ရွံဖို့ကောင်းလိုက်တာ
Vol. 63 Ch. 1259
လေဟာနယ်သည် ပြဲသွားကာ ပုံစံ၏ပြန်တည်ဆောက်မှုအောက်တွင် အဆက်မပြတ်ကုသဆဲဖြစ်ကာ မရေတွက်နိုင်သော စိတ်အာရုံများသည် လေဟာနယ်ရှိ အက်ကြောင်းမှ ပေါ်လာလေသည်။ ထိုအချိန်တွင် ပင်လယ်လိပ် ၏ခန္ဓာကိုယ်မှ ကောင်းကင်နှင့်မြေကြီးမီးတောက်များကို မည်သူမှ မငြှိမ်းရဲကြ ပေ။ ဤကဲ့သို့အားကောင်းသော စွမ်းအင်ပေါက်ကွဲမှုနှင့်ဆိုလျှင် လေဟာနယ် ထဲမှ အက်ကြောင်းသည် သူတို့ကို ဝါးမျိုသွားလိမ့်မည်ဟု ချုံချီနှင့်တခြားသူ များပင် ကောင်းကောင်းသိကြသည်။ အချိန်နှင့်နေရာတို့ မတူညီကြရာ ပြာပင် မကျန်တော့မည်ကို စိုးရသည်။
ကောင်းကင်အထက်တွင် တိမ်တိုက်မည်းများ တစ်လုံးပြီးတစ်လုံးလိမ့် တက်လာကာ နောက်ဆုံးတွင် ကြီးမားသောစွမ်းအင်သက်ရောက်မှုအောက် တွင် ကောင်းကင်အထက်မှ မိုးသည်းထန်စွာရွာသွန်းလာကာ မိုးစက်များသည် ကန်အောက်ခြေရှိ ရွံ့အက်ကြောင်းထဲသို့ဝင်ကြလေသည်။ သို့သော် လိပ်၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များသည် ဆက်လက်လောင်ကျွမ်းနေတုန်းပင်။
“အာ.. ကောင်မစုတ်လေး ကျေးဇူးပြုပြီး ငါ့ကို မင်းရဲ့ စာချုပ်သားရဲ မလုပ် ချင်ဘူးဆိုရင် ငါက မင်းအပိုင်မဖြစ်နိုင်ဘူးလား” အပလောကပင်လယ်လိပ်ကြီး သည် နောက်ဆုံးတွင် ခေါင်းဝေ့ဝဲကြည့်လေသည်။ ထိုဝိညာဉ်စွမ်းအား ဖြတ်သွားသည်ကိုခံစားမိပြီး သူသည် ကန်အောက်ခြေတွင် လှိမ့်နေသည်။ သည်းထန်သောမိုးကပင် သူ့ကို သက်သာအောင်မလုပ်နိုင်ပေ။
၎င်းသည်ကိုးရောင်နိဗ္ဗာန်မီးဖြစ်ကာ အထွတ်အထိပ်ကိုးရောင်မီး၏ အသက်မီး တောက်ဖြစ်သည်။ ဤမိန်းကလေးသည် သူမ၏နတ်စွမ်းအားထဲသို့ ထိုမီးတောက်ကို မည်သို့ထည့်လိုက်သည်ကိုတော့မသိပေ။ သူမ မသေသရွေ့၊ နတ်စွမ်းအားမပျောက်သရွေ့တော့ မီးတောက်သည် ရပ်တန့်သွားမည်မဟုတ် ပေ။
သို့သော် ထိုအခိုက်အတန့်တွင် အပလောကပင်လယ်လိပ်ကြီးမှာ စောဒကတက်ရန် ခွန်အားပင်မရှိတော့ပေ ပေထင်းဟွမ်သာ မီးတောက်ကို ငြှိမ်းသက်လိုက်ပါက သူ၏ခွန်အားပါယုတ်လျော့သွားမည်ကို သူ ကောင်းကာင်း သိသည်။ ကိုးရောင်နိဗ္ဗာန်မီးသည် ကောင်းကင်နှင့်မြေကြီး၏မီးဖြစ်ကာ ကောင်းကင်နှင့်မြေကြီးနှင့် အမြစ်တူညီသည်။ ဒြပ်စင်ငါးခုအတွင်းတွင် ၎င်းသည် လူများ၏ဝိညာဉ်ကို ရှင်းလင်းအောင် လောင်ကျွမ်းနိုင်သည့် မီးတောက်ပင်ဖြစ်သည်။
“ကောင်မစုတ်လေးဟုတ်လား ငါ့ကိုကောင်မစုတ်လေးလို့ ခေါ်လိုက်သေး တာလား” အဂူးသည် ပေထင်းဟွမ်၏ခန္ဓာကိုယ်ပေါ်မှ ခွာချပြီး သွေးနီရောင် လူငယ်လျှောက်လာသည်။ ပင်လယ်လိပ်၏အထက်တွင် ရပ်နေပြီး လက်ထဲမှ ဓားမောက်ရှည်မှာ တောက်ပလျက်ရှိသည်။ သူသည် သွေးဆာသောအသံနှင့် ပြောလေသည် “ပေမင် မတွေ့တာကြာပြီ မင်းငါ့ကိုမှတ်မိသေးတာပဲ၊ မင်းက ငါ့သခင်ကို အထင်သေးတာလေ၊ ငါ့သခင်ရဲ့သားရဲဖြစ်ပါရစေလို့ ဘာလို့ ငိုယိုပြီး မတောင်းပန်တာလဲ”
အင်္ကျီလက်တွင် ရွှေရောင်ဆောင်းစံပယ်ပန်းထိုးထားသည့် အနီရောင် ဘရိုကိတ်ဝတ်ရုံဝတ်ဆင်ထားသည့် ဆံပင်အနီရဲရဲနှင့်လူငယ်သည် လျှောက် လာလေသည်။ မြေခွေးမျက်လုံးတစ်စုံသည် ကန်ထဲတွင်လူးလှိမ့်နေသည့် လိပ် ကိုစိုက်ကြည့်နေသည်။ သူ၏နှုတ်ခမ်းမှ အနည်းငယ်ကွေးတက်နေသော အထင်သေးသည့်ပုံစံသည် ချွန်ထက်သည့် မြားတစ်စင်းလိုပင် “လိပ်အိုကြီး ကြည့်ရတာ ဒီလောက်ရုပ်ဆိုးတာ၊ သခင်က မင်းကိုကြည့်ပေးတာ ကံကောင်း တာပဲ၊ အဲဒါကို ဘယ်လို ရိုကျိုးရမလဲဆိုတာမသိဘူး”
အစိမ်းရောင်နွယ်ပင်ချည်ထိုးထားသော အင်္ကျီအစိမ်းရောင်ကိုဝတ်ဆင် ထားပြီး ဦးခေါင်းထိပ်တွင် ဆံပင်နှစ်ခုထုံးထားပြီး တောင်ကျရေကဲ့သို့ ကြည်လင်သောမျက်လုံးများရှိသည့် မိန်းမလှလေးသည် ခေါင်းညိတ်ပြီး ပင်လယ်လိပ်ကြီးကို ကြည့်လေသည်။ ထို့နောက် သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူမ၏နှာခေါင်းကိုကိုင်ပြီး အော်ဟစ်လေသည် “အစ်ကို ကြီးအဂူး အစ်ကိုကျို့ယန်၊ ဒီလူက ငါတို့နဲ့အတူရှိချင်တာသေချာရဲ့လား”
လေဟာနယ်ထဲမှအက်ကြောင်း ပျောက်ကွယ်သွားသည်နှင့် ပေထင်းဟွမ် ၏ သားရဲသုံးကောင်သည် တခြားသူများထက် ဆိုးသွမ်းသည်ကို ချုံချီတို့ မြင် လိုက်ရသည်။ အထွတ်အမြတ်သားရဲ အဆင့်သို့တက်သွားသည့် ရှောင်ထင်း ကဲ့သို့ အပင်သားရဲသည် စိတ်ခံစားချက်ကောင်းနေချိန်တွင် ပိုနူးညံ့ပြီး ဆွဲဆောင်မှုရှိလေသည်။ သို့သော် ထိုသားရဲများ၏ ပါးစပ်သည် အဆိပ်ပြင်း လွန်းသည်မဟုတ်ပါလား။
တစ်ယောက်ချင်းစီမှာ သွေးမရှိဘဲ လူသတ်နိုင်ကြသည်။
အပလောကလိပ်ကြီးသည် ကိုးရောင်မီးနှင့် အရှို့မခံရပါက အနံ့သက် ဆိုးဆိုးများထွက်နေမည်လား။ အနံ့ဆိုးသည့် သားရဲကိုမြင်ဖူးပါသလား။ အနံ့ ထွက်သည်မှာ မဖြစ်နိုင်သလောက်ပင်။ သားရဲများသည် ဂုဏ်မောက်ပြီး အသန့်အရှင်းအလွန်ကြိုက်ကြရာ ညစ်တီးညစ်ပတ်မနေတတ်ကြပေ။