နတ်မိစ္ဆာဧကရာဇ်ဟောင်း၏ဇနီး
Vol. 63 Ch. 1260
သူ့ကိုမတွေ့ရသည်မှာ နှစ်ထောင်ချီပြီဖြစ်သည်။ အဂူးမှာ ပို၍ရက်စက် လာသည်။ အပလောကလိပ်ကြီးကို စာချုပ်သားရဲအဖြစ် ကမ်းလှမ်းသူမှာ ပေထင်းဟွမ်ဖြစ်သည်ကို သူ မသိလေသလား။ ဤကဲ့သို့မီးမြှိုက်လိုက်ခြင်း ကြောင့်သာမဟုတ်လျှင် ရှင်ရသည်မှာ သေရသည်ထက်ပိုဆိုးလိမ့်မည်။ ဦးနှောက်မပျက်လျှင် အပလောကလိပ်ကဲ့သို့ အရှင်ကြီးအဆင့်သားရဲသည် ပေထင်းဟွမ်အား စာချုပ်သားရဲဖြစ်ပေးရန် ငိုယိုပြီးတောင်းပန်မည်မဟုတ်ပေ။
ထို့အပြင် အမြီးကိုးချောင်းမီးမြေခွေးသည် လိပ်အိုကြီးကို အကျည်းတန် သည်ဟု အထင်သေးသည်။ ၎င်းသည် မည်သည့်အဓိပ္ပာယ်နည်း။ သားရဲကို ဤမျှမနှစ်မြို့သူရှိသေးသလား။
သို့သော် ဤအချိန်တွင်ပင် အပလောကပင်လယ်လိပ်၏ မချမ်းမြေ့ဖွယ် ရာ အသွင်အပြင်ကိုကြည့်ပြီး ချုံချီတို့သည် နှစ်ပေါင်းများစွာ သူ့အပေါ်ရှိသော မေတ္တာကိုအောက်မေ့ကာ သနားကြင်နာမိသည်။ သူတို့သည် သူ့အတွက် တရားမျှတမှုရအောင် စကားပြောပေးမည်မဟုတ်ပေ။ ထို့အပြင် လှုပ်ရှားခဲ့သူ မှာ သူတို့၏ဧကရီ ပေထင်းဟွမ်ဖြစ်သည်။
“အာ.. ယန်ယဲ့ ငါ့အတွက် စကားကောင်းကောင်းလေးပြောမပေးတော့ ဘူးလား” ပေထင်းဟွမ် လျစ်လျူရှုနေသည်ကိုကြည့်ပြီး ပေထင်းဟွမ်ကဲ့သို့ အမျိုးသမီးသည် ရက်စက်တတ်သူဖြစ်သည်ကို အပလောကပင်လယ်လိပ် နတ်ဘုရားသည် သိလိုက်သည်။ လေကြီးခဲ့သော သူကိုယ်တိုင်ပင်လျှင် ပေထင်းဟွမ်၏လက်ထဲသို့ ကျသွားခဲ့သည်။ ပေထင်းဟွမ် သူ့ကိုကြင်နာပြီး ညှာတာရန်မျှော်လင့်သည်ထက် မိုးပေါ်မှ သွေးမိုးများရွာရန်ကိုသာ မျှော်လင့် လိုက်တော့မည်။
ယန်ယဲ့သည် ရင်ခွင်ထဲမှမိန်းကလေးကိုကြည့်လိုက်ပြီးနောက် စိတ်ဝိညာဉ်မကောင်းဘဲ မျက်နှာမှာဖြူဖျော့နေသလို အသက်ကိုရှိုက်ရှူနေရ ကာ လက်ထဲတွင် အမှောင်မှော်စွမ်းအားလုံးကိုကိုင်ထားပြီး အပတလောက လိပ်ကြီးဆီသို့ ပစ်တော့မည့်အနေအထားအတိုင်းပင်။ သို့သော် ပေထင်းဟွမ် သည် သူ့အား လှောင်ပြောင်သောအပြုံးနှင့်တားလေသည် “ယဲ့ သူ့ကို ကျွန်မရဲ့ စာချုပ်သားရဲအဖြစ်လိုချင်တယ်၊ ကျွန်မခွန်အားကို ဖြစ်နိုင်သလောက် မြန်မြန် တိုးတက်ချင်တယ်”
သူမသည် ယန်ယဲ့၏ပခုံးပေါ်တွင် ခေါင်းမှီလိုက်သည် “ယဲ့ ရှင် ကျွန်မကို နှစ်ပေါင်းထောင်ချီစောင့်လိုက်ရတာက ကျွန်မရှင့်ကို နောက်ထပ်နှစ်ထောင်ချီ စောင့်မယ်လို့ မဆိုလိုဘူး၊ ရှင့်မှာ လုပ်စရာရှိရင်လုပ်ပါ၊ ရှင်သိတဲ့အတိုင်း ကျွန်မ က လူကောင်းမဟုတ်ဘူး သစ္စာရှိနေတာက ကျွန်မအတွက် ဘာမှမဟုတ်ဘူး”
ထိုစကားများသည် မချမ်းမြေ့ဖွယ်ရာဖြစ်သော်လည်း ယန်ယဲ့သည် ရက်စက်သည်ဟု မမြင်မိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ပေထင်းဟွမ် အား ခပ်တင်းတင်းပွေ့ဖက်လိုက်သည်။ သူမ နာကျင်မှုကို တောင့်ခံကာ ကိုးရောင်နိဗ္ဗာန်မီးနှင့် ပေါင်းစပ်ရန် ရွေးချယ်ပြီးနောက် သူမသည် ဤကမ္ဘာ၏ စည်းမျဉ်းကိုအနည်းငယ်သိလျှင်တောင် တစ်စုံတစ်ခုကို ခန့်မှန်းမိလိမ့်မည်ဟု သူ ကောင်းကောင်းသိသည်။
“ဟွမ်အာ မင်း ကိုယ့်အပေါ် သစ္စာရှိနေဖို့ မလိုချင်ပါဘူး၊ မင်းက ငါ ယန်ယဲ့ ရဲ့မိန်းကလေးပါ မင်းအဲဒါကို ဝန်ခံစေချင်တယ်” ယန်ယဲ့သည် လက်မြှောက်ပြီး သူမ၏ ချောမွတ်သောမျက်နှာကို ပွတ်သပ်လိုက်သည်။ သူမ၏ ခရမ်းရောင် မျက်လုံးသည် ချစ်ခြင်းများဖြင့်ပြည့်နှက်နေသည်။ သူ၏ရင်ခွင်ထဲမှမိန်းကလေး အတွက် မလုံလောက်သေးသလိုပင်။ စစ်ပွဲပြီးသည့် ဤအခိုက်အတန့်မှာပင် သူမသည် အလွန်ပင် မျက်တွင်းချောင်နေသလိုပင်။
ပေထင်းဟွမ်သည် သူ၏အဖြေကိုမကျေနပ်ပေ။ ရှည်လျားကော့တက် နေသည့် မျက်တောင်များသည် မျက်လုံးကိုအရိပ်ကျနေကာ သူမ၏မျက်လုံးထဲ မှအကြည့်ကိုဖုံးအုပ်ထားသည်။ သူမသည် ခေါင်းကိုဖြည်းဖြည်းချင်းခါယမ်း လိုက်သည် “နတ်မိစ္ဆာဧကရာဇ် ဖြစ်နိုင်မလား နောက်ဆိုရင် ပတ္တမြားကမ္ဘာက လူတွေ ကျွန်မအကြောင်းပြောရင် ကျွန်မနာမည်ရှေ့မှာ တစ်ခါကဆိုတဲ့ စကား လုံးကို ထည့်ပြောကြမှာလား”
နတ်မိစ္ဆာဧကရာဇ်ဟောင်း၏ဇနီးသည်။
စဉ်းစားကြည့်လိုက်လျှင် ယန်ယဲ့၏နှလုံးသားသည် အပ်များဖြင့် ထိုးခံ လိုက်ရသလို တစ်ကိုယ်လုံး တွန့်လိမ်သွားသလိုခံစားရလေသည်။ သူ၏ရင်ခွင် ထဲမှမိန်းကလေးသည် အနာဂတ်တွင် တခြားယောက်ျားတစ်ယောက်၏ ရင်ခွင် ထဲရှိနေလိမ့်မည့်အဖြစ်ကို တွေးကြည့်၍ပင်မရပေ။ သူ၏အလှတရားအားလုံး ကို မည်သူမည်ဝါမှန်းမသိသည့်လူတစ်ယောက်နှင့် ခွဲဝေရတော့မည်။
“ဧကရီ ငါ့ကို မင်းရဲ့စာချုပ်သားရဲဖြစ်စေချင်ရင် အဲဒါကိုဘယ်လိုဖျက်ရ မလဲဆိုတာပြောပြမယ်”
ကန်ထဲတွင် အပလောကလိပ်ကြီးသည် ကိုးရောင်နိဗ္ဗာန်မီးကြောင့် မီးလောင်ကျွမ်းခဲ့ကာ ခွန်အားရှိသည့်သန်မာသောလူသည် ကြည်လင်ပြတ်သား စွာအာမခံလိမ့်မည်။ သေချာပေါက်ပင်.. သူသည် ပေထင်းဟွမ်နှင့်ယန်ယဲ့ အကြားမှ စကားများကို အလွတ်မခံပေ “နတ်မိစ္ဆာဧကရာဇ်က မင်းကို သွေးစာချုပ်ကူဖျက်ပေးမယ်ဆိုရင် နတ်မိစ္ဆာဧကရာဇ်က ခံစားရလိမ့်မယ်....”
“ပါးစပ်ပိတ်ထား”
“အပေးအယူလုပ်မယ်”
လူသတ်မည့်ရည်ရွယ်ချက်ပါဝင်သောအသံနှင့် ကြည်လင်ပြတ်သားသည့် နောက်အသံတစ်သ့တို့သည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပဲ့တင်ထပ် လေသည်။