိုး အမည်းအလွှာသည် ပင်လယ်နတ်ရေထဲမှ လွတ်မြောက်လာလေ၏။ မြူခိုးများ အငွေ့ပျံသွားသည်နှင့် နတ်ရေမျက်နှာပြင်သည် ဆက်လက်ကျနေတုန်းပင်။

“ဒါ ဒါ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ချုံချီနှင့်တခြားသူများ မဖြစ်နိုင်လောက်ဟု ခံစားလိုက်ရုံသာမကဘဲ ပင်လယ်လိပ်ကြီးပင် မယုံနိုင်လောက်အောင်ဖြစ်နေသည်။ ပဲစေ့မျက်လုံးတစ်စုံ သည် မင်ဟိုင်ရှန့်ရေမှထွက်လာသော အရောင်တောက်တောက် အစက်အပျောက်ကို စိုက်ကြည့်နေသည်။ ထိုတောက်ပသောအလင်းသည် သူ၏ မျက်လုံးထဲတွင် ပိုကြီးလာလေသည်။ လက်ဆေးကန်အရွယ်အစားရှိ သော ပီအန်းပန်းသည် မိုးကြိုးစွမ်းအားနှင့်အတူ အပလောကနတ်ရေကို ထိုးဖောက်ပြီး အပလောကလိပ်ဆီသို့ ပေါက်ကွဲဝင်လေသည်။

ဘုန်း...

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးအကြား၌ မြေကြီးလှုပ်ခါစေ လောက်သည့်အသ့ထွက်ပေါ်လာပြီး ယန်ချန်းတစ်ခုလုံးကို တုန်ခါသွားစေ၏။ ကြီးမားသောလေလှိုင်းသည် ပေါက်ကွဲသည့်နေရာမှ ပျံ့ထွက်လာပြီး လှိုင်းဂယက်များသည် ပင်လယ်လှိုင်းကဲ့သို့ ထွက်ပေါ်လာပြီး ချုံချီနှင့်တခြားသူ များဆီသို့ လှိမ့်ဝင်လေသည်။ ထိုအချိန်တွင် ယန်ယဲ့သည် ချက်ချင်းပင် နောက်ဆုတ်လေ၏။

ကန်အထက်မှကောင်းကင်တွင် အနီရဲရဲ၊ ကိုးရောင်နှင့် မြူခိုးမည်းအစရှိ သဖြင့် သုံးရောင်ပြည့်နှက်နေသည်။ ပီအန်းပန်းသည် လိပ်အားထိလိုက်ချိန်တွင် ပြင်းထန်စွာပေါက်ကွဲလေသည်။ အပလောကလိပ်သည် ပေါက်ကွဲပြီးနောက် ကန်ထဲတွင် လူးလှိမ့်နေသည်။ အသွေးနှင့်အသားများ ပျံ့ထွက်လာပြီး ကောင်းကင်ပေါ်သို့ လေလှိုင်းများနှင့်အတူပါသွားကာ မိုးကဲ့သို့ရွာချလေသည်။

“အား...”

ကြက်သီးထစရာအသ့သည် ပေါက်ကွဲမှုကို လွှမ်းမိုးသွားကာ အနည်းငယ် ဆွဲငင်သောအသံသည် ချုံချီနှင့်တခြားသူများ၏နားထဲသို့တိုးဝင်လာပြီး ထိုအသံ ကို ကြားလိုက်သည်နှင့် လူလေးယောက်၏ ဆံပင်များကိုထောင်သွားစေသည်။ ပေထင်းဟွမ်၏ကြမ်းတမ်းမှုသည် တခြားသူများအတွက် မဖြစ်နိုင်သလိုခံစားရ သည်။ သူမသည် အားလုံး၏အကန့်အသတ်ကို အမြဲတမ်းစိန်ခေါ်နေသည်။

ကြောက်လန့်နေသော မျက်လုံးလေးစုံသည် ကန်ရေပြင်အား စိုက်ကြည့် နေသည်။ ကန်တစ်ခုလုံး ပေါက်ကွဲသွားသည်ကို အားလုံးမြင်နေရပြီး ထိုးဖောက်မြင်ရသောအပိုင်းသည် ကန်တိမ်တိမ်သာကျန်တော့လေသည်။ လိပ်သည် ကန်ပေါ်တွင် လူးလှိမ့်နေပြီး သူ၏ခန္ဓာကိုယ်တွင် ကိုးရောင်မီးတောက်များလွှမ်းမိုးနေပြီး သူ၏လိပ်ခွံကိုလောင်ကျွမ်းနေလေ၏။ ထိုမီးတောက်သည် ကောင်းကင်နှင့်မြေကြီးမီးပင်ဖြစ်သည်။ သူ မည်မျှပင် လူးလှိမ့်ပါစေ မီးတောက်များသည် သူ၏ခန္ဓာကိုယ်တွင် လုံးဝမငြိမ်းဘဲ စွဲနေ လေသည်။